Myanmar Update News
43.3K subscribers
31K photos
2.78K videos
446 files
2.27K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားသည့် ကျောက်ဆည်မြိုရှိ Bright Kids မူကြိုကျောင်းအား ဖြိုချရှင်းလင်းရာ သေဆုံးကလေးငယ်များ၏ လွယ်အိတ်များရှာဖွေတွေ့ရှိ​
Forwarded from Eleven Media Group
ကွယ်လွန်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ နေရာတွင် ဆက်ခံရန် မြန်မာနိုင်ငံမှ ကာဒီနယ်ချားလ်မောင်ဘို ပါဝင်
ကွယ်လွန်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ နေရာတွင် ဆက်ခံရန် မြန်မာနိုင်ငံမှ ကာဒီနယ် ချားလ်မောင်ဘို ပါဝင်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
သက်တော် ၈၈ နှစ်ရှိပြီဖြစ်သည့် ပုပ် ရဟန်းမင်းကြီးသည် ဧပြီ ၂၀ ရက်က Saint Peter ၏ Basilica ရှိ လသာဆောင်တွင်ဝတ် ပြုသူများကိုနှုတ်ဆက်ခဲ့ပြီးနောက် တစ်ရက်အကြာ ဧပြီ ၂၁ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ နေရာအား ဆက်ခံရန် ၁၅ ဦးရှိပြီး ယင်းတို့ထဲတွင် အသက် ၇၆ နှစ်အရွယ် ကာဒီနယ် ချားလ်မောင်ဘိုလည်း ပါဝင်လာခြင်းဖြစ်သည်။
Read More - - - >>> https://news-eleven.com/article/302224
■၂၀၁၇ခုနစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်အတူ ကာဒီနယ် ချားလ်မောင်ဘို ကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Forwarded from NOM.World News
အမေရိကန်ဆီက မှာယူထားတဲ့ ဘိုးရင်းလေယာဉ်တွေကို ပြန်လည်ပို့ဆောင်ဖို့အတွက် တရုတ်အစိုးရက ညွှန်ကြားခဲ့ပြီးနောက် လက်ရှိမှာ လေယာဉ် ၂စီးအထိ ပြန်လည်ပို့ဆောင်ထားပြီးဖြစ်ကာ နောက်ထပ် ပြန်ပို့မယ့် အစီးရေတွေရှိနေသေးတယ်လို့ သိရပါတယ်။ ဒီနှစ်ထဲမှာ တရုတ်လေကြောင်းလိုင်းတွေက အစီးရေ ၅၀ကျော် မှာယူထားတာဖြစ်ပြီး လက်ရှိမှာတော့ လက်ခံရယူဖို့ လိုလိုလားလားမရှိတော့ဘူးလို့ ဘိုးရင်းအမှုဆောင်ချုပ်က ပြောဆိုခဲ့ပါတယ်။

