🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.04K videos
4 files
764 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
PDF အကြမ်းဖက်အဖွဲ့များမှ
ပြည်သူတစ်ဦးအား သေနတ်ဖြင့်
ပစ်ခတ်သတ်ဖြတ်ပြီး ငွေသိန်း၄၀၀၀ ခန့်လုယူ

ဇူလိုင် - ၁၁
=======================
ယနေ့ နေ့လည် ၁၂း၀၀ အချိန်ခန့် ဘဏ်မှ
ငွေ သိန်း ၄၀၀၀ ကျော်ထုတ်လာတဲ့
အမျိုးသမီးတစ်ဦးမှာ(တရားသူကြီး အငြိမ်းစား၊ယခုဥပဒေအကြံပေး) ကားမောင်းပြီးနေအိမ်သို့အပြန်
ကားတစ်စီးမှ နောက်မှကပ်လိုက်လာပြီး
မနော်လမ်းနှင့် လမ်း ၅၀ ထောင့်
အိမ်ရှေ့အရောက်တွင် ဖေါ်ပြပါကားမှာ
နောက်မှအတင်းကျော်တက်ပြီး ရေ့မှပိတ်ရပ်ကာ အဆိုပါကားပေါ်မှ အမျိုးသားလူငယ်(၃) ယောက်ဆင်းလာပြီး ထိုအမျိုးသမီးအား ပစ္စတိုသေနတ်ဖြင့် (၃)ချက် အနီးကပ်ပစ်သတ်ကာပါလာသည့်
ငွေသိန်း( ၄၀၀၀) ကျော်နှင့် SUZUKI ARTIGA WHITE မော်တော်ကားအား ယူဆောင် ထွက်ပြေးသွားခဲ့ပြီး ( ၁၂း၃၀ ) အချိန်တွင် အကြမ်းဖက်သူ(၄)ယောက်မှာလုယူလာသော ကားအား လမ်း (၅၀ × ၁၀၇) ဒေါင့်တွင် ထားရစ်ခဲ့ကာ အကြမ်းဖက်သမားများမှာ အသင့်စောင့်ဆိုင်းနေသည့် TOYOTA MARK X အဖြူရောင်ယာဉ်ပေါ်တက်ရောက်၍ ပြင်ဦးလွင် မြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း သတင်းရရှိ။

#MDYimage
#Myanmarnewszome
Forwarded from The Fighters Media (TFM) (Алинкарсит)
PDF အကြမ်းဖက်သောင်းကြမ်းသူ
လူသတ်သမားများမှ စည်ပင်ဝန်ထမ်းတစ်ဦးအားလုပ်ကြံသတ်ဖြတ်

Aug-23
----------------------------------
ဩဂုတ်လ ၂၂ ရက်နေ့ ၀၄ ၀၀ ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာ ရွှေစင်ကျောင်းတိုက်ရှေ့
လမ်းလယ်ကျွန်းတွင် စည်ပင် ဝန်ထမ်း ဦးစီးအရာရှိ ဦးအောင်ကျော်ဆန်း ဦးစီး ၁၀ ဦးဖြင့် မြေဖို့လုပ်ငန်းနှင့် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေစဉ်လူသတ်သမားPDF ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၁ ချက် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ဦးအောင်ကျော်ဆန်းတွင်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်နေရာတွင်သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
#MDYimage
#TFM
Forwarded from The Fighters Media (TFM) (Алинкарсит)
PDF အကြမ်းဖက်အဖွဲ့မှ
အပြစ်မဲ့ပြည်သူများအားဗုံးခွဲတိုက်ခိုက်

Aug-23
_---------------------------
ဩဂုတ်လ ၂၂ ရက်နေ့ ၀၁၂၀ ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ကန်သာယာရပ်ကွက်၊ ကက-၄/၂၊၅၇×၅၈ လမ်းကြား၊၁၀၁(သိပ္ပံလမ်း)ရှိ Myanmar Beer
ကိုယ်စားလှယ်ရုံးဝန်းအတွင်းသို့
အကြမ်းဖက် PDF၂ ဦးမှ ဆိုင်ကယ် ၁ စီး ဖြင့်ရောက်ရှိလာပြီး လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ
ပေါက်ကွဲ မှုကြောင့် ရုံးအတွင်းရှိ ဝန်ထမ်း ၂ ဦး ထိခိုဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#MDYimage
#TFM
Forwarded from The Fighters Media (TFM) (Алинкарсит)
PDF လူသတ်သမားများမှ
အပြစ်မဲ့ပြည်သူတစ်ဦးအားသတ်ဖြတ်

