MT News _ Myanmar Transparency
24.2K subscribers
51.9K photos
2.83K videos
15.6K links
MT News _ Myanmar Transparency
Download Telegram
မြဝတီတွင် တက္ကစီမောင်းသူကို သတ်ဖြတ်ပြီး ဆိုင်ကယ်လုယက်ယူဆောင်သွားသူအား ၂၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့

၂၁.၄.၂၀၂၅
Written By Zun

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်နေ ဆိုင်ကယ် ကယ်ရီ မောင်းသူ ကိုစိုးနိုင်၏ ကယ်ရီကိုငှားစီးပြီး လူကိုသတ်ကာ ဆိုင်ကယ်ကို လုယက်မောင်းနှင်ထွက်ပြေးသူအား ဖမ်းမိပြီ ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၉ ရက် ည ၈ နာရီခန့်အချိန်က ကိုစိုးနိုင်ထံသို့ အဆိုပါ ကျူးလွန်သူ ရောက်ရှိလာကာ ဆိုင်ကယ်ကို ငှားစီးခေါ်ဆောင်သွားပြီးနောက် ဘုရင့်နောင်ဈေးအနီးသို့ ရောက်ရှိချိန်တွင် ကိုစိုးနိုင်အား သတ်ဖြတ်...

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98411

#မြဝတီ #သုံးဘီးဆိုင်ကယ် #ဆိုင်ကယ်တက္ကစီ #လုယက် #လူသတ်မှု #MyanmarTransparency
မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီး၍ မီးလောင်ဆုံးရှုံးခဲ့ရမှုတွင် ပါဝင်သွားသည့် အဖြေလွှာများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပခြင်းထက် အအောင်ပေးကာ တက္ကသိုလ်ဝင်ခွင့်တွင်မှ ဖြေဆိုစစ်ဆေးသင့်ဟု ပြည်သူ့ရှေ့ဆောင်ပါတီက အကြံပြုတိုက်တွန်း

MT News
၂၁. ၄. ၂၀၂၅

မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီး၍ မီးလောင်ဆုံးရှုံးခဲ့ရမှုတွင် ပါဝင်သွားသည့် အဖြေလွှာများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပခြင်းထက် အအောင်ပေးကာ တက္ကသိုလ်ဝင်ခွင့်တွင်မှ ဖြေဆိုစစ်ဆေးသင့်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီက Grade-12 စာမေးပွဲနှင့်ပတ်သက်၍ ယနေ့ထုတ်ပြန်သည့် အကြံပြုတိုက်တွန်းချက်တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀၉၄၀) အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁) ဦး၏ အဖြေလွှာအုပ်ရေ (၄၃၈၂၇) အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ (၈၆၉၉) ဦး၊စုစုပေါင်း(၆၂၉၅၄)ဦးတို့၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်တို့သည် မီး လောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဤဖြစ်ရပ်သည် ကာယကံရှင်ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများအပြင် နိုင်ငံတော်အစိုးရအတွက်လည်း ဖြေရှင်းရန်အခက်အခဲ တစ်ရပ်ကိုဖြစ်ပေါ်စေခဲ့သည်။ ဤကိစ္စတွင် နိုင်ငံတော်အနေဖြင့် လတ်တလောပြင်းထန်ငလျင်၏ နောက်ဆက်တွဲဆိုးကျိုးများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဦးစားပေး ဆောင်ရွက် နေရချိန်တွင် နိုင်ငံတော်အစိုးရနှင့် ကျောင်းသားလူငယ်ထုတစ်ရပ်လုံးက လက်ခံနိုင်မည့်ဖြေရှင်းမှု တစ်ရပ် အရေးတကြီးလိုအပ်လျက်ရှိသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ အလေးအနက်ခံယူထားသည်။


၂ဝ၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည့်ငလျင်သည် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မလွန်ဆန်နိုင်သောဖြစ်ရပ်(Force Majeure) ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေတွင် Grade-12 စာမေးပွဲပြန်လည်ကျင်းပမည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများ၊ အထူးသဖြင့် ငလျင်ဘေးဒဏ်ခံစားနေရသောဝန်ထမ်းများနှင့် ငလျင်ဘေးဒဏ်ခံစား နေရသော ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး မလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့်အပြင် တိုက်ပွဲဒဏ်သင့်ဒေသများမှ ကျောင်းသား/သူများအတွက် ပို၍ပင် ဒုက္ခဖြစ်စေနိုင်သည်။


