Forwarded from Yangon Media Group
မြန်မာအာကာအေဂျင်စီဖွဲ့စည်းပြီး နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား
၃၀ နိုဝင်ဘာ၊၂၀၂၅
◾️မြန်မာနိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍများတွင် အာကာသနည်းပညာများကို ငြိမ်းချမ်းသော ရည်ရွယ် ချက်ဖြင့်အသုံးချနိုင်ရေးအတွက် မြန်မာအာကာသအေဂျင်စီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရေတို/ရေရှည် စီမံကိန်းများ စတင်အကောင်ထည်ဖော်ဆောင် ရွက်နေပြီဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
◾️နိုဝင်ဘာ ၃၀ရက် နံနက်က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာကျင်းပတဲ့ အာကာသပြတိုက်(ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့ပြောကြားလိုက်ခြင်း ဖြစ် ပါတယ်။
◾️မြန်မာနိုင်ငံ၏ ပညာရှင်လူငယ်များအနေဖြင့် ထိုကဲ့သို့အာကာသနည်းပညာလှုပ်ရှားမှု အစီအစဉ်များတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ဆောင်သွားမယ် လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောကြားပါတယ်။
◾️မျိုးဆက်သစ်လူငယ်များအနေဖြင့် မျက်မှောက်ခေတ် အာကာသနယ်ပယ်၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်း အသစ်များတွင်ပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊စိတ်ကူးစိတ်သန်းများကိုမွေးဖွားအကောင်အထည်ဖော်ဆောင်နိုင်တော့မှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပြီး အနာဂတ်ကာလအာကာသအသုံးချ နယ်ပယ်အသီးသီးတွင် နိုင်ငံတော်က ဂုဏ်ယူအားထားရမည့်သုတေသနပညာရှင်များ၊ အင်ဂျင်နီယာများ၊ အာကာသယာဉ်မှူးများ၊ ဘက်စုံကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာမည်ဟုလည်း ယုံကြည်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကဆိုပါတယ်။
https://yangonmediagroup.com/index.php/myanmar/2025-11-30-14-58-15
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤38👍29
Forwarded from Popular Journal
ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာကနူး/ကယက်လှေလှော်အသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကနူး/ကယက် လှေလှော်အသင်းသည် ယနေ့ ဒီဇင်ဘာ ၁ ရက်နံနက် ၇ နာရီ ၂၅ မိနစ်က ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြန်မာကနူး/ကယက် လှေလှော်အသင်းသည် လေယာဉ်အမှတ် 8M 335 အပြည်ပြည်ဆိုင်ရာမြန်မာ့လေ ကြောင်းလိုင်း(MAI)ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာကနူး/ကယက်လှေလှော်အသင်းတွင် အုပ်ချုပ်/ နည်းပြ(၃)ဦး၊ အမျိုးသားအားကစားသမား(၁၂)ဦး၊ အ မျိုးသမီးအားကစားသမား(၅)ဦးလိုက်ပါသွားကာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့၌ကျင်းပမည့် ကနူး/ကယက် လှေလှော်ပြိုင်ပွဲ၏ မီတာ(၂၀၀)၊ မီတာ(၅၀၀)ပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

👍44❤10
Forwarded from Yangon Media Group
