🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.04K videos
4 files
758 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Sep 5

ငါန်းဇွန်မြို့နယ် နမစ(မြို့သာ)အား Drone ဖြင့် Drop Bomb ၁ လုံးပစ်ချတိုက်ခိုက်ခံရ၍ အမျိုးသား ၁ ဦးနှင့် ကလေးငယ်(ကျား) ၁ ဦးတို့ဒဏ်ရာရ
====================================================

၂၀၂၃ ၊ စက်တင်ဘာ ၅

ယမန်နေ့ စက်တင်ဘာ ၄ရက် မွန်းလွဲ ၁ နာရီခွဲ အချိန် -

တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် နမစ(မြို့သာ)တွင် ပူးပေါင်းအဖွဲ့မှ အခြေပြုလုံခြုံရေး ဆောင်ရွက်နေစဉ် နမစ(မြို့သာ)၏အနောက်ဘက် ဝါးရုံချောင်း ကျေးရွာ ခမ ဘက်မှ အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)က Drone ၁ စင်းဖြင့် Drop Bomb ၁ လုံးပစ်ချတိုက်ခိုက်ခဲ့ရာ ရဲစခန်း၏မြောက်ဘက် ကိုက် ၃၀၀ ခန့်အကွာ မြို့သာမြို့ (၂)ရပ်ကွက် တံတားဦး-မြို့သာကားလမ်းဘေးရှိ “ရွှေကြယ်စင်”စားသောက်ဆိုင်ရှေ့၌ကျရောက် ပေါက်ကွဲခဲ့ပြီး ဆိုင်အတွင်းစားသောက်နေသည့် ကိုလွင်(၃၅)နှစ် တောင်ဇင်းကျေးရွာ ညောင်ဦးမြို့နယ်နေသူတွင် ဝဲခြေသလုံးပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ၎င်း၏သားဖြစ်သူ မောင်အောင်ထူးမြတ်(၄)နှစ် တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)တို့အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒဏ်ရာရရှိသူ ၂ ဦးအား မြို့သာတိုက်နယ်ဆေးရုံ သို့ပို့ဆောင်ထားရှိရာ မောင်အောင်ထူးမြတ် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲသဖြင့် သွားရောက်ပို့ဆောင်ထားရှိကြောင်းနှငအကြမ်းဖက်အုပ်စု PDF (စိစစ်ဆဲ) အား နမစ(မြို့သာ)(ပ)၃၄/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ် ၅၄ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်
Vital
#SQ
Sep 5

မြိတ်မြို့နယ်တွင် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲ
====================================================

၂၀၂၃ ၊ စက်တင်ဘာ ၅

ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၆နာရီ မိနစ် ၂၀ အချိန်က -

မြိတ်ခရိုင် မြိတ်မြို့နယ် မမစ(မြိတ်)၏အရှေ့မြောက်ဘက် ၂ မိုင်ခန့် အကွာ ကလွင်ကျေးရွာအုပ်စု ဝန်ထမ်းရပ်ကွက် ၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်စစ်ဆေးခဲ့ရာ -

အဆိုပါရပ်ကွက် ပန်းခြံ(၁)လမ်းထောင့်နေ ဒေါ်ခင်ချို (၆၀)နှစ်၏ နေအိမ်ရှေ့ တံစက်မြိတ်အောက်၌ လက်လုပ်မိုင်း ပေါက်ကွဲ ထားသည့် PVC ပိုက် အပိုင်းအစများ တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် တံစက်မြိတ်အောက်ရှိ ကွန်ကရစ်ကြမ်းပြင် ၁ ပေခွဲခန့်နှင့် နေအိမ်သံပန်းတံခါးတို့ (တန်ဖိုး-စိစစ်ဆဲ)ခန့်ပျက်စီးခဲ့ပြီး အဆိုပါ နေအိမ်နှင့် မျက်နှာချင်းဆိုင်ရှိ ဒေါ်ခင်လဲ့ဝင်း(၅၈)နှစ်၏ နေအိမ်ပြတင်း ပေါက်မှန်များ (တန်ဖိုး-စိစစ်ဆဲ)ပျက်ဆီးဆုံးရှုံး၍ လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် လက်လုပ်မိုင်း ထောင်သွားသူ(စိစစ်ဆဲ)အား ဖမ်းဆီးရမိရေးအမာခံသတင်းပေးများဖြင့် ချိတ်ဆက်စုံစမ်း လျက် ရှိကြောင်း သိရသည်။
Vital
#SQ
Sep 5

မတ္တရာမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ရစဖမှူး အမျိုးသား ၁ ဦး သေဆုံး
====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၈နာရီခွဲအချိန် -

