Myanmar Update News
34.6K subscribers
34.8K photos
3.29K videos
446 files
2.95K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from MMPA Info
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အသင်းဝင်လျှောက်လွှာများကို စတုတ္ထအကြိမ်အဖြစ် လျှောက်ထားဆဲ ကတ်များ ထုတ်ပေးမည်ဖြစ်ပါသည်။ ဖော်ပြပါစာရင်းတွင်ပါရှိသည့် လျှောက်ထားဆဲ ကတ်များကို ၂၃ - ၃ - ၂၀၂၆ ရက်နေ့မှစ၍ နံနက် ၁၀:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။
စိစစ်အတည်ပြုပြီးသောကတ်များ ထုတ်ပေးခြင်းဖြစ်ပါသည်။ ကျန်ရှိနေသေးသော လျှောက်လွှာများ ဆက်လက်စိစစ်ပြီး ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
မှတ်ချက်။ ကိုယ်စား(လုံးဝ)ထုတ်မပေးပါ။
👍275👀1
Forwarded from News Of Myanmar
ဂျပန်သင်္ဘောများဟော်မုဇ်ရေလက်ကြားဖြတ်ခွင့်ပေးမည်ဟုအီရန်ပြော

ဂျပန်နိုင်ငံက အီရန်နှင့်ညှိနှိုင်းဆောင်ရွက်ပါက ဂျပန်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ ဘေးကင်းစွာ ဖြတ်ခွင့်ပြုမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးကပြောသည်။

ဂျပန် သည် သူ့နိုင်ငံသုံးသည့်လောင်စာဆီ၏ ၉၀ % ကိုဟော်မုဇ်ရေလက်ကြားမှသယ်ဆောင်နေရသည်။

NOM
👍8313👏6🤔2
Forwarded from Yangon Media Group
❗️❗️❗️
လေယာဉ်ပေါ်တွင် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီးနောက် ကျန်ခရီးသည်များ ရုပ်အလောင်းနှင့်အတူ (၁၃) နာရီကြာ နေခဲ့ရ

လန်ဒန်၊ မတ်၂၁-

လန်ဒန်ကို ပျံသန်းတဲ့ ဗြိတိသျှလေကြောင်းလိုင်း (British Airways) လေယာဉ်ပေါ်မှာ ခရီးသည်တွေဟာ ရုပ်အလောင်းတစ်ခုနဲ့အတူ ၁၃ နာရီကျော်ကြာ အချိန်ဖြတ်သန်းခဲ့ရပါတယ်။

The Sun, Daily Express နဲ့ The Standard သတင်းတွေအရဆိုရင် မတ်လ ၁၅ ရက် တနင်္ဂနွေနေ့က ဟောင်ကောင်ကနေ ထွက်ခွာလာတဲ့ လေယာဉ်အမှတ် BA32 ပေါ်မှာ လေယာဉ်ထွက်ပြီး တစ်နာရီလောက်အကြာမှာပဲ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဗြိတိသျှလေကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က PEOPLE မဂ္ဂဇင်းကို ပြောပြ တာကတော့ "လေယာဉ်ပေါ်မှာ ခရီးသည်တစ်ဦး ဝမ်းနည်းဖွယ် ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလိုခက်ခဲ တဲ့အချိန်မှာ ကျန်ရစ်သူ မိသားစု၊ မိတ်ဆွေတွေနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။ လေယာဉ်ဝန်ထမ်း တွေကို လည်း လိုအပ်တာတွေ ကူညီပံ့ပိုးပေးနေသလို၊ လုပ်ထုံးလုပ်နည်း အားလုံးကိုလည်း မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

ဒီအမျိုးသမီး သေဆုံးသွားပြီးနောက်ပိုင်း မိသားစုဝင်တွေရော လေယာဉ်ဝန်ထမ်းတွေပါ အရမ်းကို စိတ် ဆင်းရဲပူဆွေးခဲ့ရတယ်လို့ သတင်းရင်းမြစ်တစ်ခုက The Sun သတင်းစာကို ပြောပြပါတယ်။ ဒါပေမယ့် ခရီးသည်က သေဆုံးသွားခဲ့ပြီ ဖြစ်တဲ့အတွက် ဒီအခြေအနေကို "အရေးပေါ်အခြေအနေ" လို့တော့ မသတ်မှတ်ခဲ့ပါဘူး။