သဘာဝဓတ်ငွေ့ရည်သိုလှောင်သင်္ဘောကြီးနှင့် ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံများကို စွမ်းအင်ဝန်ကြီး သွားရောက်စစ်ဆေး
၁ ဒီဇင်ဘာ ၂၀၂၅
◾️သဘာဝဓာတ်ငွေ့ရည်(LNG)မှ ဓာတ်ငွေ့ ပြန်လည်ထုတ်ယူသုံးစွဲရာတွင် ထွက်ရှိလာသည့် ဓာတ်ငွေ့မှာ သန့်ရှင်းမှု ရှိသည့်အတွက် သဘာဝပတ် ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ပြီး အပူစွမ်းအင်လည်း အလွန်မြင့်မားသည့်အတွက် လျှပ်စစ်ဓာတ်အား ပိုမို၍ ထွက်ရှိနိုင်မှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
◾️ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁ ရက်က သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သဘာဝဓာတ် ငွေ့ရည်သိုလှောင်သင်္ဘော(Floating Storage Unit- FSU)နှင့် သဘာဝဓာတ်ငွေ့ ရည်ကို ဓာတ်ငွေ့ပြန်လည် ပြုလုပ် သောစက်ရုံ(Regasification Unit)သို့ ရောက်ရှိစစ်ဆေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
◾️မြန်မာနိုင်ငံအနေဖြင့် LNG အသုံးပြုသည့် နည်းပညာပိုင်းနှင့်ပတ်သက်၍ လေ့လာ သင်ယူပြီး ကိုယ်တိုင်ဆောင်ရွက် နိုင်ရန်ကြိုး ပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောပါတယ်။
◾️LNGသည် တန်ဖိုးမြင့်သည့် စွမ်းအင် အရင်းအမြစ်တစ်ခုဖြစ်သည့်အတွက် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အကျိုးရှိထိရောက် စွာအသုံးပြုနိုင်ရေးကိုလည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။
https://yangonmediagroup.com/index.php/myanmar/2025-12-01-14-51-10
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤30👍24
Forwarded from Yangon Media Group
စက်သုံးဆီများ သတ်မှတ်နေရာများသို့မှန်မှန်ကန်ကန်ရောက်ရှိရေးပူးပေါင်းဆောင်ရွက်ကြရန် စွမ်းအင်ဝန်ကြီးက စက်သုံးဆီလုပ်ငန်းရှင်များကို တိုက်တွန်း
၁ ဒီဇင်ဘာ ၊၂၀၂၅
◾️စက်သုံးဆီများကို သတ်မှတ်ထားသည့် အရောင်းဆိုင်များနှင့်နေရာဒေသများသို့ မှန်မှန်ကန်ကန်ရောက်ရှိ ရေး အလေးထားစစ်ဆေးကြပ်မတ်နေပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့် ဖြူးရေးအသင်းမှ တာဝန်ရှိသူတွေကို မှာကြားပါတယ်။
◾️ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော စက်သုံး ဆီသိုလှောင်စခန်းသို့ရောက်ရှိစဉ် စက်သုံးဆီလုပ်ငန်းရှင်တွေကို ယခုလိုမှာကြားခဲ့တာဖြစ်ပါတယ်။
◾️စက်သုံးဆီဖြည့်ဆည်းမှုကွင်းဆက်အတွင်း ကြပ်မတ်စစ်ဆေးသည့်အခါတွင် လူကြောင့် အားနည်းမှုများ မဖြစ်ပေါ်စေ ရေးအတွက် နည်းပညာအသုံးပြု၍ ကြပ်မတ်စစ်ဆေးမှုများကို အကောင်အထည်ဖော်နိုင်ရေး အတွက် ကြိုးပမ်းခဲ့သည်မှာ အချိန်ကာလတစ်ခုရှိသော်လည်း လက်တွေ့ဆောင်ရွက်နိုင်မှု မရှိသေးဘူးလို့လည်း ပြည်ထောင် စုဝန်ကြီးက သုံးသပ်ပြောဆိုပါတယ်။
https://yangonmediagroup.com/index.php/myanmar/2025-12-01-15-39-14
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍36❤4
Forwarded from Yangon Media Group