သို့ပါ၍ စာမေးပွဲပြန်လည်စစ်ဆေးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်မှ အုပ်ချုပ်စီမံမှုလုပ်ငန်း ဝန်ထုပ်ဝန်ပိုးမရှိစေဘဲ ကျောင်းသား/သူတစ်ဦးချင်းစီအတွက်လည်း အဆင်ပြေမည့်ဖြေရှင်းမှုအဖြစ် ငလျင်ကြောင့်အဖြေလွှာ မီးလောင်ဆုံးရှုံးခံခဲ့ရသော ကျောင်းသား/သူများအား G-12 စာမေးပွဲအောင်မြင်ပြီးဟုယူဆ၍ လာမည့်ကျောင်းဖွင့်ကာလအတွက် ၎င်းတို့စိတ်ပါဝင်စားသည့် တက္ကသိုလ်တစ်ခုခုသို့ လျှောက်ထားခွင့်ပြုကာ သက်ဆိုင်ရာတက္ကသိုလ်များက ကြီးမှုးကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ G-12 တစ်နှစ်လုံး အတန်းတွင်း လစဉ်အရည်အချင်းစစ် ရမှတ်အထောက်အထားများ၊ အခြားသော လှုပ်ရှားမှုများမှ ရရှိသော ရမှတ်အထောက်အထားများဖြင့် သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများတွင် ဖြေဆိုစေသင့်ပါကြောင်းနှင့် ထိုကဲ့သို့ဝင်ရောက်ဖြေဆိုသော်လည်း သက်ဆိုင်ရာတက္ကသိုလ်၏ သတ်မှတ်အရည်အချင်း မပြည့်မီသည့်ကျောင်းသား/သူများကို လာမည့်စာသင်နှစ်တွင် Grade-12 ၌ ပြန်လည်ပညာသင်ကြားစေသင့်ပါကြောင်း နိုင်ငံတော်အစိုးရအား ပြည်သူ့ရှေ့ဆောင်ပါတီက အကြံပြုတိုက်တွန်းထားသည်။

အထက်ပါအတိုင်းဆောင်ရွက်ပါက လက်ရှိရင်ဆိုင်နေရသည့် အကျပ်အတည်းအား ကျော်လွှားနိုင်မည့်အပြင် (က) ကျောင်းသား/သူ တစ်ဦးချင်းအနေဖြင့် ၎င်းတို့ဝါသနာပါရာ ပညာရပ်ကို ဆည်းပူးခွင့်ရရှိခြင်း၊ (ခ) လက်ခံမည့်တက္ကသိုလ်ကလည်း မိမိတို့လိုချင်သောကျောင်းသား/သူများကို ရွေးချယ်လက်ခံနိုင်ခြင်း၊ (ဂ) နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပို၍အရေးကြီးသော ငလျင်ကပ်ဘေးအလွန် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုအာရုံစူးစိုက်နိုင်ခြင်း စသည့် ကောင်းကျိုးရလဒ်များလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


◾️ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98423

#sac #မန္တလေးငလျင်ကြီး #မန္တလေးတက္ကသိုလ် #အဖြေလွှာ #တက္ကသိုလ်ဝင်စာမေးပွဲ #PPP #တက္ကသိုလ်ဝင်ခွင့် #ပြည်သူ့ရှေ့ဆောင်ပါတီ #MT #mtnews #MyanmarTransparency
TNLA အုပ်စိုးမှုအောက်မှာ ပေါများလာနေတဲ့ မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲသူက မိခင်ကို အဝတ်စနဲ့ လည်ပင်းညှစ်သတ်