"ရုပ်အလောင်းကို ဘယ်လိုထားရမလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။ လေယာဉ်မှူးခန်းဘက်က ရုပ်အလောင်းကို အိမ်သာထဲမှာ သော့ခတ်ထားဖို့ တောင်းဆိုပေမယ့် လေယာဉ်ဝန်ထမ်းတွေက လက်မခံခဲ့ ပါဘူး" လို့ အဲဒီသတင်းရင်းမြစ်ကပဲ ပြောပါတယ်။ "ဒါကြောင့် သူတို့က ရုပ်အလောင်းကို သီးခြားခွဲထားဖို့ ပိတ်စတွေနဲ့ပတ်ပြီး လေယာဉ်အနောက်ဘက်က မီးဖိုချောင်ခန်း (Galley) ထဲကို ရွှေ့ထားခဲ့ရပါတယ်။"
----------------------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/woman-died-in-midair
Please open Telegram to view this post
VIEW IN TELEGRAM
👍2621😭11
Forwarded from Yangon Media Group
❗️❗️❗️❗️❗️❗️❗️

အစိုးရဝန်ထမ်းများ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ အိမ်ကနေ အလုပ်လုပ်ကြရန် ကြေညာချက် ထုတ်ပြန်
———————-
နေပြည်တော် မတ်၂၂
- လာမယ့် မတ်လ ၂၅ ရက်နေ့ကစပြီး အစိုးရဝန်ထမ်းတွေအားလုံး အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်း ရုံးတက်စရာမလိုဘဲ မိမိတို့ရဲ့ နေအိမ်တွေကနေပဲ အလုပ်လုပ်ကြရတော့မှာ ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ စက်သုံးဆီချွေတာရေးအတွက် အသစ်ထုတ်ပြန်လိုက် တဲ့ ညွှန်ကြားချက်တွင် ဖော်ပြပါရှိတာ ဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နောက်ဆက်တွဲအနေနဲ့ စက်သုံးဆီ ရှားပါးမှုတွေ ဖြစ်လာနိုင် တာကို ကြိုတင်ကာကွယ်ဖို့အတွက်လို့ ဆိုပါတယ်။

လက်ရှိမှာ စက်သုံးဆီ အရန်အတားက လုံလုံလောက်လောက် ရှိနေသေးပေမယ့် အနာဂတ်မှာ ကြုံလာရနိုင်တဲ့ စွမ်းအင်အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆီသုံးစွဲမှုကို လျှော့ချချင်တာကြောင့် ဒီလို Work From Home စနစ်ကို ကျင့်သုံးရတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် အစိုးရဝန်ထမ်းတွေအနေနဲ့ ဗုဒ္ဓဟူးနေ့လို အိမ်ကနေ အလုပ်လုပ်ရမယ့်ရက်မျိုးမှာ တာဝန် ကိစ္စကလွဲရင် အပြင်သွားတာမျိုး ဒါမှမဟုတ် ကိုယ်ပိုင်ကား၊ ဆိုင်ကယ် သုံးစွဲတာမျိုးတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အစိုးရဌာနတွေတင်မကဘဲ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေကိုလည်း ဒီလိုပဲ အိမ်ကနေ အလုပ် လုပ်တဲ့စနစ်မျိုး (Work From Home) ကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တောင်းဆို ထားတာ တွေ့ရပါတယ်။

ဒီအစီအစဉ်ဟာ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထပ်မထွက်မချင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ ဆက်ပြီး အကျိုးသက်ရောက်မှု ရှိနေမှာ ဖြစ်ပါတယ်။
#ymg/knl
Please open Telegram to view this post
VIEW IN TELEGRAM
👍6118
လူအယောက် ၁၀၀၀၀ စာအတွက် ထမင်းဘူးများလှူဒါန်းခဲ့တဲ့ Showlike ရဲ့ ၁ နှစ်ပြည့်အလှူ

Showlike Application ရဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်အလှူ အဖြစ် မတ်လ (၂၂)ရက်နေ့ ရန်ကုန် ၊လှိုင်သာယာရှိ အောင်မြေသာယာဆုတောင်းပြည့်စေတီတော်မှာ လူအယောက်တစ်သောင်းစာအတွက် ကြက်သားဟင်း၊ထမင်း၊ မုန့်လက်ဆောင်း ၊ ရေဘူးတို့ကို လှူဒါန်းခဲ့ပါတယ်။

