မြေလတ်အသံ - Myaelatt Athan
49.3K subscribers
27.9K photos
189 videos
13 files
12.5K links
Sharing Information to the local
Download Telegram
သပိတ်ကျင်းက ရွှေလုပ်ကွက်ဗုံးကြဲခံရပြီး လုပ်သားလူငယ် ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

သပိတ်ကျင်း၊ မေ ၂၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာအနီးရှိရွှေလုပ်ကွက်ကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

မေ ၁၉ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်အချိန်မှာ စစ်ကောင်စီတပ်တိုက်လေယာဥ် ၁ စီးနဲ့ ရွှေလုပ်ကွက်ပေါ်ကို ပေါင် ၃၀၀ ဗုံး ၂ လုံးကို ကြဲချခဲ့ပြီး ရွှေလုပ်ကွက်အတွင်းရှိ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

" ရွှေလုပ်ကွက်ထဲက အိမ်ပေါ်ကိုကျတာ။ ဒဏ်ရာရသူနှစ်ယောက်က တစ်ယောက်က လက်ထိတယ်။ တစ်ယောက်က ပေါင်ထိတယ်ဗျ။ လက်နဲ့ပေါင် ထိထားတာဆိုတော့ အရမ်းကြီး သေစေနိုင်လောက်ထိတော့ မစိုးရိမ်ရဘူး" လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းတာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/4913/
နတ်တလင်းမှာ စစ်ကြောင်းထိုးမီးရှို့လို့ ဒေသခံ ၃ ထောင်ခန့်ထွက်ပြေးနေရ

နတ်တလင်း၊ မေ ၂၀၊ ၂၀၂၅။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံ ၃ ထောင်ဝန်းကျင် ထွက်ပြေးနေကြရတယ်လို့ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အင်အား ၁၀၀ ခန့်ရှိတဲ့ ပျူစောထီးနဲ့စစ်ကောင်စီပူးပေါင်းအဖွဲ့က မေ ၁၄ ရက်မှာ စစ်ကြောင်းထိုးလာပြီးနောက် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ထန်းတောကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီးနောက်မှာ ဒေသခံတွေတိမ်းရှောင်ခဲ့ကြတာလို့ ဆိုပါတယ်။

"၁၄ ရက်နေ့မှာ ထန်းတောရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အချိန်မှာတော့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်။ ထန်းတောရွာနားမှာဖြစ်တာ။ တိုက်ပွဲကတော့အရမ်းမကြာဘူး။ ပြီးတော့ ရွာကိုမီးဝင်ရှို့တာ"လို့ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/4923/
⁨စစ်ကူလာပို့တဲ့ စစ်ကောင်စီထောက်ပို့ရဟတ်ယာဥ်တွေ ပစ်ခံရပြီး ၁ စီးပျက်ကျ(ရုပ်/သံ)

မြေလတ်အသံ၊ မေ ၂၀ ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို စစ်ကူပို့ဆောင်လာတဲ့ Mi 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ် ၃ စီးအနက် ၂ စီးကို ဒီနေ့မေ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီခန့်မှာ KIO/KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ Mi 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ် ၃ စီးကို ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အနောက်ဖက်တနေရာမှာပစ်ခတ်ခဲ့တာဖြစ်ပြီး ၂စီးထိမှန်ကာ၁စီးပျက်ကျသွားပြီး သေဆုံးသူတွေရှိတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကမြေလတ်အသံကိုပြောပါတယ်။

ပျက်ကျသွားတဲ့ စစ်ကောင်စီ ရဲ့ ရဟတ်ယာဉ်ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ ခန့်ပါဝင်တယ်လို့သိရပြီး အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူ ကဆက်ပြောပါတယ်။

ဒါ့အပြင် KIO/KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပျက်ကျသွားတဲ့ရဟတ်ယာဉ်ကို KIA တပ်ရင်း ၅ တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။⁩

#‌မြေလတ်အသံ
#‌စစ်ကောင်စီ #‌ရဟတ်ယာဥ် #‌KIO/KIA #‌ပစ်ခတ်

https://youtu.be/3s1jFVEjZkw
ပျက်ကျတဲ့ရဟတ်ယာဉ် ရုတ်တရက်စက်ချို့ယွင်းတာကြောင့်လို့ စစ်ကောင်စီထုတ်ပြန်လာ