၂၁. ၄. ၂၀၂၅
Written by Nay Moe

တိုင်းရင်းသားလက်နက်ကိုင်တွေဟာ စစ်ပွဲဆင်နွှဲနိုင်ဖို့ မူးယစ်ဆေးကို ဖြန့်ချိ ထုတ်လုပ်ရောင်းချနေတာကြောင့် နယ်​မြေလုတိုင်းရင်းသားတွေ အုပ်စိုးမှုအောက်မှာ မူးယစ်ဆေးတွေ ပေါများနေသလို TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ သီပေါမြို့နယ်၊ တုံစင့်ကျေးရွာမှာလည်း သက်လတ်ပိုင်း အမျိုးသားတစ်ဦးဟာ မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲရာက မိခင်ကို ပြန်သတ်တဲ့ လူသတ်မှုဖြစ်ပွား....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98420

#TNLA #သီပေါ #မူးယစ်ဆေး #လူသတ်မှု #MT #mtnews #MyanmarTransparency
ကျုံပျော်မြို့နယ်မှာ သက်ငယ်မုဒိန်းပြုကျင့်ကာ သတ်ဖြတ် အလောင်းဖျောက်ဖျက်မှုဖြစ်ပွား

ပြုကျင့်ခံရသူကို ယနေ့သင်္ဂြိုဟ်ခဲ့သလို မသင်္ကာတရားခံတစ်ဦးကိုလည်း ဖမ်းဆီးထား

၂၁. ၄. ၂၀၂၅
Written by Nay Moe

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မကျီးကုန်းအုပ်စု၊ ကင်ပွန်းခြုံကျေးရွာ မိချောင်းအိုင်တံတားဘေးက ကန်အတွင်းမှာ အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ထားတဲ့ အောက်ပိုင်းဗလာနဲ့ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ သေဆုံးခဲ့သူအမျိုးသမီးငယ်ဟာ ကျုံပျော်မြို့နယ် မကျီးကုန်းအုပ်စု ရွာသစ်ကျေးရွာနေ ဦး... ရဲ့ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မဖူးပွင့်ဝေ ဖြစ်တယ်လို့ သိရပြီး မဖူးပွင့်ဝေဟာ ဧပြီလ ၁၈ ရက် ည ၇ နာရီခန့်မှာ နေအိမ်က ပျောက်ဆုံးသွားခဲ့ကာ ဧပြီလ ၁၉ ရက် နေ့လယ် ၁ နာရီခန့်မှာ မိချောင်းအိုင်တံတား ဘေးက ရေကန်အတွင်းမှာ သူမရုပ်အလောင်းကို ပြန်လည်တွေ့ရှိ....

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98429

#ဧရာဝတီ #ကျုံပျော် #သက်ငယ်မုဒိမ်း #မုဒိမ်းမှု #လူသတ်မှု #တရားခံ #MT #MyanmarTransparency
ကျပ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

MT News
၂၁. ၄. ၂၀၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၁၈ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်ရန်ရောက်ရှိလာသော ညီကတ်(ခ)လောန၊ အိုက်ပလိတ်၊ ဆမ်ချင်းနှင့် ဆိုင်ခမ်းတို့ ၄ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၆၀၂,၀၀၀ ပြား၊ Vigo ၊ LEXUS ၊ CROWN မော်တော်ယာဉ် ၃ စီးနှင့်အတူ ဖမ်းဆီး...

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98434

#မူးယစ်ဆေး #လက်နက်ခဲယမ်း #တာချီလိတ် #MT #mtnews #MyanmarTransparency
Media is too big
VIEW IN TELEGRAM
MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၂၁.၄. ၂၀၂၅
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ စုစည်းတင်ဆက်ပေးချင်တဲ့ သတင်းတွေကတော့

◾️ လားရှိုးမှာ ကိုးကန့်အလံတွေဖြုတ်ချပြီး နိုင်ငံ့အလံ ပြန်တင်လိုက်ကာ MNDAA ဒီနေ့ လားရှိုးကအပြီး ထွက်ခွာရမယ့် သတင်း

◾️ အလှူလာတဲ့ အုပ်ချုပ်ရေးမှူးကို အလှူမဏ္ဍပ်အနီး အုတ်ဖို PDF ပစ်သတ်လိုက်ပြီး ဖုန်းနှင့်ငွေသား ပါရှိပစ္စည်းတွေအကုန် လုယက်လိုက်တဲ့ သတင်း

