MOBS 📖
129 subscribers
3.89K photos
82 videos
1 file
47 links
Read Smart & Grow Fast
Best Business & Self Development Books

🔥 Daily Lessons from Top Books
💰 Buy Books | Exclusive Content

👇 Order Now / Join Channel
Download Telegram
လင့်ခ် လေးကို နှိပ်ပြီး #Give_Away ဝင်ရောက်ကံစမ်းသွားနိုင်ပါပြီ....

Follow လုပ်ပေးသွားအုန်းနော် 😃

https://vt.tiktok.com/ZSCydFgwD/
သံသရာတစ်ထောင့်မှာ
ကိုယ် စောင့်နေမှာပေါ့။

တတ်တူးဆင်တူထိုးဖို့...။
Allsterဖိနပ်လေး ဆင်တူစီးဖို့...။
ကော်ဖီတစ်ခွက်နဲ့ တိတ်တိတ်လေးထိုင်
Supernatural ဇာတ်လမ်းတွဲ အတူတူကြည့်ဖို့...။

စာအုပ်တစ်အုပ်ကို အတူတူဖတ်ရင်း
မင့်ပါးလေးကို ဖြတ်ခနဲနမ်းလိုက်ဖို့
ကိုယ်စောင့်နေမှာပေါ့...။

#စစ်ငြိမ်း
This media is not supported in your browser
VIEW IN TELEGRAM
မင်္ဂလာပါ
This media is not supported in your browser
VIEW IN TELEGRAM
#အချစ်နှင့်ဘဝရဲ့ညီမျှခြင်း (LOVED & ALIVE) - Thar Htwe
🔸၁၂၀၀၀ ကျပ်

#monywaonlinebookshop
Media is too big
VIEW IN TELEGRAM
သည်အနှစ်လေးဆယ်လုံး ကုသိုလ် တစ်ပိဿာ၊ ငရဲ တစ်ရွေးသားဆိုသလို ထိုအစွဲတစ်ရွေးသားကို မစွန့်နိုင်ခဲ့တာလည်း ထူးဆန်းလှပါ၏။ 🥺🥺🥺

🔥တကယ်တန်း စွန့်ခွာသွားခဲ့တာက ရခဲလှသော လူ့ဘဝ အသက်တစ်ချောင်းသာ ဖြစ်၏။ 😭😭😭

#မအိမ်ကံ - ခင်ခင်ထူး
◾၃၀၀၀၀ ကျပ်၊ စာ ၅၈၃

#monywaonlinebookshop
#အချစ်နှင့်စိတ် ၁ - နိုင်းနိုင်းစနေ
🔸၁၁၀၀၀ ကျပ်

#monywaonlinebookshop
“ဖဲရိုက်သေးလား”

“နည်းနည်းပေါ့”

“မောင့်ဇနီးက ဘာမှမပြောဘူးလား”

“သူက အ တယ် မင်းလို မလည်ဘူး။
ကိုယ်ဘာလုပ်လုပ်သိပ်သိတာမဟုတ်ဘူး”

“အခုတော့ မောင်ရွေးတဲ့လမ်းမှန်နေပြီပေါ့”

“ဘာကိုလဲ”

“မောင့်ကိုပုခုံးချင်း မယှဉ်နိုင်တဲ့မိန်းမနဲ့လေ”

#ဂျူး (အမှတ်တရ)
◾စိတ်ညစ်နေရင် ဒီ ၃ ခု လုပ်ပါ ......

ကျွန်တော်တို့ စိတ်ညစ်ပြီ၊ စိတ်တွေ ဖိစီးနေပြီဆို ဘာလုပ်လေ့ရှိကြသလဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ တူမယ်မထင်ဘူး။ တချို့လည်း အရက်သောက်မယ်။ တချို့လည်း ကာရာအိုကေ ဆိုမယ်။ တချို့လည်း ဝယ်ချင်တာတွေ လျှောက်ဝယ်ပစ်မယ်ပေါ့။

ဒီဆောင်းပါးမှာတော့ ငွေကုန်ကြေးကျလည်း မများဘဲ ကိုယ့်ရဲ့ ညစ်နေတဲ့ စိတ်ကို အတိုင်းအတာတစ်ခုထိ ပြေပျောက်သွားစေမဲ့ အလုပ် ၃ ခုအကြောင်း ဝေမျှပေးမှာ ဖြစ်ပါတယ်။

