MT News _ Myanmar Transparency
24.3K subscribers
51.5K photos
2.81K videos
15.5K links
MT News _ Myanmar Transparency
Download Telegram
အေးချမ်းစွာသင်္ကြန်ပွဲတော် ဆင်နွှဲနေသော မုံရွာမြို့ဘက်သို့ အကြမ်းဖက်သမားများက ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးတစ်လုံး ယနေ့ တွေ့ရှိခဲ့ပြီး သက်မဲ့ပြုလုပ်နိုင်ခဲ့

၁၆. ၄. ၂၀၂၅
Written by Nyein Kyaw

မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းစွာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ပြုလုပ်နေသည့် မုံရွာမြို့ဘက်သို့ အကြမ်းဖက်သမားများက ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံးအား ယနေ့တွင် တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ချင်းတွင်းမြစ် ဇက်ဆိပ်အနီး ရှော့တိုက်ဒုံးတစ်လုံးတွေ့ရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ မွန်းလွဲ ၁၂နာရီ ၅၅ မိနစ်ခန့်တွင် သွားရောက်ရှင်းလင်းရာ အဆိုပါဇက်ဆိပ်အနီး၌ မုံရွာမြို့ဘက်သို့ ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံးအား တွေ့ရှိ 🔻🔻🔻
KIA၊ KNU နှင့် AA အဖွဲ့များက တပ်မတော် လုံခြုံရေးစခန်းများအား ယမန်နေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

၁၆. ၄. ၂၀၂၅
Written by Nyein Kyaw

တပ်မတော်က အပစ်အခတ်ရပ်စဲထားချိန် KIA၊ KNU နှင့် AA အဖွဲ့များက တပ်မတော် လုံခြုံရေးစခန်းများအား ယမန်နေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“တပ်မတော်အနေနဲ့ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကြေညာထားတဲ့အချိန်မှာ KIA အနေနဲ့ ဧပြီလ ၁၅ ရက်နေ့ မနက် ၈ နာရီနဲ့ နေ့လယ် ၃ နာရီခွဲအချိန်ခန့်မှာ တနိုင်းဒေသ၊ ဒွန်ဘန်ရွာအနီး၊ လဝါးရွာအနီးမှာ တပ်မတော်လုံခြုံရေးစခန်းနှစ်ခုကို နှစ်ကြိမ်လာရောက်ပစ်ခတ်...

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98049

#sac #ဂျပန် #ငလျင် #မီးလောင် #ဖလမ်း #ချင်း #အင်းတော် #KIA #မန္တလေးငလျင်ကြီး #ကူညီ #ကယ်ဆယ် #usa #စစ်ကိုင်း #နေပြည်တော် #Earthquake #မိတ္ထီလာ #ဝမ်းတွင်း #MT #mtnews #MyanmarTransparency
ထိုင်းသင်္ကြန်ကို လာရောက်သည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

၁၆.၄.၂၀၂၅
Written By Zun

ဆုန်ခရန်ပွဲတော်ဟု ခေါ်သော ထိုင်းသင်္ကြန်ပွဲတော်ကိုလာရောက်သည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်း ရဲတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၆ ရက်တွင် ဖမ်းဆီးလိုက်သည်။

ယင်းတို့မှာ ဆယ်ကျော်သက်လူငယ်များ ဖြစ်ကြပြီး အသက် ၁၄ နှစ်မှ အသက် ၂၀ ကြား အရွယ်ရှိသူများ ဖြစ်ကြောင်း၊ ဖမ်းခံရသူများထဲတွင် ၂ ဦးက စာရွက် စာတမ်းများရှိပြီး အခြား ၈ ဦးတွင် စာရွက်စာတမ်း အထောက်အထား မရှိ...

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=9805

#ထိုင်း #ရွှေ့ပြောင်းလုပ်သား #Visa#MT #mtnews #MyanmarTran
ချန်ပီယံလိဂ်ဘုရင်ရီးရဲကို နှစ်ကျော့စလုံးအနိုင်ယူပြီး ဆီမီးတက်တဲ့ အာဆင်နယ်နဲ့ အင်တာကို အလဲမထိုးနိုင်ခဲ့တဲ့ ဘိုင်ယန်တို့ ကွာတားအဆင့်က လက်ပြခဲ့ကြ

