🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.05K videos
4 files
780 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Forwarded from Nay Zin Latt We Love (sansan htay)
.
#ထိုင်ဝမ်ကိုအမေရိကန်ကယ်နှိုင်မလား ?

ယူကရိမ်းကိစ္စမပြီးသေးခင်မှာပဲ
အမေရိကန်က ထိုင်ဝမ်ကိစ္စ လေပင့်နေတာ
တွေ့ရတယ်၊
ဆောင်းပါးရှင် Lawrance Chung က
"လုံးဝ" မဖြစ်နိုင်ပါဘူးဆိုတဲ့ ရပ်တည်ချက်က
ထောက်ပြထားတယ်၊

ပထဝီအနေအထားကိုကြည့်ရင်လဲ
ထိုင်ဝမ်ဟာ ယူကရိမ်းနဲ့ခြားနားတယ်၊
ယူကရိမ်းဟာ ရုရှားနဲ့ ကုန်းမြေတဆက်ထဲ
ဖြစ်နေပြီး၊ ယူကရိမ်းပါတ်လည်မှာလဲ
နေတိုးအဖွဲ့ဝင်တွေဖြစ်နေလို့ အားသာတယ်၊
ဒီနေ့အထိ (၇) ပါတ်အကြာ ကိယက်ကို
မထိမ်းချုပ်နှိုင်သေးတာဟာ နေတိုးရဲ့
ထောက်ပံ့မှုတွေကြောင့်ပါ၊

ထိုင်ဝမ်ကိစ္စမှာ
နေတိုးက မတက်ကြွတော့ဘူး
ပြီးတော့ ထိုင်ဝမ်ဟာ "ကျွန်း" သက်သက်
ဖြစ်နေပြီး၊ အမေရိကန်ရဲ့ထောက်ပံ့ရေး
လမ်းကြောင်းနဲ့ အလှမ်းကွာဝေးလွန်းတယ်၊
ရေလမ်းနဲ့လာမဲ့
ထောက်ပံ့ရေးလမ်းကြောင်းဟာလဲ
နှေးလွန်းလှပြီး၊ ပင်လယ်ထဲမှာပဲ
ခြေမှုန်းခံရဖို့ရှိတယ်၊

အနီးအနားက
ဂျပန်၊ ကိုရီးယားရှိပေမဲ့ များများစားစား
ထောက်ပံ့ရေးလုပ်ရဲမှာမဟုတ်ဘူး
မြောက်ကိုရီးယားက ထိမ်းထားတယ်၊

..........

အမေရိကန် "အဆွ" ကောင်းလို့
ထိုင်ဝမ်ကိစ္စဖြစ်လာရင်တောင်
ထိုင်ဝမ်ဟာ ယူကရိမ်းလိုကြာမှာမဟုတ်ဘူး၊

စစ်ရေးအင်အားသက်သက်
နှိုင်းယှဉ်နေတာထက် -
- ခေါင်းဆောင်တွေရဲ့ Metality
- Capacity
- Given ဆိုတဲ့ပေးထားချက်
- Favourableness

စတာတွေကပိုအရေးပါလာတယ်၊
ပူတင်နဲ့ ရှီကိုသုံးသပ်ရင်
Capacity ပိုင်းမှာ မတိမ်းမယိမ်း
ရှိကြတယ်ထားဦး၊ Mentality ပိုင်းမှာ
ကွာကြလိမ့်မယ်၊

ရှီက..
စစ်ဦး ဘီလူးလုပ်မဲ့ပုံ

#BaMaung (14.4.22)🍉
Forwarded from Nay Zin Latt We Love (sansan htay)
.
#ယူကရိမ်းစပြိုပြီ

အနောက်အုပ်စုရဲ့ အထွေထွေပံ့ပိုးမှုနဲ့
ရုရှားရဲ့ထိုးစစ်ကို ပြင်းပြင်းထန်ထန်
ခုခံပြီး၊ ရုရှားတပ်ကို အထိနာစေခဲ့တဲ့
ယူကရိမ်းကို....