၁။ ရသစာပေ ဖတ်ပါ။

ရသစာပေဆိုတာ အမျိုးမျိုးရှိပေမဲ့ အဓိကက ဝတ္ထုစာအုပ်ကောင်းတွေ ဖတ်စေချင်တာပါ။ ဆိုရှယ်မီဒီယာဆိုတာ အားလုံးလည်းသိတဲ့အတိုင်း ၁ဝဝ မှာ ၉၉ ယောက် က ကောင်းတာတွေပဲ တင်ကြတာပါ။ တစ်ဖက်ကလည်း အားကျစရာဆိုပေမဲ့ ကြာလာတော့ ကိုယ့်ဘဝကိုယ် သိမ်ငယ်လာတယ်။ ကိုယ့်ဘဝတစ်ခုပဲ စိတ်ညစ်စရာတွေနဲ့ ပြည်နှက်နေသလို ဖြစ်လာတယ်။

ရသစာပေကျ ဒီလိုမဟုတ်ဘူး။ ဘဝတွေကို အရှိအရှိအတိုင်း ချပြထားတယ်။ ကောင်းတာလည်း ပါတယ်။ ဆိုးတာလည်း ပါတယ်။ ရာနှုန်းပြည့် ကောင်းနေတယ် ဆိုတဲ့သူလည်း မရှိဘူး။ ဒီတော့ ဘဝအပေါ်မှာ မြင်တဲ့အမြင်တွေ ပြောင်းလာမယ်။ လူတွေအပေါ် ပိုပြီးနားလည်ပေးနိုင်လာမယ်။ စိတ်အေးချမ်းမယ်။ နောက်ပြီး ကြည်နူးမှု ရသလေးတွေလည်း ခံစားရမယ်။ ဇာတ်နာတဲ့ဝတ္ထုတွေဖတ်လို့ ပိုစိတ်ညစ်သွားမလား စိုးရိမ်ကြပေမဲ့ ကျွန်တော့်အတွေ့အကြုံအရတော့ အဲ့လိုစာအုပ်လေးဖတ်ရင်း ကိုယ်မသိတဲ့ ဘဝတွေအကြောင်းကို စိတ်ကူးထဲ ပုံဖော်ခံစားနေရတာ သိပ်ကောင်းပါတယ်။ ဖတ်လည်းပြီးရော ကိုယ်ဖြစ်နေတဲ့ စိတ်ညစ်တာတွေလည်း အတော်လေး သက်သာ သွားတယ်။ ကိုယ်အမြင်မကြည်ဖြစ်နေတာတွေကိုပါ ရှုထောင့်တစ်မျိုးကနေ ကြည့်တတ် လာတယ်။ ခွင့်လွှတ်ပေးတတ်လာတယ်။

ဒါက တကယ်တော့ စိတ်ညစ်မှ လုပ်ရမှာမျိုး မဟုတ်ပါဘူး။ ဘဝနဲ့ပတ်သက်လို့ ခံယူချက်တွေ မှန်ချင်ရင်၊ ကိုယ့်ရဲ့စိတ်နှလုံး နူးညံ့ချင်ရင်၊ ကိုယ်ချင်းစာတတ်ချင်ရင်၊ ပျော်ရွှင်ချင်တယ်ဆိုရင် ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်အမျိုးအစား ဖြစ်ပါတယ်။

၂။ ကိုယ့်ဘဝရဲ့ ကောင်းတဲ့အချက်တွေကို ချရေးကြည့်ပါ။

ဒီအတိုင်း စိတ်ထဲတွေးရုံတင် မတွေးပါနဲ့။ စာအုပ်ထဲမှာ ချရေးပါ။ ကျွန်တော် စိတ်ညစ်တိုင်း၊ ကိုယ့်ကိုယ်ကိုယ် အားမရတိုင်း လုပ်လေ့ရှိတဲ့ အပြုအမူဖြစ်ပါတယ်။ ပထမတစ်ခါ ရေးထားတာကို ပြန်ကြည့်ရင် စိတ်ညစ်မပျောက်ပါဘူး။ အသစ်ထပ်ရေးမှ အဆင်ပြေတာပါ။ ဒါကြောင့် စိတ်ညစ်တိုင်း ချရေးပါ။ တစ်ခါနဲ့တစ်ခါလည်း ကိုယ့် ကိုယ်ကိုယ် အမြင်ချင်းက မတူနိုင်ဘူးလေ။