မြေလတ်အသံ၊ မေ ၂၁၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ပျက်ကျခဲ့တဲ့ စစ်ကောင်စီတပ်သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဟာ စက်ချို့ယွင်းတာကြောင့်လို့ စစ်ကောင်စီတပ်က မေ ၂၀ ရက် ယမန်နေ့ညပိုင်းမှာ ၎င်းတို့သတင်းထုတ်ပြန်ရေးမီဒီယာတွေကတဆင့် ထုတ်ပြန်လာပါတယ်။

မေ ၂၀ ရက် နေ့လယ်ပိုင်းမှာ ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာလာစဉ် မြို့အနောက်တောင်ဘက် မီတာ ၁၄,၀၀၀ ခန့်အကွာအရောက်မှာ ရုတ်တရက်စက်ချို့ယွင်းပြီး မတော်တဆပျက်ကျခဲ့တာလို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ က ဗန်းမော်အခြေစိုက် စကခ ၂၁ ကိုလာတဲ့ စစ်ကောင်စီတပ်ထောက်ပို့ရဟတ်ယာဉ် ၃ စီးတွဲမှာ ၂ စီးကို KIA နဲ့ ပူးပေါင်းတပ်တွေက ဗန်းမော်မြို့အနောက်ဘက် ဧရာဝတီမြစ်ကမ်းအနီးမှာ ပစ်ခတ်နိုင်ခဲ့ပြီး ၁ စီး မှာ မီးလောင်ပြီးနောက် ရွှေကူမြို့နယ်တောတောင်အတွင်းကို ပျက်ကျသွားခဲ့တာလို့ ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/4934/
ဗဟင်းရွာထမင်းဆိုင် ဗုံးကြဲခံရလို့ PDF တပ်ဖွဲ့ဝင် ၄ ဦးအပါ ၆ ဦး သေဆုံး

မြေလတ်အသံ၊ မေ ၂၁ ၊ ၂၀၂၅ ။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာမှာ လေယာဉ်နဲ့ဗုံးကြဲခံရပြီး PDF တပ်ဖွဲ့ဝင် ၄ ဦး အပါ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၂၀ ရက် ညနေ ၅ နာရီခန့်မှာ ဗဟင်းကျေးရွာရှိ ထမင်းဆိုင်ကို ပေါင် ၃၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ထမင်းဆိုင်တွင်းရှိနေတဲ့ PDF တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ထမင်းဆိုင်ရှင် သားအမိ ၂ ဦး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“တချို့အလောင်းတွေက တစစီဖြစ်သွားတာကြောင့် တိကျမှုတော့ မရှိဘူး။ ၁၀ ဦးထက်လည်း ကျော်နိုင်တယ်”

သတင်းအပြည့်အစုံ - https://myaelattathan.com/news/4937/
ငလျင်ထိထားတဲ့ ၂ ထပ်ခွဲလူနေအိမ်တိုက်တလုံး လေပြင်းတိုက်မိုးကြီးချိန် ပြိုကျ

မြေလတ်အသံ၊ မေ ၂၁၊ ၂၀၂၅။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ငလျင်ဒဏ်ထိထားတဲ့ ၂ ထပ်ခွဲ လူနေအိမ်တိုက်အဆောက်အဦ ၁ လုံး လေပြင်းတိုက်မိုးကြီးချိန်ပြိုကျခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

မဟာအောင်မြေမြို့နယ်၊ ၈၉ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားရှိ ငလျင်ထိထားတဲ့ ၂ ထပ်ခွဲတိုက် ၁ လုံးဟာ မေ ၂၁ ရက် ဒီကနေ့မနက် ၂ နာရီမှာ နေအိမ်အောက်ထပ်က စတင်ပြိုကျခဲ့တာလို့ ဆိုပါတယ်။

"အောက်ခြေတိုင်တွေက ကျိုးထားတာ။ မိုးနဲ့ထပ်စောင်းပြီး အောက်ထပ်က ပြိုလာတာ။ ဘေးအိမ်တွေ ဘက်ယိုင်လာတော့ အကုန်ညက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရှောင်အိပ်ရတာ။ မိုးရော၊ လေရော တော်တော်ပြင်းတာ" လို့ အခင်းဖြစ် ရပ်ကွက်နေပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/4942/
တမူးခရိုင်ပကဖတပ်ဖွဲ့ဝင်တွေအသတ်ခံရမှု စုံစမ်းအရေးယူပေးဖို့ အိန္ဒိယနိုင်ငံအစိုးရကို NUG တောင်းဆို