ကိယက်ကတပ်ဆုတ်၊ ပြန်လည်စုဖွဲ့
တပ်မှုးပြောင်း၊ ဗျူဟာပြောင်းပြီး
အချက်အခြာကျတဲ့ မာရီယူပိုကို
ထောက်ပံ့ရေးလမ်းကြောင်းဖြတ်တောက်
ပြင်းပြင်ထန်ထန် ထိုးစစ်ဆင်ခဲ့ရာမှာ-

အစာရေစာ၊ လက်နက်ခဲယမ်း
ပြတ်တောက်သွားတဲ့ ယူကရိမ်းစစ်သည်
(၁၀၀၀) လက်နက်စချတယ်၊
မကြာခင်မှာ မာရီယူပိုကို ရုရှားဖက်က
လုံးဝထိမ်းချုပ်သွားနိုင်တော့မှာဖြစ်ပြီး
အနောက်အုပ်စုသတင်းတွေကလည်း
မာရီယူပိုဟာ ရုရှားတွေလက်ကို
ကျတော့မှာဖြစ်တယ်လို့ ထိတ်လန့်တကြား
ရေးသားလာကြတာတွေ့ရတယ်၊

ချေချင်ညာခေါင်းဆောင်က
ပူတင့်ရည်မှန်းချက်ဖြစ်တဲ့ ကိယက်အလှည့်
မကြာခင်လာတော့မှာပါလို့ ပြောထားပါတယ်။

ရုရှားဖက်က-
ယူရိမ်းကို ထောက်ပံ့နေတဲ့ မည်သည့်
ထောက်ပံ့ရေးလမ်းကြောင်းမဆို
တရားဝင်တိုက်ခိုက်နိုင်တဲ့ စစ်ရေးပစ်မှတ်အဖြစ်
ချေမှုန်းသွားမယ်လို့ သတိပေးထားတယ်၊
ယူကရိမ်းစစ် တတ်နိုင်သလောက်
ခုခံရှည်ကြာနိုင်ဖို့အတွက် အမေရိကန်က
$ 800 million ဖိုးကို
ဆက်လက်ထောက်ပံ့ဦးမယ်လို့ ဆိုပါတယ်၊

မာရီယူပိုကျသွားရင်
စိတ်ပိုင်းဆိုင်ရာကအစယူကရိမ်းဖက်မှာ
အတော်လေးထိခိုက်သွားမှာဖြစ်ပါတယ်။

#BaMaung (15.4.22) 🤠
Forwarded from Nay Zin Latt We Love (sansan htay)
.
#ဒီသတင်းထူးတယ်

ပူတင်အားထားရတဲ့ ကာကွယ်ရေးဝန်ကြီး
Sergei Shoigu ဟာ ပြင်းထန်တဲ့
နှလုံးရောဂါတိုက်ခိုက်ခံလိုက်ပြီး
သဘာဝအရဖြစ်တဲ့ ပုံစံမဟုတ်ဘူးလို့
ရုရှား-အစ္စရေးသွေးနှော လုပ်ငန်းရှင်
Leonid Nevzlin ကပြောလိုက်တယ်၊
ဒါ့အပြင် ဗိုလ်ချုပ်ကြီး (၂၀) ကိုလဲ
ယူကရိမ်းစစ်ပွဲမှာ လွဲချော်မှုအတွက်
ထိမ်းသိမ်းထားတယ်လို့ဆိုတယ်၊

ယူကရိမ်းစစ်ပွဲအစပိုင်းမှာ
ကာကွယ်ရေးဝန်ကြီးကိုတွေ့ရပြီး
နောက်ပိုင်းမှာပျောက်ဆုံးနေတယ်လို့
ထောက်ပြထားပါတယ်၊

ထိတ်ပိုင်းမှာ မကြေနပ်မှုတွေ
ကြီးမားစွာ ထွက်ပေါ်နေပြီး
အပြောင်းအလဲတချို့ရှိလာလိမ့်မယ်လို့လဲ
သုံးသပ်နေကြပါတယ်၊

( ရုရှားရင်းနှီးပြီး သတင်းရှာတော်တဲ့
ဆရာ Maung Maung Kyi,
ဆရာ နှင်းပုလဲမောင် နှင်းမောင် ဗိုလ်နှင်းမောင်
ဆရာ Ko Gyi Soon တို့ သတင်းဆက်
ရှာစေလိုပါတယ် )

