🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.04K videos
4 files
764 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Forwarded from The Fighters Media (TFM) (Bo Kyaw)
Fact Check
^^^^^^^^^^^
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီးမှာ ကင်းပုန်းဝတ် နေတဲ့ စစ်ကောင်စီတပ်နဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမအတိုင်း မောင်းနှင်းလာတဲ့ ၄၁ စီးပါ စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်း အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်ကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ခရီးသွားကလေးငယ် ၁ ဦး သေနတ်ကျည်ထိမှန်သေဆုံးပြီး အမျိုးသား ၁ ဦး နဲ့ ကလေးငယ် ၁ ဦး ပြင်းထန်းဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကပြောကြောင်း DVB Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#တိုက်ပွဲဖြစ်စဉ်မှန်ပါတယ်။
#သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီးမှာ KNLA ပူးပေါင်း အဖွဲ့မှ စကစ ယာဉ်တန်းကို ချောင်မြောင်းပစ်ခတ်ရာ စကစ ယာဉ်တန်းကို မထိပဲ ပြည်သူ တစ်ဦးရဲ့ ကားတစ်စီးကို ထိမှန်ကာ ကားပေါ်ပါ ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရပါတယ်၊။

#FCMm
Forwarded from FACT CHECK
Fact Check
^^^^^^^^^^
မန္တလေး မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြားရှိ ရဲမွန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ နေ့လယ် ၃ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရကြောင်း Mizzima Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#ဖြစ်စဉ်မှန်ပါတယ်တယ်။
# မန္တလေး မဟာအောင်မြေမြို့နယ်ရဲမွန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး စကစတပ်သား(၁)ဦးနဲ့ ရဲ(၂)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။

#FCMm
Forwarded from FACT CHECK
Fact Check
^^^^^^^^^^
ကျေးရွာများတွင် ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများကို စစ်တပ်က လုယက်ပြီး မြင်မြင်သမျှ ပြည်သူများကို PDF ဟု အမည်တပ် သတ်ဖြတ်မှုများရှိဟု တပ်မ ၆၆ ၊ တပ်ရင်း ၁၀၈ မှ CDM တပ်သား ဇော်ထိုက် ပြောဆို၊ စစ်တပ်အင်အား ချိနဲ့နေပြီဟုဆို ကြောင်း Khit Thit Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။
#စကစ ဘက်ကထွက်ပြေးသူ အချို့ဟာ PDF ဘက်ရောက်လျှင် စကစ အင်အားနည်းနေကြောင်း၊ ပြည်သူနေအိမ်များကို ဖျက်ဆီးကြောင်း၊ ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ကြောင်းနှင့် ပစ္စည်းများအား လုယက်ကြောင်းတို့ကို အမြဲပြောနေကြပါတယ်။
#တကယ့်လက်တွေ့မြေပြင်မှာတော့ စကစ အဖွဲ့တွေက ယခုကဲ့သို့လုပ်ဆောင်ခြင်းမရှိပဲ PDF များမှ နေ့စဉ် လူသတ်ခြင်း၊မီးရှို့များ ဓာပြတိုက်ခြင်းများဆောင်ရွက်လျက်ရှိပါတယ်။
#စကစ အင်အားချိနဲ့မှု ရှိ/မရှိကတော့ မြေပြင်မှာ အသက်ပေးသွားရတဲ့ PDF တွေက သက်သေပဲဖြစ်ပါတယ်။

#FCMm
Forwarded from FACT CHECK
Fact Check
^^^^^^^^^^
မကွေးတိုင်း၊ မြိုင်နယ်၊ ဆူးဝင်းလမ်းခွဲအနီး၊ မြိုင် - ဗဟင်းလမ်းမကြီး ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ မတ်လ ၃ဝရက်နေ့ နံနက် ၇နာရီ ၃ဝမိနစ်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Myaing Villages Revolution Front တပ်ဖွဲ့ထံမှသိရကြောင်း Khit Thit Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။
# မြိုင်နယ်၊ ဆူးဝင်းလမ်းခွဲအနီး၊ မြိုင် - ဗဟင်းလမ်းမကြီး ပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် PDF များတိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိပါ။ လိမ်လည်ပြီးတင်ထားသော သတင်းအမှားတစ်ခုသာဖြစ်ပါတယ်။

