Myanmar Update News
43.3K subscribers
30.9K photos
2.77K videos
446 files
2.26K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကိုင်းမြို့နှင့်မန္တလေးမြို့တို့ရှိ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံ၍ ငလျင်ဘေးဒဏ်ထိခိုက်မှုများကြောင့်ပျက်စီးမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ရှင်းလင်းပြောကြား ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေများပေးအပ်
ငလျင်ဘေးဒဏ်ထိခိုက်မှုများကြောင့်ပျက်စီးမှုများအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီးအတွက် ငွေကျပ် ၅၀ ဘီလီယံနှင့် မန္တလေးတိုင်းဒေသကြီးအတွက် ငွေကျပ် ၆၀ ဘီလီယံ ပေးအပ်ခဲ့ကြောင်း သိရသည်။
Forwarded from News Of Myanmar NOM
စစ်ကိုင်းနှင့် မန္တလေးပြန်လည်ထူထောင်ရေး ကျပ် ဘီလီယံ ၁၁၀ ပေးအပ်

NOM ဧပြီ ၂၀၊ ၂၀၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စုစုပေါင်း ကျပ် ၁၁၀ ဘီလီယံကို ဧပြီ ၁၉ ရက်ကပေးအပ်ခဲ့သည်။

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များတွင် ရှိသည့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ သီးခြားတွေ့ဆုံစဉ် ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေများ ပေးအပ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ကျပ် ဘီလီယံ ၅၀ နှင့် မန္တလေးတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကျပ်ဘီလီယံ ၆၀ ကို ပေးအပ်ခဲ့သည်။

မန္တလေးမြို့ နှင့် စစ်ကိုင်းမြို့များတွင် ထိခိုက်ပျက်စီးသွားသည့် အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံ နှင့် သွပ်ပြားများကိုလည်း သင့်လျော်သည့် ဈေးနှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့အပြင် ပျက်စီးသွား‌သောလူနေအိမ်များကို အမျိုးအစားအလိုက် သင့်လျော်သည့် နှုန်းထားများဖြင့် ငွေကြေးထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါမှာ ရစ်(ခ်)စတာစကေး ၈ အဆင့်ထိ ခံနိုင်တဲ့ အဆောက်အအုံ ၊ လမ်းတံတားများဖြစ်အောင် တည်ဆောက်ကြရန်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်။

ငလျင်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသလို ဒေသအလိုက်စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ နှင့် MSME ထုတ်ကုန်များကိုလည်း တိုးမြှင့်ထုတ်လုပ်ရာတွင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ကိုလည်းမှာကြားခဲ့‌ကြောင်းသိရသည်။

NOM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အရာရှိ၊ စစ်သည်များ၏ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံမှုရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ဆွေးနွေးမှာကြားသည်။ ရန်ကုန်၊ ဧပြီလ ၂၀ ရက်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံမှုရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ဆွေးနွေးမှာကြား