Myanmar Update News
34.6K subscribers
34.8K photos
3.28K videos
446 files
2.95K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from Yangon Media Group
❗️❗️❗️❗️
အိန္ဒိယ ယူ-၁၇ အမျိုးသားဘောလုံးအသင်း မြန်မာအသင်းနှင့်ခြေစမ်းပွဲများကစားရန်လာရောက်မည်

နယူးဒေလီ - ဖေဖော်ဝါရီ၂၀၊ ၂၀၂၆- ၂၀၂၆ ဆော်ဒီအာရေဗျ AFC ယူ-၁၇ အာရှဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေသော အိန္ဒိယ ယူ-၁၇ အမျိုးသား ဘောလုံးအသင်းသည် ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နှင့် ၅ ရက်တို့တွင် ရန်ကုန်မြို့၌ မြန်မာအသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲ ကစားမည်ဖြစ်သည်။

ပြာလဲ့ရောင်မြင်းငယ်များ (The Blue Colts - အိန္ဒိယလူငယ်အသင်း၏ အမည်ပြောင်) သည် ယခုနှစ်အတွင်း နိုင်ငံတကာ ခြေစမ်းပွဲ လေးပွဲ ကစားထားပြီးဖြစ်ကာ၊ တာဂျစ်ကစ္စတန် (ဂိုအာတွင်) နှင့် တူရကီ (အန်တဲလ်ယာတွင်) တို့ကို နှစ်ပွဲစီ ကစားခဲ့ခြင်းဖြစ်သည်။

တူရကီမှ ပြန်လည်ရောက်ရှိပြီးနောက် ဘီဘီယာနို ဖာနန်ဒက်စ် (Bibiano Fernandes) ၏ အသင်းသည် ဂိုအာတွင် ဆက်လက်လေ့ကျင့်နေခဲ့သည်။ အိန္ဒိယ ယူ-၁၇ အသင်းသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း အိန္ဒိယဘောလုံးအဖွဲ့ချုပ် (AIFF) က ကြာသပတေးနေ့က ထုတ်ပြန်ချက်တွင် အသိပေးခဲ့သည်။
———————————————————-
❗️❗️❗️❗️❗️
https://www.facebook.com/share/p/1Cys5u1zfy/
Please open Telegram to view this post
VIEW IN TELEGRAM
👍2812
Forwarded from Yangon Media Group
❗️❗️❗️❗️

မြစ်ကြီးနားလေဆိပ်တွင်ထွက်ခွာရန်ပြင်နေသည့် ခရီးသည်တင်လေယာဉ်တစ်စီးကို KIA နှင့် PDF အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့က အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်
၂၀ ဖေဖော်ဝါရီ၊၂၀၂၆
ဖေဖော်ဝါရီ ၂၀ရက် ညက ကချင်ပြည်နယ်မြစ်ကြီးနားမြို့လေဆိပ်မှ မန္တလေးမြို့သို့ထွက်ခွာမည့် မြန်မာ အမျိုးသား လေကြောင်း လိုင်း (MNA) ပိုင် ခရီးသည်တင်လေယာဉ် တစ်စီးကို KIA အဖွဲ့နှင့် PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အသေခံဒရုန်း FPV Suicide Drone ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ATR-72-600အမျိုးအစားခရီးသည်တင်လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန်၍အနည်းငယ်ပျက်စီးခဲ့ပါတယ်။ ခရီးသည် များ နှင့်လေယာဉ်အမှုထမ်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဘေးအန္တရာယ်ကင်းလွတ်ရာသို့ အမြန် ဆုံးရွှေ့ပြောင်းပေးခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်တွင် ခရီးသွား ပြည်သူများနှင့် လေယာဉ်အမှုထမ်းများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်း သိရပါတယ်။

❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/kia-pdf-attack-civilian-plane
Please open Telegram to view this post
VIEW IN TELEGRAM
👍378🙏5🥰4🤔2
❗️❗️❗️❗️❗️
Passenger Plane Preparing for Departure at Myitkyina Airport Attacked by KIA and PDF Coalition Using Suicide Drones

NAYPYIDAW, Myanmar — February 20, 2026

A Myanmar National Airlines (MNA) passenger plane preparing to depart from Myitkyina Airport in Kachin State to Mandalay was attacked on the night of February 20. According to a statement released by the government's information team, the attack was carried out by a coalition of Kachin Independence Army (KIA) and People's Defense Force (PDF) insurgent groups using First-Person View (FPV) suicide drones.