သရုပ်ဆောင် အေးချမ်းမောင်၊ ပိုင်တံခွန်၊ ချာလီငြိမ်း၊ အောင်ပိုင်၊
ပိုင်အိမ်ခ၊ ဆန်းမင်းဟိန်းထွဋ်၊ စျာန်ရှိုင်း၊ ချောရတနာ၊ ရွှေသမီး၊ နော်ဖောအယ်ထား၊ ယွန်းမီမီသိမ့်၊ ဝင်းမင်းသန်း ၊ဒါရိုက်တာ ညိုမင်းလွင်၊ မေဘရဏီ၊ ဇာတ်ညွှန်း ရွှေရည်ရွှန်းလဲ့၊အဒီရာဦး၊ ခိုင်သဇင်ငုဝါ၊ စနိုးကြည်ဖြူ၊ သဲတုန်နဲ့အနုပညာရှင်များစွာကလည်း အလှူမှာ ပါဝင်ခဲ့ကြပါတယ်။
👍3419👏3
Forwarded from Yangon Media Group
❗️❗️❗️❗️❗️❗️❗️
စက်သုံးဆီဝယ်ယူမှုကို QR စနစ်ဖြင့် ကန့်သတ်မည်ဖြစ်ပြီး တစ်ပတ်လျှင် အများဆုံး ၂ ကြိမ်သာ ဝယ်ယူ ခွင့်ပြုတော့မည်
--------------
နေပြည်တော်၊ မတ် ၂၂- အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများကြောင့် ပြည်တွင်းစက်သုံးဆီ သုံးစွဲမှု အခက်အခဲမရှိစေရန်အတွက် လာမည့်ရက်သတ္တပတ်မှစတင်ကာ ယာဉ်အမျိုးအစားအလိုက် တစ်ပတ် လျှင် အများဆုံး (၂) ကြိမ်သာ ခွဲတမ်းစနစ်ဖြင့် ဝယ်ယူခွင့်ပြုတော့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။

စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုစနစ်တကျရှိစေရန်နှင့် အဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏ အင်ဂျင်စက်စွမ်းအားအပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိမည့် ဆီပမာဏကို ကန့်သတ်သတ်မှတ်သွားမှာဖြစ်ပါတယ်။

တစ်ပတ်အတွင်း သတ်မှတ်ထားသော ဆီပမာဏကို တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံး (၂) ကြိမ်ခွဲ၍ ဖြစ်စေ Bar Code နှင့် QR Code စနစ်အသုံးပြု၍ ဝယ်ယူရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မော်တော်ယာဉ်များအတွက် Bar Code Scan ဖတ်ခြင်းနှင့် ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်းစနစ်ကို လာမည့်အပတ်အတွင်း အပြည့်အဝ စတင်အကောင်အထည်ဖော်မယ်လို့ဆိုပါတယ်။
-------------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/qr-system-fuel-rationing-myanmar
Please open Telegram to view this post
VIEW IN TELEGRAM
👍3912👏1
Forwarded from Yangon Media Group
စက်သုံးဆီသုံးစွဲမှု ထိန်းညှိရေးနှင့် စနစ်သစ်စီမံချက်များ
-------------------
၂၀၂၆ခုနှစ် မတ် ၂၂
စက်သုံးဆီဝယ်ယူမှုကို QR စနစ်ဖြင့် ကန့်သတ်မည်ဖြစ်ပြီး တစ်ပတ်လျှင် အများဆုံး ၂ ကြိမ်သာ ဝယ်ယူ ခွင့်ပြုတော့မည်ဖြစ်ပြီး အစိုးရဝန်ထမ်းများ ဗုဒ္ဓဟူးနေ့တိုင်း အိမ်မှနေ၍ အလုပ်လုပ်ကြရမည်ဖြစ်သည်။

( AI Aided Infographic Created by YMG)

https://yangonmediagroup.com/index.php/myanmar/fuel-qr-wfh-infographic
👍316
Forwarded from Yangon Media Group
❗️❗️❗️❗️

Myanmar NDSC Orders Weekly Work-From-Home Day and Rationed Fuel via QR System

NAY PYI TAW, March 22 – The National Defense and Security Council (NDSC) and the Ministry of Energy have jointly announced sweeping measures aimed at conserving fuel amid ongoing Middle East conflicts that threaten energy supply lines. These measures include a mandatory weekly work-from-home day for government employees and a new rationed fuel purchasing system for all vehicles.

