🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.05K videos
4 files
780 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Forwarded from Nay Zin Latt We Love (sansan htay)
.
#ဘယ်သူဝန်ကြီးချုပ်ဖြစ်လာမလဲ ?

Bojo ရဲ့ ဝန်ကြီးချုပ်နေရာကိုဆက်ခံဖို့
ဆန်ခါတင်နောက်ဆုံး (၂) ယောက်ကတော့

- ဘဏ္ဏာရေးဝန်ကြီး Rishi Sunak နဲ့
- နိုင်ငံခြားရေးဝန်ကြီး Liz Truss ပဲဖြစ်ပါတယ်၊

နောက်ဆုံး ထောက်ခံမဲတွေအရဆိုရင်တော့
အိန္ဒိယလူမျိုး Rishi Sunak က Truss ထက်
သာလွန်နေတာတွေ့ရတယ်၊

Truss ကအမျိုးသမီးဆိုပေမဲ့
သဘောထားတင်းမာပြီး၊ ရန်လိုမှုတွေရှိနေတာ
တွေ့ရတယ်၊ ရုရှားအပေါ် တင်းတင်းမာမာ
ဆက်ဆံခဲ့တာတွေ့ရပြီး၊ မြန်မာလို နိုင်ငံကိုလဲ
ကိုလိုနီ အရှင်သခင်ပုံစံမျိုး ရှိနေတယ်၊

Rishi Sunak ကတော့ Truss ထက်
အများကြီးပျော့ပြောင်းတဲ့အတွက်
ရုရှား-ယူကေ ထိတ်တိုက်ပွဲမှာ တင်းမာမှုကို
အတော်အတန် လျော့ချ သွားနိုင်ဖွယ်ရာ ရှိတယ်လို့
ယူဆနိုင်ပါလိမ့်မယ်၊

အာရှတိုက်သားချင်း သန္ဓေစိတ်ကြောင့်
မြန်မာအပေါ်လဲ တစုံတရာအဆင့်အထိ
နားလည်ပေးနိုင်ဖွယ်ရာ ရှိပါလိမ့်မယ်။

#NayZinLatt ( 21.7.22 ) 🍀
Forwarded from Nay Zin Latt We Love (sansan htay)
.
#ကမ္ဘာကြီး_လုံးရာကပြားသွားနိုင်တယ်

ပူတင့်ရဲ့ခရီးစဉ်မှာ
ရည်ရွယ်ချက် (၄) ခုပါသွားတယ်
အားလုံးအောင်မြင်ခဲ့တယ်၊

ဒုတိယကမ္ဘာစစ်မှာ ဟီရိုရှီးမားနဲ့
နာဂါဆာကီအပေါ် အမေရိကန်တွေက
ပထမဦးဆုံး အနုမြူဗုံးသုံးပြီး
စစ်ပွဲကိုအဆုံးသတ်ခဲ့ပါတယ်၊

ခေတ်သစ်စစ်ပွဲမှာ Energy War နဲ့
ကစားနေတာတွေ့ရပါလိမ့်မယ်၊
ရုရှားဆီက ဓါတ်ငွေ့မရရင်
ဂျာမဏီမှာရှိတဲ့ ကုန်ထုတ်လုပ်မှုတွေ
အားလုံးရပ်ဆိုင်းသွားရပါလိမ့်မယ်လို့
အသံပေးလာပါပြီ၊

ကမ္ဘာ့ ရေနံထောက်ပံ့ရေး အကြီးဆုံးသော
လမ်းကြောင်းဟာ အရှေ့အလယ်ပိုင်းဖြစ်ပြီး
ဟော်မုစ်ရေလက်ကြားကို ဖြတ်သန်းရတယ်၊

ရုရှားဖက်က ရေနံနဲ့ ဓါတ်ငွေ့တင်ပို့မှုကို ရပ်ပြီး
အီရန်က ဟော်မုစ်ကို ပိတ်လိုက်မယ်ဆိုရင်
အနုမြူဗုံး သုံးစရာမလိုပဲ ချက်ခြင်း
ကမ္ဘာကြီးဟာ ' လုံးရာကနေ ပြား ' သွားနိုင်ပါတယ်၊

ဗင်တီဇွဲလားက ရုရှားလူပါ
အီရန်က ရုရှားဖက်က ပြတ်ပြတ်သားသား
ရပ်တည်ပြထားပါတယ်၊
ဆော်ဒီက ရုရှားဖက်ကို ပါသွားပြီဖြစ်လို့
စွမ်းအင်အဓိက အုပ်စုကို ပူတင်က
ကိုင်ကစားပါလိမ့်မယ်၊

#NayZinLatt ( 21.7.22 ) 😅
Forwarded from Nay Zin Latt We Love (sansan htay)
.
#ဆော်ဒီခရီးစဉ်_အောင်မြင်ပါသလား ?