The drone strike caused minor shrapnel damage to the nose, mid-fuselage, and tail sections of the ATR-72-600 commercial aircraft. Security forces promptly intervened, evacuating passengers and crew members to safety and providing necessary emergency assistance. Authorities confirmed that there were no casualties or injuries among the travelers and airline staff.
------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/eng-section/passenger-plane-attacked-by-kia-pdf
Please open Telegram to view this post
VIEW IN TELEGRAM
👍127
Forwarded from Yangon Media Group
#Local_News
‎မန္တလေးတိုင်းဒေသကြီး၊ပျော်ဘွယ်မြို့နယ်၊အင်ကြင်းကုန်းကျောင်းတိုက်၏ သိမ် အတွင်း ဝင်ရောက်၍ ကာမဆက်ဆံသူ စုံတွဲကို အမှုဖွင့် အရေးယူထားဟု ထုတ်ပြန်
‎++++++++++++++++++++++++++
‎Published_21 Feb 2026

‎မန္တလေးတိုင်းဒေသကြီး၊ပျော်ဘွယ်မြို့နယ်၊အင်ကြင်းကုန်းကျောင်းတိုက်၏ သိမ် အတွင်း ဝင်ရောက်၍ ကာမ ဆက်ဆံသူ စုံတွဲကို အမှုဖွင့် အရေးယူထားဟု မီဒီယာများမေးမြန်းချက်အပေါ် သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

‎ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲက ယင်းစုံတွဲမှာ ဘုန်းကြီးကျောင်းပရဝုဏ်ထဲ ဝင်ရောက် လာခဲ့ပြီး နောက် သိမ် အတွင်းဝင်၍ ကာမ ဆက်ဆံ နေခဲ့ကြခြင်း ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် ရုပ်သံများအရ သိရသည်။
________
‎ReadMore>>>https://www.facebook.com/share/p/1DmEBfvVBo/
👍406
Forwarded from Popular Journal
ဒဂုံမြောက်ပိုင်း၌ ဘုန်းကြီးကျောင်းမီးလောင်မှုအပါအဝင် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်း၌ပင် မီးလေ-ာင်မှု(၃)ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဘုန်းကြီးကျောင်းမီးလေ-ာင်မှုအပါအဝင် လှည်းကူးမြို့နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နံနက်အစောပိုင်းက မီးလေ-ာင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ရွှေတိဂုံစေတီတော်မြတ်-38/
👍23😭147🥰1
Forwarded from Yangon Media Group
❗️❗️❗️❗️❗️❗️

အမေရိကန်အတွက် အီရန်ကို ဝင်တိုက်ဖို့က ဗင်နီဇွဲလားလို ဘာကြောင့် မလွယ်တာလဲ
-------------------------—
၂၂ ဖေဖော်ဝါရီ၊၂၀၂၆

ဗင်နီဇွဲလားနှင့် မတူတဲ့ အီရန်
တဟီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သံတမန်ရေးရာ ကြိုးပမ်းမှုတွေ အားနည်းလာတာ နဲ့အမျှ အမေရိကန်နဲ့ အီရန်တို့ စစ်ရေးအရ ထိပ်တိုက်တွေ့နိုင်ခြေက ပိုနီးကပ်လာနေပါတယ်။
The New York Times နဲ့ Reuters သတင်းဌာနတွေရဲ့ အဆိုအရဆိုရင် အရှေ့အလယ်ပိုင်းမှာ အမေရိကန် စစ်တပ်တွေကို အလုံးအရင်းချထားတဲ့ကြားကပဲ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အကန့်အသတ်နဲ့ပဲ တိုက်ခိုက် မလား၊ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပဲ စစ်ဆင်ရေးလုပ်မလား ဆိုတာကို ချိန်ဆနေတယ်လို့ သိရပါတယ်။ ပြီးခဲ့ တဲ့ ဇန်နဝါရီတုန်းကဆိုရင် အမေရိကန် စစ်ရေယာဉ်စုကြီး အီရန်ဆီကို ဦးတည်နေတယ်လို့ ထရမ့်က ပြော ခဲ့ပါသေးတယ်။ သူက အဲဒီလိုသွားနေတာကို ဗင်နီဇွဲလားမှာတုန်းက "မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန် ထန်" အောင်ပွဲခံနိုင်ခဲ့တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးနဲ့တောင် နှိုင်းယှဉ်ခဲ့တာပါ။ ဒါပေမဲ့ ကျွမ်းကျင်သူ တွေ ကတော့ အီရန်က စစ်ရေးအရ ပိုပြီးနက်ရှိုင်းတဲ့အပြင် ဒေသတွင်းစစ်ပွဲကြီးတစ်ခုကိုပါ ဖန်တီးနိုင်စွမ်းရှိ တဲ့ အတွက် ဗင်နီဇွဲလားထက် အများကြီး ပိုရှုပ်ထွေးတဲ့ စိန်ခေါ်မှုကြီးဖြစ်တယ်လို့ သတိပေးထားကြပါတယ်။