ကျွန်တော်တို့ဟာ လူ့သဘာဝပဲ ပြောရမလား။ ကိုယ့်မှာရှိတဲ့အရာတွေကို အသိအမှတ်မပြုတတ်ဘဲ မရှိတဲ့အရာကိုမှ သိမ်ငယ်တတ်ကြတယ်။ နောက်ပြီး ငယ်ငယ်ကလေးကတည်းက သူများနဲ့နှိုင်းယှဉ်တာ ခံခဲ့ရတယ်။ စာမေးပွဲမှာဆိုလည်း အဆင့်တွေ ခွဲတယ်။ အတန်းတွေ ခွဲတယ်။ နင်က ဘယ်သူ့သားလောက်တောင် အသုံးမကျဘူး၊ ဘယ်သူတွေဆို ဘယ်အရွယ်နဲ့ ဘာဖြစ်နေပြီ စသဖြင့် သူများနဲ့ အမြဲနှိုင်းခံရလေ့ရှိတယ်။ ပညာရေးစနစ်ကလည်း ဒီလိုပဲ။ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုကလည်း ဒီလိုပဲ။ နောက်ဆုံး ကိုယ့်ညီအစ်ကိုမောင်နှမချင်းတောင် နှိုင်းယှဉ်ခံရတယ်။ ကိုယ့်ရဲ့ အားသာချက်ထက် ကိုယ့်ရဲ့အားနည်းချက်ချည်းကိုပဲ ဖိပြီး ဆူပူခံရတယ်။ ဒါကြောင့် ထင်တယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ဆို သိပ်လျှော့တွက်ကြတယ်။ ရလဒ် အနေနဲ့ အလွယ်တကူ စိတ်ဓာတ်ကျတယ်။ ဘဝကို အားမရတော့ဘူး။

ဒါကြောင့် အဲ့လိုများ ခံစားနေရတယ်ဆို ကိုယ့်ဘဝရဲ့ ကောင်းတဲ့အချက်တွေ ချရေးကြည့်ပါ။ ပိုကောင်းတာက မရေးခင် အရင်ဆုံး ၁ဝ မိနစ်လောက် တရားထိုင်ပြီး ဝင်လေထွက်လေ မှတ်လိုက်ပါ။ ဒါဆို စိတ်က ပိုရှင်းသွားပြီး ကိုယ့်ကိုယ်ကိုယ် အမှန်မြင်လာပါလိမ့်မယ်။

ဥပမာလေးတွေ ရေးပြပါမယ်။

(၁) ကျန်းမာရေး ကောင်းတယ်။ (အဲဒါ ဘာမှမဟုတ်ပါဘူးထင်ရင် နီးစပ်ရာ ဆေးရုံတစ်ခုကို သွားကြည့်လိုက်ပါ။ ကျန်းမာရေးရဲ့တန်ဖိုးကို မြင်သွားလိမ့်မယ်။)

(၂) သက်ရှိထင်ရှား မိဘတွေ ရှိသေးတယ်။ သူတို့ကို လုပ်ကျွေးခွင့် ရနေတယ်။

(၃) လူအများကို ကူညီတတ်တယ်။ ငွေကြေးမချမ်းသာပေမဲ့ ကိုယ်ဟာ ကိုယ်နဲ့ ပတ်သက်ဆက်စပ်သူတိုင်းကို ကူညီပေးတယ်။ စိတ်ချမ်းသာအောင် ထားတတ်တယ်။ ကိုယ့်ကြောင့် ဘယ်သူမှ မျက်ရည်ပေါက် ကြီးငယ် မကျဖူးဘူး။ အစရှိသဖြင့် အဲဒီလိုကောင်းတာလေးတွေ ချရေးပါ။ ပြီးရင် ပြန်ဖတ်ပါ။ မျက်စိကလေးမှိတ်ပြီး ရေးထားတာတွေကို ပုံဖော်ခံစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေတာတွေ အတိုင်းအတာတစ်ခုထိ ပြေပျောက်သွားနိုင်ပါတယ်။

