ဟနွိုင်သို့ ပူတင်လာရောက်ခဲ့ပြီး ရက်ပိုင်းအတွင်း ဗီယက်နမ်နဲ့ စီးပွားရေးဆွေးနွေးပွဲကို အမေရိကန်ကြိုဆို
.............................................
ဝါရှင်တန်၊ ဇွန်လ ၂၇
စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးပွဲအတွက် ဗီယက်နမ် စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးကို အမေရိကန်က ကြိုဆိုခဲ့ပြီး ဆက်ဆံရေးက အရင်ကထက် ပိုခိုင်မြဲတယ်လို့ ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဗီယက်နမ်ခရီးစဉ်ကြောင့် ဟနွိုင်အစိုးရကို ဝါရှင်တန် စိတ်ပျက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အခုဝန်ကြီးအဆင့် ဆွေးနွေးပွဲဖြစ်ပေါ်လာခဲ့တာပါ။
အခုသီတင်းပတ်ဆွေးနွေးပွဲမှာ စီးပွားရေးလုံခြုံရေး၊ တပိုင်းလျှပ်ကူးပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာအာကာသ၊ စွမ်းအင်နဲ့ အရေးပါတဲ့ဓာတ်သတ္တုတွေအကြောင်း အကျုံးဝင်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဝါရှင်တန်ဟာ အမေရိကန်-ဗီယက်နမ် ဆက်ဆံရေးကို “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” အဖြစ် အဆင့်မြှင့်တင်ခဲ့ပါတယ်။
#MyanmaPlatform
#အမေရိကန်စီးပွားရေး
#ဗီယက်နမ်ကုန်သွယ်
#နှစ်နိုင်ငံဆက်ဆံရေး

ပဲခူးမြို့ ဝင်းနိမ္ပိတာရုံ ကျောင်းတိုက် ဆရာတော်ကြီးရဲ့ အရိုးပြာအိုးကို စစ်တောင်မြစ် အတွင်းရေမျှော ပူဇော်မယ်
…………….
ဇွန်လ ၂၈
ပဲခူးမြို့ ဝင်းနိမ္ပိတာရုံ ကျောင်းတိုက် ဆရာတော်ကြီးရဲ့ အရိုးပြာအိုးကို ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ စစ်တောင်မြစ်အတွင်းရေမျှော ပူဇော်သွားမှာ ဖြစ်ပါတယ်။
ဝင်းနိမ္ပိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာ ကို ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
#MyanmaPlatform #ပဲခူးမြို #ဝင်းနိမ္ပိတာရုံကျောင်းတိုက်
photo #ဝင်းနိမ္ပိတာရုံ ကျောင်းတိုက် ဆရာတော်ကြီးရဲ့ အရိုးပြာအိုးများ

ဒီကနေ့ကစပြီး လာမည့် ဇူလိုင် ၄ ရက်နေ့အတွင်း ကချင်မှာ မိုးကြီးရေလျှံမှုတွေ ဖြစ်မယ်
…………
ဇွန်လ ၂၈
ဒီကနေ့ကစပြီး လာမည့် ဇူလိုင် ၄ ရက်နေ့အတွင်း ကချင်မှာ မိုးကြီးရေလျှံမှုတွေ ဖြစ်မယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ စုစုစံက ပြောပါတယ်။
ယင်းက “ ဇွန်လ ၂၈ရက်နေ့မှ ဇူလိုင်လ ၄ရက်နေ့အတွင်း ကချင်ပြည်နယ်ဒေသကြီးမှာ စုစု ပေါင်း မိုးရေချိန် ၄၀၀မီလီမီတာမှ ၆၀၀ မီလီမီတာအထိရွာသွန်းနိုင်လို့ မိုးကြီးရေလျှံမှု တွေဖြစ်ပေါ်နိုင်ပြီး ဧရာဝတီမြစ်ရေများစွာတိုးလာနိုင်ပါတယ်” လို့ ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်း ပြောပါတယ်။
ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းကစပြီးတော့ ၂၄နာရီအတွင်းရန်ကုန်တိုင်း ၊ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်းနှင့် ရခိုင်ပြည်နယ်ဒေသတွေမှာ မိုးရွာနိုင်ပါတယ်လို့လည်း ယင်းက ပြောပါတယ်။
#MyanmaPlatform #ကချင် #မိုးကြီး