Biden ရဲ့ ဆော်ဒီခရီးမှာ
အဓိက ရည်ရွယ်ချက် (၃) ခုပါသွားတယ်၊

* ဆော်ဒီနဲ့ ဆက်ဆံရေးပြန်လည်ထူထောင်ဖို့
* အစ္စရေးနဲ့ဆော်ဒီ ဆက်ဆံရေးပိုနီးကပ်ဖို့
* ရေနံထုတ်လုပ်မှု မြှင်တင်ဖို့၊

ရည်ရွယ်ချက် (၃) ခုလုံးမှာ
တခုမှမရပဲ ပြန်လာခဲ့ရလို့
နိုင်ငံတကာမီဒီယာတွေရဲ့ ဝေဖန်တာကို
ဘိုင်ဒင်အကြီးအကျယ်ခံနေရတယ်၊
သာမန်စီးပွားရေးလုပ်ငန်းတချို့ကိုသာ
လက်မှတ်ရေးထိုးနိုင်ခဲ့တယ်၊.

............

ဘိုင်ဒင်ရဲ့ ဆော်ဒီခရီးစဉ်မှာ
ကြိုဆိုတဲ့အခန်းအနားက
အမေရိကန် အရင်သမ္မတတွေလို
မဟုတ်တော့ပဲ အနည်းငယ်
နှိမ့်ချထားတာကိုတွေ့ရပါလိမ့်မယ်၊

............

ပူတင်ရဲ့ အီရန်ခရီးစဉ်မှာ
ရည်မှန်းချက် (၄) ခုပါသွားတယ်၊
ရည်မှန်းချက် အားလုံးကို
ခပ်ပြုံးပြုံးနဲ့ ပူတင်ရသွားခဲ့တယ်၊

...........

ပူတင့်ခရီးနဲ့ ဘိုင်ဒင့်ခရီး
ရလဒ်တွေ ကွာခြားမှုအပေါ်
မီဒီယာတွေက နှိုင်းယှဉ်ရေးသားလာပြီး
ပူတင်ဘာလဲ ?
ဘိုင်ဒင် ဘာလဲ ?
ဆိုတာတွေဖြစ်ကုန်ကြပါတော့တယ်၊

#NayZinLatt ( 21.7.22 ) 🥸
Forwarded from Nay Zin Latt We Love (sansan htay)
.
#မျက်နှာစုံစစ်ပွဲ
" Multifaceted Warfare"

အနောက်ဖက်မှာ ရုတ်တရက်
အပူချိန်မြင့်တက်ပြီး
အပူလှိုင်းကြောင့် လူ "ထောင်ချီ"
သေကြတယ်၊ သစ်တောတွေ
မီးလောင်သလို၊ လူနေအိမ်ခြေတွေအထိ
မီးလောင်လာတာတွေရှိလာတယ်၊

ဒီအချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပါလားလို့
ထင်စရာရှိနေတယ်၊
ပညာရှင်တဦးက ဘာပြောသလဲဆိုတော့ -

" အပူလှိုင်းက စိုးရိမ်စရာ မဟုတ်ပါဘူး
အပူလှိုင်းကိုထိမ်းချုပ်မှုကသာ
စိုးရိမ်စရာ ဖြစ်ပါတယ်" ... ရယ်လို့

... သတိပေးမှု့ဆန်ဆန် ပြောလာတာတွေ့ရတယ်။

............

ပညာရှင်တွေ အတန်တန် တားနေတဲ့ကြားက
Trump လက်ထက်မှာ " ကုန်သွယ်စစ်"
ဆိုတဲ့ Trade war ကိုစတင်ခဲ့တယ်၊
တတိယအဆင့် မရောက်ခင်.. ဒုတိယအဆင့်မှာ
Covid-19 ပေါ်လာပြီး၊ အနောက်အုပ်စုကို
ဒုက္ခပေးတော့တာပါပဲ၊
" တိုက်ဆိုင်မှုလား ? "
" Bio warfare လား ? "

.............

ယူကရိမ်းစစ်ဖြစ်တယ်
ယူကရိမ်းနယ်မြေအတွင်းမှာတော့
သေနတ်တွေ၊ တင့်ကားတွေနဲ့
တိုက်ခိုက်ကြပေမဲ့၊
ယူကရိမ်းပြင်ပ ကမ္ဘာမှာတော့
အပြန်အလှန် ပိတ်ဆို့အရေးယူကြရင်း
နည်းပေါင်းစုံ သုံးလာတဲ့ စစ်ရေးတခု
ဖြစ်လာတယ်၊

အထင်ရှားဆုံးတခုက " စွမ်းအင်စစ်ပွဲ "
ဆိုတဲ့ Energy warfare ဖြစ်ပြီး
အဲ့ဒီ အကျိုးဆက်က တကမ္ဘာလုံးရဲ့
စီးပွားရေးကို ရိုက်ခတ်သွားတယ်၊

တိုက်ဆိုင်တယ်လို့ ပြောရမဲ့
အချိန်ကောင်းတခုမှာပဲ အနောက်ဖက်မှာ
အပူချိန်မြင့်တက်လာပြီး သစ်တောတွေသာမက
လူနေအိမ်ခြေတွေအထိ မီးလောင်လာတာဟာ
စဉ်းစားစရာတခုဖြစ်လာပါတယ်၊

.........

1962 မှာ အမေရိကန်သမ္မတ
လင်ဒါဂျွန်ဆင် Lyndon B.Johnson က -

" He who controls the weather will
control the whole world "

... လို့ ပြောခဲ့တာကို အမှတ်ရစေချင်တယ်၊

"ဥတုရာသီကို ထိမ်းချုပ်နိုင်သူဟာ
တကမ္ဘာလုံးကို ထိမ်းချုပ်သွားလိမ့်မယ်" လို့
အနက်ပေးထားပါတယ်၊

.........

