Myanmar Update News
43.4K subscribers
26K photos
2.29K videos
444 files
1.73K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
ဗဟိုဘဏ် မှ တစ်ဒေါ်လာငွေလဲလှယ်နှုန်းကို ယခင် ၁၈၅၀ ကျပ် သတ်မှတ်ခဲ့ရာက ယခုအခါ ၂၁၀၀ ကျပ်သို့ ယနေ့မှစတင်၍ ပြောင်းလဲသတ်မှတ်
ပိုကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ထုတ်ပြန်
ဆီဈေး ထပ်မံကျဆင်း
အာဆီယံအဖွဲဝင်နိုင်ငံများနှင့် ပြင်ပနိုင်ငံများသည် မြန်မာနိုင်ငံကို ပုံမှန် အနေအထားသို ပြန်လည်ရောက်ရှိရေးကူညီရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုပါက အကြမ်းဖက်အဖွဲအစည်းများဖြစ်သည့် NUG နှင့် PDF တိုနှင့် ထိတွေ့ဆက်ဆံရန် ပြောဆိုမှုများနှင့် အားပေးသည့်လုပ်ရပ်များကို ရှောင်ရှားသွားရန်နှင့် ရေရှည်ခိုင်မာသောအာဆီယံအဖွဲအစည်းဖြစ်စေရန်အတွက် အာဆီယံပဋိညာဉ် စာတမ်းတွင်ပါရှိသည့် သာတူညီမျှရှိမှု၊ အားလုံးပါဝင်နိုင်မှု၊ အချုပ် အခြာအာဏာ ပိုင်ဆိုင်မှုတစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးတိုကို လေးစားလိုက်နာရေးစသည့် အခြေခံမူများကို အာဆီယံအဖွဲဝင်နိုင်ငံများကလည်း လိုက်နာ ပါမှသာလျှင်အာဆီယံ၏ အချက်အချာကျမှုနှင့် စုစည်းညီညွတ်မှုကိုထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေး အပြီးထုတ်ပြန်ခဲ့သည့် ကြေညာချက်ပါ မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်သည့် စာပိုဒ်အပေါ် မြန်မာနိုင်ငံအနေဖြင့် လက်မခံပယ်ချပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။
(၂၃၀)ကေဗွီ မန်စံ-ရွှေစာရံ(Double Circuit) ဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၆၁၃) တိမ်းစောင်းပျက်စီးမှုအား ပြုပြင်မှုပြီးစီးခဲ့ပြီးနောက် လျှပ်စစ်ဓာတ်အားများအား ပုံမှန်အတိုင်းပေးနိုင်ပြီ
အမေရိကန် သမ္မတရဲ့
အိမ်ဖြူတော် မိုးကြိုးပစ်ခံရ
၂ ဦး ကွယ်လွန် ၊ ၂ ဦး ဒဏ်ရာပြင်းထန်
မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့မှာ စူပါဟီးရိုးမဟုတ်လို့ နေ့ချင်းညချင်းဖြေရှင်းနိုင်မှာမဟုတ်ကြောင်း အာဆီယံသံပြော

နှစ်ပေါင်းများစွာကြာနေတဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ရာမှာ သူ့အနေနဲ့ စူပါဟီးရိုးမဟုတ်လို့ နေ့ချင်းညချင်းဖြေရှင်းနိုင်မှာမဟုတ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားရဲ့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းကဒီကနေ့ သြဂုတ် ၆ရက် မှာ ကမ္ဘောဒီးယားနိုင်ငံ ၊ ဖနွမ်ပင်မြို့မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဥ်ပြောခဲ့တယ်လို့ ဖနွမ်ပင်ပို့စ်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူသံလည်းဖြစ်တဲ့ သူ့အနေနဲ့ မြန်မာနိုင်ငံကို ၂ ခေါက်သွားထားပြီး စစ်ခေါင်းဆောင်နဲ့တွေ့ထားပေမဲ့ ထင်ရှားတဲ့ရလဒ်ချက်ချင်းမထွက်သေးလို့ လူအချို့ရဲ့ မျှော်လင့်ချက်ကြီးနေတဲ့ အပေါ်မှာ သူက အခုလိုတုံ့ပြန်တာပါ။

'' မြန်မာနိုင်ငံအရေးကူညီဖို့နဲ့ပတ်သက်ပြီး ကျွန်တော် AMM - အာဆီယံဝန်ကြီးများအစည်းအဝေးမှာပြောခဲ့သလိုပါပဲ။ အများကြီးအားစိုက်ထုတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က အာဆီယံသံတမန်ပါ။ စူပါဟီးရိုး မဟုတ်သလို စူပါမန်းလည်းမဟုတ်ဘူး။ ကျွန်တော်ထင်ပါတယ်။ မြန်မာ့အရေးကို စူပါမန်းတောင် နေ့ချင်းညချင်းဖြေရှင်းနိုင်မှာမဟုတ်ဘူး '' လို့ ပရတ်ဆော့ခွန်းကပြောပါတယ်။

'' ဒါပေမဲ့ ဘယ်လိုပဲဖြစ်ပါစေ။ ကျွန်တော့်အနေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ ကြိုးစားမှာပါ'' လို့ သူကဆက်ပြောပါတယ်။
အာဆီယံအစည်းအဝေးက ပြန်လာတဲ့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး
ဗီဗီယံ ကိုဗစ်-19 ကူးစက်ခံရ
နိုင်ငံခြားငွေကြေးတွေကို လက်ဝယ်မှာ တရားမဝင်ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်း ပြုလုပ်နေသူတွေကို ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြတ်မတ်ရေးလုပ်ငန်းကော်မတီရဲ့ တိုင်ကြားစာစိစစ်ရေးအဖွဲ့ထံ တိုင်ကြားနိုင်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။

ကော်မတီရဲ့ တိုင်ကြားစာစိစစ်ရေးအဖွဲ့ တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၉၄၆၃၊ လက်ကိုင်ဖုန်းနံပါတ် ၀၉-၄၃၀၀၆၈၃၃နှင့် Emailလိပ်စာ gmm.complaint@cbm.gov.mm သို့ တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။
မဟာဓာတ်အားလိုင်းပြင်ဆင်မှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 🇲🇲🇲🇲🇲🇲
စက်သုံးဆီဈေး အကျမှာ ငြိမ်
"အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲမှာ မြန်မာတက္ကသိုလ်အသင်း ဒုတိယမြောက်ရွှေတံဆိပ်ဆုထပ်မံဆွတ်ခူး"

အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲမှာ မြန်မာက္ကသိုလ်အသင်းက ဝူရှူးအားကစားနည်းနဲ့ ဒုတိယမြောက်ရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချဌာနီမြို့မှာ ဇူလိုင် ၂၆ ရက်ကစတင် ကျင်းပနေတာဖြစ်ပြီး ယခုရရှိတဲ့ ဒုတိယမြောက် ရွှေတံဆိပ်ဆုကို သြဂုတ် ၆ ရက်ကကျင်းပတဲ့ ဝူရှူးပြိုင်ပွဲ အမျိုးသမီး နန်းသောင်းပြိုင်ပွဲမှာ မအေးသစ္စာမြင့်က ရမှတ် ၉ ဒသမ ၆၉ မှတ်နဲ့ ရရှိခဲ့တာပါ
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget )ခြောက်လအတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၂၉၃၁၂၆၉ ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏(ယာယီ) ထုတ်ပြန်ချက်ကို ကိုးကားပြီး စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။