🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.1K subscribers
12.6K photos
1.02K videos
4 files
746 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
သပြေညိုသတင်းလွှာအတွက် အလှူငွေကောက်ခံသူ ၂ ဦးနဲ့ စစ်ရေးသတင်းပေးပို့သူ ၄ ဦး ဖမ်းဆီးခံရ
====================================================

၂၉. ၆. ၂၀၂၃
Written by Nay Moe

မန္တလေးမြို့အခြေစိုက်ပြီး လခရတွေရဲ့ မြေပြင်လှုပ်ရှားမှုသတင်းကို စုစည်းဖော်ပြပေးနေတဲ့ သပြေညို သတင်းလွှာ Facebook Page အတွက် အလှုငွေကောက်ခံပေးသူ ၂ ဦးနဲ့ လခရတပ်တွေရဲ့ နယ်မြေလှုပ်ရှားမှုသတင်းတွေ ​ပေးပို့နေတဲ့ ၄ ဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

လက်ရှိဖမ်းဆီးခံထားရတဲ့ တရားခံ ၆ ဦးမှာ အလှူငွေကောက်ခံပေးသူ တရားခံ ၂ ဦးက သဲနုဆွေ (၂၂ နှစ်) နဲ့ အေးသုခ (၂၇ နှစ်) တို့ပါ။ လခရတပ်တွေရဲ့ နယ်မြေလှုပ်ရှားမှုကို သတင်းထောက်ပို့လုပ်တဲ့ ဖမ်းဆီးခံ PDF Scout ၄ ယောက်က နွယ်ဝါအောင် (၄၅ နှစ်)၊ ဇင်မာဦး (၄၁ နှစ်)၊ အောင်သူရိန် (၄၃ နှစ်)နဲ့ သာထက်ကျော်(သာထက်ကျော်(၂၉ နှစ်) တို့ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒီ ၆ ယောက်ကို လက်ရှိမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အရေးယူထားသလို သူတို့နဲ့ ချိတ်ဆက်နေတဲ့ မန္တလေး UG တွေကို ဆက်လက်ဖမ်းဆီးဖို့ဆောင်ရွက်နေတယ်လို့လည်း ဒီနေ့ ၂၉ ရက်က လူမှုကွန်ရက်မှာပျံ့နှံ့လာနေတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

သပြေညို သတင်းလွှာ Page ဟာ ပြီးခဲ့တဲ့ မေလထဲကတည်းက လခရတွေလက်ထဲ ရောက်နေခဲ့တာဖြစ်ပြီး လက်ရှိမှာ PDF ထောက်ပို့တွေနဲ့ PDF Scout တွေကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးနေတယ်လို့လည်း မန္တလေးအခြေစိုက် PDF ထောက်ပို့တစ်ဦးက ပြောပါတယ်။

#သပြေညို #မန္တလေး #pdf #NUG #underground
#mtnews #myanmar_transparency_news