ပူတင်ကလဲ
တတိယကမ္ဘာစစ်ဖြစ်လာခဲ့ရင်
ပထမဆုံး ဗုံးကြဲခံရမဲ့နိုင်ငံဟာ UK ဖြစ်လိမ့်မယ်၊
ရုရှားရဲ့ ပိုဆိုက်ဒွန် တိုပီတိုက အမြင့်ပေ 1000'
ကျော် ရေလှိုင်းတွေနဲ့ ဆူနာမီကို ဖန်တီးပြီး
UK တခုလုံးကို ရေအောက် ဆွဲချသွားလိမ့်မယ်လို့
သတိပေးထားတာ သိပ်မကြာလှသေးပါ၊

ဆိုချင်တာက
ခေတ်သစ် စစ်ရေးမှာ " ဆူနာမီ" တွေကိုတောင်
ဖန်တီးနေနိုင်ပြီလို့ နားလည်နိုင်ရပါလိမ့်မယ်၊

.........

လောလောဆယ်တော့
- Bio warfare
- Energy warfare
- Financial warfare
- Weather warfare တွေကို
သံသယနဲ့တွေ့လာရပြီဖြစ်လို့

Multifaceted warfare ဆိုတဲ့
မျက်နှာစုံ စစ်ပွဲ မိတ်ဆက်နိဒါန်းကို
ကမ္ဘာကြီး စတင်ပြီး နဖူးတွေ့၊ ဒူးတွေ့
ခံစားတွေ့ထိနေချိန်လို့ ပြောနိုင်ပါလိမ့်မယ်၊

#NayZinLatt ( 21.7.22 ) 😅
Forwarded from Nay Zin Latt We Love (sansan htay)
.
#အငိုမျက်လုံး_အပြုံးမျက်နှာ

ပြည်တွင်းငွေကြေးဖေါင်းပွမှုနှုံး 9.1% အထိ
ရှိလာတဲ့အတွက် ခေါင်းကိုက်နေရတဲ့ ဘိုင်ဒင်ဟာ
သူ့သားစုံစမ်းဆေးခံနေရပြီး၊
သူ့အပေါ်ပါတ်သက်မှုတွေ ရှိလာနိုင်တဲ့အတွက်
ခေါင်းခဲနေရပါတယ်၊

ဒေါ်လာအညွှန်းကိန်းကိုမြှင့်ရင်း
ငွေဖေါင်းပွမှုကိုလျော့ချဖို့ ကြိုးစားပေမဲ့
ထင်သလို ဖြစ်မလာပြန်တဲ့အတွက်
နောက်ဆုံး ရှေ့မျက်နှာ နောက်ထားပြီး
တရုတ်သမ္မတ ရှီနဲ့ တွေ့ဖို့ဆုံးဖြတ်လိုက်ပါပြီ၊

တရုတ်သွင်းကုန်တွေကို ပိတ်ပင်ခဲ့တာ
အခွန်တိုးကောက်ခဲ့တဲ့ မူဝါဒပေါ်လစီအမှားကို
အခု ပြန်ခံစားနေရတယ်၊

တရုတ်နဲ့တွေ့ပြီး
- တရုတ်ပစ္စည်းတွေ ပြန်အသွင်းခံမယ်
- အခွန်ငွေ လျော့ပေါ့တာလုပ်ပြီး
ပြည်တွင်း ကုန်ဈေးနှုံးချပါလိမ့်မယ်၊
- ရနိုင်ရင်တော့.... 😁
ရုရှားနဲ့တရုတ်အကြား တခုခုပြောပါလိမ့်မယ်၊

တချိန်က
တကမ္ဘာလုံးကို အပေါ်စီးကဆက်ဆံခဲ့ပြီး
အမိန့်ပေးခဲ့တဲ့ စူပါ ပါဝါအမေရိကန်ရဲ့
သမ္မတဟာ....

- ဆော်ဒီကို ပြေးရ
- တရုတ်ကို ပြေးရ ဆိုတဲ့ မြင်ကွင်းမျိုး
ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကထင်ကြပါမလဲ ?

အမေရိကန်ခေတ် နိဂုံးရဲ့ အဆုံးသတ်အပိုင်းရဲ့
ဇာတ်ဝင်ခန်းလို့ ပြောရင် မမှားလောက်ပါ။

#NayZinLatt ( 21.7.22 ) 😪
Forwarded from Nay Zin Latt We Love (sansan htay)
.
#လက်နက်တခုဖြစ်လာတဲ့
#နိုင်ငံခြားအရံငွေ

Forex ဆိုတာ Foreign Exchange ရဲ့
အတိုကောက်ပါ၊

Forex Reserve ဆိုတာကျတော့
နိုင်ငံခြားအရံငွေကိုဆိုလိုပါတယ်၊
- ငွေသား
- ဘွန်း
- ငွေတိုက်စာချုပ်တွေ
... စသဖြင့် အစုအပေါင်းဖြစ်ပါတယ်၊

(၂) ခုကိုလေ့လာတဲ့အခါမှာ
တူညီတာတခုကတော့
တရုတ်မှာ နိုင်ငံခြားငွေ အရံအများဆုံးဖြစ်ပြီး
$ 3.3 Trillion ရှိနေတယ်၊