◾️ KTV နဲ့ ပြည့်တန်ဆာခန်း‌တွေဖွင့်ကာ စီးပွားရှာနေတဲ့ မြိုင်ပကဖ က ပြည်သူ‌တွေ လောင်းကစားလုပ်ရင်‌ တော့ အရေးယူမယ်လို့ 🔻🔻🔻
MT News _ Myanmar Transparency
မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီး၍ မီးလောင်ဆုံးရှုံးခဲ့ရမှုတွင် ပါဝင်သွားသည့် အဖြေလွှာများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပခြင်းထက် အအောင်ပေးကာ တက္ကသိုလ်ဝင်ခွင့်တွင်မှ ဖြေဆိုစစ်ဆေးသင့်ဟု ပြည်သူ့ရှေ့ဆောင်ပါတီက အကြံပြုတိုက်တွန်း…
အဖြေလွှာမီးလောင်သွားခဲ့သော ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်တန်းဖြေဆိုရမည်အချိန်ဇယားထုတ်ပြန်

ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ဖြေဆိုရမည်ဖြစ်သော်လည်း ဘာသာစုံဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စာစစ်ဌာနကိုးခုတွင် ဖြေဆိုခဲ့သူများ ပြန်လည်ဖြေဆိုရန် မလိုအပ်ဟု ကြေညာ

MT News
၂၂.၄.၂၀၂၅

အဖြေလွှာမီးလောင်သွားခဲ့သော ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်တန်းဖြေဆိုရမည်အချိန်ဇယားကို ယနေ့ထုတ်ပြန်လာခဲ့ပြီး ထုတ်ပြန်ချက်အရ ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ဖြေဆိုရမည်ဖြစ်သော်လည်း ဘာသာစုံဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စာစစ်ဌာနကိုးခုတွင် ဖြေဆိုခဲ့သူများ ပြန်လည်ဖြေဆိုရန် မလိုအပ်ဟု ကြေညာထားသည်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ်၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းကို ၂၉-၃-၂၀၂၅ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ၁၆-၆-၂၀၂၅ ရက်နေ့မှ ၂၁-၆-၂၀၂၅ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာစာ၊ ၁၇ ရက်နေ့တွင် အင်္ဂလိပ်စာ၊ ၁၈ ရက်နေ့တွင် သင်္ချာ၊ ၁၉ ရက်နေ့တွင် ဓာတုဗေဒနှင့် ပထဝီဝင်၊ ၂၀ ရက်နေ့တွင် ရူပဗေဒနှင့် သမိုင်း၊ ၂၁ ရက်နေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒတို့ကို နေ့စဥ် နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း ဖြေဆိုရမည်ဖြစ်သည်။

ထိုသို့ ဖြေဆိုရာတွင် ယခင် ၂၀၂၅ ခုနှစ် မတ်လအတွင်းက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမည် ဖြစ်သည်။

သို့သော် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂) ရွှေဘို၊ အထက(၁)ရေဦး၊ အထက (ဗန်းမောက်)၊ အထက (ဝန်းသို)၊ အထက(မော်လိုက်)၊ အထက (ကင်းတပ်) နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများသည် ပြန်လည် ဖြေဆိုရန် မလိုအပ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော စာစစ်ဌာနများအနက် စာစစ်ဌာနအချို့ကိုလည်း ပြောင်းလဲဖြေဆိုရန် သတ်မှတ်ထားပြီး မပြောင်းလဲထားသော ကျန်စာစစ်ဌာနများမှာ မူလစာစစ်ဌာနများ၌သာ ဖြေဆိုရမည်ဖြစ်သည်။

ယခုပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ၁-၆-၂၀၂၅ ရက်နေ့မှ ၁၅-၆-၂၀၂၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်သည်ဟုလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်။

၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀၉၄၀) အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁) ဦး၏ အဖြေလွှာအုပ်ရေ (၄၃၈၂၇) အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ (၈၆၉၉) ဦး၊စုစုပေါင်း(၆၂၉၅၄)ဦးတို့၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်တို့သည် မီး လောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။