အောင်မြေသာစံခရိုင် မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာနေ ရစဖမှူး ဦးကျော်လေး(၆၁)နှစ်သည် နေအိမ်၌ရှိနေစဉ် လက်နက်ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက်အုပ်စု PDF အမျိုးသား ၄ ဦး(စိစစ်ဆဲ)သည် ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး ရစဖမှူး ဦးကျော်လေး အား ဖမ်းဆီးခေါ်ဆောင်သွားကာ ရွာလယ်လမ်းမပေါ်အရောက်၌ လက်နက်ငယ်(စိစစ်ဆဲ)/ဓားတို့ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

အဆိုပါ သတင်းအရ ပူးပေါင်းအဖွဲ့က အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ရာ -

ဦးကျော်လေး တွင် နဖူး ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်၊ နဖူးကျည်ဖောက်ဝင်/ဝဲချိုစောင်းကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၄ ချက်)ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ အလောင်းအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် သေနတ်ဖြင့်ပစ်ခတ်သွားသူများအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။
Vital
#SQ
Sep 5

KIA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များမှ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာသို့ ဖြတ်သန်သွားလာသော ယာဉ်များပေါ်တွင် တပ်မတော်သားများ/ရဲတပ်ဖွဲ့ဝင်များ နှင့် အစိုးရဝန်ထမ်းများပါရှိမှု ရှိ/မရှိတို့အား စစ်ဆေး
====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ပြီးခဲ့သည့်စက်တင်ဘာလ ၃ ရက် နံနက် ၁၀နာရီခွဲခန့်တွင် -

ရွှေကူမြို့နယ်၊ ကျောက်ကြီး ကျေးရွာအုပ်စု၊ ကျောက်ကြီး (၂)မိုင်(ဒေသအခေါ်) တောအတွင်းသို့ KIA/PDF အကြမ်း ဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့မှ ခေါင်းဆောင် (စိစစ်ဆဲ)အင်အား (၁၀၀ )ဦးခန့် ရောက်ရှိခိုအောင်းလျက်ရှိကြောင်းနှင့် ကျောက်ကြီး ကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာတွင် ရောက်ရှိ ခိုအောင်းလျက်ရှိသော KIA/PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့မှခေါင်းဆောင် (စိစစ်ဆဲ)အင်အား ၁၀၀ ဦးခန့်သည် ကျောက်ကြီးကျေးရွာမှ ပေါက်ကုန်းကျေးရွာဘက် သို့ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား စစ်ဆေး၍ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများပါရှိမှု ရှိ/မရှိတို့အား စစ်ဆေး ခဲ့သည်ဟု သတင်းရရှိသည်။
Vital
#SQ
Sep 5

ရွှေကူမြို့မရဲစခန်းနှင့် ရဲကင်းစခန်း(ကျောက်ကြီး)တို့အား KIA/PDF အကြမ်းဖက်များမှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်လာနိုင်
====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် ည ၁၀ နာရီခန့်တွင် -

ရရှိသတင်းအရ သြဂုတ်လ ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မံစီမြို့နယ်၊ အင်ဘာပါကျေးရွာ အနီးတွင် ခိုအောင်း၍ လှုပ် ရှားလျက်ရှိသော KIA သောင်းကျန်းသူအဖွဲ့၊ တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၁)ဌာနချုပ်မှ KIA/PDF အကြမ်း ဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၁၀၀ ဦးခန့်သည် ခြေလျင်ခရီးဖြင့် မိုးမောက်မြို့၏အရှေ့တောင်ဘက် ဝဘော်ကျေးရွာအနီးတွင် ခိုအောင်းလျက်ရှိသော KIA သောင်းကျန်းသူအဖွဲ့၊ တပ်ရင်း (၁) လက်အောက်ခံ ဝဘော်စခန်းသို့ ရောက်ရှိပူးပေါင်း၍ ခိုအောင်းလျက်ရှိပြီး စက်တင်ဘာ လ ၂ ရက်မှစ၍ နေ့စဉ်လူစုခွဲကာ KIA သောင်းကျန်းသူအဖွဲ့၊ တပ်ရင်း(၁) လက် အောက်ခံ ဝဘော်စခန်းမှ ရွှေကူမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် -

ရွှေကူမြို့နယ်အတွင်းရှိ မြို့မရဲစခန်း (ရွှေကူ)နှင့် ရဲကင်းစခန်း(ကျောက်ကြီး)တို့အား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု သတင်း ရရှိသည်။
Vital
#SQ
Sep 5