NOM
Forwarded from MWD NEWS
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာတိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင် အစည်းအဝေးသို့ Online မှတစ်ဆင့် တက်ရောက်။ ရန်ကုန်၊ ဧပြီ-၂၄ ရက်။
Forwarded from News Of Myanmar NOM
ပါကစ္စတန်ကအိန္ဒိယကိုလက်တုန့်ပြန်
NOM
အိန္ဒိယပိုင်ဂျမူးနှင့်ကက်ရှ်မီးယားနယ်​မြေတွင်ပါကစ္စတန်အ​ခြေစိုက်မူဆလင်စစ်​သွေးကြွများကခရီးသွားဟိန္ဒူများကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းအ​ပေါ်အိန္ဒိယအစိုးရကပါကစ္စတန်ကိုအ​ရေးယူမှုများပြုခဲ့သည်။ပါကစ္စတန်ကလည်းကာ/လုံအစည်းအ​ဝေး​ခေါ်ယူပြီးအိန္ဒိယကိုတုန့်ပြန်အ​ရေးယူမှုများ​ကြေညာခဲ့သည်။
(၁)ပါကစ္စတန်နိုင်ငံသည် အိန္ဒိယပိုင် လေကြောင်းလိုင်းအားလုံးအတွက် ပါကစ္စတန်​လေပိုင်နက်ကိုဖြတ်သန်းခွင့် ပိတ်သိမ်းလိုက်သည်။
(၂)ပါကစ္စတန်နိုင်ငံသည် အိန္ဒိယ၏ ကြည်း​ရေ​လေစစ်သံရုံးမှ အရာရှိများကို မလိုလားအပ်သော ပုဂ္ဂိုလ်များ (Persona Non Grata) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။
(၃)ပါကစ္စတန်နိုင်ငံသည် ဝါဂါးနယ်စပ်ကို ပိတ်သိမ်းလိုက်ပြီး အိန္ဒိယနှင့် ဖြတ်သန်းကုန်သွယ်မှု အားလုံးကို ရပ်ဆိုင်းလိုက်သည်။
Forwarded from MWD NEWS
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)နှင့်ဥပ္ပါတသန္တိစေတီတော်ကြီးရင်ပြင်တော်နှင့်သာသနိကအဆောက်အဦများအားသွားရောက်ကြည့်ရှုစစ်ဆေး၊လိုအပ်သည်များလမ်းညွှန်မှာကြားသည်။ ရန်ကုန်၊ ဧပြီလ -၂၄ ရက်။
Forwarded from Myanmar Matters
❗️❗️❗️❗️❗️❗️
ကက်ရှ်မီးယားတိုက်ခိုက်မှုက အိန္ဒိယနှင့်ပါကစ္စတန်အကြား စစ်ပွဲတစ်ခုဆီ ချဉ်းကပ်သွားနိုင်သလား

-ကောင်းမြတ်ကျော်

လက်နက်ကိုင်တစ်စုက အိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့ ကက်ရှ်မီးယားဒေသ ပါဟာဂမ်တွင် အိန္ဒိယနှင့် နီပေါ ခရီးသွားအုပ်စုတစ်စုကို ပစ်ခတ်ခဲ့ကြပါတယ်။ အဲဒီလုပ်ဆောင်မှုဟာ အပြစ်မဲ့အရပ်သားတွေရဲ့ သွေးတွေစွန်းထင်းသွားစေရုံမျှမကဘဲ အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငအကြား တင်းမားမှုတွေကိုပါ အရှိန် မြင့်တက်သွားစေပါတယ်။

ဧပြီ၂၂ရက်တိုက်ခိုက်မှုကြောင့် လူ ၂၆ဦးသေဆုံးခဲ့ပါတယ်။ အခုဆို သံခင်းတမန်ခင်းတွေ ချိနဲ့သွားတာ ကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ ခေါင်းပြန်ထောင်လာပါပြီ။

အိန္ဒိယအစိုးရက ယင်းအပေါ် ချက်ခြင်းတုန့်ပြန်ခဲ့ပါတယ်။ ပါကစ္စတန်နှင့် သံတမန်အဆင့်လျှော့ချ ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံသားတွေကို အိန္ဒိယကထွက်ခွာဖို့ အမိန့်ထုတ်ပါတယ်၊ အဲဒီအပြင် လှုပ်လှုပ် ရှားရှား အဖြစ်သွားဆုံးကတော့ အင်ဒတ်စ်ရေစာချုပ် Indus Waters Treatyကို အိန္ဒိယက ဆိုင်းငံ့လိုက် ခြင်းပဲဖြစ်ပါတယ်။ အဲဒီ ရေအရင်းအမြစ် ခွဲဝေသုံးစွဲရေးစာချုပ်ကို ၁၉၆၀ခုနှစ်က ချုပ်ဆိုခဲ့ကြပြီး နှစ်နိုင်ငံ အကြား သမိုင်းမှတ်တိုင်အထင်ကရတစ်ခုလို့ဆိုရမှာပါ။

