Myanmar Update News
33.9K subscribers
35K photos
3.3K videos
446 files
2.98K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from Yangon Media Group
▫️▫️▫️▫️▫️
လျှပ်စစ်မီး၊ရေနံနှင့်သဘာဝဓာတ်ငွေ့၊ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ်နှံမှု နယ်ပယ်အသစ်များတွင် အားကောင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု တရုတ်သံအမတ်ကြီး Ms. Ma Jia ပြောကြား

မေ ၂၆၊၂၀၂၆ (ရန်ကုန်)-
ငလျင်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဗဟိုပြုပြီး လျှပ်စစ်မီး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အစရှိတဲ့ နယ်ပယ်အသစ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း အောင် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia က ပြောကြားပါတယ်။
ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel တွင် မေလ ၂၆ ရက်(ယနေ့) ကျင်းပတဲ့ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် တရုတ်သံအမတ်ကြီး Ms. Ma Jia က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
------------------------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/china-amb-ma-jia-meets-media
Please open Telegram to view this post
VIEW IN TELEGRAM
👍369
Forwarded from Yangon Media Group
▫️▫️▫️▫️▫️

ကျောက်ဖြူစီမံကိန်းတွင် အများပြည်သူအကျိုးပြု CSRလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃.၈သန်း မတည်ဆောင်ရွက်နေကြောင်း CITIC Myanmar ပြောကြား

၂၆ မေ၊၂၀၂၆(ရန်ကုန်)- အများပြည်သူအကျိုးပြု CSR ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၃.၈)သန်းကို မတည် ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းများ အကောင် အထည်ဖော်နေတဲ့ CITIC Myanmar က ပြောပါတယ်။
မေ၂၆ ရက်မနက်က ရန်ကုန်မြို့ Wyndham Grand Yangon Hotel တွင်ကျင်းပတဲ့ ၂၀၂၆ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် CITIC Myanmar ၏ ဒုတိယ ဥက္ကဋ္ဌ Mr. Piao Bo က ပြောကြားခဲ့တာဖြစ်ပါတယ်။
________________-
❗️❗️❗️❗️❗️

https://yangonmediagroup.com/index.php/myanmar/citic-myanmar-csr
Please open Telegram to view this post
VIEW IN TELEGRAM
👍368
Forwarded from Yangon Media Group
#World_News
သတင်းတုမီဒီယာများနှင့်ဒီမိုကရက်များ လမ်းလွဲနေကြသည်ဟုထရမ့်ဝေဖန်
+++++++++++++++++++
Published 27 May 2026

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မီဒီယာအဖွဲ့အစည်းကြီးများနဲ့ နိုင်ငံရေးအတိုက်အခံများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အီရန်အပေါ် အမေရိကန်စစ်တပ်က လုံးဝဥဿုံ အောင်ပွဲရရှိခဲ့ရင်တောင် ယင်းတို့ကဖြစ်ရပ်မှန်ကို ပုံဖျက်‌ဖော်ပြကြလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

■ မီဒီယာကြီးတွေဟာ အမေရိကန်အနေဖြင့် အီရန်ကို အကြွင်းမဲ့ အောင်ပွဲခံနိုင်ရင်တောင် ထိုရလဒ်ကို လွဲမှားစွာဖော်ပြကြလိမ့်မယ်လို့ ထရမ့်က ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

■ သတင်းမီဒီယာတွေက 'အီရန်ဟာ အမေရိကန်အပေါ် ပြောင်မြောက်ပြီး ထူးချွန်ပြည့်စုံတဲ့ အောင်ပွဲကို ရရှိခဲ့တယ်၊ ယှဉ်လို့တောင် မရပါဘူး’ ဆိုပြီး ခေါင်းကြီးပိုင်းသတင်း တင်ကြလိမ့်မယ်လို့ ဆိုပါတယ်။

