🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.12K subscribers
12.4K photos
1K videos
4 files
725 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Aug 22

Oင်လာမဆဲ တသဲသဲ

Aug 22

"အမျိုးသမီး ၂ ဦးပါဝင်သည့် PDF အဖွဲ့ဝင် ၁၀ ဦး အလင်းဝင်"

"လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားလည်း ဂုဏ်ပြုချီးမြှင့်ခဲ့"
====================================================

အမျိုးသမီး ၂ ဦးပါဝင်သည့် PDF အဖွဲ့ဝင် ၁၀ ဦးတို့ အလင်းဝင်ရောက်ခဲ့ကြောင်း နစက၏ ထုတ်ပြန်မှုအရ သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံကြိုဆို၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းနှင့်အတူ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ယမန်နေ့ (သြဂုတ် ၂၁ ရက်)က ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဥပဒေဘောင်အတွင်း ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားအသီးသီးပြောကြားပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဟင်္သာတမြို့နယ်၊ မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ်လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်ဟု သိရသည်။
#mhtnews
"ဂျပန်နိုင်ငံက ဖောက်လုပ်ပေးနေဆဲဖြစ်တဲ့ ရထားလမ်းကို အဖျက်သမားတွေက မိုင်းခွဲဖျက်ဆီး"


ဂျပန်နိုင်ငံက တာဝန်ယူဖောက်လုပ်ပေးနေဆဲဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နဲ့ တောကျွဲအင်းကြား ရန်ကုန် - မန္တလေး ရထားလမ်းရဲ့ မိုင်တိုင် ၁၁ ၇/၈ နဲ့ ၁၁၇/၉ ကြားမှာရှိတဲ့ ရထားလမ်းကို လက်နက်ကိုင်အဖျက်သမားတွေက ယနေ့ (သြဂုတ် ၂၂ ရက်) နံနက်ပိုင်းမှာ မိုင်းခွဲဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတဲ့ အဆိုပါ ရထားသံလမ်းဟာ လက်ရှိမှာ ဖောက်လုပ်နေဆဲဖြစ်ပြီး လက်ရှိပြေးဆွဲနေတဲ့ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းနဲ့ မျဥ်းပြိုင် ဖောက်လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် မီးရထားသံလမ်းနှစ်ဖက်လုံးမှာ ၁၆ ပေခန့် ပျက်စီးသွားခဲ့သလို ရထားလမ်းသုံး ဇလီဖားတုံး (၆) တုံးလည်း ပျက်စီးခဲ့တာကြောင့် ပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
#mhtnews
Aug 23

' ဝိုင်းမော်မြို့ပေါ်မှာ လက်နက်ကိုင်ထားတဲ့ လူတစ်စုက နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်းပေါင်း ငါးထောင်ကျော် ယူဆောင်သွား"
============================================


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၅) မှာ ယနေ့ (ဩဂုတ် ၂၃ ရက်) ညနေ ၅ နာရီခွဲအချိန်ခန့်မှာ လက်နက်ကိုင်ထားတဲ့ လူတစ်စုက နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်းပေါင်း ငါးထောင်ကျော် ယူဆောင်သွားတယ်လို့ ဒေသတွင်း သတင်းတစ်ရပ်က ကနဦးသတင်းအဖြစ် ဖေယ်ပြထားပါတယ်။

Mask တပ်ပြီး သေနတ်တွေကိုင်ထားတဲ့ လူငယ် ၆ ဦးဟာ အဲဒီနေအိမ်ကို ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်ပြီး အိမ်သားတွေနဲ့ ဧည့်သည်တွေကို ကြိုးတုတ်ကာ ငွေနဲ့ ပစ္စည်းအချို့ကို ယူဆောင် ထွက်ပြေးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေအိမ်ဟာ ဦးမိုးကျော်ထွန်း ဆိုသူပိုင်ဆိုင်တဲ့ နေအိမ်ဖြစ်တယ်လို့ သိရပြီး ဓားပြအတိုက် ခံရမှုကြောင့် မြန်မာငွေ ကျပ်သိန်း ၅၀၀၀၊ တရုတ်ငွေ ယွမ် ၇၀၀၀၀၊ လက်စွပ်တစ်ကွင်း၊ ဆိုင်ကယ် တစ်စီးနဲ့ ဖုန်း ၇ လုံး ပါသွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားမှုအရ သိရပါတယ်။
#mhtnews
"ပြည်သူများ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍ ဆေးကုသရခြင်းအခြေအနေများ လျှော့ချရန်အတွက် ကျန်းမာရေးဘဏ္ဍာဆိုင်ရာ မဟာဗျူဟာများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ကျန်းမာရေးဒုဝန်ကြီးပြော"


