🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.12K subscribers
12.4K photos
1K videos
4 files
725 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Aug 26

လားရှိုးမြို့ရှိ အာသောကဆီဆိုင်အား ဆက်ကြေးမပေးသဖြင့် KIA ကားဗုံးဖောက်ခွဲ
============================================
နေပြည်တော်၊ သြဂုတ် ၂၆

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၉)၊ လားရှိုး-မန္တလေးသွားကားလမ်းပေါ်ရှိ အာသောက ဆီဆိုင်အား KIA လက်နက်ကိုင်အဖွဲ့မှ သြဂုတ်လ ၂၅ ရက် ညနေ ၃ နာရီ ၃၀ နာရီအချိန်က ကားဗုံးဖောက် ခွဲခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင်းမှ မောင်းလာသော ကယ်ဒီနာကားအဖြူရောင်၊ ယာဉ်အမှတ် 1L/9070 ယာဉ်သည် ဆီဖြည့်ရန် ဆိုင်အတွင်းမောင်းလာပြီး ဆီဖြည့်နေစဉ်တွင် အဆိုပါ ယာဉ်၏ ယာဉ်မောင်းအမျိုးသားသည် ဆိုင်အတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ဆီဖြည့်ပြီးချိန်တွင် အဆိုပါကားအတွင်းမှ ပေါက်ကွဲပြီး မီးလောင်သဖြင့် ဝန်ထမ်းများက ငြှိမ်းသတ်ခဲ့ရာ ခေတ္တ အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်သည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက် စစ် ဆေးရာ ကားအတွင်း ဓါတ်ဆီပုံးနှစ်ပုံးနှင့် မပေါက်ကွဲသေးသော လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆိုင်ရှိ CCTV မှတ်တမ်းအရ ယာဉ်မောင်းသူသည် ဆီဆိုင်မှ ထွက်ခွာသွားပြီး ဆိုင်အပြင်၌ အသင့်စောင့် နေသော ဆိုင်ကယ်မှ တင်ဆောင်သွားကြောင်း သိရသည်။

#Peoplemedia
Aug 27

မနေ့တုန်းက အုတ်ဖိုက
အုပ်ကြီးတဲ့

ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်၊ဒေါင်းစပါးကျေးရွာအုပ်စု၊ကွေ့ချောင်းကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကို PDF အဖွဲ့က နေအိမ်အတွင်း ဝင်ရောက် သတ်ဖြတ်ခဲ့သည်။

#PeopleMedia
Aug 27

ဆပ်ကြေးမပေးလို့ KIAကဖမ်းသွားတဲ့ အမျိုးသမီး
KIAက လူမျိုးရေး သိပ်ခွဲခြားတာ အခုလုပ်ငန်းရှင်နေရာမှာ ရှမ်းနီမဟုတ်ပဲ ကချင်လူမျိုးသာဆိုရင် ဒီလိုမျိုး အဖမ်းခံရမှာ မဟုတ်ဘူး


ဩဂုတ်လ ၂၅ ရက်နေ့ ညပိုင်းက ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊လုံခင်းကျေးရွာ ရပ်ကွက် ၁ နေ ၊စားသောက်ဆိုင်ပိုင်ရှင် ရှမ်းနီတိုင်းရင်းသား လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကို KIA/PDF အဖွဲ့က ဖမ်းဆီးသွားသည်။

#PeopleMedia
Aug 27

ယနေ့ ညနေ ၆ နာရီ အချိန်မှ စတင်ပြီး မကွေးတိုင်း၊မြိုင်မြို့နယ်၊ကိုင်းတောမရဲစခန်းကို PDF အဖွဲ့များက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေကြောင်း မြို့ခံ အချို့က ဆက်သွယ်ပြောဆိုသည်။


#PeopleMedia
Media is too big
VIEW IN TELEGRAM
Aug 29

ဩဂုတ်လ ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ကလေးဝမြို့နယ်၊သစ္စာပန်းတောင်းကျေးရွာရှိ သဲဖြူဆရာတော်ကြီး၏ မဟာမြိုင်တောရကျောင်းကို KIA/PDF အဖွဲ့တွေ ဝင်ရောက်စီးနင်းပြီး ကျပ်သိန်းပေါင်း ၂သောင်းကျော်၊ယာဉ်/ယန္တရားများ ကို ယူဆောင်သွားသလို သီလရှင် ဆရာတော် ၃ပါးကိုလည်း အဓမ္မပြုကျင့်သွားသည်။

