ဆောမှာ စစ်တပ်ကအင်အားထောင်ကျော်နဲ့ စစ်ကြောင်းထိုးလာ
ဆော၊ မေ ၁၃၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်ကအင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၂ ရက်ညနေပိုင်းမှာ ပေါက်မြို့နယ်၊ ကျောက်တံခါးရွာဘက်ကနေ တပ်မ ၉၉ က စစ်ကြောင်းမှူး ဗိုလ်မှူး သိုက်အောင်မောင်းဦးစီးတဲ့ အင်အား ၄၀၀ ပါစစ်ကြောင်းဟာ ဆောမြို့နယ်၊ ပုံတောင် တောင်ပေါ်ကိုတက်လာတဲ့အပြင် လောင်းရှည်အခြေစိုက် ကပစ ၂၅ က အင်အား ၇၀၀ ပါစစ်ကြောင်းကလည်း လောင်းရှည်မြို့ကတဆင့် ဆောမြို့နယ်၊ တောင်ဘို့ကြီးရွာကိုဝင်လာတာလို့ ဆိုပါတယ်။
"ဆောနယ်ထဲကိုရောက်နေတာက ၂ ကြောင်းပေါ့။ ပုံတောင်နဲ့ တောင်ဘိုကြီးရောက်နေကြပြီ။ မနေ့ညနေမှာ ပုံတောင်ဘက်ကို ကင်းထောက်ပြီးတော့မှာ ဒရုန်းနဲ့ဗုံး ၁၁ ကြိမ်ချသေးတယ် တောထဲကို၊ ကျောက်တံခါးအနောက်ဘက်မှာ ရွာမရှိတော့ဘူး။ ဒီမနက်မှာလည်း ကံကြီးရွာဘေးပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာ ၂ စီးနဲ့ Y12 နဲ့ဗုံးကြဲသေးတယ်။ စစ်ကြောင်းထိုးနေတော့ လမ်းကြောင်းရှင်းတဲ့သဘော ဗုံးကြဲနေတာ"
သတင်းအပြည့်အစုံ - https://myaelattathan.com/news/24463/

🤬30❤6👍5🔥4👎2🤮2😁1
ကနီနယ်ထဲကစစ်ကြောင်းပြန်ထွက်ချိန် ခိုင်းနွား ၂၀ ကျော်၊ လှည်းတွေနဲ့ လူသုံးပစ္စည်းတွေ ယူသွား
ကနီ၊ မေ ၁၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ပြန်ထွက်သွားပြီးနောက် မုံရွာ-ယာကြီး-ကလေးဝ လမ်းတလျှောက်ကျေးရွာတွေက ခိုင်းနွားအများအပြားနဲ့ နွားလှည်း ၈ စီးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၃ ရက်ကစတင်ကာ ယင်းမာပင်နဲ့ကနီနယ်အစပ်ကျေးရွာတွေကို စစ်တပ်က ၃ ပတ်ကြာ လှည့်ပတ်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး မေလ ၁၁ ရက်မှာ စစ်ကြောင်းပြန်လည်ထွက်ခွာပြီးနောက် ကျေးရွာတွေအသီးသီးကနေ နွားနဲ့လှည်းတွေအပါ လူသုံးပစ္စည်းတွေပျောက်ဆုံးနေတာလို့ ဆိုပါတယ်။
“ လမ်းတလျှောက် ရွာတွေကနေ ပစ္စည်းတွေကို ရသလောက် အကုန်သယ်တာ၊ ကုန်စုံဆိုင်တွေက စားစရာ သောက်စရာတွေရော။ စားသောက်ဆိုင်တွေက အရက်၊ ဘီယာ၊ ခေါင်ရည်တွေရော အကုန်ယူတာ။ ဆိုင်ရှင်တွေက ရွာထဲပြန်ဝင်လာတော့ ခင်ဗျားတို့ မပြေးကြနဲ့၊ ကျုပ်တို့က ဘာမှမလုပ်ဘူးလို့ ပြောတယ်။ အိမ်မှာ လူမတွေ့ရင်တော့ သူတို့ကို ဆန့်ကျင်တယ်လို့ ယူဆပြီး သူတို့လုပ်ချင်ရာလုပ်မယ်လို့ ပြောတယ်”
သတင်းအပြည့်အစုံ - https://myaelattathan.com/news/24467/

