Forwarded from News Of Myanmar
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့၌ ရန်ကုန်တိုင်းတွင် စစ်မှုထမ်းတာဝန် အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁) မှ ပြည်သူ့စစ်မှုထမ်း ၉၁ ဦးအား စစ်မှုတာဝန်ထမ်းဆောင်ပြီးကြောင်းလက်မှတ်နှင့် ဂုဏ်ပြုထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်။
NOM
NOM
👍65❤18
Forwarded from တိုက်ပွဲသတင်းစုံ
This media is not supported in your browser
VIEW IN TELEGRAM
👍64❤24👏8
Forwarded from Yangon Media Group
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်အရ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့အထူးကိုယ်စားလှယ်နဲ့နေပြည်တော်၌တွေ့ဆုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်အရ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အထူးကိုယ်စားလှယ်နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီရဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်တဲ့ ကျန်းရှင်းကျီ (Jiang Xinzhi) ဟာ သောကြာနေ့က နေပြည်တော်မှာလုပ်တဲ့ သမ္မတ ဦး မင်းအောင်လှိုင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။
#World_News
Published 11 April 2026
#တရုတ်သမ္မတရှီကျင့်ဖျင် #သမ္မတဦးမင်းအောင်လှိုင်
#YMG #Yangon_Times #Yangon_Media_Group
WatchVideo>>>https://yangonmediagroup.com/index.php/local-news/world/mmh009-11-4-2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်အရ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အထူးကိုယ်စားလှယ်နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီရဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်တဲ့ ကျန်းရှင်းကျီ (Jiang Xinzhi) ဟာ သောကြာနေ့က နေပြည်တော်မှာလုပ်တဲ့ သမ္မတ ဦး မင်းအောင်လှိုင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။
#World_News
Published 11 April 2026
#တရုတ်သမ္မတရှီကျင့်ဖျင် #သမ္မတဦးမင်းအောင်လှိုင်
#YMG #Yangon_Times #Yangon_Media_Group
WatchVideo>>>https://yangonmediagroup.com/index.php/local-news/world/mmh009-11-4-2026
❤18👍18
Forwarded from Yangon Media Group
မြန်မာနိုင်ငံ၏စက်သုံးဆီလိုအပ်ချက်ကို ဖြေရှင်းရန် တရုတ်ကုမ္ပဏီ NPCM ထောက်ရှာပင်-ကမ်းနီ ရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရေးစာချုပ်ချုပ်ဆို
နေပြည်တော်၊ ဧပြီ ၁၀ - ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသည့် အကျပ်အတည်းကို ဖြေရှင်းရန်နှင့် သက်တမ်းရင့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေမှ ရေနံစိမ်းထုတ်လုပ်မှု တိုးမြှင့်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် North Petro-Chem Corporation (Myanmar) Limited (NPCM) နှင့် ရေနံတိုးတက်ထုတ်ယူရေးစာချုပ်ကို ယနေ့ လက်မှတ်ရေးထိုးလိုက်သည်။
ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပသော အဆိုပါ လက်မှတ်ရေး ထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး အပါအဝင် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် ကုမ္ပဏီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
"နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူးလိုအပ်နေသော ရေနံစိမ်းတိုးမြှင့်ထုတ်လုပ်နိုင်ရန် သဘော တူစာချုပ် ချုပ်ဆိုနိုင်ခြင်းမှာ ဂုဏ်ယူဖွယ်ဖြစ်ကြောင်း" ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် ရေနံစိမ်းများ ပိုမိုထွက်ရှိလာပါက ပြည်တွင်း၌ စက်သုံးဆီများ တိုးမြှင့်ချက်လုပ်နိုင် မည်ဖြစ်၍ ပြည်သူများအတွက် လက်ငင်းအကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်း ပြောကြားသည်။
သက်တမ်းရင့် ရေနံမြေများနှင့် နည်းပညာလိုအပ်ချက်
မြန်မာနိုင်ငံရှိ ရေနံမြေအများစုမှာ သက်တမ်း နှစ် (၁၀၀) ဝန်းကျင်ရှိနေပြီဖြစ်ပြီး၊ ယခုစာချုပ်ချုပ်ဆို သည့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည်လည်း သက်တမ်း နှစ် (၅၀) ခန့်ရှိပြီဖြစ်သည်။
-------------—
https://yangonmediagroup.com/index.php/myanmar/npcm-china-oild-field-contract-mm
Please open Telegram to view this post
VIEW IN TELEGRAM
👍54❤10
Forwarded from Yangon Media Group
၁၅နာရီကြာ အမေရိကန်-အီရန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုးတက်မှုမရရှိသေးဘဲပြီးဆုံး၊ ဆွေးနွေးပွဲများကို တနင်္ဂနွေနေ့တွင် ဆက်လက်ပြုလုပ်မည်
၁၂ ဧပြီ ၂၀၂၆-