၃။ ချစ်ခင်ရသူတွေနဲ့ ငွေကုန်ကြေးကျ သက်သာပြီး ပျော်စရာကောင်းတဲ့ Activity တွေ လုပ်ပါ။

သူငယ်ချင်းတွေ စုပြီး ဘားသွားထိုင်ကြမယ်၊ ကလပ်တက်ကြမယ်၊ ဒီလိုမဟုတ်ပါဘူး။ Free but fun ငွေမကုန်ဘူး၊ အကုန်အကျ နည်းမယ်၊ ဒါပေမဲ့ ပျော်စရာလည်း ကောင်းမယ်ဆိုတဲ့ ပုံစံလေးနဲ့ တွေ့ကြပါ။ ဥပမာ- အိမ်မှာစုပြီး မုန့်တစ်ခုခု လုပ်စားကြတာတို့၊ နေ့ချင်းပြန် ခရီးတိုလေးထွက်၊ ပျော်ပွဲစားထွက်၊ သူက ဘာယူ၊ ငါက ဘာဝယ်ခဲ့မယ်ဆိုတာမျိုး၊ မြို့တွင်းမှာပဲ အထင်ကရနေရာ၊ သိပ်လည်းမရောက်ဖြစ်တဲ့ နေရာမျိုးမှာ ဓါတ်ပုံသွားရိုက်ကြတာမျိုး၊ လေ့လာရေးလုပ်ကြတာမျိုး (ဥပမာ- ရန်ကုန် မှာဆို ဝန်ကြီးများရုံးလိုပေါ့) အဲ့လိုလေးတွေ လုပ်ခြင်းကလည်း တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးရင်းနှီးစေသလို
ပိုလည်းပျော်ရွှင်စေပါလိမ့်မယ်။ အချိန်အများစုမှာ ဆိုရှယ်မီဒီယာရယ်၊ ငွေကုန်ကြေးကျများတဲ့နေရာတွေ သွားလည်ပတ် စားသောက် ကြတာရယ်ပဲ လုပ်နေကြတဲ့ခေတ်မှာ ဒါလေးတွေက ကိုယ့်စိတ်ကို လန်းဆန်းစေပါ လိမ့်မယ်။

အခု ပြောခဲ့တဲ့ ၃ ချက်စလုံးက ပိုက်ဆံလည်း မကုန်သလို၊ လူလည်း မပင်ပန်းဘူး။ အရက်သောက်သလိုမျိုး ခဏတော့ ပျော်ရပေမဲ့ နောက်ဆက်တွဲပြဿနာတွေ လိုက်လာနိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ဘူး။ ဒီတော့ စိတ်ညစ်ရင် စမ်းလုပ်ကြည့်ပါ ။ အတိုင်းအတာတစ်ခုထိ အဆင်ပြေနိုင်ပါတယ်။

၁။ ရသစာပေ ဖတ်ကျင့်မရှိရင် ဒီနေ့ကစပြီး ဖတ်ကြည့်ပါ။ လူအများညွှန်းတဲ့ စာအုပ်တွေကနေ အရင် စဖတ်ကြည့်ပါ။

၂။ ကိုယ့်ဘဝရဲ့ ကောင်းတဲ့အချက်တွေကို ချရေးဖို့ အရင်ဆုံး တရားထိုင်ပါ။ ပြီးမှ ရေးပါ။ အဲဒါတွေကို မျက်လုံးမှိတ်ပြီး ပြန်ပုံဖော်ကြည့်ပါ။

၃။ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ဖြစ်ဖြစ်၊ ကိုယ်နဲ့ စိတ်ချင်းရင်းနှီးတဲ့သူတွေနဲ့ ငွေလည်း သိပ်မကုန်၊ လုပ်လေ့လည်း သိပ်မရှိ၊ ပျော်စရာလည်းကောင်းတဲ့ အလုပ်ကလေးတွေ လုပ်ကြည့်ပါ။