🤬18👍8❤4👎1🔥1😁1🤮1🤣1
ဝက်လက်နဲ့ ချောင်းဦးမှာဗုံးကြဲလို့ သံဃာနဲ့ကလေးငယ်ထိခိုက်ပြီး အဆောက်အဦတချို့ပျက်စီး
ဝက်လက်၊ မေ ၁၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ချောင်းဦးမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နဲ့သံဃာတော်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဝက်လက်နဲ့ ချောင်းဦးမြို့နယ်ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။
မေ ၁၃ ရက်နေ့လယ် ၁၂ နာရီခန့်မှာ ဂျက်ဖိုက်တာ ၁ စီးက ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းအနီးကို ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
"တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့လာကြဲတာပဲ။ ဘုန်းကြီးကျောင်းနားကိုကျတာ။ ကျောင်းက ရွာထဲမှာပဲ။ ထိတဲ့ကလေးက ကျောင်ဘေးနားအိမ်က ကလေးပါ။ "
သတင်းအပြည့်အစုံ - https://myaelattathan.com/news/24477/

🤬18❤3😢3👍1👎1😁1🤮1
ကြို့ပင်ကောက်မှာ စစ်မှုထမ်းအပတ်စဥ် ၂၂ ဆင်း တပ်သား၂ ဦး ဘက်ပြောင်းလာ
ကြို့ပင်ကောက်၊ မေ ၁၄၊ ၂၀၂၆။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ဘက်ပြောင်းလာခဲ့တယ်လို့ ဗျူဟာ ၂၂ က မေ ၁၄ ရက်ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
မေ ၁၁ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၂၂ ဆင်း တပ်သားဇော်ဇော်အောင်နဲ့ ကျော်မျိုးသူတို့က ဗျူဟာ ၂၂ လက်အောက်မှာရှိတဲ့ ၃၈၀၁ တပ်ရင်း တပ်ခွဲ ၅ ဆီကိုချိတ်ဆက်ပြီး ဘက်ပြောင်းလာခဲ့ကြတာလို့ ဆိုပါတယ်။
"လောလောဆယ်တော့ ကျနော်တို့ တပ်ခွဲထဲမှာပဲထားပါတယ်ဗျ။ စစ်ရေးကိစ္စလေးတွေ ရှုပ်နေသေးလို့၊ အဲ့ဒါ(ဆုချီးမြှင့်တာ)တွေ မလုပ်ရသေးပါဘူးဗျ။ အဲ့ဘက်(ရန်ကုန်နဲ့ရှမ်းတောင်)ကနေ ဒီဘက် (ကြို့ပင်ကောက်မြို့) ကိုလာဖို့ကျ လက်နက်သယ်လာဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။"
သတင်းအပြည့်အစုံ - https://myaelattathan.com/news/24482/

👍24❤4👏2🤮2🤣2🔥1🥰1
ရဲဝင်းဦး တပ်ချုပ်မဖြစ်မီ ၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၆ ဖေဖော်ဝါရီအထိ စစ်အာဏာသိမ်း ၅ နှစ်တာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ နေပြည်တော် စစ်ရုံးချုပ်ပြီးရင် အကြီးဆုံးစစ်ဌာနချုပ်တွေဖြစ်တဲ့ လားရှိုး ရမခနဲ့ အမ်း နပခတိုင်းစစ်ဌာနချုပ် ၂ ခုအပါ တပ်ဌာနချုပ်၊ စခန်းပေါင်း ရာနဲ့ချီ လက်လွှတ်လိုက်ရတဲ့အထိ စစ်ရှုံးထားတာပါ။
ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကိုတော့ စစ်အင်္ဂါစဥ်ကနေဖယ်ထုတ်ထားတာမရှိဘဲ မူလအတိုင်းဆက်လက်ထားရှိပြီး မင်းအောင်လှိုင်နဲ့ ရဲဝင်းဦးအကြား “တပ်ချုပ်တာဝန်ဝတ္တရား” လွှဲပြောင်း/လက်ခံမှတ်တမ်းမှာလည်း အဲ့ဒီ တပ်စခန်းတွေကို စာရွက်ပေါ်မှာသာ လက်မှတ်ထိုးလွှဲပြောင်းနိုင်ခဲ့တယ်လို့ တပ်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ဒါကြောင့် တပ်ချုပ်အသစ် ရဲဝင်းဦး ဟာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ရင်ဆိုင်နေရတဲ့ နိုင်ငံအနှံ့တိုက်ပွဲတွေအကြား ပျက်စီးလုနီးနီးစစ်တပ်ကို လွှဲပြောင်း ရယူခဲ့ရတဲ့ ခေတ်ပျက်တပ်ချုပ်တဦးအဖြစ်သာ CDM တပ်မတော်သားတွေနဲ့ စစ်သားဟောင်းတွေက ရှုမြင် နေကြတာပါ။
ဆောင်းပါးအပြည့်အစုံ - https://myaelattathan.com/article/24486/