#PeopleMedia
Aug 30

ယနေ့ နံနက်ပိုင်းက ၈၈ မင်းကိုနိုင်၏ မွေးစားသားဖြစ်သူ ဒီငြိမ်းလင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပဲခူးတိုင်း၊ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်း ၊ပုဇွန်မြောင်းရွာနှင့်အင်းဝိုင်းရွာကြား ရှိ တံတားကို မိုင်းခွဲဖျက်ဆီးသွားသည်။

#PeopleMedia
Sep 3

Starlink အင်တာနက် စက် အသုံးပြုနိုင်ပြီလို့ ချင်းလက်နက်ကိုင် အဖွဲ့က ထုတ်ဖော်လာပါတယ်။

#PeopleMedia
Sep 4

ရန်သူကို မိတ်ဆွေအဖြစ် ရှု့မြင်သရွှေ့ နိုင်ငံဝန်ထမ်းတွေ နည်းလမ်းအမျိုးမျိုး နဲ့ သတ်ဖြတ် လုပ်ကြံခံနေကြရမှာ ဖြစ်တယ်။


မြဝတီဖြစ်စဉ်က သက်သေပါ။


Photo-(စက်တင်ဘာ ၃ရက်နေ့ ညပိုင်းက မြဝတီမြို့ရှိ အစိုးရ အဆောက်အအုံများကို KNU အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် သေဆုံး/ကျဆုံးခဲ့သည့် စစ်ဘက်၊အရပ်ဘက် တာဝန်ရှိသူများ)



#PeopleMedia
သတင်းလုံခြုံရေး အထိန်းအကွပ် မဲနေခြင်း

မြဝတီမြို့ အစိုးရ ရုံး ဒရုန်းဖြင့် ဗုံးကျဲခံရသော ဖြစ်စဉ်၌


(၁) ကြေးနန်း ပေါက်ခြင်း

(၂) အသံဖိုင်များပေါက်နေခြင်း

(၃) အစည်းအဝေး ပြုလုပ်မည့် အချိန် နှင့် အစည်းအဝေး ပြီးဆုံးသည့် သတင်း ရန်သူထံ ပေါက်နေခြင်း


#PeopleMedia
This media is not supported in your browser
VIEW IN TELEGRAM
Sep 4

ယနေ့ နံနက်ပိုင်းက မြိုင်မြို့ကို PDF အဖွဲ့များက ထပ်မံ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

#PeopleMedia

အေးအေး လုပ်ကြ
ပြောရင်လည်း ငပိကြော်ကစားရဦးမယ်။
😌
Media is too big
VIEW IN TELEGRAM
ဘာရွာလဲ?
အကြမ်းဖက်အားပေးတဲ့ရွာ
PDFတွေအခြေပြုတဲ့ရွာ
ဘာဖြစ်သွားသလဲ🤣🤣

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေး ကျေးရွာအတွင်း စခန်းချပြီး တပ်မတော်စစ်ကြောင်းကို ပစ်ခတ်သည့် KIA/PDF အဖွဲ့ကို လေကြောင်းမှ ရှင်းလင်းမှု

#PeopleMedia
Forwarded from People Media (Kyaw Soe Oo)
မကွေးတိုင်း၊ဆောမြို့နယ်၊ကျောက်ထုမြို့ရှိ အမြောက်တပ်ကို ချင်းPDF၊ယောPDF နဲ့ AA အဖွဲ့က တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိကြောင်း ဒေသခံများက ဆက်သွယ်ပြောဆိုသည်။


အဆိုပါ စစ်သွေးကြွ ပူးပေါင်းအဖွဲ့များ၏ စခန်းတည်နေရာသည် မှန်ကန်ကြောင်း ဒေသခံများက အတည်ပြု ပြောဆိုသည်။


#PeopleMedia
Forwarded from People Media (Kyaw Soe Oo)
This media is not supported in your browser
VIEW IN TELEGRAM
ဧပြီ ၂၀ ရက်နေ့က ကရင်ပြည်နယ်၊မြဝတီမြို့နေ ဦးကျော်စွာ မိသားစုသည် တိုက်ပွဲများကြောင့် နေအိမ်မှ ကားဖြင့် ထွက်ခွာပြီးနောက် လမ်းပိုင်း၌ KNU အဖွဲဝင်များမှ ပစ်ခတ်သည့် CCTV မှတ်တမ်း