ဒေါက်တာဖြိုးသီဟ

◾ပျော်ရွှင်ပါစေ
◾စာအုပ်တန်ဖိုး - ၁၅၀၀၀ ကျပ်

#monywaonlinebookshop
This media is not supported in your browser
VIEW IN TELEGRAM
#အမေရိကန်ပြည်ထောင်စု၏သမိုင်းနှင့်ကမ္ဘာ့နိုင်ငံရေး - သျှင်ထယ်ဩ
🔸၅၀၀၀၀ ကျပ်

#monywaonlinebookshop
This media is not supported in your browser
VIEW IN TELEGRAM
#တန်ဖိုးရှိစွာ_နေထိုင်ပါ - တိမ်သွေးအိမ်
🔸၇၀၀၀ ကျပ်

ဘဝမှာ တန်ဖိုးရှိအောင် နေထိုင်တတ်စေဖို့အတွက် အကြံပြုချက်များကို ရေးသားထားတဲ့စာအုပ်လေး ဖြစ်ပါတယ်။

စာအုပ်လေးမှာ အပိုင်း (၂) ပိုင်း ပါဝင်ပြီး အပိုင်း (၁) မှာ တန်ဖိုးရှိအောင် နေထိုင်တတ်စေဖို့ အကြံပြုထားတဲ့ စာစုလေးတွေကို ဖတ်ရှုရမှာဖြစ်ပြီး အပိုင်း (၂) မှာ စိတ်ချမ်းသာအောင် နေထိုင်တတ်စေဖို့ အကြံပြုထားတဲ့ စာစုလေးတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ တန်ဖိုးလည်း ရှိ၊ စိတ်လည်းချမ်းသာနေတဲ့ ဘဝလေးဟာ ပျော်စရာတွေနဲ့ ပြည့်နေမှာ အသေအချာပါပဲ။

#monywaonlinebookshop
ခေါ်သံလေးကြားရင်
ရောက်ရာအရပ်ကပြန်လှည့်လာမဲ့…
အမှတ်တရတွေကိုတစ်ဘဝလုံးသယ်သွားပြီး
သေတဲ့အထိချစ်သွားမဲ့
သာမန် ၂၅ နှစ်အရွယ်မိန်းကလေးပါပဲ အစ်ကို

#မယ်ညို
This media is not supported in your browser
VIEW IN TELEGRAM
ကိုယ့်အတွက်…. အရာရာ အဆင်ပြေနေချိန်၊ အရာရာ လွယ်ကူနေချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် သိပ်တော်နေတယ်လို့ မခံယူပါနဲ့။

အရာရာ အဆင်မပြေချိန်၊ အရာရာ ခက်ခဲနေချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် သိပ်တော်ကြောင်း ခံယူအားမွေးဖို့သာ ကြိုးစားပါ။

#သိပ်တော်တဲ့ငါ - သုနေ
🔸၈၀၀၀ ကျပ်
#monywaonlinebookshop
လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲဖို့အတွက် အဆင့် (၃) ဆင့်လိုတယ်။ ပထမအဆင့်ဖြစ်တဲ့ တစ်ကိုယ်ရေတိုးတက်မှုအတွက် Personal Development လိုတယ်။ ဒုတိယအဆင့်ကတော့ အသက်မွေးဝမ်းကျောင်းအတတ်ပညာတိုးတက်မှု Professional Development လိုတယ်။ တတိယအဆင့်ကတော့ စီးပွားရေးစီမံခန့်ခွဲတိုးတက်မှု Business Development လိုတယ်။

Personal Development မှာ ကိုယ့်ရဲ့စိတ်ခံစားချက်ကို စီမံခန့်ခွဲနိုင်တာ၊ ကိုယ့်ကိုယ်ကိုယ် သေချာသိရှိခြင်း Self-awareness အပြင် အချိန်စီမံခန့်ခွဲမှု၊ ပေါင်းသင်းဆက်ဆံရေး အစရှိတဲ့အပိုင်းတွေပါဝင်ပါတယ်။

Professional Development အပိုင်းမှာတော့ ကိုယ့်အသက်မွေးဝမ်းကျောင်းပညာနဲ့ပတ်သက်တဲ့ အခြေခံအပြင် အဆင့်မြင့်ကျွမ်းကျင်မှုတွေပါဝင်ပါတယ်။ နောက်ဆုံးကိုယ်တတ်ထားတဲ့ပညာရပ်ကို ပြန်လည်သင်ကြားပေးနိုင်တဲ့ အဆင့်ထိဖြစ်ဖို့လိုပါတယ်။