According to a directive from the NDSC, starting March 25, 2026, all government employees will perform their duties from home every Wednesday, rather than commuting to their respective offices. The directive emphasizes that on these designated days, employees must avoid non-essential travel and minimize vehicle usage to maximize fuel savings. Private sector enterprises are also urged to align with this effort by implementing similar Work-From-Home (WFH) arrangements wherever possible.
————————————-
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/eng-section/weekly-work-from-home-day-and-rationed-fuel
Please open Telegram to view this post
VIEW IN TELEGRAM
👍137
Show Like ရဲ့လူအယောက် (၁၀၀၀၀) စာထမင်းနဲ့ဟင်း အလှူကို အနုပညာရှင်များစွာက ကြည်နူးဖွယ်ပေးဝေ လှူဒါန်းခဲ့

၂၂.၃.၂၀၂၆
Written By Thandar

“Show Like Application ”ရဲ့ တစ်နှစ်ပြည့် စတုဒိသာအလှူအနေနဲ့ နာမည်ကြီး အနုပညာရှင်များစွာနဲ့အတူ လှိုင်သာယာမြို့နယ်ရှိ အောင်မြေသာယာဆုတောင်းပြည့်စေ​တီတော်မှာ လူအယောက် (၁၀၀၀၀)စာ ထမင်းနဲ့ဟင်း လှူဒါန်းခဲ့ပါတယ်။

"ဒီနေ့က ကျွန်တော်တို့ Show Like Application ရဲ့ တစ်နှစ်ပြည့် စတုဒိသာအလှူလေးပါ။ တကယ်လိုအပ်နေတဲ့နေရာကို အခြေခံထားပါတယ်။ ကျွန်တော့် ပရိသတ်များတဲ့နေရာကို သေချာရွေးချယ်ပြီး လှူဖြစ်တာပါ။ ခုလည်း တွေ့တဲ့အတိုင်း ပရိသတ်တွေလည်း လာကြတာဆိုတော့ လာပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ လူအယောက် တစ်သောင်းစာလှူဖြစ်တာပါ"လို့ ဒါရိုက်တာ မင်းသန့်မောင်မောင်က ပြောပါတယ်။

အဆိုပါ အလှူအခမ်းအနားကို ဒါရိုက်တာ ညိုမင်းလွင်၊ ပိုင်တံခွန်၊ ချာလီငြိမ်း၊ ဒါရိုက်တာ မင်းသန့်မောင်မောင်၊ အောင်ပိုင်၊ အေးချမ်းမောင်၊ ဆန်းမင်းဟိန်းထွဋ်၊ ပိုင်အိမ်ခ၊ ချောရတနာ၊ ရွှေသမီး၊ခိုင်သဇင်ငုဝါ၊ နော်ဖော်အယ်ထား၊ ဒါရိုက်တာ မေဘရဏီ၊ အဒီရာဦး၊ စနိုးကြည်ဖြူ၊ ယွန်းမီမီသိမ့်စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအလှူမှာတော့ ထမင်း၊ ကြက်သား ဟင်း၊ ချဉ်ပေါင်ကြော်နဲ့ မုန့်လက်ဆောင်း၊ ရေသန့်စတာတွေ လူအယောက် (၁၀၀၀၀) ထမင်းနဲ့ဟင်း အလှူကို အနုပညာရှင်များစွာက ကြည်နူးဖွယ်ပေးဝေ လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=130307

#ပိုင်တံခွန် #ချောရတနာ #နော်ဖောအယ်ထား #မင်းသန့်မောင်မောင် #ShowLikeApplication #တစ်နှစ်ပြည့်စတုဒီသာအလှူ #လှိုင်သာယာမြို့နယ် #အောင်မြေသာယာဆုတောင်းပြည့်စေ​တီတော် #Showlike #MTEntertainment
👍2414🎉1