■ ထရမ့်ဟာ The New York Times ၊ The Wall Street Journal ၊ CNN စတဲ့ နာမည်ကြီး သတင်းဌာနတွေကို အမည်ပြောင်တွေသုံးပြီး လှောင်ပြောင်ဖော်ပြခဲ့ပါတယ်။
______________________________________
ReadMore>>>https://yangonmediagroup.com/index.php/local-news/world/mmh005-27-5-2026
👍22👏96🕊1
Forwarded from Yangon Media Group
😀😀😀😀
အိန္ဒိယဝန်ကြီးချုပ်၏ ဖိတ်ကြားချက်ဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသို့ တရားဝင်ခရီးစဉ် သွားရောက်မည်

နေပြည်တော်၊ မေ ၂၈- အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မကြာမီရက်ပိုင်း အတွင်း အိန္ဒိယ နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မေလ ၂၈ ရက်) တွင် သတင်းထုတ်ပြန်ကြေညာသည်။
ယခုသွားရောက်မည့် တရားဝင်ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့် တွေ့ဆုံ မည့်အပြင်၊ ဝန်ကြီးချုပ် မိုဒီနှင့်လည်း တွေ့ဆုံ၍ နှစ်နိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲများကို ကျင်းပ သွားမည်ဖြစ်သည်။ ထို့အပြင် အိန္ဒိယအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
—————————————
❗️❗️❗️❗️❗️

https://yangonmediagroup.com/index.php/myanmar/president-india-visit
Please open Telegram to view this post
VIEW IN TELEGRAM
👍353👏1
Forwarded from Yangon Media Group
❗️❗️❗️❗️
Myanmar President to Embark on Official Visit to India to Bolster Bilateral Ties

NAY PYI TAW, May 28- At the invitation of Indian Prime Minister Shri Narendra Modi, Myanmar President U Min Aung Hlaing will soon make an official visit to the Republic of India to strengthen diplomatic, economic, and cultural relations between the two nations, the Ministry of Foreign Affairs announced today.
The upcoming diplomatic trip will feature high-level engagements, anchored by bilateral talks with Prime Minister Modi and a formal meeting with the President of India. Beyond discussions with top national leadership, President U Min Aung Hlaing’s itinerary includes meetings with Indian cabinet ministers, state governors, and prominent representatives from various business organizations to explore shared interests.
——————————-
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/eng-section/myanmar-president-visit-to-india
Please open Telegram to view this post
VIEW IN TELEGRAM
👍2310
Forwarded from Yangon Media Group
▫️▫️▫️▫️▫️
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း ပိုမိုကောင်းမွန်သော နယ်စပ်စီမံခန့်ခွဲရေးကိစ္စအပါအဝင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးကိစ္စများ‌ ဆွေးနွေးဖွယ်ရှိ