Business Development အပိုင်းကတော့ လုပ်ငန်းတစ်ခုစတင်ခြင်း၊ ကြီးထွားခြင်း၊ ချဲ့ထွင်ခြင်းနဲ့ ကိုယ်မပါဘဲလည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အပိုင်းထိ ပါဝင်ပါတယ်။

ဒီလို လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့အတွက် အတွေးအခေါ်ကို ပြောင်းဖို့လိုပါတယ်။ လူဆိုတာ မတွေးဘဲမနေနိုင်တဲ့ သတ္တဝါဖြစ်ပါတယ်။ ဒီလို မတွေးဘဲမနေနိုင်တဲ့အတွက် အတွေးကောင်းဖို့လိုပါတယ်။ ကိုယ့်ရဲ့အတွေးအခေါ် ဘေးချော်ရင် အရေးပေါ်ပြင်ဖို့ လိုပါတယ်။
“လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ”

ဒီစာအုပ်က ဒေါက်တာဖြိုးပိုင်ရဲ့ Personal Development နဲ့ Professional Development ဆိုင်ရာ အတွေးအမြင်များစုစည်းမှု ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့ ကြိုးစားနေသူတွေ၊ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းအလုပ်မှာ တိုးတက်အောင်မြင်လိုသူတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြောင်းအလဲလုပ်ချင်ပေမဲ့ လုပ်ဖို့ခက်ခဲနေသူတွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုနဲ့ အခက်ခဲတွေကိုကျော်လွှားနိုင်မယ့်နည်းလမ်းရှာဖွေနေသူတွေ ဖတ်ရှုသင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

Dr. Phyo Paing
🔸၂၄၀၀၀ ကျပ်

#monywaonlinebookshop
This media is not supported in your browser
VIEW IN TELEGRAM
ဒီပျော်ရွှင်ခြင်းကော်ဖီဆိုင်လေးမှာ ကြိုးစားရမယ့် study plan လေးနဲ့အတူ Healingခံစားချက်စာစုတွေ ပါပါဝင်ပါတယ်။ ကြိုးစားဖို့လိုအပ်နေတဲ့ လူငယ်တွေအတွက် အတူကြိုးစားပေး plan ချပေးရင်း နှစ်သိမ့်မှုပါအတူပေးနိုင်တဲ့ ကော်ဖီဆိုင်လေးနဲ့တူတဲ့ Moti ရော Healing ပါ ရနိုင်မယ့် စာအုပ်လေးဖြစ်ပါတယ်။


#ပျော်ရွှင်ခြင်း_Coffee_ဆိုင် - LavenderPan-လာဗန်ဒါပန်
🔸၁၀၀၀၀ ကျပ်

#monywaonlinebookshop
"ပိုကြိုးစားတိုင်း ရလဒ်ပိုထွက်လာတာမဟုတ်ပါဘူး။ နည်းနည်းနဲ့ ပိုကောင်းတာကိုလုပ်တာကမှ ရလဒ်ပိုထွက်စေတာပါ။”

ခင်ဗျားကိုယ်ခင်ဗျား မနိုင်ဝန်တွေထမ်းနေရတယ်လို့ ခံစားရဖူးပါသလား။ အလုပ်တွေပိနေပြီး ဘာမှတကယ်အလုပ်ဖြစ်မနေဘူးလို့ ခံစားရဖူးပါသလား။ အသေးအဖွဲလေးတွေကို အရေးတကြီးလုပ်နေရဖူးပါသလား။ အလုပ်ရှုပ်နေပြီး အလုပ်တကယ်မဖြစ်ဘူးလို့ ခံစားရဖူးပါသလား။ အမြဲတရစပ်ရွေ့လျားနေရပြီး ဘယ်ကိုမှမရောက်ဘူးလို့ ခံစားနေရပါသလား။ ဒီမေးခွန်းတွေထဲက တစ်ခုခုကို “ဟုတ်ပါတယ်” လို့ ခင်ဗျားပြန်ဖြေတယ်ဆိုရင် ခင်ဗျားအတွက် အဲဒီထဲကထွက်ရမယ့်လမ်းက “အရေးပါတာကိုပဲလုပ်ခြင်း” ဆိုတဲ့ အတွေးအမြင်ပါပဲ။