ပထမပုံမှာ
ဒုတိယအများဆုံးက ဂျပန်လို့ဖေါ်ပြထားပြီး
ဒုတိယပုံအရဆိုရင်တော့ အိန္ဒိယက
$ 619 Billion နဲ့ ဒုတိယ အများဆုံးဆိုတာ
တွေ့လာရတယ်၊

သာမန်အချိန်မျိုးမှာ
စိတ်ဝင်စားစရာ မကောင်းပေမဲ့
အခုလို ကမ္ဘာကြီး အိုးထိမ်းစက်ထဲ
ရောက်နေတဲ့အချိန်မှာတော့
Forex Reserve ဟာ
အင်မတန်အရေးကြီးတဲ့
လက်နက်တခုအဖြစ် အသုံးဝင်လာတယ်၊

#NayZinLatt ( 21.7.22 ) 🤓
Forwarded from Nay Zin Latt We Love (sansan htay)
💥 ကောင်းပြီ
နစက ကို မီးတိုက်နေတဲ့ကြားက
2022 GDP growth ဘယ်လောက်မှန်းလဲ ?
+1 နဲ့ +3% အကြားရှိမှာပေါ့
ဒါဆိုရင် -18 ကနေ +1 ဖြစ်လာတာဟာ
တိုးတက်မှုလား ?
ဆုတ်ယုတ်မှုလား ?
#အဖြေက_ဒါပါပဲ။

...........

#ရေးချင်တဲ့အဓိကအချက်က -

* Graph ကိုမငြင်းဘူး
( ဒါတောင်မှ WB, IMF, ပြင်ပ မတူကြပါ )

* ဂရပ်တွေရဲ့ သဘောသဘာဝအပေါ်
ရှင်းမပြတဲ့ကိစ္စ

* စနစ်နဲ့ အုပ်ချုပ်ရေး စွမ်းရည်အပေါ်
အခြေခံရမဲ့ အစား၊ လုံးချပြီး
" အာဏာသိမ်းတာကြောင့်" ဆိုတဲ့
ခေါင်းစဉ်အပေါ် ခုခံချေပတာ၊
( ထရမ့်လက်ထက်မှာ ဗခကတွေ
အာဏာသိမ်းဖို့ ပြောခဲ့ဘူးတယ်နော် )

* အကျိုးသက်သက်ဖေါ်ပြတာဟာ
ပညာရပ်နဲ့ မနီးစပ်သူတွေအတွက်
အတွေးအမြင်မှားစေနိုင်တဲ့အတွက်
အန္တရာယ်ရှိပါတယ်၊

* မြန်မာနိုင်ငံဟာ
အရေးကြီးတဲ့ ကာလကို
ဖြတ်သန်းနေတဲ့အတွက် မလိုလားအပ်တဲ့
အတွေးအမြင် လွဲမှားမှုတွေကို
မဖြစ်စေလိုပါ၊

* #အကြောင်း နဲ့ #အကျိုး ကိုဆက်စပ်
ရေးသား ဝေဖန်ခြင်းနဲ့သာ
နိုင်ငံကို အမှန်တကယ် ကူညီရာ
ရောက်စေပါတယ်။

( ဒီလို Opinion မျိုးဆိုတာ
သာမန်လူမျိုးမပြောနဲ့၊ ခပ်လျှမ်းလျှမ်း
ပညာရှင်တွေထဲမှာတောင် စိတ်ကို
အပြောင်းအလဲ ဖြစ်စေလို့ အန္တရာယ်ရှိတယ်၊

အစိုးရထဲမှာလဲ
တုန့်ပြန်နိုင်တဲ့သူတွေ မွေးထားကြပါဦး
တာဝန်မရှိပဲ အပြင်က တုန့်ပြန်ပေးနေရတာ
ကြာတော့ လူမုန်းများတယ်ဗျာ )

#NayZinLatt ( 22.7.22 ) 😪
Forwarded from Nay Zin Latt We Love (sansan htay)
#မြန်မာဟာ_သီရိလင်္ကာလို_ဖြစ်နိုင်သလား ?

ဆိုတဲ့အပေါ်မှာ -

"Yes"
"No" ဆိုပြီး...
(၂) အုပ်စုကိုတွေ့ရတယ်၊

Less Probability ,
Least Probabilty

More Probability ,
Most Probabilty လို့
သုံးသင့်ကြတယ်၊

State intervention ကောင်းရင်
ကယ်ထုတ်သွားနိုင်သလို...
ဆန့်ကျင်ဖက်ဆိုရင်လဲ ရေနစ်သွားနိုင်တယ်၊

မူဝါဒဆိုင်ရာနဲ့
အခြေခံအချက်တွေအရဆိုရင်
Less Probability လို့
မိမိသဘောအရမြင်တယ်၊
ဒါပေမဲ့ ခြုံခိုအတိုက်ခံရရင်
အစိုးရကို ကောင်းကောင်း ဒုက္ခတော့
ပေးနိုင်တာ အမှန်ပဲ၊
ကာကွက်တွေရှိတယ်
ခြုံခိုသူတွေ၊ အသွင်ယူထားသူတွေကို
နည်းပေးလမ်းပြဖြစ်မှာစိုးလို့
မရေးတော့ဘူး၊ 😁

#NayZinLatt ( 22.7.22 ) 😂
တတိယကမ္ဘာစစ်ဖြစ်တော့မှာလား?


