Myanmar Update News
34.5K subscribers
34.8K photos
3.29K videos
446 files
2.95K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from Yangon Media Group
#Local_News
‎တစ်နှစ်လျှင် တန်ချိန် (၅) သိန်းချက်လုပ်နိုင်မည့် သန်လျင်ရေနံချက် စက်ရုံသစ်ကြီး ပထမအဆင့် (Phase I) ကို မကြာမီစတင်လည်ပတ် နိုင်တော့မည်ဟု ယာယီသမ္မတပြော
‎+++++++++++++++++++++
‎Published_24 Dec 2025

▪️တစ်နှစ်လျှင် တန်ချိန် (၅) သိန်းချက်လုပ်နိုင်မည့် သန်လျင်ရေနံချက် စက်ရုံသစ်ကြီး ပထမအဆင့် (Phase I) ကို မကြာမီစတင်လည်ပတ် နိုင်တော့မည် ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

▪️စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀)ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့် နှင့်စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၌ ကျင်းပပြုလုပ်စဉ် ယင်းကအထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။
________
‎ReadMore>>>https://www.facebook.com/share/p/17kKe8EKWs/
👍4818
Forwarded from Popular Journal
၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်း တည်ဆောက်နေမှု  ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်

ယခု အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည့် ပဲခူးမြို့နယ် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဲခူးမြိုနယ်အတွင်း လျှပ်စစ်ဓာတ်အား ပိုလွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲစီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building နှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး၊  ထရန်စဖော်မာများ၊ Shunt Reactor နှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းလုပ်ဆောင်မှုများကိုလည်း ယမန်နေ့ ဒီဇင်ဘာ(၂၄)ရက်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးညဏ်ထွန်းက သွားရောက်ကြည့်ရူခဲ့ကြောင်း သိရသည်။

ထိုနောက်  ပဲခူးတိုင်းဒေသကြီး တောင်ငူမြိုရှိ မြိုရှောင်ရထားလမ်းဖောက်လုပ်ခြင်းနှင့် မြိုကွက်သစ်တိုးချဲ့စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှုမရှိသည့် ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်မည့်အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြိုနယ်ရှိ ၂၃၀ ကေဗွီမြောင်းတကာပင်မဓာတ်အားခွဲရုံမှ မြောင်းတကာစက်မှုဇုန်သို ဓာတ်အားပိုလွှတ် ဖြန့်ဖြူးပေးနေမှုတိုကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း လည်း သိရသည်။

တောင်ငူ မြို့ရှောင်ရထားလမ်းဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ဓာတ်အားလိုင်းများအား ပြောင်းရွှေ့တည်ဆောက်မည့် အခြေအနေနှင့် မြိုကွက်သစ်တိုးချဲ့စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှုမရှိသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားလိုင်းပြောင်းရွှေ့တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအမံများ၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးနှင့် ဓာတ်အားပြန်လည်ပိုလွှတ်နိုင်ရေး ဆောင်ရွက်သွားမည့် ဖြစ်ကြောင်း သိရသည်။
👍34👏108🎉1
Forwarded from Yangon Media Group
#World_Health
ကျောက်ကပ်ပျက်စီးခြင်းကိုပြန်လည်ကုသနိုင်ဖွယ်ရှိသောကုသနည်းလမ်း ရှာဖွေတွေ့ရှိ
+++++++++++++++++++++
Published 25 December 2025

■ ကျောက်ကပ်ရောဂါဆိုတာက ပြန်မကောင်းတော့ဘဲ အခြေအနေဆိုးရွားမှု နှောင့်နှေးအောင်သာ ကုသကြရတယ်လို့ သိထားပါတယ်။

■ ယခုအခါ သုတေသီတွေက ဆယ်ရာမိုက်လှုပ်ရှားမှုတွေကို ပိတ်ဆို့ပြီးတော့ ကျောက်ကပ်ပျက်စီးခြင်းကို ပြန်ပြောင်းစေနိုင်မယ့် အလားအလာတွေ တွေ့ရှိထားပါတယ်။

■ ဆယ်ရာမိုက်ဆိုတာက အဆီမော်လီကျူးဖြစ်ပြီး ကျောက်ကပ်အတွင်း ဆဲလ်ထိခိုက်မှုနဲ့ ဆက်စပ်နေပါတယ်။

■ တိရိစ္ဆာန်စမ်းသပ်မှုတွေမှာတော့ ဆယ်ရာမိုက်တွေကို ပစ်မှတ်ထားပြီး ကျောက်ကပ်ဆဲလ်တွေ ပျက်စီးခြင်းမှ ကာကွယ်ပေးကာ လုပ်ဆောင်ချက် ပုံမှန်ပြန်ဖြစ်စေပါတယ်။

