MSI - MYANMAR SOCIETY INFORMATIONS
26.5K subscribers
91.2K photos
3.46K videos
144 files
17.2K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ပခုက္ကူနယ်က ရွာချင်းဆက်လမ်းကိုပြုပြင်ပြီး လမ်းဖွင့်ပွဲပြုလုပ်

ပခုက္ကူ၊ ဧပြီ ၃၀၊ ၂၀၂၄။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ လမ်းအမှတ် ၁၊ ညောင်ပင်လမ်း ဖွင့်ပွဲကို ဧပြီလ ၂၉ ရက် မနက် ၉ နာရီလောက်မှာ ပြုလုပ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက်ခံ ပခုက္ကူမြို့နယ်ဘဏ္ဍာရန်ပုံငွေ အခွန်ခွဲတမ်း ငွေကြေးထဲကနေ ကျပ်သိန်း ၉၀ ခန့်ကုန်ကျခဲ့ပြီး လမ်းအကျယ် ပေ ၂၀၊ လမ်းအရှည် ၅.၅ မိုင်ရှိတဲ့ မြေသားအမာလမ်းကို ပြုပြင်ဖောက်လုပ်ပေးခဲ့တာလို့ ဆိုပါတယ်။

"တော်လှန်ရေးအတွက် အရေးပါတဲ့လမ်းဖြစ်လို့ ပြုပြင်ခဲ့တာပါ။ အရင်က လမ်းမကောင်းတော့ အချိန်ကုန် လူပင်ပန်းနဲ့သွားခဲ့ရတယ်။ အခု ပြည်သူတွေ သွားလာရတာအဆင်ပြေသွားပြီ" လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုကျော့ဖေကပြောပါတယ်။

သတင်းအပြည့်အစုံ...
https://myaelattathan.org/articles/ပခုက္ကူနယ်က_ရွာချင်းဆက်လမ်းကိုပြုပြင်ပြီး_လမ်းဖွင့်ပွဲပြုလုပ်
Forwarded from The Irrawaddy - Burmese
မဟာဗောဓိမြိုင်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

ဧရာဝတီ၊ ဧပြီ ၃၀၊ ၂၀၂၄

သက်တော် ၈၃ နှစ်၊ သိက္ခာတော် ၄၅ ဝါရှိသော မဟာဗောဓိမြိုင် ဆရာတော်ကြီးသည် လက်ရှိသီတင်းသုံးနေသော ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊နေယျဓမ်တောရ၌ ယနေ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်တွင် ခန္ဓာဝန်ချဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီး ပျံလွန်တော်မူသည့် အခြေအနေအသေးစိတ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ဆရာတော်ကြီး ပျံလွန်တော်မူသည့်သတင်းနှင့် ပတ်သက်၍ ဒကာ၊ဒကာမများက ဝမ်းနည်းကြောင်း လူမှုကွန်ရက်ပေါ်တွင် မှတ်ချက်များ ရေးသားနေကြသည်။

ဆရာတော်ဘုရားကြီးကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မင်းကုန်းရွာ အဖ ဦးဘစံနှင့် အမိဒေါ်မေတို့မှ ၁၃၀၃ ခုနှစ် ဝါဆိုလပြည့်နေ့တွင် ဖွားမြင်ပြီး ငယ်နာမည်မှာ မောင်ငြိမ်းမောင်ဖြစ်သည်။

မိခင် ဒေါ်မေက ၁၃၁၇ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက်နေ့တွင် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ သုနန္ဒထံ ရှင်သာမဏေ ပြုခဲ့ပြီး ဘွဲ့အမည် ရှင်ဉေယျ ဖြစ်ကာ ၁၃၂၃-ခုနှစ်၊ ဝါဆိုလဆန်းတွင် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တအာစာရကို ဥပဇ္ဈာယ်ပြု၍ ထန်းတစ်ပင်- ရွှေဖောင်တော်ဦး ကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီးသည် ၁၃၄၁-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်၊ အင်္ဂါနေ့မှ အစပြုကာ အရညဝါသီ တောရမှီ သီတင်းသုံး နေတော်မူလျက်ရှိသည်။