အမျိုးသားကျန်းမာရေး အသုံးစရိတ်စစ်တမ်းများမှ အချက်အလက်များကို ဆန်းစစ် သုံးသပ်၍ လိုအပ်သောနေရာများတွင် ဘဏ္ဍာငွေ ခွဲဝေချထားခြင်းများကို စနစ်တကျ ဆောင်ရွက်နိုင်မည့်အပြင် ပြည်သူများ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်၍ ဆေးကုသရခြင်းအခြေအနေများ လျှော့ချရန်အတွက် ရှင်းလင်းတိ ကျသည့် ကျန်းမာရေးဘဏ္ဍာဆိုင်ရာ မဟာဗျူဟာများကိုလည်း အမြန်ဆုံးဖော်ထုတ် အကောင် အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က ပြောကြားသည်။

၂၀၁၉-၂၀၂၂  ခုနှစ်များအတွက် အမျိုးသားကျန်းမာရေးအသုံးစရိတ် (National Health Account) ဆိုင်ရာအချက်အလက်များ ဆန်းစစ်သုံးသပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေး၌ ကျန်းမာရေး ဒုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း တိကျမှန်ကန်သော ကျန်းမာရေးအသုံးစရိတ်များ ကောက်ခံရရှိနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့်လည်း ဒုဝန်ကြီးက ပြောကြားသည်။

ယင်းအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွယ်ဝန်ကြီးဌာနများနှင့် မြို့တော် စည်ပင်သာယာရေးကော်မတီများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


#mhtnews
"တပ်ကုန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း ဒုတိယရက်တွင် ကျောင်းသူပေါင်း ၁၁၃၃ ဦး ထိုးနှံ"


သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း ဒုတိယနေ့အဖြစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)နှင့် မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းများ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မောင်၏ ကြီးကြပ်မှုဖြင့် အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကာကွယ်ဆေးထိုးစုရပ်တွင် ကျောင်းပေါင်း ၁၄ကျောင်းမှ ကျောင်းသူ ၅၃၀ ဦးနှင့် မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကာကွယ်ဆေးထိုး စုရပ်တွင် ကျောင်းပေါင်း ၁၂ ကျောင်းမှ ကျောင်းသူ ၆၀၃ ဦး စုစုပေါင်း ကျောင်းသူ ၁၁၃၃ ဦးကို ထိုးနှံပေးခဲ့သည်ဟုဆိုသည်။

အလားတူ ဩဂုတ် ၂၂ ရက်နေ့ကလည်း ကျောင်းသူ ၁၀၀ ဦးကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပြီးခဲ့ပြီး ကျန်ကျောင်းသူများလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။


#mhtnews
Aug 26

"ပြည်မြို့၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း အမျိုးသားတစ်ဦး လေးထပ်အမြင့်မှ ခုန်ချသေဆုံး"


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့ရှိ ဆံတော်နယ်မြေ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း၌ ယနေ့ (သြဂုတ် ၂၆ ရက်) နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အမျိုးသားတစ်ဦး လေးထပ်အမြင့်မှ ခုန်ချ၍ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

အဆိုပါအမျိုးသားသည် မည်သည့်အကြောင်းကြောင့် ယခုလို ခုန်ချသေကြောင်းကြံရသည်ကို မသိရှိရသေးဘဲ လေးထပ်အမြင့်မှ ခုန်ချခဲ့ကြောင်းသာ သိရှိရသည်ဟုဆိုသည်။

ထိုသို့ခုန်ချခဲ့မှုကြောင့် ခြေထောက်ကျိုး၊ လက်နှစ်ချောင်းကျိုး၊ တင်ပါးဆုံပေါက်ပြဲ၊ နဖူးကွဲ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သဖြင့် အရေးပေါ် ဆေးကုသမှုခံယူရန်အတွက် ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သော်လည်း လူနာမှာ သေဆုံးသွားခဲ့သည်ဟု သိရသည်။
#mhtnews
Aug 26

"တက္ကစီမောင်းတဲ့ အဘိုးအိုကို လူငယ် ၂ ဦးက လုယက်ရင်း ဓားနဲ့ထိုးလို့ အဘိုးအိုသေဆုံး"