ပါကစ္စတန်အစိုးရကလည်း ပြန်လည်လက်တုန့်ပြန်တဲ့အနေနှင့် အိန္ဒိယရဲ့လေယာဉ်တွေကို ပါကစ္စတန် လေကြောင်းပိုင်နက်ထဲ ဖြတ်သန်းပျံသန်းခွင့်ကိုပိတ်ပစ်လိုက်ပါတယ်။ကုန်သွယ်မှုအားလုံးကိုလည်း ရပ် ဆိုင်းလိုက်ပါတယ်။

အဲသလိုအပြန်အလှန် တုန့်ပြန်နေမှုတွေဟာ ငြိမ်းချမ်းရေးအတွက် အန္တရာယ်တစ်ခုသာမကဘဲ တောင် အာရှရဲ့ အနာဂတ်အတွက်ပါ အန္တရာယ်ရှိလာစေနိုင်တယ်လို့ အချို့က သုံးသပ်နေပါတယ်။

ကက်ရှ်မီးယားတိုက်ခိုက်မှုဟာ ၂၀၁၉ခုနှစ်က ပူဝါမာတိုက်ခိုက်မှုကို ပြန်သတိရစေပါတယ်။ ဒါပေမယ့် ယခုဖြစ်ရပ်ကတော့ နှစ်နိုင်ငံစလုံးအတွက် ပိုပြီးထိလွယ်ရှလွယ် ပေါက်ကွဲလွယ်အနေအထားဖြစ်နေ ပါတယ်။ နှစ်နိုင်ငံရဲ့ အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်ထလာစေပါတယ်။ အိန္ဒိယမှာ ရွေးကောက်ပွဲက နီးလာနေပြီး ပါကစ္စတန်နိုင်ငံမှာ စစ်တပ်က ဩဇာအရှိန်အဝါကြီးမားနေဆဲဖြစ်ပါတယ်။

နှစ်နိုင်ငံအစိုးရတွေဟာ ဖြစ်ရပ်ကို ခပ်တင်းတင်းမာမာတုန့်ပြန်ဖို့ ဖိအားတွေနှင့်ရင်ဆိုင်နေကြရပါတယ်။

တုန့်ပြန်မှုတွေထဲမှာ အကြီးမားဆုံးစိန်ခေါ်မှုက အင်ဒတ်စ်ရေစာချုပ်ကို အိန္ဒိယက ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ သံတမန်ရေးရာ တုန့်ပြန်မှုထက်ပိုသွားစေပါတယ်။ ရေဟာ လက်နက်တစ်ခုဖြစ် လာနိုင်မယ့် အရိပ်လက္ခဏာလို့လည်းဆိုနိုင်ပါတယ်။

အဲဒါကို ပါကစ္စတန်အစိုးရက စကားလုံးပြင်းပြင်းထန်ထန်နှင့်ပြန်တုန့်ပြန်ပါတယ်။ “ ရေစီးဆင်းမှုကို ပြောင်းလဲပစ်မယ်ဆိုရင် ဒါဟာ စစ်ပွဲတစ်ခုစလိုက်တာလို့ သတ်မှတ်ရလိမ့်မယ်" လို့ ပါကစ္စတန် နိုင်ငံခြား ရေးဝန်ကြီးဌာနကပြောပါတယ်။

အဲဒီအပြင် အခြားသော ကမ္ဘာ့အငြင်းပွားမှုတွေနှင့်မတူတာက အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံစလုံးဟာ နျူကလီယားစွမ်းအင်ကိုပိုင်ဆိုင်ထားခြင်းပဲဖြစ်ပါတယ်။ အဲဒီအတွက်လည်း စိတ်ပူစရာတစ်ခုပါ။ အခုဆို သံရုံးတွေမှာလူမရှိတော့ပါဘူး။ နှစ်နိုင်ငံအကြား ဆက်သွယ်ရေးတွေပြတ်သွားပါပြီ။ အုဲါကြောင့် မရည် ရွယ်တဲ့ တင်းမာမှုတွေအရှိန်တက်လာနိုင်ပါတယ်။ နယ်ခြားဒေသ ပြဿနာတစ်ခုကနေ စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်မယ့် အန္တရာယ်က ရှိလာနေတာကို ကမ္ဘာ့အသိုက်အဝန်းက စိုးရိမ်နေကြပါတယ်။