လွယ်လွယ်နှင့် ပြီးမယ့် စစ်ပွဲမဟုတ်
တကယ်တမ်းမှာ အီရန်ကိစ္စအတွက် ကုန်ကျစရိတ်သက်သာပြီး လွယ်လွယ်ကူကူ ရှင်းလင်းသွားမယ့် စစ်ရေးရွေးချယ်မှုမျိုး မရှိဘူးလို့ The New York Times က လေ့လာဆန်းစစ်သူတွေကို ကိုးကားပြီး ဖော်ပြ ထားပါတယ်။ အမေရိကန်ဘက်က အသေအပျောက်ရှိလာနိုင်တဲ့ တကယ့်အန္တရာယ်ရှိနေပြီး၊ ဒါက ရွေးကောက်ပွဲကျင်းပမယ့်နှစ်မှာ ထရမ့်အတွက်တော့ ကြီးမားတဲ့ ဖိအားဖြစ်စေမှာပါ။
အီရန်ဆိုတာ အရှေ့ အလယ်ပိုင်းမှာ အကြီးမားဆုံးနဲ့ အမျိုးအစားအစုံလင်ဆုံး ဒုံးကျည်လက်နက်တိုက် တွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ မိုင် ၁,၂၀၀ ကျော်အထိ သွားနိုင်တဲ့ အလတ်စားပစ် တိုက်ချင်း ပစ်ဒုံးကျည်တွေပါရှိတော့ ပင်လယ်ကွေ့၊ အစ္စရေးနဲ့ တူရကီနိုင်ငံအချို့က အမေရိကန်စစ်စခန်းတွေဆိုတာ သူတို့ရဲ့ ပစ်မှတ်စက် ကွင်းထဲမှာ အလွယ်လေး ရောက်နေတာပါ။ မကြာသေးခင်ကပဲ ဟော်မုဇ်ရေလက် ကြား စစ်ရေးလေ့ကျင့် မှုမှာ ၉၃ မိုင်ကျော်အထိပစ်နိုင်တဲ့ ပင်လယ်ပြင်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တစ်စင်း ကိုတောင် စမ်းသပ်ခဲ့တယ်လို့ သူတို့ရဲ့ နိုင်ငံပိုင်မီဒီယာက ကြေညာထား ပါသေးတယ်။ တဟီရန်ရဲ့ ဗျူဟာ က ဘယ်လိုထိပ်တိုက်ရင်ဆိုင်မှုမျိုးမဆို ဖြစ်လာရင် နေရာပေါင်းစုံမှာ လျင်လျင်မြန်မြန် အရှိန်မြှင့်ပြီး အပျက်အစီးနဲ့ ကုန်ကျစရိတ်တွေကို ပျံ့နှံ့သွားအောင် လုပ်ဖို့ပဲလို့ Chatham House က ကျွမ်းကျင်သူ Sanam Vakil က ဆိုပါတယ်။
------------------------------—
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/us-iran-venezeula-analys
Please open Telegram to view this post
VIEW IN TELEGRAM
👍2716🕊3
ယနေ့ကျင်းပတဲ့ ၂၀၂၆ ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲ မှာ ပြိုင်ပွဲဝင် ၇၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
👍4212🎉1