ရန်ကုန်တိုင်းဒေသကြီး၊ ယုဇနဥယျာဥ်မြို့တော်၊ ကျွှန်းရွှေဝါလမ်း၊ မြသီတာပန်းခြံရှေ့မှာ ဒီကနေ့ (သြဂုတ် ၂၆ ရက်)က တက္ကစီမောင်းတဲ့ အဘိုးအိုကို လူငယ် ၂ ဦးမှ လုယက်ရင်း ဓားနဲ့ထိုးသွားခဲ့လို့ ၎င်းအဘိုးအို သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလူငယ် ၂ ဦးဟာ ခရီးသည်ဟန်ဆောင်ပြီး အဘိုးဆီကနေ ဖုန်းနဲ့ပိုက်ဆံတွေကို လုယက်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဓားနဲ့ထိုးခဲ့တာကြောင့် အဘိုးအိုဟာ နေရာမှာတင် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဘိုးအိုရဲ့ မိသားစုဝင်တွေကိုလည်း စုံစမ်းရှာဖွေနေဆဲဖြစ်သလို အဘိုးအိုကို ဓားနဲ့ထိုးသွားတဲ့ လုယက်မှုကျူးလွန်သူ တရားခံတွေကိုလည်း စုံစမ်းနေဆဲလို့သိရပါတယ်။
#mhtnews
Aug 29

"မလှိုင်မြို့၊ မြို့နယ်လျှပ်စစ်ရုံး၌ မီတာခကောက်ခံနေသည့်နေရာကို အမည်မသိအမျိုးသားက သေနတ်ဖြင့်ပစ်လို့ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရ"
=====================================================
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊အမှတ် (၁)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး၌ ယမန်နေ့ သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်တွင် အဆိုပါ မြို့နယ်လျှပ်စစ်ရုံးသို့ အမည်မသိအမျိုးသားတစ်ဦးရောက်ရှိလာကာ မီတာခကောက်ခံနေသည့်နေရာကို ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပစ်ခတ်မှုကြောင့် မီတာခကောက်ခံနေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးထားရပြီး တရားခံဖမ်းမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#mhtnews
Aug 30

တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်


စားသုံးဆီတွေကို ယခင်ဈေးနှုန်းအတိုင်း အမြင့်ဈေးနဲ့ ဆက်လက်ရောင်းချနေတာတွေကို တွေ့ရှိပါက ဝယ်ယူစားသုံးခြင်းမပြုဖို့နဲ့ တိုင်ကြားကြဖို့ စားသုံးသူရေးရာဦးစီးဌာနက ယနေ့ Aug 29မှာ ထုတ်ပြန်ထားပါတယ်

တိုင်ကြားမယ်ဆိုရင် Call Center ၁၅၃၅ အပြင် စားသုံးသူရေးရာဦးစီးဌာနရဲ့ Facebook Page နဲ့ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးတွေရဲ့ Facebook Page တွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်
ပြည်ပကနေ တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ စားအုန်းဆီလက်လီဈေးနှုန်းတွေ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချပေးနိုင်ဖို့ ဆီကုန်သည်တွေနဲ့ ဆီလုပ်ငန်းရှင်များအသင်း ဆီတင်သွင်းတဲ့ကုမ္ပဏီများ ညှိနှိုင်းကာ သက်သာတဲ့ဈေးနှုန်းတွေနဲ့ ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ဖို့ စီမံဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း အဲဒီပြန်ချက်မှာ ဖော်ပြထားပါတယ်

Aug28ရက်မှ Sep3ရက်အထိ တစ်ပတ်စာအတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ ရန်ကုန်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာ ၄,၁၅၅ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။
#mhtnews
Media is too big
VIEW IN TELEGRAM
Aug 30

"တိုက်ပွဲမှာ လက်နက်ကြီးပြောင်းကွဲလို့ PDF တစ်ဦးသေဆုံး"


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းအနီးမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက် ညနေ ၅ နာရီခွဲလောက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လက်လုပ် လက်နက်ကြီး ပြောင်းကွဲလို့ ဗွီဒီယိုမှတ်တမ်းတင်နေတဲ့ PDF တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူဟာ Pakokku Underground Force အမည်ခံ အကြမ်းဖက်အဖွဲ့က အသက် ၁၉ နှစ်အရွယ် ကျော်သူအောင် (ခေါ်) Snake ကြီး ဆိုသူဖြစ်တယ်လို့ သိရပြီး ကိုင်းတောမရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်စဉ် သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို ဩဂုတ်လ ၂၈ ရက်န်ေက ဂူသွင်းသင်္ဂြိုလ်ခဲ့ပြီး မိဘတွေကိုတော့ ထောက်ပံ့တာတွေ မလုပ်ပေးနိုင်ဘူးလို့ သိရပါတယ်။
#mhtnews