#BaMaung (15.4.22 ) 🤠
Ba Maung
.
😅 စဉ်းစားမိသည်မှာ

အီရတ်ကိုစစ်ခင်းပြီးနောက်ပိုင်း
နေရာတိုင်းမှာ ဗုံးကွဲတယ်
သတ်ဖြတ်တယ်
ဥပဒေစိုးမိုးမှုကို ပျက်ပြားစေတယ်၊

ဗီနီဇွဲလားလိုနိုင်ငံမှာကျတော့
ငွေတန်ဘိုးကျတာဟာ
တနေ့ထက်တနေ့ လိုက်မမှီအောင်ကို
အကျကြမ်းတယ်၊
နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင်
အဖျက်ခံရတာ၊

အရှေ့တိမော ခွဲထွက်တုန်းကရော
နိုင်ငံရေး၊ စစ်ရေးမတည်ငြိမ်မှုတွေ
တဖြည်းဖြည်း မြှင့်တင်ပေးရင်း
နောက်ဆုံး မရှုနှိုင်မကယ်နိုင်
အချိန်ရောက်စေပြီးမှ ခွဲထွက်သွားတာ၊

................

မြန်မာ့ လက်ရှိမြင်ကွင်းမှာ
အဲ့ဒီ (၃) နိုင်ငံပေါင်းရဲ့လက္ခဏာကို
တနေရာထဲမှာ မမျှော်လင့်ပဲ
တွေ့နေရသလိုပဲ၊

မြို့လယ်ခေါင်မှာ
တိုက်ပွဲငယ်တွေဖြစ်တယ်၊
ဆရာကြီးတဦးကျတယ်လို့ ဖတ်လိုက်ရတယ်
မတန်လိုက်တာ၊

လူလယ်ခေါင်မှာ
သေနတ်နဲ့ ပစ်ချင်သလိုပစ်သွားတာလဲ
မြင်ကွင်းတောင်ရိုးနေပြီ
အီရတ်အစပိုင်းမျိုး၊

ငွေတန်ဘိုးကျတာကလဲ
မနက်၊ နေ့ခင်း၊ ညနေတောင်
မတူဘူး၊ ဗင်နီဇွဲလား လက္ခဏာ။

မတည်ငြိမ်မှု (၂) မျိုး
တပြိုင်နက် ဘာကြောင့် ဖြစ်နေရနာလဲ
ငွေကြေး မတည်ငြိမ်မှု
လုံခြုံရေးမတည်ငြိမ်မှု
မိလိုက်တဲ့လက်နက်တွေက
အကောင်းစားတွေ၊

pdf ဆိုတာ
အသုံးချခံလေးတွေသက်သက်သာပါ
နောက်ကွယ်က
ထောက်ပံ့ပေးနေတာ ဘယ်အုပ်စုလဲဆိုတာ
သိသာနေပါတယ်
pdf ဘယ်လိုလူမျိုးကို ရန်မပြုပါလဲ ?

Invisible က
နောက်ဆုံး တိမောလိုမလုပ်နိုင်ရင်တောင်မှ
အစိုးရကို အများကြီး အင်အားနည်းအောင်
လုပ်ပြီး၊ အရေးအခင်းတခု ဖြစ်အောင်
ဖန်တီးယူနေတာ၊ နိုင်ငံ ချိနဲ့အောင်
စနစ်တကျ လုပ်နေတာ မြင်သာတယ်၊

အကိုင်ခုတ်လို့ အပင်မသေဘူး
အရွက်ချိုးလိုလဲ အပင်မသေဘူး
ပင်စည်လောက် ဖြတ်ရင်တောင်
ညောင်ပင်မျိုးဆိုတာ
အပြုံးပျက်တာမဟုတ်၊

မြေအောက်ထဲက အမြစ်မလှန်နိုင်ရင်
မလှန်ရဲရင်...
တဖြည်းဖြည်း နွံနစ်တာထက်
ပိုဆိုးဖို့အဲရှိတယ်၊

တိုင်ပြည်ပျက်မဲ့
ဇာတာတော့မရှိပါဘူး၊
ဒါပေနဲ့...
မထိမ်းနိုင်ရင်...
ဘာဖြစ်လာနိုင်ပါမလဲ ?