ဒါပေမယ့်အခုဖြစ်ရပ်အပေါ် ကမ္ဘာက သတိကြီးကြီးထားပြီး တုန့်ပြန်နေပါတယ်။ အမေရိကန်၊ဗြိတိန်နှင့် တရုတ် နိုင်ငံတွေက နှစ်ဘက်စလုံးကို သည်းခံကြဖို့တောင်းဆိုထားပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံအကြား ကြားဝင်စေ့ဆပ်ပေးမယ့် အခြေအနေတော့ လက်ရှိမတွေ့ရသေးပါဘူး။

အခြေအနေတွေကခက်ခဲနေပေမယ့် လုံးဝလက်လျှော့ရမယ့် အနေအထားကိုတော့ မရောက်သေးပါဘူး။ ပြီးခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေတုန်းကလည်း ကန့်လန်ကာနောက်ကွယ်က သံခင်းတမန်ခင်းတွေကြောင့် အခြေအနေပုံမှန်ပြန်ဖြစ်ခဲ့တာတွေရှိခဲ့ဖူးပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေ ဘာဆက်လုပ်ကြမလဲ စောင့်ကြည့်ရပါဦးမယ်။

နှစ်ဘက်စလုံးက နောက်ဆုတ်သွားမှာလား..၊ ဒါမှမဟုတ်ရှေ့ဆက်တိုးကြမှာလား။
ငြိမ်းချမ်းရေးဆိုတာ ပဋိပက္ခပျက်ကွက်သွားတာ မဟုတ်ပါဘူး။ ရဲရင့်မှုကို မျက်မှောက်ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုရိုးရှိပါတယ်။မေးစရာတော့ ရှိပါတယ်။ အဲဒါတွေကို ဘယ်သူကပြမှာလဲ။
Source: news wires
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from News Of Myanmar NOM
This media is not supported in your browser
VIEW IN TELEGRAM
အစ္စ​ရေးဦးစီးချုပ်ကဟားမတ်စ်တို့ကိုရာဇသံ​ပေး
NOM
"အကယ်၍ ဟားမတ်စ်တို့ဖမ်းထား​သောဓါးစာခံများနှင့်အစ္စ​ရေးကဖမ်းထား​သောအကျဉ်းသားများလဲလှယ်ရေးသဘောတူညီချက် မကြာမီအတွင်း မရရှိပါက၊ ကျွန်ုပ်တို့သည် ဂါဇာတွင်လုပ်ဆောင်နေသည့် စစ်ဆင်ရေးကို ပိုမိုပြင်းထန်ပြီး ပိုမိုအဆုံးအဖြတ်ပေးသော အဆင့်သို့ မြှင့်တင်သွားမည်" ဟု ဟိုလိုကော့စ်အမှတ်တရနေ့(ဒုတိယကမ္ဘာစစ်အတွင်းကဂျူး၆သန်းအသတ်ခံရခြင်းအတွက်အမှတ်တရ​နေ့)တွင် အစ္စရေးစစ်တပ် (IDF) စစ်ဦးစီးချုပ်က ​ပြောကြားလိုက်သည်။
Forwarded from Yangon Media Group
အပါချီဘိလပ်မြေစက်ရုံမှ ဘိလပ်မြေတန်ချိန် ခြောက်သောင်း ထုတ်လုပ်ဖြန့်ချီပေးနေ

အပါချီဘိလပ်မြေစက်ရုံမှ ဘိလပ်မြေတန်ချိန် ခြောက်သောင်း ထုတ်လုပ်ဖြန့်ချီပေးနေတယ်လို့ စက်မှုဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 25 Apirl 2025
#အပါချီဘိလပ်မြေစက်ရုံ #ဘိလပ်မြေထုတ်လုပ်ဖြန့်ချီ
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-010-25-4-25
#YMG/NN #Yangon_Times
❗️❗️❗️

U.S.–China Trade War: 2025 Snapshot

25 April 2025
🔥 Tariff Escalation Timeline
• Feb 1: U.S. imposes a 10% blanket tariff on all Chinese imports.
• Mar 3: Tariffs increase to 20%.
• Apr 2: Tariffs rise to 54%.
• Apr 9: Tariffs escalate to 125%.
• Apr 10: Tariffs peak at 145%.

