Myanmar Update News
42.6K subscribers
31.2K photos
2.83K videos
446 files
2.31K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from Yangon Media Group
ပွဲခါညောင်ရေ သွန်းမြဲပေတည့် ((ရုပ်သံတင်ဆက်မှု)

ယနေ့ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းပွဲတော်များကို မြန်မာနိုင်ငံအနှံ့ ကျင်းပကြပြီး ဗုဒ္ဓဘာသာ ဝင်များက ဗောဓိညောင်ပင်အား ရေစင်များသွန်းလောင်းပြီး ကောင်းမှုကုသိုလ်ယူကြသည်။
ရန်ကုန်မြို့ လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံမြတ်ကြီး၌ ညောင်ရေသွန်းလောင်းကြပုံများကို ရုပ်သံအစီအစဉ် တင်ဆက်ပေးလိုက်ပါသည်။
Video-mnn, Edit- knl

https://www.youtube.com/watch?v=E1THSU9xX0g
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ ၊ ကောင်စီဝင်များနှင့်ဇနီးများက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
နေပြည်တော်၊ မေလ ၁၁ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ ၊ ကောင်စီဝင်များနှင့်ဇနီးများက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော် 🙏🙏🙏
Forwarded from News Of Myanmar NOM
ပူတင်နှင့်ဇလင်စကီး​မေလ၁၅ရက်​တွေ့မည်
NOM
​မေလ၁၅ရက်​နေ့တွင်တူရကီမြို့​တော်အစ္စတန်ဘူလ်၌ရုရှားသမ္မတပူတင်နှင့်​တွေ့ဆုံမည်ဟုယူကရိန်းသမ္မတဇလင်စကီး၏သမ္မတရုံးက​ကြေညာသည်။အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီးရူဘီယိုလည်းအဆိုပါရက်တွင်အစ္စတန်ဘူလ်၌ရှိ​နေမည်ဟုသိရသည်။
Forwarded from NOM.World News
ပူတင်နဲ့တွေ့ဆုံဖို့အတွက် ဇီလင်စကီးဟာ တူရကီကို သွားနေပြီဖြစ်ပါတယ်။

NOM
Forwarded from Yangon Media Group
မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉)ထပ်ဆောင်ပြန်လည်ဖွင့်နိုင်ပြီ

မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် ပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉)ထပ်ဆောင် ကိုပြီးခဲ့တဲ့ရက်က ပြန်လည်ဖွင့်နိုင်ပြီလို့ ဧရာဝတီဖောင်ဒေးရှင်း က သိရပါတယ်။
#Local_News
Published 12 May 2025
#မန္တလေးပြည်သူ့ဆေးရုံကြီး #(၉)ထပ်ဆောင်ပြန်လည်ဖွင့်
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-013-12-5-25
#YMG/NN #Yangon_Times
ယနေ့စက်သုံးဆီဈေးနှုန်းများ
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်သေဆုံးခဲ့ရကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်။
နေပြည်တော်၊ မေလ ၁၂ ရက်
Forwarded from Yangon Media Group
❗️❗️❗️
အကြမ်းဖက်မှုနှင့်ဆွေးနွေးမှု အတူတကွမသွားနိုင်၊ ရေနှင့်သွေး အတူတကွ မစီးဆင်းနိုင်ဟု အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ပြည်သူသို့ မိန့်ခွန်းပြော

၁၃ မေ ၂၀၂၅
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် မေလ ၁၂ရက်နေ့က နိုင်ငံတော်မိန့်ခွန်းတစ်ရပ်ဖြင့် လက်ရှိ အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခကိစ္စများ အကျယ်တဝင့်ပြောကြားခဲ့ပါတယ်။

မိုဒီရဲ့ မိန့်ခွန်းထဲမှ အရေးကြီးသည့် အချက်အလက်များကိုကောက်နှုတ်ဖော်ပြပေးအပ်ပါတယ်။
၁။ အကြမ်းဖက်မှုနှင့် ဆွေးနွေးစရာမရှိ
“ အကြမ်းဖက်မှုနှင့် ဆွေးနွေးမှု အတူတကွမသွားနိုင်၊ အကြမ်းဖက်မှုနှင့်ကုန်သွယ်ရေး အတူတကွ မသွားနိုင်၊ရေနှင့်သွေး အတူတကွ မစီးဆင်းနိုင်"

၂။ စစ်ဆေင်ရေး Sindoor နှင့် အိန္ဒိယမူဝါဒ
“ ပါဟာဂမ်အကြမ်းဖက်တိုက်ခိုက်မှုကို တုန့်ပြန်တဲ့အနေနှင့် စစ်ဆင်ရေး Sindoor(ဆင်းဒိုး)ဟာ အိန္ဒိယရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမဟာဗျူဟာရဲ့ပြတ်သားတဲ့ အရွှေ့အပြောင်းတစ်ခု ဖြစ်ခဲ့တယ်"

၃။ ရှင်းလင်းပြတ်သားသည့် သဘောထား (၃)ရပ်
- အကြမ်းဖက်မှုအပေါ် ခိုင်မာစွာလက်တုန့်ပြန်ခြင်း
- နျူကလီးယားအကျပ်ကိုင်မှုအပေါ် သည်းမခံခြင်း
- အကြမ်းဖက်မှုကြိုးကိုင်စီစဉ်သူများနှင့် နိုင်ငံအဆင့်ကမကထလုပ်ပေးသူများ အကြား ကွာခြားမှုမရှိ။

၄။ ပါကစ္စတန်ဘူးပေါ်သလိုပေါ်ခြင်း

"ပါကစ္စတန်စစ်တပ်အရာရှိများက အသတ်ခံရသည့် အကြမ်းဖက်များကို နှုတ်ဆက်ခွဲခွာခြင်း ပွဲလုပ်နေသည်မှာ နိုင်ငံတော်ကကမကထလုပ်သည့် အကြမ်းဖက်မှုလို့ထင်ရှားစေ"

၅။ အိန္ဒိယပြည်တွင်းထုတ် ကာကွယ်ရေးအောင်ပွဲ
အိန္ဒိယထုတ်လက်နက်များသည် စစ်ဆင်ရေး ဆင်းဒိုးအတွင်း ယင်းတို့၏စွမ်းပကားကို ပြသခဲ့ကြ၊ ခေတ်သစ် စစ်ပွဲများတွင် “အိန္ဒိယတွင်ထုတ်လုပ်သည်Óဆိုသည်များလိုအပ်။

၆။ အကြမ်းဖက်အခြေခံအဆောက်အအုံများ မဖျက်သိမ်းသ၍ ငြိမ်းချမ်းရေးမရ
“ ပါကစ္စတန်အနေနှင့် ငြိမ်းချမ်းရေးနှင့် ရှင်သန်ရပ်တည်ရေး လိုချင်ရင် ယင်းရဲ့ အကြမ်းဖက် အခြေခံ အဆောက်အအုံတွေကို ဖျက်သိမ်းရလိမ့်မယ်Ó

❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/2025-05-13-06-06-42
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from MMPA Info (Aung Aung)
သရုပ်ဆောင် ခိုင်နှင်းဝေက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် သားသမီးများ ပညာသင်စရိတ်ထောက်ပံ့ကြေးအတွက် (၁၀)သိန်း လှူဒါန်းသည်။