အလုံးစံပျက်သုန်းရေးက သူ့ကိစ္စ
မပျက်သုန်းအောင်ကာကွယ်ရေးက ကိုယ့်တာဝန်၊
သူ့ကိစ္စကတော့ ပီပြင်နေတာပဲ
ကိုယ့်တာဝန် ကိုယ်ဘယ်လောက်
လုပ်နိုင်မလဲက လွန်ဆွဲပွဲတခုရဲ့အဖြေ။

#BaMaung.
Unicode
" မြန်မာနိုင်ငံအပေါ် ကျနော်တို့ ဂျပန်နိုင်ငံနဲ့
ဂျပန်လူမျိုးတွေက ကျေးဇူးကြွေး
တင်ရှိနေပါတယ်။ "

" ဒုတိယကမ္ဘာ့စစ်ကာလ နိုင်ငံအသီးသီးက
ကျနော်တို့ ဂျပန်စစ်သားတွေကို
သုတ်သင်ရှင်းလင်းပစ်ခဲ့ကြပေမယ့်
မြန်မာနိုင်ငံက လူတွေကတော့ ကျနော်တို့
စစ်ရှုံး ဂျပန်စစ်သားတွေကို အသက်ရှင်လျက်
ပြန်ပို့ပေးခဲ့တဲ့အတွက် သွေး မေတ္တာကြွေးတွေ
တင်နေခဲ့တာကို ကျွန်တော့်နှလုံးသားမှာ
မှတ်တမ်းတင်ထားလျက်ရှိပါတယ်။ "

ဂျပန်ဝန်ကြီးချုပ်
#ရှင်ဆိုအာဘေး
( Crd .. မူရင်း )

...........

#နက္ခတ်အပြောင်းမှာ

- မြန်မာက ပတ္တမြားကြီးရတယ်
- UK မှာဝန်င်္ကြးချုပ်ထွက်ပေးရတယ်
- ဂျပန်မှာ ဝန်ကြီးချုပ်ဟောင်း
လုပ်ကြံခံလိုက်ရတယ်၊

ခပ်စိပ်စိပ်လေးတွေ
ဖြစ်လာတာသတိထားမိတယ်၊

#BaMaung(Dr nay zin latt) ( 8.7.22 )
https://t.me/naywin331
.
#အရှိတရားကိုတော့လက်ခံသင့်တယ်

နစက ပတ္တမြားထွက်ပေါ်လာတယ်
အကောင်းမြင်သူတွေရှိသလို
ဆန့်ကျင်ပြောတဲ့သူတွေလဲရှိတယ်၊
သမာသမတ်ကျကျ အရှိတရားကိုတော့
လက်ခံသင့်ကြတယ်လို့မြင်တယ်၊

ပတ္တမြားတန်ဘိုးကိုတော့
အနီးကပ်မမြင်ရလို့ မသိဘူး
ဒါပေမဲ့ ပတ္တမြားအစစ်ဆိုတာကို
ဘာကြောင့်လက်မခံနှိုင်ကြရမှာလဲ ?

- မဆလခေတ်မှာ (၃၃) တန်ကျောက်စိမ်း
- နဝတ၊ နအဖ ခေတ်မှာ 500+ ကလပ် ပတ္တမြား
- ဦးသိန်းစိန်ခေတ်မှာ 1000+ ကလပ်ပတ္တမြား
- ဒေါ်စုခေတ်မှာ အနီရောင်ဖလ်လုံး
- နစကခေတ်မှာ 2800+ ကလပ်ပတ္တမြား
- အာတစ်ဒေသမှာ ရုရှားက 82 mil barrel ရှိတဲ့
ရေနံသိုက်တွေ့တယ်၊

တွေ့တာကတွေ့တာပဲ
တွင်းထွက်ပတ္တမြားလဲစစ်တယ်
ဖလ်လုံးကို ပတ္တမြားလို့ဆိုပြီး
နတ်တွေပေးတာမျိုးလဲမဟုတ်ပါဘူး
အရှိတရားလေးတောင်မှ လက်မခံပဲ
ဆန့်ကျင်နေကြရင်...

