Myanmar Update News
34.8K subscribers
34.7K photos
3.28K videos
446 files
2.94K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from Popular Journal
အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဖွဲ့စည်း

အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေပုဒ်မ ၄ အရ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ ဖြိုးတိုးတက်ရေးကော်မရှင်ကိုဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၃၁ / ၂၀၂၆ ဖြင့် ယနေ့ ဧပြီ ၁၀ ရက်ကထုတ်ပြန်ခဲ့သည်။

ကော်မရှင်အား ဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်း၊ အဖွဲ့ဝင်များအဖြစ် ဦးသော်လွင်၊ ဦးမင်းလွင်၊ ဒေါက်တာခင်သန်းယု၊ ဒေါက်တာကြည်စိုးတို့ပါဝင်သည်။
👍365
Forwarded from Yangon Media Group
▫️▫️▫️▫️▫️
ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်

၁၀ ဧပြီ၊၂၀၂၆
၁။ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ
စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အဓိကထား အကောင်အထည်ဖော်မည်။

၂။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကဏ္ဍ
ငြိမ်းချမ်းရေးနှင့် တရားဥပဒေဆိုင်ရာများအတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းမည်ဖြစ်ပြီး၊ NCA အရ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများနှင့် အခြေခံဥပဒေပြင်ဆင်ရန် သဘောတူထားသည့် အချက် ၄၃ ချက်ကို လွှတ်တော်သို့ တင်သွင်းအတည်ပြုမည်။

၃။ ပညာရေးကဏ္ဍ
ဒေသကွာဟမှုမရှိဘဲ အနည်းဆုံး KG+9 အထိ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး အခြေခံပညာအဆင့်မှစ၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များ သင်ကြားပေးကာ Polytechnic သိပ္ပံများနှင့် တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်မည်။

၄။ ကျန်းမာရေးကဏ္ဍ
ပြည်သူတိုင်း လက်လှမ်းမီပြီး တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်မည်။

၅။ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အလုပ်အကိုင်လိုအပ်ချက်များကို ဖြေရှင်းရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ကို မြှင့်တင်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအတွက် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်မည်။

၆။ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍ
နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသော ကျေးလက်နေပြည်သူများနှင့် တောင်သူလယ်သမားများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေးကို ရေရှည်စီမံကိန်းများချမှတ်၍ အဓိကဦးစားပေး လုပ်ဆောင်မည်။
---------------------------------------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/president-speech-parliament
Please open Telegram to view this post
VIEW IN TELEGRAM
👍3118👏4
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိ
👍6913
Forwarded from Yangon Media Group
▫️▫️▫️▫️▫️
နိုင်ငံတော်တည်ဆောက်ရေး အဓိကမူဝါဒများနှင့်လုပ်ငန်းစဉ်များ
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်များ
Please open Telegram to view this post
VIEW IN TELEGRAM
👍3914
Forwarded from Yangon Media Group
▫️▫️▫️▫️▫️
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်အထူးကိုယ်စားလှယ်ကိုလက်ခံတွေ့ဆုံ
၁၀ ဧပြီ၊၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ သမ္မတ ဦးမင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတ ကျမ်းးသစ္စာကျိန်ဆိုပွဲသို့တက်ရောက်လာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား ဧပြီ ၁၀ရက်က လက်ခံတွေ့ဆုံခဲ့သည်၊
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍4516
Forwarded from News Of Myanmar
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့၌ ရန်ကုန်တိုင်းတွင် စစ်မှုထမ်းတာဝန် အောင်မြင်စွာပြီးမြောက်ခဲ့သည့်  ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁) မှ ပြည်သူ့စစ်မှုထမ်း ၉၁ ဦးအား စစ်မှုတာဝန်ထမ်းဆောင်ပြီးကြောင်းလက်မှတ်နှင့် ဂုဏ်ပြုထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်။

NOM
👍6618
Forwarded from Yangon Media Group
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်အရ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့အထူးကိုယ်စားလှယ်နဲ့နေပြည်တော်၌‌တွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်အရ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အထူးကိုယ်စားလှယ်နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီရဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်တဲ့ ကျန်းရှင်းကျီ (Jiang Xinzhi) ဟာ သောကြာနေ့က နေပြည်တော်မှာလုပ်တဲ့ သမ္မတ ဦး မင်းအောင်လှိုင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။


#World_News
Published 11 April 2026
#တရုတ်သမ္မတရှီကျင့်ဖျင် #သမ္မတဦးမင်းအောင်လှိုင်
#YMG #Yangon_Times #Yangon_Media_Group
WatchVideo>>>https://yangonmediagroup.com/index.php/local-news/world/mmh009-11-4-2026
18👍18
Forwarded from Yangon Media Group
▫️▫️▫️▫️▫️
မြန်မာနိုင်ငံ၏စက်သုံးဆီလိုအပ်ချက်ကို ဖြေရှင်းရန် တရုတ်ကုမ္ပဏီ NPCM ထောက်ရှာပင်-ကမ်းနီ ရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရေးစာချုပ်ချုပ်ဆို

နေပြည်တော်၊ ဧပြီ ၁၀ - ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသည့် အကျပ်အတည်းကို ဖြေရှင်းရန်နှင့် သက်တမ်းရင့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေမှ ရေနံစိမ်းထုတ်လုပ်မှု တိုးမြှင့်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် North Petro-Chem Corporation (Myanmar) Limited (NPCM) နှင့် ရေနံတိုးတက်ထုတ်ယူရေးစာချုပ်ကို ယနေ့ လက်မှတ်ရေးထိုးလိုက်သည်။
ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပသော အဆိုပါ လက်မှတ်ရေး ထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး အပါအဝင် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် ကုမ္ပဏီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
"နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူးလိုအပ်နေသော ရေနံစိမ်းတိုးမြှင့်ထုတ်လုပ်နိုင်ရန် သဘော တူစာချုပ် ချုပ်ဆိုနိုင်ခြင်းမှာ ဂုဏ်ယူဖွယ်ဖြစ်ကြောင်း" ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် ရေနံစိမ်းများ ပိုမိုထွက်ရှိလာပါက ပြည်တွင်း၌ စက်သုံးဆီများ တိုးမြှင့်ချက်လုပ်နိုင် မည်ဖြစ်၍ ပြည်သူများအတွက် လက်ငင်းအကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်း ပြောကြားသည်။
သက်တမ်းရင့် ရေနံမြေများနှင့် နည်းပညာလိုအပ်ချက်
မြန်မာနိုင်ငံရှိ ရေနံမြေအများစုမှာ သက်တမ်း နှစ် (၁၀၀) ဝန်းကျင်ရှိနေပြီဖြစ်ပြီး၊ ယခုစာချုပ်ချုပ်ဆို သည့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည်လည်း သက်တမ်း နှစ် (၅၀) ခန့်ရှိပြီဖြစ်သည်။
-------------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/npcm-china-oild-field-contract-mm
Please open Telegram to view this post
VIEW IN TELEGRAM
👍5410