လက်ရှိတွင် ရပ်နီးရပ်ဝေးမှ တပည့်၊ ဒါယကာ ၊ ဒါယိကာမများက ဆရာတော်ကြီး နေယျဓမ်သို့ သွားရန်ပြင်ဆင်နေကြပြီး ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို မည်သည့် နေ့ရက်၌ ပူဇော်မည်ကို ဧရာဝတီမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR
ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီမှ ရန်ကုန်အတွင်းစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

ဧပြီလ၊ ၃၀ရက်၊ ၂၀၂၄ခုနှစ်။

ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ(SPTSC) မှ ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးပြတ်တောက်နေမှုနဲ့ လူထုနေ့စဥ် တွေ့ကြုံနေသည့် အခက်ခဲအား
ဦတည်၍စစ်အာဏာရှင်
ဆန့်ရေးလှုပ်ရှားမှုတခုအားပြုခဲ့သည်
လုပ်လှုပ်ရှားမှုအား ရန်ကုန်မြို့တွင်းနေရာအချို့တွင်ပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့် မှတ်တမ်းထိန်းသိမ်းရေးကော်မတီ
Youtube - https://www.youtube.com/@gsc_burma
Facebook - https://www.facebook.com/GeneralStrikeCommittee?mibextid=ZbWKwL
#GSC #SPTSC
Forwarded from The Irrawaddy - Burmese
NUG စိုးမိုးနယ်မြေများတွင် အခွန်ကောက်ခံမှု ကွင်းဆင်းစစ်ဆေးမည်

ဧရာဝတီ၊ ဧပြီ ၃၀၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးနယ်မြေများ၌ ဂိတ်ချပြီးအခွန်ကောက်ခံသည့် ကိစ္စရပ်များကို မကြာမီ ကာလအတွင်း ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၎င်းက “ဂိတ်တွေ ဖွင့်တာက Registration လုပ်ပြီးမှသာ ဂိတ်တွေဖွင့်ပါတယ်။ Registration မသွင်းဘဲနဲ့ ဖွင့်တာမျိုး လက်မခံဘူး။ ကျနော်တို့ လက်အောက်မှာမရှိဘဲနဲ့ တချို့သော အဖွဲ့တွေက ဂိတ်ဖွင့်ပြီး ကောက်နေတာ ရှိတယ်။ ကျနော်တို့အောက်က အဖွဲ့တွေကလည်း လုံခြုံရေးအရ ရွှေ့ပြောင်းကောက်ခံနေတာ တွေ့ရတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ကွင်းဆင်း စစ်ဆေးဆောင်ရွက်နိုင်ဖို့ လုပ်နေပါတယ်။ နောက်တလလောက်ဆိုရင် တကယ့် NUG ရဲ့ မြေပြင် စစ်ဆေးရေးအဖွဲ့တခုက ပီပီပြင်ပြင် ပေါ်လာမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ကိစ္စရပ်များကို ထိန်းကျောင်းနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးရေးမှာ အရေးကြီးသောကြောင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အခွန်ကောက်ခံရာတွင် ပြည်သူအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ပုံစံမျိုး မကောက်ယူကြောင်း၊ အဓိကအားဖြင့် လောင်စာဆီသယ်ယူခြင်း၊ ကျောက်မီးသွေးနှင့် ပတ်သက်ခြင်း အစရှိသည်တို့ကို ဒဏ်ကြေးပုံစံနှင့် ကောက်ယူခြင်းများရှိကာ အခွန်ကောက်ခံရရှိငွေ၏ ၈၀ ရာခိုင်နှုန်းမှာ ဒဏ်ကြေး ကောက်ခံခြင်းများသာဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းက “ကောက်ခံရရှိပြီဆိုရင် ကျနော်တို့က မြို့နယ်တွေကို ပြန်လည်သုံးစွဲခွင့်ပေးတာ များပါတယ်။ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)က ၃၀ ရာခိုင်နှုန်း၊ ပအဖ( ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)က ၃၀ ရာခိုင်နှုန်း၊ ပြီးရင် လူသားချင်းစာနာ မှု ကျန်းမာရေး၊ ပညာရေးကဏ္ဍာတွေ ကျနော်တို့ ၁၀ ရာခိုင်နှုန်းစီ ပြန်လည်သုံးစွဲခွင့်ပေးထားတယ်။ ဒါကြောင့် အခွန်သုံးစွဲမှုကို ပြောရင် မြို့နယ်တခုလုံးဆိုရင် ၈၀ ရာခိုင်နှုန်း သုံးစွဲခွင့်ပေးထားပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုမှ ကျနော်တို့ ဗဟိုကနေ စီမံခန့်ခွဲတယ်”ဟု ဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း NUG ထိန်းချုပ်နယ်မြေ ၄၂ မြို့နယ်မှ အခွန်ကောက်ခံရရှိမှုမှာ ကျပ်သန်းပေါင်း ၈၉,၈၈၄ သန်း (အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း) ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်၍လည်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက တာဝန်ယူမှု တာဝန်ခံမှု ရှိရန်အတွက် စာရင်းစစ်ချုပ်ရုံး ထားရှိပြီး ယင်းမှ တဆင့် ဘဏ္ဍာရေးနှင့် သက်ဆိုင်သည့် အသုံးစရိတ် ဝင်ငွေ/ ထွက်ငွေများကို စနစ်တကျ စစ်ဆေးခြင်းမျိုးရှိကြောင်း ပြောသည်။