မြန်မာ့ကမ်းလွန်တွင် ဓာတ်ငွေ့ပမာဏ ၉၄.၆ ထရီလီယံကုဗပေ ထုတ်လုပ်နိုင်မည့် ကြီးမားလှသည့် သဘာဝဓာတ်ငွေ့သိုက်ကြီးတွေ့ရှိထား
ဒီဇင်ဘာ၂၊၂၀၂၅
◾️မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝ ဓာတ်ငွေ့ပမာဏ ၉၄.၆ ထရီလီယံကုဗပေ(TCF)ခန့်ထုတ် ယူနိုင်မည်ဟု ခန့်မှန်းထားသည့် ကြီးမားလှသော သဘာဝဓာတ်ငွေ့သိုက်ကြီးတစ်ခုတွေ့ရှိထားကြောင်း သတင်းရရှိသည်။
◾️ပြီးခဲ့သည့်အောက်တိုဘာလက upstreamonline.com တွင်ဖော်ပြထားသည့် သတင်းအချက်အလက် များအရ ထိုသဘာဝဓာတ်ငွေ့သိုက်ကြီးသည် မြန်မာနိုင်ငံတွင် ထွက်ရှိခဲ့သမျှ ကမ်းလွန်သဘာဝဓာတ်ငွေ့ သိုက်ကြီးများထဲတွင် အထင်ရှားဆုံးဖြစ်လာနိုင်ချေရှိသည်ဟု သိရှိရသည်။
◾️အဆိုပါသဘာဝဓာတ်ငွေ့သိုက်ကြီးသည် ကမ်လွန်လုပ်ကွက် M-15 တွင်တည်ရှိပြီး တွင်းသစ် ၃တွင်း စမ်းသပ်တူးဖော်ခြင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် နှစ်ကုန်ခန့်တွင် ပထမဆုံးသော သဘာဝဓာတ်ငွေ့များထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း အဆိုပါ လုပ်ကွက်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE)နှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract - PSC)ကိုချုပ်ဆိုထားသည့် စင်ကာပူအခြေသိုက် Canadian Foresight Group (CFG) ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာဆောင်းနင်းရှန် Mr. Songning Shen က upstreamonline ကို အတည်ပြုပြောကြားထားသည်။
◾️Seismic တိုင်းတာရရှိထားသည့် Reserve ပမာဏအတိုင်း အတည်ပြုနိုင်ပါက M-15 လုပ်ကွက်သည် စွမ်းအင်ရှာဖွေတွေ့ရှိမှုများထဲမှ အထင်ရှားဆုံးတစ်ခုဖြစ် *Guyana" (ဂိုင်ယာနာနိုင်ငံ၏ ကမ်းလွန်ဒေသ) ပြီးသည့်နောက် ဒုတိယမြောက် *Guyana" ဖြစ်လာလိမ့်မည်ဟုလည်း အဆိုပါ သတင်းတွင်ဖော်ပြထား သည်။
https://yangonmediagroup.com/index.php/myanmar/2025-12-02-08-15-52
Please open Telegram to view this post
VIEW IN TELEGRAM
👍54❤13🤩1
Forwarded from Popular Journal
မြန်မာအသင်းများပါဝင်သည့် ဆီးဂိမ်းဘောလုံးပွဲများကို ရုပ်သံလိုင်းများမှ ပြသမည်
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် မြန်မာအသင်းများပါဝင်သည့် ဆီးဂိမ်းဘောလုံးပွဲများကို ရုပ်သံလိုင်းများမှ ပြသမည်ဟု သိရသည်။
ပွဲစဉ်များကို MRTV-4 နှင့် Channel-7 ရုပ်သံလိုင်းများ Reader Channel နှင့် Pyone Play Youtube Channel တို့ကလည်းတိုက်ရိုက်ပြသမည် ဖြစ်သည်။
မြန်မာအမျိုးသားအသင်းသည် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖိလစ်ပိုင်အသင်းကို ညနေ ငါးနာရီခွဲ၊ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အင်ဒိုနီးရှားအသင်းကို ညနေ ငါးနာရီခွဲတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည်လည်း ဖိလစ်ပိုင်အသင်းကို ဒီဇင်ဘာ ၅ရက်နေ့၌ ညနေသုံးနာရီခွဲ၊ မလေးရှားအသင်းကို ဒီဇင်ဘာ ၈ရက်နေ့၌ ညနေ သုံးနာရီခွဲ၊ ဗီယက်နမ်အသင်းကို ဒီဇင်ဘာ ၁၁ ရက်နေ့၌ ညနေ သုံးနာရီခွဲတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

👍53❤21