Myanmar Update News
34.7K subscribers
34.8K photos
3.28K videos
446 files
2.94K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from Burmese TV Pro
အီတလီနိုင်ငံသူ အားကစားသတင်းတင်ဆက်သူ Floriana Messina♥️
26👍15
Forwarded from Popular Journal
(၈၁)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားအတွက် ပြင်ဆင်မှုမြင်ကွင်းများ

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် ယနေ့တွင် ကျရောက်သော (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်‌ရေးပြအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှုများပြုလုပ်နေသည့် မြင်ကွင်းပုံရိပ်များဖြစ်သည်။

ဓာတ်ပုံ - ပေါ်ပြူလာနယူးစ်
👍3721
This media is not supported in your browser
VIEW IN TELEGRAM
အီရန်၏ခွင့်ပြုချက်မယူဘဲ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သော ထိုင်းကွန်တိန်နာသင်္ဘော အီရန်ဒုံးကျည်ထိမှန်ပြီး မီးလောင်နေကြောင်းသိရ။
-
တိုက်ပွဲသတင်းစုံ
👍50😭9👏7🤔3
Forwarded from Yangon Media Group
😀😀😀😀
ဆက်သွယ်တိုင်ကြားနိုင်မည့်ဖုန်းနံပါတ်များကိုစွမ်းအင်ဝန်ကြီးဌာနထုတ်ပြန်

စက်သုံးဆီဝယ်ယူရာတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့လာပါကဖြစ်စေ၊ အခြား တင်ပြတိုင်ကြားလိုမှုများ ရှိပါကဖြစ်စေ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန် အောက်ပါ Call Center များသို့ ဆက်သွယ်တိုင်ကြားရန်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဖုန်းနံပါတ်များ- ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆
Viber- ၀၉ ၄၀၁၇၄၈၅၉၈
Please open Telegram to view this post
VIEW IN TELEGRAM
👍4724👏6🎉1
Forwarded from MWD NEWS
Media is too big
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း
👍4214
Forwarded from Yangon Media Group
❗️❗️❗️❗️❗️
၈၁ နှစ်မြောက် တပ်မတော်နေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းမှ မှတ်သားစရာ (၆)ချက်

"တပ်မတော်သည် "ပြည်သူသာအမိ၊ ပြည်သူသာအဖ" ဟူသော ခံယူချက်ဖြင့် ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်"
နေပြည်တော်-မတ်၂၇၊၂၀၂၆
၈၁နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းထဲမှ မှတ်သားစရာ(၆)ချက်ကို အောက်ပါအတိုင်း ကောက်နှုတ်ဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)

◾️၁။ သမိုင်းကြောင်းနှင့်လွတ်လပ်ရေးတာဝန်- ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်ဝါဒီတွေကို တပ်မတော်နှင့် ပြည်သူ ပူးပေါင်းပြီး အောင်မြင်စွာ စတင် တွန်းလှန်ခဲ့သည့် မတ်လ ၂၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကျင်းပခြင်းဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် ဒို့တာဝန်အရေးသုံးပါးကို သမိုင်းတစ်လျှောက် အသက်သွေးချွေးပေးဆပ်၍ ကာ ကွယ်စောင့်ရှောက်ခဲ့သည်။

◾️၂။ အမျိုးသားနိုင်ငံရေးနှင့် ဒီမိုကရေစီ ကာကွယ်ရေး- တပ်မတော်သည် နိုင်ငံရေးကို ဦးဆောင်နေခြင်း မဟုတ်ဘဲ နိုင်ငံရဲ့အရေးအတွက် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ နိုင်ငံ၏လိုအပ်ချက်အရ ပူးပေါင်း ပါဝင် ဆောင်ရွက်နေခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရခြင်းမှာ မဲမသမာမှုများကြောင့် ဒီမိုကရေစီစနစ်ကို ကာကွယ်ရန် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲက တစ်ဆင့် အသစ် ပေါ်ထွက်လာမည့် အစိုးရသစ်ကို တပ်မတော်သည် အထောက်အကူပြု ဆောင်ရွက်သွားမည်။

◾️၃။ခေတ်မီတပ်မတော် တည်ဆောက်ရေးနှင့် စည်းကမ်း- အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက် သော တပ်မတော်ဖြစ်စေရန် စဉ်ဆက်မပြတ်လေ့ကျင့်ရေး၊ ခေတ်မီစစ်လက်နက်များ ကိုယ်တိုင်ထုတ် လုပ်တပ်ဆင်ရေးတို့ကို အလေးထားရမည့်အပြင် တပ်တွင်းစည်းလုံးညီညွတ်မှုနှင့် အမိန့်နာခံမှုကို ခိုင်မာ အောင် တည်ဆောက်ရမည်ဖြစ်သည်။

◾️၄။အကြမ်းဖက်မှုနှိမ်နင်းရေးနှင့်ပြည်သူ့စစ်မှုထမ်းစနစ်- နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက် စေသော အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများကို အရှိန်အဟုန်မြှင့် နှိမ်နင်းလျက်ရှိပြီး ပြည်သူ့လုံခြုံရေးစနစ်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

◾️၅။ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်စနစ်တည်ဆောက်ရေး- တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကာ NCA သဘောတူညီချက်များမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင် နေပြီး လူမျိုးကိုအခြေမခံဘဲ နိုင်ငံနှင့်ကိုက်ညီသော ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်နှင့် ပါတီစုံ ဒီမို ကရေစီစနစ်ကို ခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်သည်။

◾️၆။ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရေး- တပ်မတော်သည် "ပြည်သူသာအမိ၊ ပြည်သူသာအဖ" ဟူ သော ခံယူချက်ဖြင့် ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်ကာ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဆက် လက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။

ကိုးကား- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းအပြည့်အစုံ
https://yangonmediagroup.com/index.php/myanmar/armed-forces-day-parade-speech-senior-general
Please open Telegram to view this post
VIEW IN TELEGRAM
👍3218
Forwarded from News Of Myanmar
🚨 အီရန်​၏တိုက်ခိုက်မှုများကြောင့် အမေရိကန်ဆီဖြည့်လေယာဉ်အချို့ပျက်စီး

ယနေ့တွင် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ပရင့်စ် ဆူလ်တန် Prince Sultan လေတပ်စခန်းကို ထိမှန်ခဲ့ပြီး အမေရိကန် ဆီဖြည့်လေယာဉ်အချို့ ပျက်စီးသွားကြောင်း ဆော်ဒီနှင့် အမေရိကန် တာဝန်ရှိသူများက အတည်ပြုခဲ့ကြသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍6417👏8🤔2
Forwarded from Yangon Media Group
😀😀😀😀
မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့် အခမ်းအနား ကျင်းပ
နေပြည်တော်- မတ်၂၈၊၂၀၂၆
မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့် အခမ်းအနားကို ယနေ့ မတ်လ ၂၈ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ MICC (၁) ၌ ကျင်းပရာ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ၊ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောပြီး ကူညီခဲ့ကြသည့် ပြည်ပနိုင်ငံများကိုယ်စား ထိုနိုင်ငံများ၏ သံအမတ်ကြီးများကို ဂုဏ်ပြုလွှာများပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ပြည်ထောင်စုဝန်ကြီးများ ၊ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ သံတမန်များ၊ နည်းပညာနှင့်အရပ်ဘက်အဖွဲ့အစည်းများ၊ ငလျင်ဘေးကူညီပေးခဲ့ကြသည့်အဖွဲ့အစည်းများ စုံညီစွာတက်ရောက်ခဲ့ကြပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
46👍31