မြန်မာတွေ တသက်လုံး
ဘယ်တော့မှ စည်းရုံးလို့ရမှာမဟုတ်တော့ဘူး
နည်းနည်းလေးတော့ ဆင်ခြင်ကြစေချင်တယ်
ကိုယ်ကမကောင်းအမြင်အခံရှိပြီး
ညံ့တာ လူတွေသိကုန်တယ်။

#BaMaung ( 10.7.22 ) 😅
နေမဝင်အင်ပါယာလို့ ကြွေးကြော်ခဲ့ပြီး
နေမဝင်ခင် နစ်မြှတ်သွားမလားမသိနိုင်တဲ့ UK

.
#ဘာကြောင့်_ရုရှားတင်းနိုင်တာလဲ ?

Satan-2 အပါအဝင်
Hypersonic missile နည်းပညာတွေမှာ
ရုရှားကိုအနောက်အုပ်စုက
လိုက်မမှီသေးပါဘူး၊

K-329 Belgorod တော်ပီဒိုဆိုရင်
အနောက်အုပ်စုတွေ တုန်လှုပ်ရမဲ့
လက်နက်ဖြစ်ပါတယ်၊
ဒါကြောင့်လဲ....

" Alaska is Ours " လို့ပြောရဲတာဖြစ်သလို
" ကြားခံစစ်မလိုပါဘူး၊
ထိတ်တိုက်တွေ့နိုင်ပါတယ်" လို့

ရုရှားဖက်က စိန်ခေါ်ရဲတာလဲဖြစ်ပါတယ်။

.............

( #အောက်ပါစာက Ba Shwe ဆီက Copy ပါ )

ရုရှားစစ်တပ်ရဲ့ အထူးစစ်ဆင်ရေးများ
ဆောင်ရွက်မည့် ကမ္ဘာ့အရှည်ဆုံးမဟာ
ဗျူဟာမြောက် ရေငုတ်သင်္ဘောကြီး Bel
gorod သည် ယခုဂျူလိုင်လ ၈ ရက်နေ့
တွင် စတင်တာဝန်ထမ်းဆောင်ပါပြီ..

K-329 Belgorod နျူကလီယား ရေငုတ်
သင်္ဘောကြီးဟာ မဟာဗျူဟာမြောက် နျူ
ကလီယားထိပ်ဖူးတပ် Poseidon တော်ပီ
ဒိုကြီး ၆ စင်းထိ သယ်ဆောင်နိုင်စွမ်းရှိပြီး
Poseidon တော်ပီဒိုကြီးဟာ နျူကလီယာ
ပါဝါနဲ့မောင်းနှင်ပြီး ကီလိုမီတာ တစ်သောင်း
(မိုင် ၆၀၀၀)ကျော် အကွာအဝေးက ပစ်မှတ်
ကို ဦးတည်ကာရေအနက် မီတာတစ်ထောင်မှ
100 knots မြန်နှုန်းနဲ့ တိတ်တဆိတ်
ချဉ်းကပ် တိုက်ခိုက်နိုင်စွမ်း ရှိတာကြောင့်
အနောက်အုပ်စုကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့်
ရုရှားလက်နက်သစ် တစ်မျိုးအဖြစ်
တပ်တော်ဝင်ခဲ့ပါပြီ။

မဟာဗျူဟာမြောက် နျူကလီယာထိပ်ဖူး
တပ် Poseidon တော်ပီဒိုကြီး ဆိုတာက
မကြာသေးမီက ဗြိတိသျှကျွန်းနိုင်ငံ တစ်ခု
လုံးကို ရေဒီယိုသတ္တိကြွ ဆူနာမီလှိင်းတွေနဲ့
ရေအောက် ရောက်သွားအောင် ဖုံးလွှမ်း
ဖျက်ဆီးပစ်နိုင်တဲ့ ရေအောက်ဒရုန်းကြီး
အဖြစ် နာမည်ကြီးတဲ့ တိုက်ချင်းပစ်ဒုံး
(ICBM)ထက် ကြောက်စရာကောင်းတဲ့
လက်နက်ဆန်းတစ်မျိုး ဖြစ်ကြောင်း
သိရပါတယ်။

( ခရက်ဒစ်... Ba Shwe )

#Bamaung ( 11.7.22 ) 🥸
Forwarded from Nay Zin Latt We Love (sansan htay)
.
#ပြဿနာတထွေးကြီးနဲ့_ဘိုင်ဒင့်သား

သမ္မတဘိုင်ဒင့်သား Hunter Biden ရဲ့
လက်တော့ ကွန်ပျူတာစစ်ဆေးချက်အရ
ပြဿနာသောင်းခြောက်ထောင်ကို
ဖေါ်ထုတ်လာနိုင်ခဲ့တယ်၊

- ယူကရိမ်းနဲ့ဆက်စပ်မှုတွေ
- တရုတ်နဲ့ဆက်စပ်မှုတွေ
- လိင်ကျွန်ကိစ္စတွေ
- FBI နဲ့ဆက်စပ်မှုတွေ
- ငွေကြေးခဝါချမှုတွေ

စသဖြင့် အတော်များပါတယ်၊

........