၁၇. ၄. ၂၀၂၅
Written by MMAK

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို PSG နဲ့ ဘာစီလိုနာတို့ တက်သွားအပြီးမှာ နောက်တက်လာမယ့် နှစ်သင်းစာအတွက် ပထမအကျော့က အာဆင်နယ်အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ရှုံးခဲ့တဲ့ ရီးရဲအသင်းက ဘာနေဗျူးမှာ အာဆင်နယ်ကို လက်ခံကစားခဲ့သလို အိမ်ကွင်းမှာ အင်တာမီလန်ကို ၁ ဂိုး ၂ ဂိုးနဲ့ ရှုံးခဲ့တဲ့ ဘိုင်ယန်မြူးနစ်တို့က အဝေးကွင်းမှာ နောက်တစ်ဆင့်အတွက် ကြိုးစားပေမယ့် အားထုတ်ပုံမလှခဲ့သလို အသင်းကြီးဆိုတဲ့အရှိန်အဝါတွေလည်း ပျောက်ဆုံးနေတာကြောင့် ရီးရဲနဲ့ ဘိုင်ယန်တို့ဟာ ချန်ပီယံလိဂ်ကို အရှုံးကိုယ်စီနဲ့ ထပ်မံနှုတ်ဆက်...

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98057

#အာဆင်နယ် #ရီးရဲ #ဘိုင်ယန် #အင်တာ #ဗီလာ #ဒေါ့မွန် #ချန်ပီယံလိဂ် #ဆီမီးဖိုင်နယ် #ဘာကာ #PSG #mtsports #MTEntertainment
မိမိ၏ သဘောဆန္ဒနှင့် အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ထွက်ခွာကြမည့် တရားမဝင်ရွှေ့ပြောင်း နေထိုင်သူများအား သမ္မတထရန့်က ငွေကြေးနှင့်လေယာဉ်လက်မှတ်ပေးလိုဟု ပြောကြား

၁၇.၄.၂၀၂၅
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်က သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒမှာ ပုံမှန်အားဖြင့် သဘောထားတင်းမာတယ်လို့ ဆိုကြပေမယ့် ဧပြီလ ၁၅ ရက်ကပြောခဲ့ရာမှာတော့ တင်းမာတဲ့ပုံစံက သွေ ဖည်ပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ မိမိကိုယ်မိမိ ပြည်နှင်ဒဏ်ပေးပြီး ကိုယ့်သဘော ဆန္ဒအလျောက် အမေရိကန်ပြည်ထောင်စုကနေ ပြန်ထွက်ကြတယ်ဆိုရင် သူတို့ကို ငွေကြေးနဲ့ လေယာဉ် လက်မှတ် ပေးလိုပါတယ်လို့ ဆိုခဲ့ပါတယ်။

အစုလိုက်အပြုံလိုက် နှင်ထုတ်မှုတွေလုပ်သွားမယ်လို့ ကတိပေးပြောကြားထားတဲ့ သမ္မတထရန့်ကို Fox Noticias သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ "သူ့အစိုးရအနေနဲ့ လူသတ်သမားတွေလို့တောင် ဆိုရမယ့်သူတွေကို နိုင်ငံတွင်းကထွက်သွားဖို့ အလေးထား...

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98062

#Trump #Deportation #နိုင်ငံရေးခိုလှုံခွင့် #usa #MT #mtnews #MyanmarTransparency
Media is too big
VIEW IN TELEGRAM
လူတွေ နှစ်တွေလတွေချီ ရှာဖွေစုဆောင်းထားတဲ့ အိုးအိမ်ခြံမြေတွေ မိသားစုတွေပါ ပျက်စီးသွားတာမို့ ကိုယ်သာဆိုရင် မပဋာမြေလူးလို့ဖြစ်နေမှာလို့ ကိုယ်ချင်းစာမိတယ်ဆိုတဲ့ ဘေးဘေး

၁၇.၄.၂၀၂၅
ရိုက်ကူး/တည်းဖြတ် -သန္တာ

"အချိန်တွေ နှစ်တွေကာလတွေ အတော်ကြာကြီးပေးပြီးတော့မှ တည်ဆောက်ထားတဲ့အရာလေနော်။ တချို့ဆိုရင် မိသားစုတစ်စုလုံး ပြိုကွဲသွားတယ်။ ပျက်စီးသွားတယ်။ အဲလိုမျိုးပေါ့နော်။ တချို့တွေဆိုရင်လည်း ရှာဖွေစုဆောင်းထားတဲ့ အိုးအိမ်ခြံမြေတွေ အသက်က ထက်ဝက်ကျိုးနေပြီလေ။ အတိုင်းမသိ ဘယ်လိုမှကို ပြောပြလို့မနိုင်အောင် စိတ်ထဲမှာနစ်ပြီးဆို့ပြီး ခံစားရတယ်။ ဟာ..ကုန်သွားပါပြီ။ ပါသွားပါပြီ။ အဲလိုမျိုး အသံတွေ ဆိုရင် ညီမနားထဲမှာ ခုချိန်ထိစွဲနေတုန်းပါပဲ။ အရမ်းကြီးဆိုးရွားတယ်ပေါ့နော်။ အရမ်းဆိုးရွားတော့ သူ့ကိုလည်း ကိုယ် မကယ်နိုင်၊ ကိုယ့်ကိုလည်း သူမကယ်နိုင် အနေအထားမျိုးမှာ ညီမတို့တွေက လုပ်လို့ရတဲ့ဘက်ကနေပြီး တည်ရှိပေးပြီး လုပ်နိုင်သလောက် ညီမတို့ကူညီပေးမှာပေါ့။ ထိထိရောက်ရောက်ပေါ့” ဘေးဘေး

