Forwarded from တိုက်ပွဲသတင်းစုံ
ဒေါ်သီတာယုမွန်၏ မြင်းခြံပြည်သူ့စစ်အဖွဲ့က အကြမ်းဖက် PDF တွေရဲ့ Drone ၁ စီးအား ပစ်ချသိမ်းပိုက်။
-
တိုက်ပွဲသတင်းစုံ
-
တိုက်ပွဲသတင်းစုံ
Forwarded from MWD NEWS
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေလုံလောက်စွာရရှိရေး၊ စိုက်ပျိုးရေးနှင့်စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။ နေပြည်တော်၊ ဇွန်လ ၉ ရက်
Forwarded from Myanmar International News
ရခိုင်တိုင်းရင်းသားပါတီ၏ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို UEC ခွင့်ပြု
ရခိုင်တိုင်းရင်းသားပါတီ၏ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယမန်နေ့တွင် ခွင့်ပြုလိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ (UEC) သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ ရှိပြီဖြစ်ပါတယ်။
ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party-RNP)သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယမန်နေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ပါတီတည်ထောင်ခွင့်ရရှိသော ရခိုင်တိုင်းရင်းသားများပါတီ (RNP) သည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမှာဖြစ်ပါတယ်။
#News

Forwarded from Yangon Media Group
#Local_News
တပ်မတော်(လေ) တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းပျက်ကျ
၁၀ ဇွန် ၂၀၂၅
▪️ မြန်မာ့တပ်မတော်(လေ)၏ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် ယနေ့မွန်းလဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ပျက်ကျခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
▪️ အဆိုပါ တိုက်ခိုက်ရေးလေယာဉ်သည် လေ့ကျင့်ပျံသန်းနေစဉ် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ ၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာအနီးသို့အရောက်ရုတ်တရက် စက်ချို့ယွင်းကာ
___________________________
Readmore>>>https://yangonmediagroup.com/index.php/myanmar/cho-009-10-6-25

Forwarded from Eleven Media Group
■ ၂၀၂၇ အာရှဖလားခြေစစ်ပွဲမှာ မြန်မာအသင်း နှစ်ပွဲဆက်တိုက် အနိုင်ရ
၂၀၂၇ အာရှဖလားခြေစစ်ပွဲမှာ အုပ်စု(E)ပွဲစဉ်မှာ မြန်မာအသင်းက ပါကစ္စတန်အသင်းကို ၁-၀ ဂိုးနဲ့နိုင်ပြီးခြေစစ်ပွဲနှစ်ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။
မြန်မာအသင်းအတွက် အနိုင်ဂိုးကို ၄၁ မိနစ်မှာ သန်းပိုင်က သွင်းယူပေးခဲ့တာပါ။
မြန်မာအသင်းက အုပ်စုအဖွင့်ပွဲမှာ အာဖဂန်နစ္စတန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အုပ်စုတွင်း နှစ်ပွဲကစားခြောက်မှတ်နဲ့ ဦးဆောင်နေပါတယ်။
မြန်မာအသင်းဟာ အုပ်စု (E)မှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဆီးရီးယားအသင်းတွေနဲ့ အတူကျရောက်နေပါတယ်။
မြန်မာအသင်းဟာ အုပ်စုတတိယပွဲစဉ်အဖြစ် အောက်တိုဘာလ ၉ ရက်မှာ ဆီးရီးယားအသင်းနဲ့ အဝေးကွင်းကစားရမှာဖြစ်ပါတယ်။
■ Website Link >>>> https://news-eleven.com/article/303449

Eleven Media Group Co., Ltd
■ ၂၀၂၇ အာရှဖလားခြေစစ်ပွဲမှာ မြန်မာအသင်း နှစ်ပွဲဆက်တိုက် အနိုင်ရ
၂၀၂၇ အာရှဖလားခြေစစ်ပွဲမှာ အုပ်စု(E)ပွဲစဉ်မှာ မြန်မာအသင်းက ပါကစ္စတန်အသင်းကို ၁-၀ ဂိုးနဲ့နိုင်ပြီးခြေစစ်ပွဲနှစ်ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ၄၁ မိနစ်မှာ သန်းပိုင်က သွင်းယူပေးခဲ့တာပါ။ မြန်မာအသင်းက အုပ်စုအဖွင့်ပွဲမှာ အာဖဂန်နစ္စတန်အသင်းကို…
Forwarded from Popular Journal
ပြည်ထောင်စုဝန်ကြီး(၂)ဦးနှင့် တရုတ်သံအမတ်တို့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်တို့သည် ဇွန် ၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
