🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.12K subscribers
12.4K photos
1K videos
4 files
725 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ပိဋကတ် တစ်ပုံဆောင်နိုင်ခဲ့တဲ့ အာဂအမျိုးသမီး
၅၂ကြိမ်မြောက် အဘိဓမ္မစာတော်ပြန်ပွဲ ဘွဲ့နှင်းသဘင်ဟာ ထူးခြားမှုတွေနဲ့ ပြည့်နက်နေပါတယ်။နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဦးဆုံး ပိဋကတ် တစ်ပုံဆောင် အမျိုးသမီး တစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။တကယ်တော့ အဘိဓမ္မပိဋကတ်ဟာ ပိဋကတ် ၃ပုံအနက် အကျယ်ဆုံးနဲ့ အခက်ဆုံးလို့ ပြောလို့ရပါတယ်။အထူးသဖြင့် အာဂုံထက် သဘောရေးဖြေ စားမေးပွဲတွေဟာ ဉာဏ် သက်ဝင်ဖို့ အလွန်ခက်ပါတယ်။အဘိဓမ္မာ အထက်ပိုင်းဖြစ်တဲ့ ယမိုက် ပဋ္ဌာန်းတွေမှာ သာ၍ ခက်ခဲပါတယ်။
အဘိဓမ္မာ ၇ကျမ်း၊ စာအုပ်ရေ ၁၂အုပ်၊ စာမျက်နှာပေါင်း ၄၉၈၇ကို အာဂုံလည်းအလွတ်ရွတ်ဖတ်နိုင်ဖို့ လိုသလို၊ သဘောရေးဖြေ ကိုလည်း ကောင်းစွာ ဖြေဆိုနိုင်ဖို့ လိုပါတယ်။လူပုဂ္ဂိုလ်များအဖို့ ဒါကို ဖြေခွင့်မရမီ အခြေခံ အဆင့်ကို အရင် ဖြတ်ကျော်ရပါတယ်။ကျမ်းအစိတ်အပိုင်း ၁၅ပိုင်းကို ဦးစွာ ဖြေဆိုအောင်မြင်ပြီးကာမှ အထက်ဖော်ပြပါ စာမျက်နှာ ၄၉၈၇ကို ဖြေဆိုခွင့်ရှိပါတယ်။အခြေခံအဆင့်မှာတင်ပဲ ၅နှစ် ၆နှစ် အချိန်ယူရလေ့ရှိတာမို့ အလွန်ရှည်လျားတဲ့ ဓမ္မခရီးလို့ ဆိုရမှာ ဖြစ်ပါတယ်။
အထက်ပါခရီးရှည်ကြီးကို ဆရာမကြီး (ဒေါ်လှလှဝင်း)ကတော့ ပညာသဒ္ဓါ ဝီရိယတွေနဲ့ အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ဒီဆရာမကြီးဟာ ခက်ပေ့ဆိုတဲ့ ပဋ္ဌာန်းကျမ်း ရေးဖြေတွေမှာ ထူးချွန်စွာ ဖြေဆိုနိုင်လို့(အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)ဆိုတဲ့ ဘွဲ့ထူးကိုလည်း တိပိဋကဓရ ယောဆရာတော်ဘုရားကြီးက ထပ်ဆင့် ဂုဏ်ပြုချီးကျူးခဲ့ရပါတယ်။ဒါ့အပြင် အဘိဓမ္မာပြန့်ပွားရေးအ သင်းကြီးကလည်း ဆရာမကြီးကို ချီးမြှင့်ငွေ
သိန်း(၁၀၀) ချီးမြှင့် ပေးအပ်ခဲ့ကြောင်း ဝမ်းမြောက်ဖွယ် ကြားသိရပါတယ် ဒါကြောင့်မို့ လူဝတ်ကြောင် အမျိုးသား အမျိုးသမီးများအဖို့ ဆရာမကြီး ဒေါ်လှလှဝင်းကို ဂုဏ်ယူ သာဓုခေါ်ပြီး အတုယူ သာသနာပြုနိုင်ပါစေကြောင်း ဝမ်းမြောက်စွာ ဖော်ပြလိုက်ရပါသည်။ဒေါ်လှလှဝင်း(မဟာအာဘိဓမ္မိက ကလျာဏဉာဏဓဇ၊ မဟာအာဘိဓမမြိက အဂဂြဝိသာရဒ ဉာဏိနီ၊အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)အား ဂုဏ်ပြု၍မေတ္တာဖြင့်၊မောင်စော(ဆရာမကြီးသည် ရန်ကုန်တိုင်း အလုံမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တရားဓမ္မများဖြန့်ဝေသင်ကြားလျက်ရှိပါသည်၊

#Knowledge Sharing Platform
Knowledge
#TFM