အစ္စလာမ္မာဘတ်မြို့တွင် ပြုလုပ်သော အမေရိကန်-အီရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ၁၅ နာရီကြာပြီးနောက် တိုးတက်မှုတစ်စုံတစ်ရာမရရှိဘဲ ပြီးဆုံးသွားခဲ့သည်။ ပါကစ္စတန်က သံတမန်ရေးရာ ကြိုးပမ်းမှုများကို ကြားဝင်စေ့စပ်ပေးနေစဉ် အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် အဆိုပြုချက် များကို ဖလှယ်ကြသည့် နည်းပညာအဖွဲ့များနှင့်အတူ စေ့စပ်ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
အမေရိကန်နှင့် အီရန်တို့ကြား ဆွေးနွေးပွဲများသည် ၁၅ နာရီအကြာတွင် ပြီးဆုံးခဲ့ပြီး တနင်္ဂနွေနေ့ (ဧပြီလ ၁၂ ရက်) နောက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့၌ ပြန်လည်စတင်မည်ဖြစ်ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါဆွေးနွေးပွဲသည် ၁၅ နာရီနှင့်အထက် ကြာမြင့်ခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
အီရန်မီဒီယာအဖွဲ့သည် အစ္စလာမ္မာဘတ်ရှိ ဆွေးနွေးပွဲကျင်းပရာနေရာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းအချို့က ဖော်ပြခဲ့ကြသည်။ ဆွေးနွေးပွဲများသည် "မှန်ကန်သော ဦးတည်ချက်သို့ တိုးတက်နေ ကြောင်း" ပါကစ္စတန်အရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ သတင်းများအရ အီရန်နှင့် အမေရိကန် အရာရှိများသည် ကြားခံပုဂ္ဂိုလ်များမှတစ်ဆင့် ပြောဆိုခြင်းမဟုတ်ဘဲ ပါကစ္စတန်နှင့်အတူ တိုက်ရိုက် တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။
———————
https://yangonmediagroup.com/index.php/local-news/world/us-iran-talks-end-pakistan
Please open Telegram to view this post
VIEW IN TELEGRAM
👍57❤14
Forwarded from Yangon Media Group
မြန်မာနှင့်ရုရှား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဝန်ကြီးဦးကိုကိုလွင် ရုရှားနိုင်ငံသို့သွားရောက်
၁၂ ဧပြီ၊၂၀၂၆-
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်နိုင် ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည့် ရုရှား ဖက်ဒရေး ရှင်းနိုင်ငံသို့သွားရောက်ရန် ယနေ့ဧပြီ၁၂ရက်နေ့တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ သွား သည်။
ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံသို့ တရုတ်နိုင်ငံမှတစ်ဆင့် သွားရောက်မည်ပြီး ခရီးစဉ်တစ်ခုလုံး သည် ဧပြီ၁၂ ရက်မှ ၁၉ ရက်အထိကြာမြင့်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
-----------------—
https://www.facebook.com/share/p/14ZDPyFEKWX/
Please open Telegram to view this post
VIEW IN TELEGRAM
👍66❤24
Forwarded from MRTV News Channel
Media is too big
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် နေပြည်တော်လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနား တက်ရောက်
👍19❤13🤔1
Forwarded from Yangon Media Group
မြန်မာ့အကျပ်အတည်းများ အဆုံးသတ်စေရေး အမေရိကန်က ကူညီပံ့ပိုးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အတာသင်္ကြန်ဆုတောင်းလွှာပေးပို့
၁၃ ဧပြီ၊၂၀၂၆
မြန်မာနိုင်ငံ အကျပ်အတည်းများ အဆုံးသတ်စေရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးပေး ရန် ဆက်လက်သန္နနိဋ္ဌာန်ချထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မာကိုရူဘီယိုက မြန်မာ့ အတာသင်္ကြန်နှစ်ကူးဆုတောင်းမှာ ပြောကြားပါတယ်။
ဧပြီ၁၂ ရက်စွဲဖြင့် ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးက ယနေ့ဧပြီ၁၃ရက်တွင်ထုတ်ပြန်တဲ့ နိုင်ငံခြား ရေးဝန်ကြီးရဲ့ ၂၀၂၆ မြန်မာ့အတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးကာလဆုတောင်းစကားတွင် မာကို ရူဘီယိုက ယင်းကဲ့သို့ ပြောကားခဲ့ခြင်းဖြစ်ပါတယ်။
“ သင်္ကြန်အခါသမယသည် ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လာမည့် နှစ်သစ်ကို မျှော်ကြည့် ရန် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တိုင်းပြည် ဆက်လက်ယိုယွင်းလျက်ရှိသော်လည်း အဆိုပါ အကျပ်အတည်းများ အဆုံးသတ်စေရေး အတွက် ကူညီပံ့ ပိုးပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားပါသည်Ó လို့ အဆိုပါထုတ်ပြန်ချက် တွင် ဖော်ပြထားပါတယ်။
---------------—
https://yangonmediagroup.com/index.php/myanmar/us-myanmar-new-year-wish
Please open Telegram to view this post
VIEW IN TELEGRAM
👍39❤13🤔5
Forwarded from Yangon Media Group
အကြိုနေ့ရန်ကုန်သင်္ကြန်
ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် သင်္ကြန်ပွဲတော် နွှဲပျော်နေကြသည့်မြင်ကွင်းများ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍45❤16