Aug-23
--------------------------------------
ဩဂုတ်လ ၂၂ရက်နေ့ ၀၈၃၀ ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ဦးစိုးနှင်းမြေပွဲစားလုပ်ကိုင်သူသည်
ဆိုင်ကယ်ဖြင့်တစ်ဦးတည်း ဈေးဝယ်ရန် ထွက်ခွာလာစဉ် (ဈ)ရပ်ကွက်၊ ၆၂×၆၃ ကြား၊ ၁၃၄(သခင်ဖိုးလကြီး)လမ်းစက်မှု (၁)ဈေးအနီးသို့ အရောက်၌လူသတ်သမား PDF ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိ လာပြီး ပစ္စတိုဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစိုးနှင်းတွင် ဦးခေါင်း နှောက်စေ့
ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီးနေရာတွင် သေဆုံးသွားကြောင်း သိရှိရ။
#MDYimage
#TFM
ခွေးသစ်တင်တဲ့သတင်းကို မိုးပေါ်က လေယာဥ်ပျံကြီးက ကြည့်ပြီး ရီနေလောက်ပီ...🤣
.
လေယာဥ်ကိုတောင် သေခိုင်းနေတဲ့ ခွေးသစ်
#Mdyimage
ဖာဆယ်လိုထံက ပတ္တမြား နဲ့စိန်
ဝယ်ထားမိပြီးအလိမ်ခံရသူ
နောက်ထပ်တစ်ဦး ထပ်မံထွက်ပေါ်လာ
#MdyImage
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်တွင် အရပ်ဝတ်များဖြင့် သေနတ်ကိုင် လူသတ်ဓါးပြတိုက်နေသော အကြမ်းဖက်pdfအဖွဲ့ မှ အလောင်းနှင့်လက်နက်များရရှိ

၂၀၂၃ခုနှစ် ဇွန်လ ၂၀ရက်နေ့ ၁၄၀၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းဆောင်ရွက်ရန် ထွက်ခွာလာခဲ့ရာ မြင်းခြံမြို့နယ်၊ ယုံထိုးကျေးရွာ အနောက်ဘက်သို့ ရောက်ရှိစဉ် အရပ်ဝတ်များ ဝတ်ထားသော PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် ယုန်ထိုး ကျေးရွာအတွင်းမှ ထွက်ခွာလာစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့မှ အင်အား ၆ ဦးခန့် သည် ယုန်ထိုးကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့ပြီး အကြမ်းဖက်အဖွဲ့ထံမှ (စိစစ်ဆဲ) ကျား အလောင်း ၄ လောင်းနှင့်M-79 ဗုံးပစ်လောင်ချာ ၁ လက်၊M-22 ၁ လက်၊ကျည်အိမ် ၁ ခု၊၅.၅၆ ကျည်၁၅ တောင့်၊၄၀ မ ဗုံးသီး ၂ လုံး၊လွယ်ကြိုး ၂ ချောင်း တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

#MdyImage
15.7.23
8:30 pm

မန္တလေး မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်ရုံး၏ နောက်ဖေးလမ်းကြားအတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်....  ထိခိုက်မှု့မရှိ
#MdyImage
*မန္တလေး 78 လမ်း 28 အနီး စတခ  ၂ အနီး ပေါက်ကွဲမှု့ ဖြစ် ထိခိုက်မှု့မရှိကြောင်းသိရှိရပါတယ်

#MdyImage
Aug 19
Mdy

မန္တလေးတိုင်း‌ဒေသကြီး၊ မတ္တရာမြို့နယ်၊  ကျော်ကရစ်(တ)ကျေးရွာရှိ “စူပါဟိန်း”စားသောက် ဆိုင်တွင် အပြစ်မဲ့အရပ်သား ၁ ဦးအား PDF အကြမ်းဖက်အဖွဲ့မှသတ်ဖြတ်သွား

#Mdyimage
Aug 24

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောတောဝကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ ရွှေကျွန်းတောစားသောက်ဆိုင်တွင် မူးယစ်ဆေးဝါးကွင်းဆက် တရားခံ ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရ။
#Mdyimage
Aug 30

**ငွေအတုထုတ်ဝေဖြန့်သူများအားဖော်ထုတ်ဖမ်းဆီးရမိ**

ဩဂုတ်လ -၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာ၊ အိမ်အမှတ်၊ ၂၉၉ မှ ငွေတုများ နှင့် ငွေတုထုတ်လုပ်ရာတွင် အသုံးပြာသော စက်များသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရ။
#Mdyimage
Aug 30

အပြစ်မဲ့ပြည်သူ တစ်ဦးအား အကြမ်းဖက်PDFများမှ သတ်ဖြတ်သွား

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကြောင်နံကျေးရွာအုပ်စု၊ မုဌောကျေးရွာ အနီးတွင် အရပ်သား ၁ ဦး အကြမ်းဖက်သတ်ဖြတ်ခံရ။

#Mdyimage