ဝန်ကြီးဦးကိုကိုလွင်နှင့် တရုတ်သံအမတ်တို့တွေ့ဆုံစဉ် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီထားမှုများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ယခင်ထက်ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းတို့အတွက် တရုတ်နိုင်ငံမှ ကုမ္ပဏီများလာရောက်ရင်းနှီးမြှုပ်နှံရေး၊ ဆောင်ရွက်ဆဲကမ်းလွန်လုပ်ကွက်တွင် ဆက်လက်ဆောင်ရွက်မည့် ရှာဖွေ၊ တူးဖော်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် တရုတ်ကုမ္ပဏီများအား တွန်းအားပေးကူညီဆောင်ရွက်ရေး၊ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းများရယူပြီး ရေနံချက်စက်ရုံသစ်စီမံကိန်းပူး ပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် တရုတ်နိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်း များတွင်ပါဝင်သည့် စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ဝန်ကြီးဦးမြင့်ကြိုင်နှင့် တရုတ်သံအမတ်တို့တွေ့ဆုံရာတွင်လည်း မြန်မာ-တရုတ် နှစ်နိုင်ငံသံတ မန်ဆက်ဆံရေး (၇၅)နှစ်ပြည့်မြောက်ခဲ့မှုနှင့် နှစ်နိုင်ငံပြည်သူများကြား အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ဆောင်ရွက်ခဲ့မှု၊ နှစ်နိုင်ငံပြည်သူများ တရားဝင်နယ်စပ်ဂိတ်များမှ ဝင်/ထွက်သွားလာမှုအပေါ် ညှိနှိုင်းဆောင်ရွက်ပေးရန်လိုအပ်မှု၊ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုလာရောက်ဆောင်ရွက်ကြသည့် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာလုပ်ငန်းများ အဆင်ပြေစေရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ ပြန်လည်ပြည်နှင်လွှဲပြောင်းပေးမှုနှင့် နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်/ထွက်မှုရှိစေရေးအတွက် လူဝင် မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးနိုင်ရေး၊ ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Forwarded from Burmese TV Pro
သန်းပိုင်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ အိမ်ကွင်းမှာအမှားအယွင်းမရှိအနိုင်ယူခဲ့တဲ့ အာရှကျားကြီး
မြန်မာ 1-0 ပါကစ္စတန်
⚽သန်းပိုင် ( 41' )
#crdphoto
#burmesetvpro
မြန်မာ 1-0 ပါကစ္စတန်
⚽သန်းပိုင် ( 41' )
#crdphoto
#burmesetvpro
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် 🇲🇲🇲🇲🇲🇲
Forwarded from Myanmar International News
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များအား နိုင်ငံရေးအရ ပါဝင်စွက်ဖက်ခြင်းအပေါ် တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း ကုလသမဂ္ဂကို ပြောကြား
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အလွတ် သဘောအစည်းအဝေးတစ်ရပ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဆန်လီ(Sun Lei) က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံရေးအရပါ ရောယှက်၍ ဝင်ရောက်စွက်ဖက်ခြင်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လက်မခံ၊ ဆန့်ကျင်ကြောင်း ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့ပါသည်။
အစည်းအဝေးကို အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၇၉/၁၈၂ အရ ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ကိုယ်စားလှယ်က “တရုတ်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေမှာ နိုင်ငံရေးအရပါ ရောယှက်လာမှုနဲ့ ဒီကိစ္စတွေကို လက်နက်ကိရိယာတွေအဖြစ် အသုံးချလာကြတာကို လုံးဝဆန့်ကျင်တယ်။ ဒီလိုကိစ္စရပ်တွေမှာ လူထုဖိအားသုံးဖို ကြိုးပမ်းအားထုတ်တဲ့အလေ့အထကိုလည်း လက်မခံဘူး” လို ပြောကြားရင်း အစည်းအဝေးသဘောတူညီမှုကို ပတ်သက်ထောက်ခံမှုမရှိဘဲ နေခဲ့ပါတယ်။