#ဘေးဘေး #သျှင်မိုးရတီ #ဆုလာဒ်
#မန္တလေးငလျင်ကြီး #MTEntertainment
မြန်မာ့နှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းသား/အကျဉ်းသူ ၄၈၉၀ ကျော်၊ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၃ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု

၁၇. ၄. ၂၀၂၅
Written by Nyein Kyaw

မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းသား/အကျဉ်းသူ ၄၈၉၀ ကျော်နှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၃ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး လူသတ်မှု၊ မုဒိမ်းမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ၊ အဂတိမှု၊ အကြမ်းဖက်မှုများမှအပ ကျန်သူများအား ပြစ်ဒဏ် ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပြု....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98065

#sac #အကျဥ်းသား #လွတ်ငြိမ်း #နှစ်သစ်ကူး #MT #mtnews #MyanmarTransparency
SAC ဥက္ကဋ္ဌက သာသနာတော်တွင် ပစ္စည်းလေးပါး စွမ်းစွမ်းတမံ ထောက်ပံ့လှူဒါန်းခဲ့သော ပုဂ္ဂိုလ် ၁၅ ဦးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ချီးမြှင့်

လုပ်ငန်းနယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုစားဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ် ၃၂ ဦးကိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း

၁၇. ၄. ၂၀၂၅
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာတော်သုံးရပ် တိုးတက်စည်ပင်ထွန်းကား ပြန့်ပွားစေရန်အလို့ငှာ သာသနာတော်တွင် ပစ္စည်းလေးပါးတို့ဖြင့် စွမ်းစွမ်းတမံ ထောက်ပံ့လှူဒါန်းခဲ့သော ပုဂ္ဂိုလ် ၁၅ ဦးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၅၉/၂၀၂၅) ဖြင့် ယနေ့တွင် ကြေညာထားသည်။

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို သာသနာရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးသူရဦးမြင့်မောင်အား ချီးမြှင့်....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98070

#sac #ဘွဲ့တံဆိပ် #အပ်နှင်း #သီရိပျံချီ #စည်သူ #အလင်္ကာကျော်စွာ #MyanmarTransparency
ပြီးခဲ့သည့် နှစ်ဟောင်းကာလအတွင်း ရာဂီမုန်တိုင်းနှင့် မန္တလေးငလျင်ကြီးဘေးကို မြန်မာနိုင်ငံက နှစ်ခါကြုံခဲ့ရပြီး ပြန်လည်ထူထောင်ရေး BIMSTEC အစည်းအဝေးအထိပါ တက်ရောက်အကူအညီတောင်းခံခဲ့ကြောင်း SAC ဥက္ကဋ္ဌပြောကြား

ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားပါက အဓိကဖြစ်သည့် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့ မိဘပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်ပါ မေတ္တာရပ်ခံ

၁၇. ၄. ၂၀၂၅
Written by Tha Doe

"ကျွန်တော်တို့နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ဟောင်းကာလမှာ သဘာဝဘေးအန္တရာယ်တွေနဲ့ နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ရာဂီမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြို့ရွာတချို့မှာ ရုတ်တရက် ရေကြီးရေလျှံမှုတွေဖြစ်ခဲ့သလို မတ်လ ၂၈ ရက်နေ့မှာလည်း ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိအလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရပါတယ်။ ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရမှု များပြား...


Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98077

#sac #ရာဂီမုန်တိုင်း #မန္တလေးငလျင်ကြီး #BIMSTEC #ရွေးကောက်ပွဲ #MT #MyanmarTransparency
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးလာရောက်သည့် ဘုရားဖူးပြည်သူ ၄၈ ဦးအား ကင်မွန်းချောင်းကျေးရွာအနီး ကဒက်ချောင်း၌ PDF များက အကြောင်းမဲ့ဖမ်းဆီး

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း KRF လက်နက်ကိုင်အဖွဲ့က ဘုရားဖူးများကို ပစ်ခတ်တိုက်ခိုက်ရာမှ ၄ ဦးသေဆုံးက ၁၈ ဦး ဒဏ်ရာရသည့်ဖြစ်စဥ်အပြီး အဆိုးဆုံး ကျူးလွန်မှုဖြစ်လာ