ပုံစာ- ၂၀၂၃ ခုနှစ်က တွေ့ရသော မကွေးတိုင်း၊ မြိုင်-ပခုက္ကူကားလမ်းပေါ်ရှိ PDF စစ်ဆေးရေးဂိတ်တခု/CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR
စဥ့်ကူးမြို့နယ်ရှိ စစ်တပ်အထိုင်စခန်းအား မန္တ​လေးPDF အပြီးသတ် သိမ်းပိုက်

︎ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင်၁၁ဦး သေဆုံးကာ တပ်သား ၁၅ ဦး လက်နက်ချ အညံ့ခံ ၊လက်နက်ခဲယမ်းများရရှိ

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းအား လက်နက်ခဲယမ်းများနှင့်တကွ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင်၁၁ဦး သေဆုံးကာ တပ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

အပြည့်အစုံ 👇🏻👇🏻👇🏻
Forwarded from MPANews
အပူဒဏ်ကြောင့် ထားဝယ်အကျဉ်းထောင်ရှိ နိုင်ကျဉ်းသူ ၆၀နီးပါး ယားနာနှင့်အရေပြားရောဂါများ ခံစားနေရ

30 Apr By MPA CJ 019

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူ ၆၀နီးပါးသည် အပူဒဏ်ကြောင့် ယားနာနှင့် အရေပြားရောဂါများခံစားနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ၂၀၂၄ခုနှစ်၊ ဧပြီ ၂၉ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၂၄ခုနှစ်၊ မတ်လမှ စတင်ကာ ထားဝယ်အကျဉ်းထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသူများသည် ယားနာမှ တစ်ဆင့် အနာစိမ်းများပါ ဖြစ်ပွားနေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကို တည်ထောင်သူ မဇူးဇူးမေယွန်းကပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/dIMX4
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
အမျိုးသမီးတွေဦးဆောင်မှု ပိုကောင်းလာတဲ့ အညာ (လူမှုစီးပွား)