.
#တတိယကမ္ဘာစစ်ဖြစ်ချင်သလား ?

ထိုင်ဝမ်အရေးက
ယူကရိမ်းထက်တောင် ပိုပြီး စိန်ခေါ်မှုတွေ
ရှိနေတာတွေ့ရတယ်၊

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန
ပြောရေးဆိုရေးရှိသူက -

" တရုတ်ဆိုတာ ပြောတဲ့အတိုင်းလုပ်တတ်သူနော် "

" နန်စီကိုပြောလိုက်စမ်းပါ
သူမရဲ့ထိုင်ဝမ်ခရီးဟာ တတိယကမ္ဘာစစ်
ဖြစ်ဖို့လောက်အထိ စွန့်စားမှုနဲ့
မထိုက်တန်လှဘူး" .... ဆိုတာကို။

တရုတ်ဖက်က
ထိုင်ဝမ်အရေးမှာ တတိယကမ္ဘာစစ်အထိ
မျှော်မှန်းထားပုံရတယ်၊

.........

ရက်ပိုင်းအတွင်း
ကမ္ဘာကြီးကို အဖြေတခု ပေးတော့မှာပါ

ကမ္ဘာ့နံပါတ် (၁) ဆိုတဲ့ ပလ္လင်ဟာ
အမေရိကန်အတွက်လား ?
တရုတ်အတွက်လား ?
.... ဆိုတဲ့အဖြေဖြစ်ပါတယ်၊

...........

1970s ကာလတွေတုန်းကတော့
အမေရိကန်ရဲ့ ကာကွယ်ရေးစွမ်းအားဟာ
စစ်မျက်နှာကြီး (၂) ခုကို တပြိုင်နက်ထဲ
တိုက်ခိုက်နိုင်တဲ့အထိ ပြင်ဆင်ထားခဲ့ပေမဲ့
နှစ် (၅၀) ကျော်လာတဲ့အချိန်မှာ
ရုရှားစစ်မျက်နှာ တခုထဲကိုတောင်
ထိမ်းနိုင်တော့ချင်းမရှိတဲ့အတွက်
တရုတ်နဲ့ အမေရိကန် ထိတ်တိုက်တွေ့ဖို့
အတော်စဉ်းစားရမဲ့ အခြေအနေမျိုးပါ။

ကိုဘဒင်ရေ
မှားပြီးရင်းမှားနေတာပဲနော် ?
ဘာကြောင့် High stake မျိုးမှာ
မှားရတာလဲဗျာ ⁉️

ဖြစ်စဉ်တွေကိုဆက်စပ်တွေးကြည့်ရင်
အဖြေတွေ့ပါလိမ့်မယ်၊
အာဖဂန်ကိစ္စမှာထဲက အဖြေထုတ်ပေးထားဘူးပါတယ်။

#NayZinLatt ( 29.7.22 ) 🤓
Forwarded from Nay Zin Latt We Love (sansan htay)
.
#အစွယ်လိုသူမိဘုရား

ပလိုစီက မီးရှို့သွားတယ်
အပျိုကြီးက ဒုက္ခပင်လယ်ဝေကျန်ခဲ့တယ်
အားပေးတဲ့ ဂျပန် ကသူ့စီးပွားရေးဇုံအပေါ်
ဒုံးပျံကျလာပါသတဲ့၊

Targeted military action လုပ်မယ်လို့
ရေးသူလဲ (၃) ရက်အဘန်းခံလိုက်ရတယ်၊

ထိုင်ဝမ်ဟာ
တိုက်စရာတောင်မလိုဘူး
ဒုံးပျံလေးပစ်ပြလိုက်တာနဲ့
Supply chain "ထောက်ပံ့ဆက်ကွင်း"
တခုလုံး ဖြတ်ပြီးသားဖြစ်လို့
အစိုးရ အလိုလိုပြုတ်ကျလိမ့်မယ်လို့
ရေးခဲ့တာတော့ ဖြစ်လာပြီနော်၊

ပလိုစီက လူလယ်မကြီး
နောက်သက်တမ်း ထပ်အရွေးခံရအောင်
ထိုင်ဝမ်ကို ရက်ရက်စက်စက်
အသုံးချသွားခဲ့တယ်၊

#NayZinLatt ( 5.8.22 ) 🤒
Forwarded from Nay Zin Latt We Love (sansan htay)
.
#လူတော်ကြီးဆိုတော့_အကုန်ကြိုမြင်တယ်

" မြန်မာနိုင်ငံကို အောင်ဆန်းစုကြည်အနေနဲ့
နိုင်နင်းအောင် အုပ်ချုပ်နိုင်မှာ မဟုတ်ဘူး၊
အုပ်ချုပ်ခဲ့ရင် ဘော့စ်နီးယား၊
ဟာဇီဂိုးဘီးယားတွေလို တစစီ
ပြိုကွဲသွားလိမ့်မယ်၊ ဒါကြောင့် သူမဟာ
နိုင်ငံရေးသင်္ကေတ တခုအနေနဲ့ပဲ ရှိသင့်တယ် "
( 1996 ထဲက လီကွမ်ယူသုံးသပ်ချက်ပါ )
ဟုတ်-မဟုတ်ကတော့ မြင်တဲ့အတိုင်းပဲ။