#FCMm
Forwarded from FACT CHECK
Fact Check
^^^^^^^^^^
မန္တလေးတိုင်း၊ မိုးကုတ်မြို့က အောင်ချမ်းသာစာသင်ကျောင်းမှာ မတ် ၂၆ ရက် ဒီနေ့ မနက် ၁၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကသိရကြောင်း DVB Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#ဖြစ်စဉ်မှန်ပါတယ်။
#မိုးကုတ်မြို့က အောင်ချမ်းသာစာသင်ကျောင်းကို PDF များမှ စစ်ကောင်စီလက်အောက်တွင် ပညာသင်ကြားပေးနေသည့်အတွက်ဟုဆိုကာ အကြမ်းဖက်ဗုံးတိုက်ခိုက်ခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့်ကလေးငယ်များ ထိခိုက်မရှိကြောင်းသိရပါတယ်။
#ဒီလို စစ်ရေးနဲ့မသက်ဆိုင်ဘဲ အနာဂတ်ရဲ့ကလေးတွေ ပညာသင်ကြားနေတာကို အကြမ်းဖက်တိုက်ခိုက်တဲ့လုပ်ရပ်ဟာ တာလီဘန်ရဲ့လုပ်ရပ်နှင့်အတူတူပဲဖြစ်ပါတယ်။
#အကြမ်းဖက်သမားတွေကျရှုံးပါစေ။

#FCMm
Forwarded from FACT CHECK
Breaking News

PDFများမှ စာသင်ကျောင်းကို မိုင်းခွဲပြီးလောင်ချာဖြင့်ပစ်

ဒီနေ့ မနက် ၉ နာရီကျော်လောက်က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်မှာရှိတဲ့ အလက(မြောက်အင်း)စာသင်ကျောင်းမှာ ကလေးများ စာမေးပွဲဖြေနေစဉ် အကြမ်းဖက်သမားများမှ လက်လုပ် Remote မိုင်းတစ်လုံးဖောက်ခွဲ၍ ၄၀ မမ လောင်ချာဖြင့် ၃ ချက်ပစ်ခတ်ခဲ့သည်။
၄၀ မမ ဗုံးသီး ၃ လုံးသည် ကျောင်း၏တန်းစီကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မိုင်းကွဲမှုနှင့် ပစ်ခတ်မှု ဖြစ်စဉ်တွင် ကျောင်းသား/သူများ၊ ဆရာ/မများနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရ ပါသည်။
NUG ၏ကြိုးကိုင်စေခိုင်းချက်အရ PDF အကြမ်းဖက်များအနေဖြင့် စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးမှု (၁၃၀) ကြိမ်ခန့်၊ စာသင်ကျောင်းအား ဗုံးခွဲတိုက်ခိုက်မှု (၃၇၀)ကြိမ်ခန့်နှင့် လက်နက်ကြီး/ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၅)ကြိမ်ခန့်ရှိပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရာလမ်းကြောင်းကို မနာလို၊ မရှုစိမ့်တဲ့ ယုတ်မာပက်စက်သောအကြံဖြင့် ဖျက်လိုဖျက်ဆီး လုပ်ကြခြင်းဖြစ်ပါတယ်။
အကြမ်းဖက်သမားများ၏ ယုတ်မာသောအကြမ်းဖက်လုပ်ရပ်အား အပြင်းအထန် ရှုံ့ချပါတယ်။

#FCMm
Forwarded from FACT CHECK
Fact Check
^^^^^^^^^^^
တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ရမ္မဇူရွာနှင့် လိပ်ကြယ်ပြောင်ရွာအကြား ဆီဘောက်ဆာကား နှစ်စီး ယနေ့ ဧပြီလ ၁ရက်နေ့ နေ့လယ်ပိုင်းအချိန်က မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရကြောင်းMizzima Page ကတင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#ဖြစ်စဉ်မှန်ပါတယ်။
# ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ရမ္မဇူရွာနှင့် လိပ်ကြယ်ပြောင်ရွာအကြားမှာ ပြည်သူပိုင် ဆီဘောက်ဆာကား နှစ်စီးကို KNLA+PDF ပူးပေါင်းအဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ကားသမားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရပါတယ်။ စကစမှ ၎င်းတို့၏နေရာများကို လိုက်လံတိုက်လိုက်နေသည့်အတွက် ရှုံးမဲ မဲပြီး ဘာလက်နက်မှ မရှိတဲ့ပြည်သူများနှင့် ပြည်သူပိုင်ပစ္စည်းများကို သတ်ဖြတ်ခြင်း မီးရှို့ခြင်းများ ဆက်တိုက်ဆောင်ရွက်လာကောင်းသိရပါတယ်။