အဆိုပါ မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီး၍ မီးလောင်ဆုံးရှုံးခဲ့ရမှုတွင် ပါဝင်သွားသည့် အဖြေလွှာများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပခြင်းထက် အအောင်ပေးကာ တက္ကသိုလ်ဝင်ခွင့်တွင်မှ ဖြေဆိုစစ်ဆေးသင့်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီက Grade-12 စာမေးပွဲနှင့်ပတ်သက်၍ ယမန်နေ့က အကြံပြုတိုက်တွန်းထားသည်။

◾️ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98438

#sac #မန္တလေးငလျင်ကြီး #မန္တလေးတက္ကသိုလ် #အဖြေလွှာ #တက္ကသိုလ်ဝင်စာမေးပွဲ #PPP #တက္ကသိုလ်ဝင်ခွင့် #ပြည်သူ့ရှေ့ဆောင်ပါတီ #MT #mtnews #MyanmarTransparency
MT News _ Myanmar Transparency
အဖြေလွှာမီးလောင်သွားခဲ့သော ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်တန်းဖြေဆိုရမည်အချိန်ဇယားထုတ်ပြန် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ဖြေဆိုရမည်ဖြစ်သော်လည်း ဘာသာစုံဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်…
အဖြေလွှာမီးလောင်သွားခဲ့သော ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်တန်းဖြေဆိုရမည်အချိန်ဇယားထုတ်ပြန်

ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ဖြေဆိုရမည်ဖြစ်သော်လည်း ဘာသာစုံဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စာစစ်ဌာနကိုးခုတွင် ဖြေဆိုခဲ့သူများ ပြန်လည်ဖြေဆိုရန် မလိုအပ်ဟု ကြေညာ

MT News
၂၂.၄.၂၀၂၅

◾️ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98438

#sac #မန္တလေးငလျင်ကြီး #မန္တလေးတက္ကသိုလ် #အဖြေလွှာ #တက္ကသိုလ်ဝင်စာမေးပွဲ #PPP #တက္ကသိုလ်ဝင်ခွင့် #ပြည်သူ့ရှေ့ဆောင်ပါတီ #MT #mtnews #MyanmarTransparency
လားရှိုးမြို့ထဲကို တပ်မတော် စစ်ယာဉ်တန်း ၇၅ စီးကျော် ယနေ့ ထပ်မံ ဝင်ရောက်လာ

၂၂. ၄. ၂၀၂၅
Written by Nay Moe

တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုအရ တရုတ်ကိုးကန့် MNDAA လက်နက်ကိုင်တွေ ကျူးကျော်တပ်စွဲထားရာကနေ မနေ့က နောက်ဆုံးထား ပြန်လည်ဆုတ်ခွာပေးခဲ့တယ်လို့ သိရပြီးတဲ့နောက် ဒီနေ့မနက်မှာ လားရှိုးမြို့ထဲကို တပ်မတော်စစ်ယာဉ်တန်း ၇၅ စီးကျော် ထပ်မံဝင်ရောက်လာနေတယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြလာပါတယ်။

ဒီနေ့ ဧပြီ ၂၂ ရက် မနက် ၇ နာရီဝန်းကျင်ကစ တပ်မတော်ယာဥ်တန်းဟာ မိုင်းရယ်ကနေ လားရှိုးမြို့တွင်းထဲ ဝင်ရောက်နေတာလို့လည်း သိရပါတယ်။

လားရှိုး အကျဥ်းထောင်က ကိုးကန့်တပ် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့ အကျဥ်းသားတချို့ကို MNDAA က မနေ့ ဧပြီ ၂၁ ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့ စစ်သုံ့ပန်းတွေကို လောက်ကိုင်ဘက် ရွှေ့ပြောင်းခဲ့...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98441

#လားရှိုး #တပ်မတော် #စစ်ယာဉ်တန်း #ထပ်မံဝင်ရောက် #MNDAA #ကိုးကန့် #MT #mtnews

ပုံစာ။ တပ်မတော်စစ်ယာဥ်တန်းများ ဝင်ရောက်လာနေမှုနှင့် ကိုးကန့်အလံကင်းစင်သွားသော လားရှိုး (Photo & Movie - Wa News Land)