In response, China imposes:
• Apr 11: 125% tariffs on U.S. goods.

📊 Trade Impact
• U.S. Imports from China: Projected to shrink by 40%.
• Global Container Shipping: Expected 1% decline due to U.S. trade policies.
• U.S. Trade Deficit with China (Jan–Feb 2025): $52.9 billion.

💸 Economic Consequences
• Average U.S. Household Cost: Tariffs amount to an average tax increase of $1,243 per household in 2025.
• Corporate Earnings: Major firms like Procter & Gamble and PepsiCo have revised earnings forecasts downward due to tariff impacts.
• Consumer Prices: Prices for goods from retailers like Shein and Temu could rise by up to 125%.

🛠️ Strategic Responses
China’s Measures:
• Bolstering unemployment insurance and raising incomes.
• Considering lifting tariffs on select U.S. imports like semiconductors.
U.S. Considerations:
• Potentially reducing tariffs to 50–65% to ease tensions.

❗️❗️❗️❗️❗️

https://yangonmediagroup.com/index.php/eng-section/u-s-china-trade-war-2025-snapshot
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from News Of Myanmar NOM
ရုရှားဖက်မှဝင်တိုက်​နေ​သောCIAဒုတိယအကြီးအကဲသား​သေဆုံး
NOM
၂၀၀၄ခုနှစ်တွင်အ​မေရိကန်ဗဟို​ထောက်လှမ်း​ရေးအဖွဲ့ဒုတိယအကြီးအကဲအဖြစ်ခန့်အပ်ခံရ​သောဂျူလီယန်နီ​ဂေါလီနာဂ​လော့စ်၏သားဖြစ်သူအသက်၂၁အရွယ်မိုက်ကယ်ဂ​လော့စ်သည်ရုရှားနိုင်ငံဘက်မှ၂၀၂၃ခုနှစ်တွင်ဝင်​ရောက်တိုက်ခိုက်​ပေးရင်း၂၀၂၄ခုနှစ်ဧပြီလ၄ရက်က​သေဆုံးခဲ့သည်။
​သေဆုံးပြီး၈လအကြာမှသူ၏နာ​ရေးကိုကျင်းပခဲ့ပြီး​သေဆုံးသည့်အ​ကြောင်းကို​ဖော်ပြမထား​ကြောင်းမီဒီယာများကယ​နေ့​ရေးသားခဲ့ကြသည်။
Forwarded from MWD NEWS
Media is too big
VIEW IN TELEGRAM
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်သည်။ ရန်ကုန်၊ ဧပြီလ -၂၅ ရက်။
❗️❗️❗️❗️

32 PDF Members Rejoin Legal Fold, Hand Over Weapons to Tatmadaw

Nay Pyi Taw, 25 April 2025 - The State Administration Council (SAC) has announced that 32 members of the People’s Defense Force (PDF) have re-entered the legal fold as of April 25. The information was released by the SAC’s press team in an official statement.

According to the release, the individuals—30 males and 2 females—originated from various regions of Myanmar, including Mandalay Region, Sagaing Region, Yangon Region, and Shan State.

A responsible official briefed the group on the relevant legal provisions concerning regional peace and stability. The explanation emphasized the importance of upholding law and order within their communities.

Following the discussion, the returnees voluntarily surrendered the weapons and ammunition they had carried to representatives of the Myanmar Tatmadaw (military).

Authorities subsequently provided financial assistance to the individuals and arranged for them to be reunited with their families.

The move is part of the government’s broader efforts to encourage reintegration and stability amid ongoing conflict in parts of the country.
-ymg/knl

❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/eng-section/pdf-members-rejoin-legal-fold
Please open Telegram to view this post
VIEW IN TELEGRAM