လောကမှာ ကျွန်တော်တို့ ထည့်ဝင်နိုင်တဲ့အချိန်၊ အရင်းအမြစ်တွေလောက်နဲ့ လက်လှမ်းမမီနိုင်လောက်တဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ပြီးတော့ အဲဒီအရာတွေထဲက အများအပြားဟာ ကောင်းမွန်တဲ့အရာတွေ၊ ဒါမှမဟုတ် အင်မတန်ကောင်းတယ်ဆိုတာမျိုးလည်း ဖြစ်နေပါလိမ့်မယ်။ အဓိကအချက်က အဲဒါတွေထဲက အများစုဟာ အရေးမပါတဲ့အရာဖြစ်နေပြီး အနည်းငယ်လောက်ကပဲ အရေးပါတဲ့အရာတွေ ဖြစ်နေတယ်ဆိုတာပါပဲ။

အရေးပါတာပဲလုပ်သူတစ်ယောက်ရဲ့လမ်းစဉ်မှာ အဲဒီလိုအရေးမပါတဲ့အရာတွေနဲ့ အရေးပါတဲ့အရာတွေရဲ့ ကွာခြားမှုတွေကို လေ့လာသင်ယူနိုင်ဖို့ဆိုတဲ့အချက် ပါဝင်ပါတယ်။ အဲဒီလို ရွေးချယ်လုပ်ဆောင်စရာ အများအပြားထဲကနေမှ အမှန်တကယ် အနှစ်သာရကျတဲ့အရာတွေကို စစ်ထုတ်ယူတတ်ဖို့ကို လေ့လာသင်ယူရမှာဖြစ်ပါတယ်။

အရေးပါတာပဲလုပ်ခြင်းဟာ ကိစ္စရပ်တွေအများကြီး ပြီးမြောက်ဖို့မဟုတ်ပါဘူး။ မှန်ကန်တဲ့အရာတွေကို ပြီးမြောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာဖြစ်ပါတယ်။ နည်းနည်းလုပ်ပြီး နည်းနည်းပဲရယူတာမျိုး မဟုတ်ပါဘူး။ တကယ်အနှစ်သာရကျတဲ့အရာတွေကိုပဲ လုပ်ဆောင်ခြင်းအားဖြင့် အမြင့်ဆုံးအကျိုးရလဒ်ကို ဖြစ်စေနိုင်ဖို့ရာ ခင်ဗျားရဲ့ အချိန်နဲ့စွမ်းအင်တွေကို အထိရောက်ဆုံးဖြစ်မယ့်နည်းလမ်းနဲ့ ဉာဏ်ပညာရှိရှိ အသုံးချဖို့ပဲဖြစ်ပါတယ်။

ဒီစာအုပ်က ခင်ဗျားကို ကိုယ့်အစစ်အမှန်အတိုင်း ဘယ်လိုနေထိုင်ရမလဲ၊ ဘဝနဲ့ လုပ်ငန်းခွင်မှာ ပိုပြီး ထိရောက်အောင်၊ လုပ်ကိုင်နိုင်စွမ်းမြင့်မားလာအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေကို လမ်းညွှန်ပေးပါလိမ့်မယ်။ ဘယ်အရာတွေက အရေးကြီးသလဲဆိုတာကို စိစစ်ဖော်ထုတ်ပြီး အရေးမကြီးတဲ့အရာတွေကို ဘယ်လိုဖယ်ထုတ်ကာ အနှစ်သာရရှိတဲ့အရာတွေကိုပဲ အားထုတ်မှုကင်းနိုင်သမျှအကင်းဆုံးနဲ့ လုပ်ဆောင်နိုင်မယ့် စနစ်ကျတဲ့နည်းလမ်းတစ်ခုကို လမ်းညွှန်ပေးပါလိမ့်မယ်။

#အရေးပါတာကို_အာရုံစိုက်ပါ
(Essentialism by Greg McKeown) - ကက်စပါဇော်
🔸၂၁၀၀၀ ကျပ်

#monywaonlinebookshop