မူဆယ်မြို့နယ်စက်မှုနယ်မြေရှိ ကားဝပ်ရှော့တစ်ခုမှ PDF အကြမ်းဖက်၂ ဦးအား ဖမ်းဆီးရမိ
====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် ည ၈ နာရီခန့်တွင် -

မူဆယ်မြို့နယ်၊ ကောင်းမှုတုံ ရပ်ကွက်၊ စက်မှုနယ်မြေရှိ ဟန်ဘန်းအောင်ကားဝပ်ရှော့၌ PDF အကြမ်းဖက် သောင်း ကျန်းသူများရောက်ရှိနေကြောင်း သတင်းအရ ပူးပေါင်းလုံခြုံရေးအဖွဲ့များဖြင့် အဆိုပါရပ်ကွက်ရှိ ကားဝပ်ရှော့သို့ဝင်ရောက်ရှာဖွေခဲ့ရာ PDF အကြမ်းဖက်သောင်းကျန်းသူ ဝေယံကျော်(ခ) အငယ်ကောင် ၂၂ နှစ် လမ်းကြား(၇/၆)၊ ပြည်သာယာရပ်၊ မိတ္ထိလာမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ပိုင်အောင်(ခ)အားနိုး ၂၈ နှစ် ဘုရားကြီးကျေးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူတို့ ၂ ဦး အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရအရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Vital
#SQ
Sep 5

အင်းတော်မြို့နယ်တွင PDF အကြမ်းဖက်များနှင့် ပတ်သက်ဆက်နွှယ်သူ မူလတန်းပြကျောင်းဆရာတစ်ဦးအား ဖမ်းဆီးရမိ
=====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီခန့်တွင် -

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်၊ အောင်ချမ်း သာရပ်ကွက်ရှိ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းနှင့် အင်းတော်-ဗန်းမောက်သွားကားလမ်းဆုံ၌ ပူးပေါင်းလုံခြုံရေးအဖွဲ့များမှ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် အောင်မင်္ဂလာရပ်ကွက်ဘက်မှ လမ်းလျှောက်လာသူ အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက်နေ ဟိန်းမင်းသူ(ခ)အာနိုး ၃၁ နှစ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းမှာ အင်းတော်မြို့နယ်၊ ကျော်ရွာကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းမှ CDM ပြုလုပ်ထားသူ မူလတန်းပြကျောင်းဆရာ ၁ ဦးဖြစ်ပြီး PDF အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်လျက်ရှိကြောင်း သိရှိရ သဖြင့် ဥပဒေအရအရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Vital
#SQ
Sep 5

ရေတာရှည်မြို့နယ်၊ အေးကြီး ကျေးရွာအတွင်းသို့ PDF အကြမ်းဖက် သောင်းကျန်းသူ ၁၂ ဦးခန့် ဝင်ရောက်ခိုအောင်းနေ
====================================================
၂၀၂၃ ၊ စက်တင်ဘာ ၅

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင် -

လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာ၏အနောက်တောင်ဘက် ရေတာရှည်မြို့နယ်၊ အေးကြီး ကျေးရွာအတွင်းသို့ PDF အကြမ်းဖက် သောင်းကျန်းသူ ၁၂ ဦးခန့် ဝင်ရောက်ခိုအောင်းလျက်ရှိနေကြောင်း သတင်းရရှိသည်။
Vital
#SQ
Sep 6

၃ ရက်နေ့က ပူဖားရွာ တပ်မတော်နဲ့ ကရင်နီ တိုက်ပွဲမှာ -

ကရင်နီ တပ်ရင်း (၆ )က
ပဒပ် ရှေးရယ် (ခေါ်) အာကာ
ဂိန်သွားး မြေသြဇာပြုလုပ်။

အလိ့နီပြု။

#SQ
Sep 6

သထုံခရိုင်/မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ရုံးအား PDF အကြမ်းဖက်သမား၂ ဦးမှ လက်လုပ်အသံမိုင်းတစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွား
====================================================

၂၀၂၃ ၊ စက်တင်ဘာ ၆

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀
ခန့်တွင် -

သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ သထုံခရိုင်/မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး အား PDF အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးသည် သထုံမြို့တွင်းဘက်မှ ဆိုင်ကယ် တစ်စီးဖြင့်ရောက်ရှိလာပြီး ရုံးအတွင်းသို့ လက်လုပ်အသံမိုင်းတစ်လုံးဖြင့် ပစ်ပေါက်၍ သထုံမြို့၊ လိပ်အင်းရပ်ကွက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ -

လက်လုပ် မိုင်းပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
Vital
#SQ