#FCMm
Forwarded from FACT CHECK
Fact Check
^^^^^^^^^^^
ကရင်နီပြည်တွင် တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စခန်းကုန်းတစ်ခုအားသိမ်းဆည်းနိုင်ကာ စစ်ကောင်စီတပ်သား ၂၃ ဦးသေဆုံးပြီး KNDF ရဲဘော်တစ်ဦးကျဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ မတ်လ စတုတ္ထအပတ် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း Mizzima Page ကတင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။
# ယခုတစ်ပတ်တာအတွင်း စကစ စခန်းကို ကရင်နီအဖွဲ့များ ဝင်ရောက်တိုက်ခိုက်သည့်ဖြစ်စဉ်မရှိပဲ ချောင်းမြောင်းပစ်ခတ်သည့်ဖြစ်စဉ်ချိူ့သာရှိခဲ့ပါတယ်။ အဆိုပါ ချောင်းမြောင်ပစ်ခတ်မှုများအတွင်း စကစတပ်သား တစ်ဦး ကျဆုံးပြီး (၂)ဦးသာဒဏ်ရာရရှိခဲ့ပါတယ်။
#မတ်လအတွင်းမှာ ကရင်နီအခြေပြုရာနေရာများကို စကစ များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်သည့် ဖြစ်စဉ်များသာရှိပြီး ကရင်နီများဘက်မှ (၁၃)ဦးကျဆုံးပြီး (၈)ဦး ဖမ်းမိခံထားရကြောင်း သိရပါတယ်။

#FCMm
Forwarded from FACT CHECK
Fact Check
^^^^^^^^^^^
ရှမ်းပြည်နယ် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နမ့်မို့ရွာမှာ မတ်လ ၃၀ ရက်နေ့က ရွာထဲကိုရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက စစ်သားတွေဟာ ရွာသားတွေကို သူတို့နေဖို့ တပ်စခန်းတွေကို အဓမ္မချောဆွဲပြီးဆောက်ခိုင်းနေကြောင်း Mizzima Page ကတင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။
# နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နမ့်မို့ရွာအနီးမှာ စကစများ လခရ ဆောင်ရွက်နေခြင်းသာဖြစ်ပြီး တပ်စခန်းတည်ဆောက်ရန် ရွာသားများအား ခေါ်ယူခိုင်းစေခြင်းများလုံးဝမရှိပါ။ Mizzima Page မှလုပ်ကြံပြီးတင်ထားသော သတင်းအမှားတစ်ခုသာဖြစ်ပါတယ်။

#FCMm
Forwarded from FACT CHECK
Fact Check
^^^^^^^^^^^^^
မန္တလေးမြို့မှာ ဇူလိုင် ၁၃ ရက် မနက် ၁ နာရီခွဲကျော်က စင်တင် စားသောက်ဆိုင်တဆိုင်ကနေ ပြန်လာတဲ့ ကားတစီးကို စစ်ကောင်စီ တပ်က သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်ခဲ့ရာမှာ အမျိုးသား သုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ DVB TV News Page က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#လုပ်ကြံသတင်းတစ်ခုဖြစ်ပါတယ်။
#၁၃-၇-၂၀၂၂ ရက် မန္တလေးမြို့ပေါ်မှာ အမျိုးသား ၃ ဦး သေနတ်နဲ့ပစ်ခတ်ခဲ့ရတယ် ဆိုတဲ့ သတင်းဟာ မဟုတ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရှိရပါတယ်။
#DVB TV News Page မှ ဖြစ်စဉ်မရှိဘဲ အေးချမ်းစွာ သွားလာနေထိုင်လျက်ရှိသော အများပြည်သူများအား အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လိမ်လည်ရေးသားထားတဲ့ သတင်းအတုသာဖြစ်ပါတယ်။
#FCMm