အဲ့ဒီအပြင်
Lee နဲ့အထူးအင်တာဗျူးမှာ
- အမေရိကန်ရဲ့ကဏ္ဏ
- အနာဂါတ်မှာ တိုးတက်လာမဲ့ တရုတ်
- စင်္ကာပူရဲ့ အနာဂါတ်တွေအကြောင်း
သူဖြေခဲ့တာတွေဟာ
တခုမှ မလွဲခဲ့ဘူး၊

လူတော်တွေဟာ
အနာဂါတ်ကို ကြိုမြင်ကြလေ့ရှိတယ်၊

#NayZinLatt ( 20.8.22 ) ☺️
Forwarded from Nay Zin Latt We Love (sansan htay)
.
#အမေရိကန်_တရုတ်စစ်ဖြစ်ဖို့
တဖြည်းဖြည်းနီးစပ်လာပြီ၊
နိုင်ငံရေး ဂုရုကြီး ကစ်ဆင်ဂျာကလဲ
အမေရိကန်ဟာ ရုရှား (သို့) တရုတ်နဲ့
စစ်ဖြစ်နိုင်ခြေတွေရှိနေတယ်လို့
သတိပေးထားဘူးတယ်၊

နှစ်ဖက်ထိမ်းသိမ်းခြင်းကသာ
အကောင်းဆုံး စစ်ရှောင်နည်းဖြစ်ပါလိမ့်မယ်၊
ကိုယ့်နိုင်ငံစစ်ထဲမပါလို့ ကိစ္စမရှိဘူးလို့လဲ
ယူဆလို့မရပြန်ပါဘူး၊
စစ်ကြောင့် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေက
နိုင်ငံအားလုံးကို သက်ရောက်စေပါတယ်၊

#NayZinLatt ( 21.8.22 ) 🌿
Forwarded from Nay Zin Latt We Love (sansan htay)
.
#စေတနာအကျိုး

မေတ္တာရဲ့ အင်တာဗျူးကိုနားထောင်ပြီး
ရင်ထဲမှာ ဝမ်းသာဝမ်းနည်း ခံစားလိုက်ရတယ်၊

ဗုဒ္ဓဘာသာရဲ့
စေတနာအရင်းခံ ဒိဋ္ဌလက်ငင်း အကျိုးပေး
ထင်ရှားပုံကိုလဲ တွေ့လိုက်ရတယ်၊

သူ့အမေလေဖြတ်တယ်၊ ဆေးရုံတင်ရတယ်
လက်ထဲငွေမရှိဘူး
အမေ့အပေါ်စေတနာရှိတဲ့သားကို
တွံတေးဖက်မှာ (၂) ည ကဖို့လာငှားတယ်
တည (၇) သိန်းနဲ့ (၂) ညစာ (၁၄) သိန်း
သဘောတူကြတယ်၊

(၂) ည ကပြီးမပြန်ခင်
ဇာတ်ငှားတဲ့ အမေကြီးကိုကန်တော့ဖို့သွားတော့
အမေကြီးက (၂၅) သိန်းပေးတယ်၊
တချိန်က ဆိုကြမယ်၊ ကကြမယ်မှာ
မေတ္တာကူညီလိုက်တဲ့ အဆိုသစ်လေးရဲ့
အဖွားဖြစ်နေတယ်၊ အဆိုသစ်လေးက
သူ့အဖွားကို ပြောပြထားလေတော့
ချမ်းသာတဲ့အဖွားက မေတ္တာကို
ပြန်ကြည့်ပေးလိုက်တာပဲ၊

အမေ့ကျေးဇူးသိတတ်တဲ့ စေတနာ
အဆိုသစ်လေးကို ကူညီခဲ့တဲ့စေတနာ
အဲ့ဒီစေတနာတွေရဲ့ အကျိုးကို
ဒိဋ္ဌလက်ငင်း ပြန်ခံစားရတာ၊

- ကောင်းတဲ့စေတနာအတွက်
ကောင်းကျိုးပြန်ပေးသလို
- စေတနာဆိုးတွေအတွက်လဲ
ဆိုးကျိုးတွေပြန်ရမှာဖို့

လူတိုင်းအပေါ်
ကောင်းတဲ့စေတနာတွေပဲ ထားနိုင်ကြပါစေ။

#NayZinLatt ( 21.8.22 ) 🌿
Forwarded from Nay Zin Latt We Love (sansan htay)
. #စစ်နဲ့အင်္ဂါအဖေါက်

၃င်္ဂါဖေါက်ဖို့ (၂) ပါတ်ပဲလိုတော့တယ်
တရုတ်က သူ့နိုင်ငံသားတွေ ယူကရိမ်းက
(၂) ပါတ်အတွင်း ထွက်ခွာဖို့ သတိပေးပြီ၊
အခြားနိုင်ငံအချို့က သူတွေကိုလဲ
ဆိုင်ရာအစိုးရတွေက ထွက်ခွာဖို့ကြေငြာတယ်၊