ဒီဂယက်ဟာ
အဖေသမ္မတအထိရိုက်ခတ်နိုင်နေတယ်
သမ္မတအဖြစ်အနားယူပြီးတဲ့အခါ
ဖေါ်ထုတ်လာနိုင်တယ်၊

လောလောဆယ်မှာတော့
ဘိုင်ဒင်က သူ့သားကိစ္စတွေမှာ
သူပါဝင်မှုမရှိဘူးဆိုပြီး ငြင်းဆိုထားပေမဲ့
နောက်သမ္မတတဆက် Replublican သာ
ဖြစ်လာမယ်ဆိုရင်တော့ ( အထူးသဖြင့်
Trump သမ္မတပြန်ဖြစ်လာရင် )
ဒီကိစ္စက မိုးမီးလောင်တဲ့အထိ ဖြစ်လာဖို့
အတော်သေခြာသလောက်ပါပဲ၊

...........

လတ်တလောမှာ
သမ္မတ ဘိုင်ဒင့်ရဲ့ကျန်းမာရေးအကြောင်း
သတင်းအချို့ထွက်လာပြီး၊
Greg Price ရဲ့တွစ်တာမှာ ဘိုင်ဒင့်
မိန့်ခွန်းကို Live တင်ထားတာတွေ့ရတယ်၊
အဲ့ဒီမှာ ဘိုင်ဒင်က -

" သူနဲ့ အတော်များများဟာ ကင်ဆာနဲ့
ကြီးပြင်းလာကြသူတွေဖြစ်တယ်"

.... လို့ ပြောကြားထားတယ်၊

............

Hunter Biden ရဲ့ကိစ္စဟာ
မသေးပါဘူး၊ အစိုးရထဲက
အထက်တန်း တာဝန်ထမ်းဆောင်ကြသူတွေ
အတော်များများ အရေးယူခံရနိုင်ဖွယ်ရာ
ရှိလာကြပါလိမ့်မယ်။

#BaMaung ( 21.7.22 ) 🤒
Forwarded from Nay Zin Latt We Love (sansan htay)
.
#အီတလီလဲ_သွားပြန်ပေါ့

စီးပွားရေးကျဆင်းမှုဒါဏ်ကြောင့်
အီတလီဝန်ကြီးချုပ် Mario Draghi လဲ
သူ့နှုတ်လွှာကို ဒီနေ့တင်သွင်းတော့မယ်တဲ့၊

Domino သက်ရောက်မှုတွေ
ဥရောပဖက်မှာ အစွမ်းပြလာပြီ။

#BaMaung ( 21.7.22 ) 🤒
Forwarded from Nay Zin Latt We Love (sansan htay)
.
#ရီဆက်ရှင်စောင့်နေပြီ

ဒီတခါဖြစ်မဲ့ Recession က
ပိုပြင်းထန်မယ်
ပိုတာရှည်မယ်တဲ့

လည်ပင်းအရှည်ခံပြီးလဲ
စောင့်မနေပါနဲ့၊ သေခြာလာပါလိမ့်မယ်တဲ့၊
အမေရိကန်ကို အချိန်ကလေးလောက်ပဲ
စောင့်နေတာဆိုပဲ၊

ကျန်တဲ့ နိုင်ငံတွေလဲ
ကူးကြပါလိမ့်မယ်
စီးပွားရေး အခံအားမကောင်းတဲ့နိုင်ငံတွေ
ပိုအထိနာပါလိမ့်မယ်၊