မန္တလေးမှာ ဒိုင်နာကားနဲ့တိုက်မိပြီး ဆိုင်ကယ်မောင်းသူအကြောပြင်ဆရာ ဦးခေါင်းကြေမွသေဆုံးခဲ့
...........................
ဇွန်လ ၂၈
မန္တလေးတိုင်း၊ ချမ်းအေးသာစည်မြို့နယ်မှာ ဆိုင်ကယ်နဲ့ ဒိုင်နာကားတို့ တိုက်မိခဲ့တယ်လို့ ဒေသခံများရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဇွန်လ ၂၇ရက်နေ့ နေ့လည် ၁နာရီခွဲအချိန်က ချမ်းအေးသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၄လမ်း၊ ၁၀၉(B)လမ်းကြားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
"ဂျာလင်းဆိုင်ကယ်နဲ့ ဒိုင်နာကားတိုက်မိတာ၊ ဘယ်လိုတိုက်လဲတော့မသိဘူး၊ ဆိုင်ကယ်မောင်းတဲ့သူက ကားအောက်ရောက်ပြီး နောက်ဘီးနဲ့ တက်ကြိတ်ခံလိုက်ရတာ"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားသည် ကားအောက်ဝင်သွားကာ ကားနောက်ဘီးနဲ့ တက်ကြိတ်မိရာက ဦးခေါင်းကြေမွပြီး သေဆုံးခဲ့ရတာပါ။
အဆိုပါဆိုင်ကယ်မောင်းနှင်သူသည် တိုင်းရင်းဆေးအကြောပြင်ဆရာတစ်ဦးဖြစ်ကာ အခင်းဖြစ်နေရာမှာပဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကို နိဗ္ဗာန်ရွှေပြည်လူမှုကူညီရေးအသင်းက မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။
#MyanmaPlatform #မန္တလေး #ယာဉ်တိုက်မှု #သေဆုံး

Media is too big
VIEW IN TELEGRAM
ထူးအောင်ဖက်လိုက်တာ အပေါ်ကနေကျော်သွားတယ်....
"သန်လျင်မှာရိုက်ရမယ်.... ရိုက်ရမှာကလည်း စိုက်ပျိုးရေးဇာတ်ဆိုတော့ နည်းနည်းစိတ်ပူမိတယ်" - သားညီ
download App 👉 MPyps+
📱 Android : http://bit.ly/48VmAko
MPyps+
#MyanmaPlatform #Cele

မီဇိုရမ်ပြည်နယ်မှာ မြစ်သဲတူးရင်း မြန်မာတစ်ဦးအပါအဝင် လူသုံးဦးသေဆုံး
.............
ဇွန်လ ၂၈
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်ခရိုင်မှာ မြစ်သဲတူးဖော်ရင်း သဲပုံပြိုကျမှုကြောင့် မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ချန်ဖိုင်ခရိုင်၊ မဲလ်ဘတ်ကျေးရွာအနီး သဲပုံပြိုကျကာ အလုပ်သမားတွေ သဲအောက်ရောက်သွားခဲ့ပြီး သေဆုံးရတဲ့အထိ ဖြစ်ခဲ့ရတာလို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
အသက် ၁၆ နှစ်မှ ၂၀ နှစ်ကြား ဒဏ်ရာရသူတွေနဲ့ သေဆုံးခဲ့သူတွေဟာ Tiau မြစ်အတွင်းမှ စီးပွားဖြစ်သဲတူးဖော်ခြင်းလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်မှာ နေထိုင်သူနှစ်ဦး အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။
မြန်မာနိုင်ငံသားတစ်ဦးကတော့ ဆေးရုံသို့ ပို့စဉ် ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာရရှိသူတွေဟာ ချန်ဖိုင်ခရိုင်ဆေးရုံ၌ ဆေးကုသမှုခံယူနေတယ်လို့ အဆိုပါရဲအရာရှိက ဆက်ပြောပါတယ်။ မြစ်သဲတွေကို စီးပွားဖြစ်ရည်ရွယ်ချက်နဲ့ တူးဖော်ကြသူတွေဟာ ဘေးကင်းရေးစံနှုန်းတွေကို ဖောက်ဖျက်လုပ်ကိုင်ကြကြောင်း ရဲက အပြစ်တင်ခဲ့ပါတယ်။
#MyanmaPlatform
#မီဇိုရမ်ပြည်နယ်

ဈေးဝယ်စင်တာတွေမှာ ဆန်အိတ်အသေးတွေ ပြန်လည်ရောင်းချပေးနေတယ်လို့ဆို
..................
ဇွန်လ ၂၈
ဈေးအရောင်းအဝယ်စင်တာများမှာ ဆန်အိတ်အသေးတွေကို ပြန်လည်ရောင်းချပေးနေတယ်ဆိုပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဈေးအရောင်းအဝယ်စင်တာများမှာ ဆန်အိတ်များ ရောင်းချခဲ့ခြင်းများ မရှိခဲ့သည့်အပေါ် ဆန်စပါးအသင်းချုပ်က ယခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
အရောင်းပြတ်လတ်ခဲ့တဲ့ ဈေးဝယ်စင်တာများမှာ ဇွန်လ ၂၇ရက်နေ့ကစပြီး ဆန်အိတ်အသေးများကို ပြန်လည်ရောင်းချနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဈေးဝယ်စင်တာများမှာ ဆန်အိတ်အသေးများကို သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ပြန်လည်သတ်မှတ်ရောင်းချနေပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ရွှေဘိုပေါ်ဆန်း တစ်ကီလိုကို ကျပ် ၃၅၀၀မှ ၃၈၀၀၊ ဧရာဝတီပေါ်ဆန်း တစ်ကီလိုကို ကျပ် ၃၀၀၀မှ ၃၃၀၀၊ ရက် ၉၀/ အထူးဧည့်မထများဖြစ်ပါက တကီလိုကို ကျပ် ၂၂၀၀မှ ၂၅၀၀တို့ဖြင့် ရည်ညွှန်းဈေးသတ်မှတ်ထားတာဖြစ်ပါတယ်။
#MyanmaPlatform #ဈေးဝယ်စင်တာ #ဆန်အိတ်