မစ္စတာဆန်လီက ချစ်ကြည်ရင်းနှီးသော အိမ်နီး ချင်းအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက ၎င်း၏ အမျိုးသားအခြေအနေနှင့် ကိုက်ညီသည့် ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းဆောင်ရွက်ရာတွင် ပံ့ပိုးကူညီပေးပြီး၊ မြန်မာနိုင်ငံ၏ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်များတိုးတက်လာချိန်မှာ ၎င်း၏ အချုပ်အခြာ အာဏာ၊ လွတ်လပ်ရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်အမျိုးသားတည်ငြိမ်အေးချမ်းမှု တိုကို ကာကွယ်စောင့်ရှောက်ပေးနေကြောင်း ပြောခဲ့သည်။
တရုတ်နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က အဓိကလမ်းကြောင်းမှနေ၍ ၎င်း၏ ကဏ္ဍအတွက် ပါဝင်ဆောင်ရွက်နေမှုကို ထောက်ခံပြီး အာဆီယံ၏ အဆိုပြုချက်နှင့် မြန်မာနိုင်ငံ လမ်းပြမြေပုံသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အားဖြည့်ပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆန်လီက ပြောခဲ့သည်။
ဆက်လက်၍ ၎င်းက တင်းမာမှုများ ပြင်းထန်လာစေရန် သိုမဟုတ် အခြေအနေကို ပိုမိုရှုပ်ထွေးစေရန်လုပ်ဆောင်မည့်အစား နိုင်ငံတကာအသိုက်အဝန်းက ကွဲပြားမှုများကို ပေါင်းကူးကာ ပြဿနာများ ဖြေရှင်းရေးအတွက် အာရုံစိုက်သင့်ကြောင်း ပြောကြားသွားခဲ့သည်။
ထိုပြင် ဆန်လီက လက်ရှိ မြန်မာနိုင်ငံတွင် တိုက်ပွဲများ ရပ်တန့်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မြှင့်တင်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး အပြုသဘောဆောင်သော ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက "မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရရှိအောင် ကူညီပေးရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းကလည်း တူညီတဲ့ ဦးတည်ချက်နဲ့ လုပ်ဆောင်လိမ့်မယ်လို မျှော်လင့်ပါတယ်။"ဟု ပြောခဲ့ကြောင်း သိရသည်။
ဆန်လီက နောက်ဆုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို ဒုက္ခသည်များ ပြန်လာရေးကို နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိင်းမှုများ၊ အကြံပြုပြောကြားချက်များဖြင့်ဖြေရှင်းရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကိစ္စရပ်တွင် သံတမန်ရေးရာ ကြိုးပမ်းဆောင်ရွက်မှုများတွင် ကာလရှည်ကြာ ပါဝင်လုပ်ဆောင်ခဲ့ပြီး နှစ်ဖက်စလုံးအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အများအပြား ပေးအပ်ခဲ့ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို၏ ဆက်သွယ်မှုခိုင်မာလာစေရန်နှင့် ဆုံးဖြတ်ချက်ချထားမှု အားကောင်းလာစေရန် ကူညီပံ့ပိုးပေးသင့်ပြီး နေရပ်ပြန်ပိုရေးလုပ်ငန်းစဉ်အတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသင့်သည်ဟု နောက်ဆုံး ပြောကြားခဲ့သည်။
Ref- Xinhua

မိဘပြည်သူများထံသိုအသိပေးပန်ကြားခြင်း
230kV အရှေ့ဒဂုံ - လှော်ကားဓာတ်အားလိုင်း ACSR ကြိုးဆွဲခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ တိုင်အမှတ် (၈၅ မှ ၈၇) ကြား၊ ACSR ကြိုးဆွဲခြင်း၊ Rough Sagging ပြုလုပ်ခြင်း၊ Final Sagging ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် 33kV လှော်ကား - ပုလဲ (၁၊၂) ဓာတ်အားလိုင်းအား ဖြတ်ကျော်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ရာ လွတ်ကင်းမှုမရှိသော 33kV လှော်ကား - ပုလဲ (၁၊၂) ဓာတ်အားလိုင်းအား (၁၂.၆.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၅:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် အဆိုပါ လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ထောက်ကြန့်မြိုနှင့် မင်္ဂလာဒုံမြိုနယ်တို၏ ရပ်ကွက်နေရာအချိုနှင့် စက်မှုဇုန်အချိုတိုတွင် အချိန်ပိုင်း ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘ ပြည်သူများထံသို လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း