❤18👍8😁7🤣5🤮1💩1
မြစ်ခြေမှာ စစ်တပ်ကအင်အားရာကျော်နဲ့ စစ်ကြောင်းထိုးပြီး ရွာ ၆ ရွာကိုမီးရှို့ထား
ပခုက္ကူ၊ မေ ၁၄၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသကို စစ်ကော်မရှင်တပ်က အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီး ရွာ ၆ ရွာကိုလည်းမီးရှို့ထားတယ်လို့ အဲ့ဒီဒေသအခြေစိုက် PDF တာဝန်ရှိသူတွေက ပြောပါတယ်။
မေ ၁၀ ရက်ကစတင်ပြီး ညောင်ဦး ခလရ ၄၁၅ တပ်ကနေထွက်လာတဲ့ အင်အား ၁၅၀ ကျော်ပါစစ်ကြောင်းက ရေလမ်းကြောင်းကစစ်ကြောင်းထိုးလာတဲ့အပြင် ပခုက္ကူ တပ်မ ၁၀၁ နဲ့ အောင်လံမြို့ပေါ် ပျူစောထီးတွေအပါ အင်အားပေါင်း ၂၅၀ ပါစစ်ကြောင်းကလည်း ကုန်းလမ်းကတဆင့် စစ်ကြောင်းထိုးလာနေတာလို့ ဆိုပါတယ်။
"စစ်ကြောင်းအင်အားက အများကြီးဆိုတော့ ဖြန့်ထားတာ။ စစ်တိုက်တဲ့အကြောင်းက ရှေ့ကအကြောင်း နောက်ကပါတဲ့အကြောင်းက ပစ္စည်းတွေသယ်ထုတ်။ လိုချင်တာသယ်ယူ။ သယ်လို့ကုန်ပြီဆိုမှ မီးရှို့တာ။"
သတင်းအပြည့်အစုံ - https://myaelattathan.com/news/24490/

😢13🤬12😁4❤3👍1👎1🤮1🤣1
နတ်မောက်နဲ့ရမည်းသင်းအစပ်မှာ ထိုးနေတဲ့စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရ
မြေလတ်အသံ၊ မေ ၁၄၊ ၂၀၂၆။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်နဲ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အစပ်မှာ ဝင်ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်က ထုတ်ပြန်ပါတယ်။
မေလ ၁၄ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ နတ်မောက်နဲ့ ရမည်းသင်းမြို့နယ်အစပ် နယ်ခြားမှတ်တိုင်အနီးမှာ အင်အား ၁၅၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းကို လက်လုပ်ဆွဲမိုင်း ၅ လုံးနဲ့ တပြိုင်တည်း တိုက်ခိုက်ခဲ့တာလို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
" မိုင်းကွင်းထဲကို ကား ၄ စီး၊ ထွန်စက် ၁ စီး၊ ဆိုင်ကယ် ၁၀ စီးရယ် ခြေလျင်စစ်ကြောင်းရယ် ဝင်ရောက်တဲ့အချိန်မှာ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှုက များပါတယ်ဗျ။ ထိခိုက်သေဆုံးသူတွေကို ကား ၃ စီးနဲ့တင်ခေါ်သွားတာဆိုတော့ စာရင်းအတိအကျကိုတော့ အတည်ပြုဖို့ခက်နေပါတယ်ဗျ"
သတင်းအပြည့်အစုံ - https://myaelattathan.com/news/24493/