■ ဆယ်ရာမိုက်ပမာဏ မြင့်တက်လာတဲ့အခါ ကျောက်ကပ် ရောင်ရမ်းခြင်း၊ ဒဏ်ရာဖြစ်ခြင်း၊ လုပ်ဆောင်ချက် ရေရှည်ပျက်စီးခြင်းတို့ ဖြစ်လာစေပါတယ်။
______________________________________
ReadMore>>>https://yangonmediagroup.com/index.php/local-news/world/mmh001-25-12-2025
👍3320
Media is too big
VIEW IN TELEGRAM
ရန်ကုန်မြို့ The Central ရဲ့ ခရစ္စမတ်နေ့ 😍
👍4117
Forwarded from News Of Myanmar
ရန်ကုန်တွင်ညမထွက်ရအမိန့်ယနေ့ညမှစတင်ရုတ်သိမ်း
NOM၊ဒီဇင်ဘာ၂၆၊၂၀၂၅
ရာဇဝတ်ကျင့်ထုံးပုဒ်မ၁၄၄အရရန်ကုန်တွင်နံနက်၁နာရီမှ၃နာရီကြားညမထွက်ရအမိန့်ကိုဒီဇင်ဘာလ၂၇ရက် နံနက်(ယနေ့ည)မှစ၍ရုတ်သိမ်းလိုက်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်လိုက်သည်။
👍583
Forwarded from Eleven Media Group
■ ရွေး​ကောက်ပွဲတွင် သတင်းရယူရန် ​လျှောက်ထားသည့် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦးရှိ

ရွေး​ကောက်ပွဲတွင် သတင်းရယူရန် ​လျှောက်ထားသည့် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦးရှိ​ကြောင်း ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်(UEC)က ​ပြောကြားသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် သတင်းရယူရန်ခွင့်ပြုထားတဲ့ နိုင်ငံခြားသတင်းဌာနအရေအတွက်နှင့် လူပုဂ္ဂိုလ် အရေအတွက်ကို သိရှိလို​ကြောင်း သတင်းဌာနတစ်ခု၏ ​မေးမြန်းမှုအ​ပေါ် UEC က အထက်ပါအတိုင်း ​ဖြေကြားခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အပိုင်း(၃)ပိုင်းလုံးတွင် သတင်းရယူရန် နိုင်ငံတကာ သတင်းမီဒီယာများသည် ဒီဇင်ဘာ ၁၂ ရက်အထိ နောက်ဆုံးထား၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ကြ​ကြောင်းနှင့် ရွေးကောက်ပွဲတွင် သတင်းရယူရန် ဒီဇင်ဘာ ၁၂ ရက်အထိ လျှောက်ထားခဲ့သည့် နိုင်ငံတကာသတင်းမီဒီယာ ၆၁ ဖွဲ့မှ သတင်းထောက် ၂၁၅ ဦး ရှိပါကြောင်း UEC က ​​​ဖြေကြားသည်။

၂၀၂၅ ခုနှစ် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌လည်း​ကောင်း၊ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ ၌ လည်း​​ကောင်း၊ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၃ မြို့နယ်တွင်လည်း​ကောင်း ​​ရွေး​ကောက်ပွဲများကျင်းပမည်ဖြစ်သည်။

■ ပုံစာ- ဒီဇင်ဘာ ၂၅ ရက်က ဒဂုံမြို့သစ်(​တောင်ပိုင်း)မြို့နယ်တွင် ပြည်သူ့ပါတီ ​ရွေး​ကောက်ပွဲ​​အောင်နိုင်​ရေး ​ဟော​​ပြောပွဲတွင် သတင်းရယူ​နေသည့် နိုင်ငံခြားသတင်းဌာနက တစ်ခုကို​တွေ့ရစဥ်။

■ Website Link - - - >>> https://news-eleven.com/article/308705

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍305
Forwarded from Yangon Media Group
#Local_News
‎ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာကြမည့် ရုရှား၊ တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ရန်ကုန်မြို့သို့ရောက်ရှိ
‎++++++++++++++++++++++
‎Published_26 Dec 2025

▪️ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာကြမည့် ရုရှား၊ တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ရန်ကုန်မြို့သို့ ယနေ့ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရသည်။

▪️ရောက်ရှိလာကြသော နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Deputy Chairman (State Duma)ဖြစ်သူ Mr.Kara-ool Sholban ဦးဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Special Envoy for Asian Affairs, MFA Mr.Deng Xijun : Former Army Commander Mr.Sahni Arun Kumar ဦးဆောင်သောအဖွဲ့၊
________
‎ReadMore>>>https://www.facebook.com/share/p/1DhLLpKyDr/
👍363
Forwarded from MRTV
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရန် (၁)ရက်သာလိုတော့သည်
👍574