မြေလတ်အသံ၊ ဧပြီ ၃၀၊ ၂၀၂၄။

အညာမှာ အမျိုးသမီးဦးဆောင်တဲ့ အဖွဲ့အစည်းတွေ အသီးသီးအားကောင်းလာနေကြပါတယ်။

သပိတ်ဦးဆောင်ကော်မတီ၊ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ စသဖြင့် အမျိိုးသမီးအခွင့်အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့စည်းတွေ အားကောင်းလာနေသလို ဒီအဖွဲ့တွေကို ပြည်သူအချို့လည်း အားပေး ထောက်ခံလာကြပါတယ်။

နိုင်ငံတဝှမ်းက အမျိုးသမီးကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသမီးမဟာမိတ်အင်အားစု(WAB) အဖွဲ့လည်း အညာမှာ အားကောင်းနေတဲ့ အမျိုးသမီးအဖွဲ့တွေထဲက တခုအပါအဝင်ပါ။

#မြေလတ်အသံ #လူမှုစီးပွား

https://youtu.be/Fgk1WHhOHMQ
Apr30 Khophyu 8PM
-စိုးဝင်း လူမြင်ကွင်းပြန်ထွက်လာ
-မြဝတီ အမှတ်-၂တံတား ပြန်ဖွင့်
-NUGနဲ့ EROတွေ နိုင်ငံ၏ ၆၀% ကျော် စိုးမိုးထားနိုင်ဟု NUG ဆို
-စဥ့်ကူး စကစစခန်းကို MDY-PDF သိမ်း၊ စကစ ဒုဗမက သေ
-ဆိပ်ဖြူမ ကပစ ၂၂ လက်နက်ကြီးထိ
-မောင်တောက စခန်းတွေ လက်နက်ချဖို့ AAသတိပေး
-စစ်တွေတဝိုက် စကစ မြေမြှုပ်မိုင်းထောင်ထား
-စစ်မှုမထမ်းလိုသူ ၁၅၀၀၀ ခန့် NUGကို ဆက်သွယ်လာ
-၁၁ လကြာ ဖမ်းထားတဲ့ ဒီပဲယင်းအမတ်ကို NUGပြန်လွှတ်
-အိန္ဒိယ-မြန်မာနယ်စပ်မှာ လက်နက်ခဲယမ်းတွေ ဖမ်းမိ
-မဟာဗောဓိမြိုင်ဆရာတော် ပျံလွန်တော်မူ
-မေလဆန်းမှာ အချိန်အခါမဟုတ် မိုးရွာနိုင်
အိန္ဒိယနယ်စပ်တွင် မူးယစ်ဆေးများ ဖမ်းမိသည့်ကိစ္စ မြန်မာစစ်ဘေးရှောင် များအပေါ် ရိုက်ခတ်
======================

Mizzima
April 30, 2024

ပါခွီး (မဇ္စျိမ) ။ ။ မြန်မာပြည်မှ ကုန်ကူးသည့် မူးယစ်ဆေးဝါးများ အိန္ဒိယနယ်စပ်တွင် မကြာခဏဖမ်းမိနေခြင်းကြောင့် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ် ပြည်နယ်တွင် ခိုလှုံနေသောမြန်မာ စစ်ဘေးရှောင်များအပေါ် ရိုက်ခတ်မှု ရှိနေသည်။

အိန္ဒိယအခြေစိုက် ရေဒီယိုတခုဖြစ်သည့် All India Radio News Aizawl ကလည်း နယ်စပ်မူးယစ်ဆေး ကိစ္စကြောင့် မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင် ၃၄,၈၂၈ ဦးတို့ အတွက်နေထိုင်မှုကျပ်တည်းနေရကြောင်း ပြီးခဲ့သည့် ရက်ပိုင်းတွင် တွင်ထုတ်လွှင့်ခဲ့သည်။

စာတည်း။ ။ နောင်နောင်

Photo- AFP

သတင်းအပြည့်အစုံ👇👇👇