၁၇. ၄. ၂၀၂၅
Written by Nay Moe

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်သို့ ဘုရားဖူးရန် လာရောက်သည့် ပြည်သူများအား ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းရှိ ဝါဆိုမိုး စားသောက်ဆိုင်၌ ထမင်းစားနေစဉ် PDF များက သင်္ကြန်အတက်နေ့ ဧပြီ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးလာရောက်သည့် ဒေသခံပြည်သူ အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၄၈ ဦးတို့သည် ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းရှိဝါဆိုမိုးစားသောက်ဆိုင်၌ ထမင်းစားနေစဉ် PDF များက လက်နက်ငယ်ကိုယ်စီဖြင့် ခြေလျင်ရောက်ရှိလာပြီး ဘုရားဖူးလာသည့် ခရီးသည်များအား Light Truck ၂ စီးပေါ်သို့ အတင်းအဓမ္မတင်ဆောင်၍ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါ ခရီးသည် ၄၈ ဦးအနက် ၄၃ ဦးတို့အား ဧပြီ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဝင်းကံကျေးရွာမှ တစ်ဆင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အမျိုးသား ၅ ဦးတို့အား သီးခြားခွဲထုတ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဥ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်က ကျိုက်ထီးရိုးဘုရားဖူးများကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) တပ်ဖွဲ့ ဦးဆောင်သည့် PDF များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားဖူးပြည်သူ လေးဦးသေဆုံးခဲ့ရပြီး ဘုရားဖူးပြည်သူ ၁၈ ဦးဒဏ်ရာရခဲ့မှုဖြစ်စဥ်နောက်ပိုင်း PDF များ၏ အဆိုးဆုံးကျူးလွန်မှုဖြစ်လာခဲ့သည်။

KRF သည် အဂတိလိုက်စားမှုပေါင်းများစွာနှင့် ထောင်နှစ်ရှည်ကျခံနေရသည့် မွန်ပြည်နယ်ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်သည့် အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့က ကျိုက်ထိုနယ်တွင် ကျက်စားသလို တံတားချိုးမှု၊ လူသတ်မှုများစွာ လုပ်ဆောင်နေသည့်အပြင် ပြီးခဲ့သည့် သုံးနှစ်အတွင်း ရဟန်းသံဃာအပါအဝင် လူ ၁၈၂ ဦးအထိ သတ်ထားသည်ဟုလည်း ယမန်နှစ် စက်တင်ဘာ ၁၆ ရက်တွင် ဝန်ခံထားသည့် အဖွဲ့ဖြစ်သည်။

အဆိုပါဖြစ်စဥ်အပြီးတွင် KRF အဖွဲ့က ကျိုက်ထီးရိုးဘုရားဖူးများကို ဆက်လက်မနှောင့်ယှက်ရန် ဒေသခံလု​ပ်ငန်းရှင်တို့က KNU/KNLA နှင့် KRF တို့တောင်းခံသော ဆက်ကြေးသိန်းထောင်ချီ နှစ်စဥ်ပေးခဲ့သော်လည်း ယခုကဲ့သို့ လက်နက်ကိုင်များ အပစ်ရပ်ထားချိန်နှင့် သင်္ကြန်ကာလအခါသမယ အချိန်တွင်မှ မည်သည့်အတွက်ကြောင့် ဖမ်းဆီးရသည်ကို ထိုဒေသအခြေစိုက်ကာ ရာဇဝတ်မှုကျူးလွန်နေသော KNU/KNLA နှင့် KRF တို့က ထုတ်ပြန်ဝန်ခံလာမှုမရှိသေးချေ။

CRPH ၊ NUG လက်ဝေခံ PDF များ၊ EAOs များအနေဖြင့် ပြည်သူလူထုအပေါ် အကြောင်းမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများအား မကြာခဏ ပြုလုပ်လျက်ရှိပြီး ပြည်သူလူထု၏ ဘာသာရေးဓလေ့ထုံးတမ်းများ ပြုလုပ်နေမှုကို နှောင့်ယှက်ခြင်း၊ အများပြည်သူ အနေဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန် ကျင်းပနေမှုများ၊ ဘုရားစေတီပုထိုးများတွင် ကုသိုလ် ကောင်းမှု ပြုလုပ်နေကြသည်များကို မလိုလား၍ ယခုကဲ့သို့ ဘုရားဖူးလာရောက်သည့် ဒေသခံ ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပြည်သူများအား အကြောက်တရားများ ပိုမိုဖြစ်ပေါ် စေရန် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် အတူပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98080

#ကျိုက်ထီးရိုး #ဘုရားဖူး #KRF #ကျိုက်ထို #အေးဇံ #KNU #KNLA #PDF #ခရီးသွား #MT #mtnews