အီးယူအုပ်စုမှာ
အတောင့်တင်းဆုံးဆိုတဲ့ ဂျာမဏီတောင်မှ
ရုရှားရဲ့ ဓါတ်ငွေ့မရရင်
သူ့စက်မှုလုပ်ငန်းတွေ ပြိုဆင်းသွားရလိမ့်မယ်လို့
အော်နေရလေတော့...
ကျန်နိုင်ငံတွေဆို ပြောမနေနဲ့တော့၊

တရုတ်ကသာ
ထိုင်ဝမ်ကို ဆက်ပြီး ပိတ်ဆို့ထားရင်
ရီဆက်ရှင်းဟာ မျှော်လင့်ထားတာထက်
ပိုပြီးမြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်၊

ထရမ့်လက်ထက်မှာ
Trade war ကြောင့် ကမ္ဘာ့ GDP
ကျဆင်းသွားတယ်၊
Covid ကြောင့် ထပ်အထိနာတယ်၊
ဘိုင်ဒင့်ကြောင့် ယူကရိမ်းစစ်ဖြစ်တယ်
အပြန်အလှန် Sanction လုပ်ကြရင်း
စွမ်းအင်အကြပ်အတည်းက
ကမ္ဘာ့စီးပွားရေးကို ရီဆက်ရှင်ဆီ
တွန်းပို့နေသလိုဖြစ်လာတယ်၊

Inflation တွေတက်လာတော့
ပြည်သူ့ထောက်ခံချက် ကျဆင်းသွားတာနဲ့
ဘိုင်ဒင်က အတိုးနှုံးတက်ပြီး
ဒေါ်လာတန်ဘိုးမြှင့်၊ ငွေဖေါင်းမှုကို
ကုစားတယ်၊ နည်းလမ်းမမှန်လို့
ကျွမ်းကျင်သူတွေက ရီဆက်ရှင်ဖြစ်လိမ့်မယ်လို့
သတိတွေ အကြိမ်ကြိမ်ပေးခဲ့တယ်၊

အခုလဲ သမ္မတတွေလုပ်တာနှေးလို့
ရီဆက်ရှင်မြန်မြန်ဖြစ်အောင်
လွှတ်တော်ဥက္ကဌ ပလိုစီကိုယ်တိုင်
ထိုင်ဝမ်ကိုဝင်ပြီး မီးရှိုလိုက်တော့
ရီဆက်ရှင်က လက်တကမ်းအလိုထိ
နီးသွားပါလေရော၊

ဘယ်သူတရားခံလဲ ?
ဘယ်နိုင်ငံတရားခံလဲ ?
ဗေဒင်မေးစရာတောင် မလိုတော့ပါ။

#BaMaung ( 5.8.22 ) 🤒
Forwarded from Nay Zin Latt We Love (sansan htay)
.
#အဘိဂျအာနန်

Covid ကိုကြိုတင်ဟောကိန်းထုတ်ခဲ့သူ
ယူကရိမ်းစစ်၊ ထိုင်ဝမ်စစ်ကိုလဲ
ကြိုတင်ဟောကိန်းထုတ်ခဲ့သူ

ပြည်တွင်းကဆရာတွေရဲ့
ပြည်တွင်းဟောကိန်း တချို့ကိုတော့ဖတ်ရတယ်
ဘမောင်အနေနဲ့တော့ ပြည်တွင်းထက်
ပြည်ပကိုပိုစိတ်ဝင်စားတယ်၊
သက်ရောက်မှုကကြီးတာကိုး
ဒါကြောင့် ပြည်တွင်းကဆရာတွေကိုလည်း
ပြည်ပဟောကိန်းတွေထုတ်ပြီး Toutube ပေါ်
တင်စေချင်တယ်၊

#BaMaung ( 20.8.22 ) ☺️
Forwarded from Nay Zin Latt We Love (sansan htay)
. EU နောက်လိုက်ပြီး
တပည့်ခံတဲ့ ချက်အစိုးရကို
နှုတ်ထွက်ပေးဖို့၊
ရုရှားဓါတ်ငွေ့ကို ဈေးချိုချိုနဲ့
ပြန်အသုံးပြုနိုင်ဖို့...
ပြည်သူတွေ ဆန္ဒပြလာကြတယ်၊

ယူကရိမ်းစစ်ရဲ့
ဘေးထွက်ဆိုးကျိုးတွေနဲ့
စစ်ထဲကိုယ်တိုင်မပါပေမဲ့
EU အဖွဲ့ဝင်ဖြစ်လို့ မျှဝေခံစားကြရတာပါ။

#BaMaung ( 4.9.22 ) 🌿
Forwarded from Nay Zin Latt We Love (sansan htay)
. #နိမိတ်စကားတွေလား ?