#PeopleMedia
May 9

ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ဆုံရွာကို စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်ရာ ကျေးရွာအတွင်းရှိ ကလေး/လူကြီး(ကျား/မ) ၃၄ဦးကို သတ်ဖြတ်သွားသည်။ပျောက်ဆုံးသူများစွာလည်း ရှိနေကြောင်း သိရသည်။


ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိသူ ကျား/မ (ကလေး/လူကြီး) ၁၄ယောက် နှင့်နေအိမ် ၇၃ လုံး မီးလောင် ပျက်စီးသွားသည်။


အလားတူ စစ်သွေးကြွများသည် ဆုံရွာ မှ ဆုတ်ခွာပြီးနောက် မုန်မင်ကန် ရွာသား ၆ ယောက်ကို ထပ်မံ သတ်ဖြတ်သွားသည်။


ဆက်လက်ဖော်ပြမည်။

photo-သတ်ဖြတ်ခံရသည့် ဆုံရွာနေ ပြည်သူများ

#PeopleMedia
Forwarded from People Media (Kyaw Soe Oo)
မြင်းခြံမြို့နယ်၊ဆုံရွာရှိ ဒေသခံ ၃၄ယောက်ကို သတ်ဖြတ်ခဲ့သည့် စစ်သွေးကြွများသည် ရွာရှည်ရွာ၌ အောင်ပွဲခံခဲ့ကြောင်း ကနဦး သိရသည်။

ရွာရှည်ရွာ၌ စစ်သွေးကြွများသည် ဘန်ကာများ၊ဆက်သွယ်ရေးမြောင်းများ တည်ဆောက်ထားကြောင်း မြို့ခံအချို့က အတည်ပြုပြောဆိုသည်။

#PeopleMedia
Forwarded from People Media (Kyaw Soe Oo)
မန္တလေးမြို့မှာ ပန်းသပိတ် လှုပ်ရှားသူများကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။

#PeopleMedia
Forwarded from People Media (Kyaw Soe Oo)
မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ်၊ ငခုန်းရွာအနီးရှိ စစ်သွေးကြွ PDF ၏ သရက်ခရိုင် တပ်ရင်း ၆ တည်နေရာ

#PeopleMedia
Forwarded from People Media (Kyaw Soe Oo)
"စစ်ပွဲအောင်နိုင်ရေးသည်သာ ပထမ၊စစ်ပွဲအောင်နိုင်ရေးသည်သာ ဒုတိယ၊ စစ်ပွဲအောင်နိုင်ရေးသည်သာ တတိယ ဖြစ်တယ်" ဦးဝါသဝ

မုံရွာ-ဇူလိုက်-၂


စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကန့်ဘလူမြို့နယ်၊ကျွန်းလှမြို့နယ်၊တန့်ဆည်မြို့နယ်ရှိ ပြည်သူ့စစ်အထူးကွန်မန်ဒိုအဖွဲ့ သင်တန်းဆင်းပွဲကို ယနေ့ ၌ အဆိုပါ ဒေသမှာ ပြုလုပ်ခဲ့ပါတယ်။


သင်တန်းဆင်းပွဲ၌ ဆရာတော် ဦးဝါသဝက "စစ်ပွဲအောင်နိုင်ရေးသည်သာ ပထမ၊စစ်ပွဲအောင်နိုင်ရေးသည်သာ ဒုတိယ၊ စစ်ပွဲအောင်နိုင်ရေးသည်သာ တတိယ ဖြစ်ကြောင်း "ထည့်သွင်း မိန့်ကြားခဲ့ပါတယ်။


8:12PM ၊July -2
#PeopleMedia
Forwarded from People Media (Kyaw Soe Oo)
စဉ့်ကူးမြို့နယ်၊ရွှေပြည်ရဲစခန်းကိုစစ်သွေးကြွများသည် ယနေ့ ညနေ ၄:၂၀ အချိန်၌ အင်အားအလုံးအရင်းဖြင့် ထပ်မံ ထိုးစစ်ဆင်နေသည်။

#PeopleMedia
Forwarded from U Kyaw Soe Oo (Kyaw Soe Oo)
This media is not supported in your browser
VIEW IN TELEGRAM
ယနေ့ နံနက်ပိုင်းက တရုတ်-မြန်မာနယ်စပ်၊မြန်မာပိုင်၊လောက်ကိုင်မြို့၌ စစ်သွေကြွ MNDAA ခေါင်းကြီးပိုင်းများ နေထိုင်သည့် အဆောက်အအုံကို တပ်မတော် မှ လေကြောင်းဖြင့် ရှင်းလင်းလိုက်သည်။

#PeopleMedia