K-pop ဂီတနဲ့ တောင်ကိုရီးယားဇာတ်ကားတွေ နားထောင်ကြည့်ရှုတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေ သေဒဏ်ကွပ်မျက်ခံရ
.............................
ဆိုးလ်၊ ဇွန်လ ၂၈
၂၀၂၀ ပြည့်နှစ်ဥပဒေအရဆိုပြီး တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ၊ ရုပ်ရှင် (ဒါမှမဟုတ်) K-pop တေးဂီတဖြန့်ဝေခဲ့မှုတွေ ကင်မ်ဂျုံအန်းအစိုးရက သေဒဏ်ပေးခဲ့ကြောင်း မြောက်ကိုရီးယားမှ ထွက်ပြေးလာသူတွေရဲ့ထွက်ဆိုချက်အထောက်အထားတွေကို ကိုးကားလျက် တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဆိုးလ်မြို့အခြေစိုက် အဆိုပါဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မြောက်ကိုရီးယားလူ့အခွင့်အရေးအစီရင်ခံစာအရ “မြောက်ကိုရီးယားပြည်တွင်း ဖောက်ပြန်မှုဝါဒနဲ့ ယဉ်ကျေးမှုဖီလာဆန့်ကျင်မှုဆိုင်ရာဥပဒေချိုးဖောက်တယ်ဆိုပြီး အများပြည်သူပေါ် သေဒဏ်ကွပ်မျက်မှု တိုးလာကြောင်း” သိရပါတယ်။
တောင်ကိုရီးယားအပါအဝင် သူတို့နဲ့မသင့်မြတ်တဲ့ ပြည်ပမှ အချက်အလက်နဲ့ ဖျော်ဖြေရေးအခွေတွေကို ရယူခြင်း၊ လက်ဝယ်ထားရှိခြင်း (ဒါမှမဟုတ်) ဖြန့်ဝေခြင်း မပြုရန် တားမြစ်ထားပြီး ချိုးဖောက်ခဲ့ရင် သေဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း မြောက်ကိုရီးယားဥပဒေထဲမှာ ပြဋ္ဌာန်းထားပါတယ်။
#MyanmaPlatform
#Kpop

မိုးသည်းပြီး လေပြင်းတိုက်လို့ နယူးဒေလီလေဆိပ် Terminal 1 ခေါင်မိုးပြိုကျပြီး လူတစ်ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
.............
နယူးဒေလီ၊ ဇွန်လ ၂၈
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဇွန်လ ၂၈ ရက်၊ ဒီကနေ့ အိန္ဒိယနိုင်ငံ၊ မြို့တော်နယူးဒေလီရှိ အဓိကလေဆိပ်ခေါင်မိုးပြိုကျမှု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြောင်း သတင်းရရှိပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် အဆိုပါလေဆိပ်ရဲ့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရကြောင်း တာဝန်ရှိသူတွေကို ကိုးကားပြီး အိန္ဒိယပြည်တွင်းမီဒီယာတွေက သတင်းဖော်ပြကြပါတယ်။
ဒီကနေ့ ဒေသစံတော်ချိန် မနက် ၅ နာရီတွင် ဒေလီမြို့ Terminal 1 ရဲ့ လေယာဉ်ထွက်ခွာရာနေရာရှိ မြက်ခင်းပြင်ပေါ် အဆောက်အဦးခေါင်မိုးတစိတ်တပိုင်း ပြိုကျခဲ့ကြောင်း လေဆိပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာ X မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
“အရေးပေါ်ဝန်ထမ်းတွေက ထိခိုက်ဒဏ်ရာရသူတွေကို လိုအပ်တဲ့အကူအညီနဲ့ ကျန်းမာရေးအကူအညီအားလုံးကို ပံ့ပိုးပေးနေပါတယ်” လို့ အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားတဲ့နေရာမှာ လူတစ်ဦး သေဆုံးခဲ့ကြောင်း မီးသတ်အရာရှိတစ်ဦးကို ကိုးကား၍ Economic Times က ရေးသားခဲ့ပါတယ်။
#MyanmaPlatform
#နယူးဒေလီ