👍26❤6😁4🥰2👏2🤮1
ကနီက ကျေးရွာ ၃ ရွာကို စစ်တပ်မီးတင်ရှို့
ကနီ၊ မေ ၁၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၁၂ ရက်မှာ ကနီမြို့ကနေထွက်ခွာလာတဲ့ အင်အား ၁၅၀ ပါ စစ်ကြောင်းဟာ မင်းကုန်းရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် မေလ ၁၄ ရက် ဒီကနေ့မနက်ပိုင်းမှာ မုဌောအရှေ့ရွာနဲ့ မုဌောအနောက်ရွာတွေကို ဆက်တိုက်မီးရှို့ခဲ့ပြီး ချောင်းမရွာမှာတပ်စွဲထားတဲ့စစ်ကြောင်းကလည်း မေလ ၁၃ ရက်မှာ သမင်ခြံရွာကို မီးတင် ရှို့ခဲ့တယ်လို့ ဆိုပါတယ်။
“သမင်ခြံ၊ မုဌောအရှေ့(ရွာ)၊ အနောက်(ရွာ)၊ ဘယ်လောက်ပါသွားလဲတော့ မသိရသေးဘူး၊ (မေ ၁၄) မနက်က မုဌောအနောက်ရွာကို ထပ်ရှို့သေးတယ်၊ မနေ့က မနက်ခင်းပိုင်းကတည်းက ရှို့နေတာ၊ အခုမနက်ထိပဲ”
သတင်းအပြည့်အစုံ - https://myaelattathan.com/news/24497/

🤬29❤10👎2👏2🤮2👍1😁1
ဆောမြို့ထဲမှာ စစ်တပ်ကအင်အားရာကျော်နဲ့တပ်ဖြန့်ပြီး ဒေသခံတွေကိုဖမ်းဆီးနေ
ဆော၊ မေ ၁၅၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့ထဲကို မေ ၁၄ ရက်ညနေ ၃ နာရီကျော်မှာ စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်လာပြီး ဒေသခံတွေကိုလည်းဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေ ၁၄ ရက်ညနေ ၃ နာရီမှာ လောင်းရှည်ကနေ ဗိုလ်မှူးကြီးမျိုးအောင် ဦးဆောင်တဲ့ အင်အား ၃၅၀ ကျော်ပါစစ်ကြောင်းဟာ မြို့ထဲကိုရောက်လာပြီးနောက် မြို့တော်ခန်းမ၊ မီးသတ်ကုန်းနဲ့ ဘုန်းကြီးကျောင်းတွေမှာတပ်စွဲပြီး မြို့ထဲမှာလိုက်လံစစ်ဆေးပြီး ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
"အဲ့နေရာတွေမှာ စတည်းချပြီးတော့ တမြို့လုံးကိုတော့ အင်အားဖြန့်ကျက်ထားလိုက်ပြီး။ ညတုန်းကတော့ ၇ နာရီလောက်ကစပြီးတော့ ဆိုင်းဘုတ်တပ်ထားတဲ့စျေးဆိုင်တွေကို ဦးစားပေးမွှေတယ်။ လိုချင်တဲ့ဟာယူတယ်။ မသင်္ကာတဲ့သူတွေကို ဖမ်းခေါ်ထားတယ်။ ပြီးတော့ မီးသတ်ကုန်းကို အကုန်ခေါ်သွားတယ်။ လူငယ်လူရွယ်အယောက် ၂၀ ကျော်တယ်"
သတင်းအပြည့်အစုံ - https://myaelattathan.com/news/24501/

👎17😡6👍5❤3🤬3🤮1
ရွှေဘို ပျူစောထီးစခန်းတိုက်ပွဲမှာ ၂ ဖက်သေဆုံးမှုရှိပြီး စစ်တပ်ကအင်အားသုံးလေကြောင်းတိုက်ခိုက်
ရွှေဘို၊ မေ ၁၅၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းနဲ့ မင်းကုန်းရွာရှိ ပျူစောထီးစခန်းတိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က လေကြောင်းအလွန်အကျွံသုံးတိုက်ခိုက်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်းရှိတယ်လို့ တိုက်ပွဲပါကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မေလ ၁၄ ရက်မနက် ၅ နာရီခန့်မှာ အင်အား ၁၀၀ ခန့်ရှိ ပလိုင်းရွာပျူစောထီးစခန်းနဲ့ မနက် ၆ နာရီခန့်မှာ အင်အား ၇၀ ခန့်ရှိ မင်းကုန်းရွာပျူစောထီးစခန်းတို့ကို ဒေသခံတော်လှန်ရေးတပ်ပေါင်းစုတွေက အသီးသီးဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
တိုက်ပွဲဖြစ်ချိန် စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ၊ Y12၊ စက်တပ်လေထီး၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ အမြောက်အများ ဗုံးကြဲပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/24504/

👎13❤10🔥3😁3🫡2👍1🤮1