မြေလတ်အသံ၊ မေ ၂၁၊ ၂၀၂၅။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တွင် တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ ကျူးလွန်သူတွေကိုစုံစမ်းစစ်ဆေးကာအပြစ်ပေးမှုတွေ လုပ်ဆောင်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၀ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့၊ အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူတွေမဟုတ်ဘဲ သတ်ဖြတ်တဲ့ အပေါ်တာဝန်ယူမှုရှိစွာ စုံစမ်းစစ်ဆေး၊ အပြစ်ပေးအရေးယူပေးဖို့၊ နစ်နာသူတွေအတွက် နစ်နာကြေးပေးဆောင်ဖို့၊ နောက်ထပ်အလားတူဖြစ်စဥ်မျိုးမဖြစ်အောင် စီမံဆောင်ရွက်ဖို့၊ နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလမှာ တဖက်သတ် ခြံစည်းရိုးခတ်ခြင်းကို ယာယီရပ်ဆိုင်းခြင်းဖြင့် အလားတူဖြစ်ရပ်များကိုရှောင်လွှဲဖို့ စတဲ့အချက် ၅ ချက်ကို တောင်းဆိုထားတာပါ။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီး မြန်မာ-အန္ဒိယနှစ်နိုင်ငံနယ်စပ် မြန်မာပြည်ဘက်ခြမ်းမှာ __

သတင်းအပြည့်အစုံ - https://myaelattathan.com/news/4948/
နေအိမ်မီးရှို့ပြီးထွက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရ

ရွှေကျင်၊ မေ ၂၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ရှမ်းစုကျေးရွာအနီးမှာ နေအိမ်တွေကိုမီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

မေ ၂၀ ရက်နေ့လယ် ၁၂ နာရီခန့်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာကနေအိမ် ၅ လုံးကို မီးရှို့ခဲ့တဲ့စစ်ကြောင်းဖြစ်ပြီး မေ ၂၁ ရက် ဒီမနက် ၈ နာရီခန့်မှာ အင်အား ၅၀ နဲ့ ရှမ်းစုကျေးရွာဘက်ကို ရောက်လာချိန် KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

"သူတို့ပြန်ဆုတ်တဲ့ လမ်းကြောင်းကို ကျနော်တို့ဘက်ကပစ်တာခတ်တာရှိတယ်။ နည်းနည်းတော့ ကြာသွားတယ်။ နာရီဝက် ၄၅ မိနစ်ဝန်းကျင်လောက်ကြာသွားမယ်။ စကစဘက်က လက်နက်ကြီး အသေးကောအကြီးကော ပစ်နေတုန်း"လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/4951/
တာဝန်ထမ်းဆောင်ဆဲ(In service)စစ်တပ်ဗိုလ်မှူးက ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ကို ဗုံးခွဲမယ်လို့ ခြိမ်းခြောက် (ရုပ်/သံ)

မြေလတ်အသံ၊ မေ ၂၁၊ ၂၀၂၅။

တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီတပ် ဗိုလ်မှူး ၁ ဦးက မိတ္ထီလာမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက် ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးနဲ့ ဖောက်ခွဲမယ်ဆိုကာ ခြိမ်းခြောက်နေတဲ့ရုပ်သံကို CDM တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်လာပါတယ်။

အဆိုပါ ဗိုလ်မှူးမှာ မလှိုင်မြို့နယ်စစ်ကောင်စီမှ ဗိုလ်မှူး ဝေဖြိုး ဆိုသူဖြစ်ကြောင်း ရုပ်သံမှာပြောဆိုထားပြီး ၎င်းမှာ မိတ္ထီလာမြို့နယ်အတွင်း ကားနဲ့ဖြတ်သန်းသွားစဉ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ စစ်ဆေးရေးလုပ်နေတဲ့ တိုးလ်ဂိတ်မှာ ကားမှန်ချခိုင်းရာက ဂိတ်တာဝန်ကျ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦးနဲ့ အချေအတင်စကားများကြတာကို ရုပ်သံဖိုင်မှာ မြင်ရပါတယ်။