ဘယ်လာရုစ်ကလဲ ရုရှားနဲ့အတူ
စစ်ဆင်နွှဲဖို့အသင့်ဖြစ်နေပြီ၊
ယူကရိမ်းထဲမှာ ရုရှားစစ်သည် (၄၅၀,၀၀၀) လောက်
ဝင်ထားပြီးပြီ၊

ယူကရိမ်းကို ရုရှားက Tectical nuke သုံးရင်တောင်
ပြင်သစ်က ဘာမှလုပ်မှာ မဟုတ်ဘူးလို့
ကြိုကာတဲ့စကား ပြောတာအလကားမဟုတ်ဘူးထင်ရဲ့၊

ယူကရိမ်းစစ် စတော့
တရုတ်အိုလံပစ် ပြီးအောင်စောင့်တယ်
တရုတ်ရဲ့ CCP ညီလာခံက နောက် (၃-၄) ရက်မှာ
ပြီးမယ်၊
ယူကရိမ်းတပ်မှုးအသစ်ပြောင်းထားသလို
Poseidon တွေကို နိုင်ငံကြီးတွေအနားမှာ
နေရာကြိုချထားတာ လက်ဦးမှုအတွက်
ကြိုတင်ပြင်ဆင်ခြင်းထဲကတခု၊

ကိဗ်ကို ဗုံးမိုး ဒရစပ်ရွာချထားတာ
ဒီနေ့အထိပဲ၊ Nov လထဲလောက်မှာ
တိုက်ပွဲကြီးတွေ ပြင်းပြင်းထန်ထန်
တွေ့ရလိမ့်မယ်နဲ့တူတယ်၊

ဇလန်စကီး ပြေးမလား ❓
အသေခံမလား ❓
စစ် စဖြစ်ကထဲက Regime change အထိ
လုပ်လိမ့်မယ်လို့ ကြိုတင် သုံးသပ်ခဲ့တာ
အခု အချိန်ရောက်လာပြီ၊

မြန်မာပြည်တွင်းမှာလဲ
စစ်ကိုမခေါ်ကြပါနဲ့
အင်္ဂါအဖေါက်ဟာ မြန်မာနဲ့လဲ
သက်ဆိုင်နေလို့ပါ။

#NayZinLatt ( 16.10.22 )🤒
. #မွန်းမတည့်ခင်_ဝင်ခဲ့ရသောနေတစင်း

ကမ္ဘာ့စာမျက်နှာတွေမှာ နေရာယူသွားတာကတော့
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်းအကြောင်း
ဖြစ်ပါတယ်၊ 25.6.23 နေ့ကစပြီး လူမြင်ကွင်းက
ပျောက်ကွယ်သွားတဲ့ ချင်ဂန်းကို တစ်လတိတိအကြာ
25.7.23 မှာပဲ တာဝန်က အနားပေးလိုက်တဲ့
သတင်းထွက်လာတယ်၊

အတော်စောစောကထဲက သတင်းတွေ
ထွက်လာပေမဲ့၊ ဘယ်သူကမှအတည်မပြုနိုင်ခဲ့သေးပါ
လောလောဆယ် ကောလဟလ သတင်းအရ
ချင်ဂန်းဟာ CIA နဲ့ဆက်စပ်ပြီး Double agent
ဖြစ်တဲ့ Fu Xioatian ဆိုတဲ့ သတင်းထောက်မလေးနဲ့
" Talk with World Leaders " မှာ
အင်တာဗျူးရင်း ခလေးတယောက် ရခဲ့တာကြောင့်
လို့ သတင်းတွေထွက်လာပါတယ်၊

တရုတ်ဖွဲ့စည်းပုံအရဆိုရင် "ချင်" ဟာ
အသက်အတော်ငယ်တဲ့ နိုင်ငံခြားရေးဝန်ကြီး
ဖြစ်ပြီး၊ ထွန်းတောက်လာမဲ့ ကြယ်တပွင့်လို့
ပါတီထဲမှာ နာမယ်ရထားသူဖြစ်ပါတယ်၊
သမ္မတကြီး ရှီနဲ့ ရင်းနှီးပြီး အားကိုးခံရသူလဲ
ဖြစ်တာမို့ "ချင်" ကိစ္စဟာ သမ္မတ ရှီ အပေါ်မှာ
အတော်လေးရိုက်ခိုက်သွားခဲ့တယ်၊

တဆက်ထဲမှာပဲ တရုတ်ဗဟိုဘဏ် ဥက္ကဌ
Yi Gang နေရာကို Pan Gingsheng နဲ့
အစားထိုးခန့်အပ်လိုက်တာကိုလဲ တွေ့ရတယ်၊

သာမာန် Extramarital affair ဆိုတဲ့
အိမ်ထောင်ရေး ဖေါက်ပြန်မှုကြောင့်မဟုတ်ပဲ
နှစ်ဖက်ချွန်ထောက်လှမ်းရေးမယ်နဲ့
ဖြစ်ခဲ့တာကြောင့်.... ချင်ဂန်းနဲ့ ဆက်စပ်သူ
ထိတ်ပိုင်းခေါင်းဆောင်တွေကိုပြသနာ
ကူးစက်မှုတွေ ရှိလာပါလိမ့်မယ်၊

