🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.12K subscribers
12.4K photos
1.01K videos
4 files
728 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
မန္တလေး အထက ၁၆ မှ ကျောင်းအုပ်ကြီး ဒေါက်တာ သန်းထိုက်စိုး သိစေရန် ကျောင်းသားမိဘတစ်ဦးမှ ပေးစာဖြစ်ပါသည်

ဆရာကြီးရှင့် ကျွန်မ၏ကလေးသည် ၁၆ ကျောင်းတွင် မူလတန်းတတ်ရောက်နေပါသည်ရှင့် ကျွန်မ၏ ကလေးသည် အပြင် ကျူရှင်လုံးဝ မတတ်ပါ အိမ်ရောက်သည်နှင့် ကျွန်မတို့က ပြန်လည်စစ်ဆေးပြီး ထပ်ဆင့်ပြန်လည်သင်ပြပေးလျက်ရှိပါသည် ကျွန်မ၏ ကလေးသည်လည်း စာအတော်ကြီး မဟုတ်သော်လည်း စာညံ့သည့်အထဲတော့ မပါ ပါဘူးရှင့် ကိုယ့်ငါးချဥ် ကိုယ်ချဥ်တာ မဟုတ်ရပါဘူးရှင့် ​အဓိကပြောချင်တာက ကျွန်မ၏ ကလေး သင်သောအတန်းပိုင်ဆရာမသည် သင်ခန်းစာများကို သေချာရှင်းလင်းစွာ မသင်ပြပဲ အစောတလျှင် သင်နေခြင်းပဲဖြစ်ပါသည် ဥပမာ သင်္ချာတစ်ပုဒ်ကို ဒီအတိုင်း ကျောက်သင်ပုန်းပေါ်တွက်ပြပြီး ရှင်းလင်းမှုမရှိပဲ နောက်ထပ်ပုဒ်စာများကို တွက်ခိုင်းသည်မှာ တရားနည်းလမ်းမကျသည်ဟု ယူဆမိပါသည် ထို့ကြောင့် ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးမှ ကြပ်မတ်စေလိုပါသည်ရှင့်

လေးစားစွာဖြင့်
ကျောင်းသားမိဘ တစ်ဦး

#မန္တလေး
#BEHS16
#ပေးစာ