အဆိုပါ ဗိုလ်မှူးမှာ ပြည်သူ့စစ်ဂိတ်အတွင်း ဆဲဆိုကြိမ်းမောင်းကာ ၎င်းမှာပါလာတဲ့ ပစ္စတိုသေနတ်၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ဖောက်ခွဲမယ့်ဆိုကာ ခြိမ်းခြောက်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ
#ဗိုလ်မှူး #ပြည်သူ့စစ် #စစ်ဆေးရေးဂိတ်⁩

https://youtu.be/2pJ9K6PI6ZQ
လက်ပံတန်းက စစ်ကောင်စီသတင်းပေးရာအိမ်မှူး ပစ်သတ်ခံရ

လက်ပံတန်း၊ မေ ၂၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သိုက်ဝါးချောင်းရွာက စစ်ကောင်စီတပ်သတင်းပေး ရာအိမ်မှူး ၁ ဦးကို မေ ၂၁ ရက်မနက် ၁၁ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ပစ်ခတ်ခံရသူဟာ အသက် ၆၀ အရွယ် ဦးအုန်းသန်းဖြစ်ပြီး ကျေးရွာရှိ ဂျင်လောင်းကစားဝိုင်းမှာ ရှိနေချိန် သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"လူအင်အား ၅၀ ကျော်ခန့်ရှိတဲ့ ဂျင်ဝိုင်းပါ။ ပြန်လည်မခုခံနိုင်ခဲ့ပါဘူး။ လူအုပ်ထဲမှာပဲ 9mm အတိုနဲ့ နားထင်တချက်၊ ရင်ဝတချက်ပစ်ခတ်ခဲ့တာ"လို့ သာယာဝတီခရိုင်ပကဖ၊ အမှတ်(၁) တိုက်ခိုက်ရေးတပ်ဖွဲ့၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/4957/
ဘုတလင်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

ဘုတလင် ၊ မေ ၂၁ ၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ မြဝတီရပ်ကွက်ရှိ အထကကျောင်းဝန်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ်ပကဖဆီက သိရပါတယ်။

စစ်ကောင်စီတပ်အင်အား ၅၀ ဝန်းကျင်ရှိတဲ့ အဆိုပါအထကကျောင်းကို မေ ၁၈ ရက် မနက် ၆ နာရီခွဲကနေ စတင်တိုက်ခိုက်ခဲ့ရာ မနက် ၉ နာရီခွဲအထိ ၃ နာရီကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ ကူတော်ရွာ ရဲစခန်းသိမ်းလိုက်နိုင်ပြီးကတည်းက ကျောင်းထဲမှာ အခိုင်အမာတပ်စွဲထားတာ ဖြစ်ပါတယ်၊ ကျနော်တို့ ပစ်ခတ်ခဲ့တာက သူတို့တပ်စွဲထားတဲ့ အုတ်တံတိုင်းအထိ နေရယူတယ်၊ ပြီးရင် ကျောင်းပေါက်က ဘန်ကာတွေအထိ ကျနော်တို့နေရာယူပြီးတော့ပစ်တာဖြစ်တယ်။ မီတာ ၅၀၊ မီတာ ၇၀၊ မီတာ ၁၀၀ လောက်ကနေ ကျနော်တို့ဝိုင်းပစ်တာ။” လို့ ဘုတလင်မြို့နယ်ပကဖ ဒုတာဝန်ခံနဲ့ စစ်ရေးတာဝန်ခံ ကိုကြွက်ကလေးက ပြောပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး ဘုတလင်ဆေးရုံမှာကုသနေရတယ်လို့ အထက်ပါပကဖတာဝန်ခံက ပြောဆိုထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေတွေကိုတော့ မြေလတ်အသံက အတည်မပြုနိုင်ပါဘူး။

ဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့၊ ဘုတလင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဘုတလင်မြို့နယ် တိုက်နယ် ရပ်ကျေးပေါင်းစုံ၊ မုံရွာမြို့နယ် ရပ်ကျေး ပကဖ၊ ရေဦးမြို့နယ် ပကဖ၊ တိုက်နယ် ကိုကင်း တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - M

#မြေလတ်အသံ
#စစ်ကိုင်း #ဘုတလင် #တိုက်ပွဲ⁩

https://youtu.be/OLZgOyPcjgs