#NayZinLatt
. #နိုင်ငံရေးဂယက်ထလာနှိုင်

မနက်ဖန်မှာ ကျင်းပမဲ့ ဝန်ကြီးချုပ်လောင်း
ရွေးပွဲကို အချိန်အကန့်အသတ်မရှိ
ရွှေ့ဆိုင်းလိုက်တယ်လို့ လွှတ်တော်က
ယနေ့ကြေငြာလိုက်တယ်၊

MFP ခေါင်းဆောင် ပီတအနေနဲ့
ဝန်ချုပ် မဖြစ်နိုင်တော့မှန်းသေခြာခဲ့လို့
ဒုတိယအနိုင်ရ ဖွေထိုင်းပါတီ အဆိုပြုမဲ့
ဝန်ချုပ်အပါအဝင် အခြားအမည်စာရင်း
တင်သွင်းသူတို့ထဲက တယောက်ယောက်ကို
အတည်ပြုပေးရမှာဖြစ်ပါတယ်၊

ဘာကြောင့် ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့
အကြောင်းရင်းနဲ့ ဘာကြောင့် အချိန်အကန့်အသတ်မရှိ
ရွှေ့ဆိုင်းရတယ်ဆိုတာကိုဖေါ်မပြထားလို့
ထိုင်းမှာ နိုင်ငံရေး ဂယက်ထလာနိုင်ဖွယ်ရာရှိလာပါလိမ့်မယ်။

#NayZinLatt
. #ရွေးခြယ်စရာမရှိတော့တဲ့_ယူကရိမ်း

Washington Post ကတော့ ယူကရိမ်းကို
ရွေးခြယ်စရာ မရှိတော့ဘူးဆိုပြီး ရေးလာပြီ
အခြေအနေကလဲ အဲ့သလိုဖြစ်လာတယ်

- စစ်ဆက်တိုက်မှာလား
- စကားပြောကြမလား

တခုခုကိုတော့ ဇလန်စကီးရွေးရတော့မယ်
ဒါပေမဲ့ ပြဿနာက.... သူ့စိတ်နဲ့သူ့ကိုယ်
ဆုံးဖြတ်လို့မရတာပဲ၊ အမေရိကန်ရဲ့ ဆန္ဒကို
မလိုက်လျောချင်ပေမဲ့လဲ ကြိုးဆွဲရာ
"က" ရတော့မဲ့အဖြစ်၊

နေတိုးအဖွဲ့ဝင် ဟန်ဂေရီက -
" ယူကရိမ်းအနေနဲ့ စစ်ကိုဆက်တိုက်နေရင်လဲ
နယ်မြေတွေ ရုရှားလက်ထဲ တိုးတိုးပါသွားတဲ့
အဖြစ်မျိုးနဲ့ပဲ ကြုံရလိမ့်မယ် "

အမေရိကန်ကလဲ ပြောပြီ
Ballistic missile ပဲ့ထိမ်းဒုံးတွေ အမေရိကန်မှာ
မလုံလောက်တော့ဘူး တဲ့၊

စစ်ပွဲ အခြေအနေ တမျိုးတဖုံ
ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ထားတဲ့
တန်ပြန်ထိုးစစ်မှာ ယူကရိမ်းဖက်က
အထိနာသွားကထဲက အမေရိကန်ရော
NATO ရော ဇလန်စကီးအပေါ်
မျှော်လင့်ချက် မဲ့သွားပုံရတယ်၊

လောလောဆယ် အချက်အခြာကျတဲ့
နယ်မြေတွေအပါအဝင် ယူကရိမ်းနယ်မြေ
၂ဝ% လောက်ကို ရုရှားဖက်က ထိမ်းချုပ်
ထားတဲ့အတွက်.... စစ်ကိုရပ်လိုက်ရင်တောင်
အဲ့ဒီနယ်မြေတွေကို ပြန်ပေးမှာ
မဟုတ်တော့ပါဘူး၊

စစ်စတုန်းက ဘိုင်ဒင် (၄-၅) ခါမက
ပြောခဲ့တာ မှတ်မိသေးတယ်၊

" 2014 ခရိုင်းမီးယားအဖြစ်မျိုး
ဘယ်လိုမှအဖြစ်ခံမှာ မဟုတ်ဘူး "

2022 ယူကရိမ်းစစ်က
2014 ခရိုင်းမီးယားစစ်ထက်တောင်
ပိုဆိုးသွားတာကို တွေ့နိုင်ပါလိမ့်မယ်၊
ဘိုင်ဒင်လက်ထက်
ဇလန်စကီးလက်ထက် စစ်ပွဲမှာ
ယူကရိမ်းနယ်မြေ 20% ကိုလက်ဆောင်အဖြစ်
ရုရှားတွေကို ပေးလိုက်ရတယ်ဆိုတဲ့
သမိုင်းတခု တွင်သွားတာရယ်...

အဲ့ဒီစစ်ကို အမေရိကန်နဲ့ NATO ပေါင်းပြီး
တိုက်ခဲ့တာတောင်မှ ရုရှားကို မနိုင်ခဲ့ဘူး
ဆိုတာတွေရယ်ဟာ.... သမိုင်းစာမျက်နှာက
ဖျက်မရတော့မဲ့ ခါးသီးတဲ့ မှတ်တမ်းတွေ
ဖြစ်လာရတော့မှာပါ ။

#NayZinLatt.