Elon Musk က
" အမေရိကန်နဲ့ ဥရောပကို ရုရှားအနေနဲ့
Nude missiles တွေနဲ့ မိနစ် (၃၀) ထက်
နည်းတဲ့အချိန်အတွင်း ဖျက်ဆီးစီးပစ်နိုင်တယ်"

..... လို့ရေးထားသလို
မျက်မမြင် ရှေ့ဖြစ်ဟောဆရာမကြီး
ဘာဘာဗင်ဂါကလည်း "ရုရှားအင်အား
ကြီးလာပြီး၊ အနောက်ကမ္ဘာ ပျက်စီးလိမ့်မယ်"

.... ဆိုတဲ့ အဟောကလဲရှိထားတာ
သတိရမိသေးတယ်၊

...........

မြင်ရသလောက် အခြေအနေတွေကလည်း
အတော်လေးမကောင်းဘူး၊
တဖက်နဲ့တဖက် နိုင်မယ်လို့ တွက်ပြီး
ပွဲကိုခပ်ကြမ်းကြမ်း ကစားနေကြတာ
တွေ့ရတယ်၊ စစ်ရှိန်အလျော့ဖက်ကို
မတွေ့နိုင်သေးပဲ၊ စစ်ရှိန်တွေ ပိုမြှင့်လာတာကိုပဲ
တွေ့နေရတယ်၊

..........

လောလောဆယ် ၃င်္ဂါအရောင်တောက်နေတယ်
31.10.22 မှာ ၃င်္ဂါစဖေါက်မယ် ( ဒီလကုန် )
Nov မှာ အင်္ဂါအလွန်အကျူးဖေါက်ပြီ
ပြိဿကမေထုန်
မေထုန်ကပြိဿကို
အပြန်ပြန်ကူးမယ်၊

25.10.22 (4:20) am မှာနေကြပ်မယ်
( ကြပ်လျှက်ထွက်တဲ့နေ )

8.11.22 မှာ လကြပ်မယ်
( ကြပ်လျက်ဝင်တဲ့လ၊ အပြည့်ကြပ် )

ဝင်ရိုးထိနိုင်ငံတွေ ပြင်းထန်တဲ့
သက်ရောက်မှုကိုခံရလိမ့်မယ်၊
#စစ်ကိုမရှောင်နိုင်တော့ဘူး

လောလောဆယ်
ယူကရိမ်းစစ်က စစ်ရှိန်မလျော့ပဲ
စစ်မီးပြန့်မလားပဲ ❗

မြန်မာမှာလဲ
အတော်သတိထားရတော့မယ်
ပြည်ပစစ်ကိုပြတဲ့အတွက်
အနောက်တံခါးနဲ့ ကရင်ဖက်မှာ
ပြည်ပကြေးစားပါတဲ့ စစ်တခု
ဖြစ်လာနိုင်တယ်၊

ဒါကြောင့်မို့
Nov, Dec, Jan, Feb (၄) လ
တော်တော်သတိထားရလိမ့်မယ်၊

23.5.23 လောက်မှ
ဂြိုလ်တွေ ပုံမှန်ပြန်ဖြစ်မှာဆိုတော့
(၇) လလောက်တော့
အလှုပ်အရမ်းကြမ်းပါလိမ့်မယ်၊

ဝင်ရိုးမိသူတွေ ဘုရား၊တရား
ပိုလုပ်ကြပါ၊ အကုသိုလ်ကို
ရှောင်ကြပါ၊

ဒီတကြောတော့
ဘမောင်တို့ ဝင်ရိုးလွတ်သွားတယ်၊
ယတြာလေး ဘာလေးလိုရင်လဲ
ပြောကြဦး၊
" ဗေဒင်ဆရာတော့မဟုတ်ဘူး "
ဘေဒင်ဆြာ လိုင်းတော့
တဖြည်းဖြည်းရောက်လာပြီ 😇

( ကိုစွန်း ပုံယူသုံးလိုက်သည် )

#BaMaung ( 15.10.22 )