မေ ၂၉၊၂၀၂၆-နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ မကြာမီစတင်မည့် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် အတွင်း စီးပွားရေးစီမံကိန်းများပူးပေါင်းဆောင်ရွက်မှုများနှင့် နယ်စပ်စီမံခန့်ခွဲရေးကိစ္စများ ပါဝင်ဖွယ်ရှိနေ ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအခြေစိုက် Wion သတင်းဌာန၏ ယနေ့ မေ၂၉ရက် သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း အပါအဝင် ဆက်သွယ်ရေး စီမံကိန်းများ၊ စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ပိုမိုကောင်းမွန်သော နယ်စပ်စီမံခန့်ခွဲရေးကိစ္စရပ်များမှာ ခရီးစဉ်အတွင်း ထင်ရှားစွာ ပါဝင်လာမည်ဟု မျှော်လင့်ရကြောင်းဖော်ပြထားခြင်းဖြစ်သည်။
−−−−−−−−−−−−
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/mm-president-visit-india
Please open Telegram to view this post
VIEW IN TELEGRAM
👍379
Forwarded from News Of Myanmar
This media is not supported in your browser
VIEW IN TELEGRAM
အမေဇုံသူဌေး၏ဒုံးပျံသည်ပစ်လွတ်စင်ပေါ်တွင်ပေါက်ကွဲမီးလောင်
NOM
အမေဇုံကုမ္ပဏီကို တည်ထောင်သူ ဂျက်ဖ် ဘေဇိုစ်၏ ဒုံးပျံတစ်စင်း ဖလော်ရီဒါပြည်နယ်ရှိ ပစ်လွှတ်စင် (launch pad) ပေါ်တွင် စမ်းသပ်မှုတစ်ခုအတွင်း ပေါက်ကွဲပျက်စီးသွားခဲ့သည်။ New Glenn ဒုံးပျံ၏ အင်ဂျင်များ လောင်ကျွမ်းပြီးနောက် ဧရာမ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အာကာသစခန်းပေါ်တွင် မှိုပုံသဏ္ဌာန် မီးတောက်ကြီး လွှတ်တက်သွားသည်။
Blue Origin ကုမ္ပဏီသည် အဆင့်နှစ်ဆင့်ပါသော အလေးချိန်ကြီးမားသည့်ဒုံးပျံကို စမ်းသပ်နေခြင်းဖြစ်ပြီး ယင်းဒုံးပျံဖြင့် ဘေဇိုစ်သည် အီလွန်မတ်စ်၏ အာကာသအင်ပါယာ (SpaceX) ကို မှီအောင် ကြိုးပမ်းနေခြင်းဖြစ်သည်။ ကုမ္ပဏီသည် ဤစီမံကိန်းအတွက် ဒေါ်လာ ၂.၅ ဘီလီယံ (၂၅၀၀ သန်း) သုံးစွဲထားပြီး ၂၀၁၂ ခုနှစ်မစတင်၍တည် ဆောက်နေသော ဧရာမဒုံးပျံကြီးဖြစ်ကာ ပစ်လွှတ်မှုတစ်ကြိမ်လျှင် ဒေါ်လာ ၆၈ သန်း ကုန်ကျသည်။
အီလွန်မတ်စ်က ပေါက်ကွဲမှုနှင့်ပတ်သက်၍ “အလွန်ဆိုးပါတယ်။ ဒုံးပျံဆိုတာ ခက်ပါတယ်” ဟု ပြောကြားခဲ့သည်။
Blue Origin သည် အမေဇုံ၏ အင်တာနက်ဂြိုဟ်တုများကို ပတ်လမ်းအတွင်း ပစ်လွှတ်ရန်အတွက် ဤဒုံးပျံကို အသုံးပြုရန် စီစဉ်ထားခြင်းဖြစ်သည်။
👍35🤔94
Forwarded from Yangon Media Group
😀😃😄😁😆
ဗုဒ္ဓဂါယာတွင် မဟာဗောဓိစေတီတော်ကို နိုင်ငံတော်သမ္မတ ဖူးမြော်ကြည်ညို
၃၀ မေ၊၂၀၂၆
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၃၀ ရက် ယနေ့ နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုခဲ့သည်။
ထို့နောက် ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့ကာ အလှူငွေများ လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့အပြင် ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ ဗုဒ္ဓဂါယာယဥ်ကျေးမှု နယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြောင်းသတင်းရရှိသည်။
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍37🙏158
Forwarded from Yangon Media Group
😀😃😄😁😆
ဗုဒ္ဓဂါယာတွင် မဟာဗောဓိစေတီတော်ကို နိုင်ငံတော်သမ္မတ ဖူးမြော်ကြည်ညို
၃၀ မေ၊၂၀၂၆
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၃၀ ရက် ယနေ့ နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုခဲ့သည်။
ထို့နောက် ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့ကာ အလှူငွေများ လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့အပြင် ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ ဗုဒ္ဓဂါယာယဥ်ကျေးမှု နယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြောင်းသတင်းရရှိသည်။
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍3914🙏10👏1