MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from RSN WEB
🌐 Daily Highlights (09 Feb 2024)

📰 ရန်ကုန်ထူးခြားသတင်းများ

မင်္လာဒုံလေဆိပ်အနီး၊ လေယာဉ်သင်တန်းကျောင်းဂိတ်အား ဗုံးဖောက်ခွဲတိုက်ခိုက် – Kyimyindaing Networks

📰 စစ်ရေးထူးခြားသတင်းများ


ကျန်ရှိ ရဲတပ်ရင်းအား သိမ်းပိုက်ပြီးနောက် မြောက်ဦးမြိုကို ရက္ခိုင့်တပ်တော် အလုံးစုံသိမ်းထိန်းချုပ် – MPA

ရခိုင် ၁၇ မြို့နယ်အနက် ၃ မြို့နယ်သာ စစ်ကောင်စီ အပြည့်အဝထိန်းချုပ်နိုင် – Myanmar Now

ကောလင်းမြို့တွင်းမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားဟုဆို – The Irrawaddy

ဘော်လခဲနှင့် ရွာသစ်ကြား စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ် သိမ်းပိုက် – The Irrawaddy

ဆီဆိုင်မြို့နယ်၊ ဝင်းကောင်းကျေးရွာတိုက်ပွဲတွင် စစ်တပ်နှင့်လက်အောက်ခံ PNO ပြည်သူ့စစ်များ သေဆုံးမှုများပြား – Khit Thit

စစ်ကောင်စီ၏ လေကြောင်းရန်ကို ကြောက်ရွံ့၍ ရခိုင်ရှိ UN အဖွဲ့အစည်းများခေါင်မိုးပေါ်တွင် UN ဟု ရေးကာ ဆေးသုတ်နေရ – Ayeyarwaddy Times

ချပ်သင်းတွင် ပစ်ချခံလိုက်ရသည့် ရဟတ်ယာဥ် မီးခိုး တန်း၍ ဆင်းသွားရသည်ကို လေယာဉ်ဆီမသန့်လို့ မီးခိုးထွက်သည်ဟု စစ်လော်ဘီများဝါဒဖြန့် – Ayeyarwaddy Times

နယ်မြေများဆုံးရှုံးလာပြီး စစ်ရေးသတင်း ပေါက်ကြားမှုများကြောင့် စစ်ရေးချုပ်နှင့် တပ်မတော် စစ် ဆေးရေးအရာရှိချုပ် ရာထူးများအပါအ၀င် ထိပ်တန်းအရာရှိနေရာ ၂၀ ကျော်ကို အပြောင်းအလဲပြုလုပ် – Ayeyarwaddy Times

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြနှင့် မိသားစုဝင်အချို့ နိုင်ငံသားအဖြစ် ရုပ်သိမ်းကြောင်း မဲဆောက်ခရိုင် အုပ်ချုပ်ရေးမှူးထုတ်ပြန်စာ ထွက်ရှိ – Karen Information Center

တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ငါးသောင်းကျော်ကို စစ်ကောင်စီလွှဲပြောင်း – RFA

မြန်မာနှင့် လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော်ခွင့် ရပ်ဆိုင်းမည်ဟု အိန္ဒိယပြော – The Irrawaddy

📰 အခြားထူးခြားသတင်းများ

ထောင်ကျနေသော ပြည်ထဲရေးဝန်ကြီးဟောင်းအား အိမ်အကျယ်ချုပ် ပြန်ထား – The Irrawaddy

စစ်အာဏာသိမ်းမှုအတွင်း ပါတီဝင် ၁၀၀ ကျော် သတ်ဖြတ်ခံထားရဟု NLD ထုတ်ပြန် – The Irrawaddy

ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဥ်းသား ငါးဆယ်ခန့် အစာငတ်ခံဆန္ဒပြနေ – RFA

လွိုင်ကော်အကျဉ်းထောင်၌ ဆန်ကြမ်းနှင့် ငါးပိ နေ့စဉ်ကျွေးနေပြီး အကျဥ်းသားများအား အခန်းပိတ်လှောင်ထားဟု KPPA အသိပေး – People's Spring

ကရင်နီပြည်ရဲဌာန ရဲစခန်းအမှတ် ၁၄ အထိ ဖွဲ့စည်းပြီး လူထုအခြေပြုလုပ်ငန်း ဆောင်ရွက် – DVB

စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် အနုပညာရှင်များအား ထိရောက်စွာအရေးယူမည်ဟု ပြည်သူ့ရဲတပ်ဖွဲ့ကြေညာ – People's Spring

#rangoonscoutnetwork
Forwarded from The Irrawaddy - Burmese
စစ်ကောင်စီအရာရှိများနှင့် မစ္စတာ ချွီယောင် တွေ့ဆုံခြင်းသည် ရခိုင်ပြည်နယ်မှ ရပ်ဆိုင်းနေသော စီမံကိန်း တည်ဆောက်ရေး နည်းလမ်းရှာရန် ဒီဇင်ဘာလအတွင်းက ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး နောက်ဆက်တွဲ စာချုပ်ချုပ်ဆိုပြီးနောက် တွေ့ဆုံခြင်းဖြစ်သည်။
Website တွင် ဖတ်ရန် https://bit.ly/3OG1ONL
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from MPANews
ကောလင်းမြို့နယ်ဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲ

10 Feb 2024 By MPA CJ 023

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၉ ရက် ၊မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် ကောလင်းမြို့နယ်၊ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ ကုက္ကိုလ်ကုန်းကျေးရွာ ဆေးရုံကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

ဗုံးကြဲခံရမှုကြောင့် ဆေးရုံအဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3cQMI
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from MPANews
ဂန့်ဂေါတွင် စစ်ကောင်စီက စည်းရုံးရေးပုံစံဖြင့် စစ်ကြောင်းထိုးနေ

10 Feb 2023 By MPA CJ 008

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာမြစ်အနောက်ဘက်၊ ဇဟောကျေးရွာကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)၊မနက် ၇နာရီခွဲအချိန်ခန့်တွင် စစ်ကြောင်းထိုးလာပြီး ကျေးရွာအတွင်း စည်းရုံးရေးများလုပ်ဆောင်​နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ဂန့်ဂေါမြို့၊ ခလရ(၅၀)တပ်မှ စစ်ကောင်စီအင်အား (၈၀)ခန့်သည် ဂန့်ဂေါပြည်သူ့ဆေးရုံ​အနီးမှ မြစ်သာမြစ်ကိုဖြတ်ကူး၍ ဇဟောရွာသို့ရောက်ရှိလာကြောင်း ဇဟောဒေသခံတစ်ဦးက MPAကိုပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3cQNm
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from PNLA News&Info
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)

ပြည်သူများအား အသိပေး ထုတ်ပြန်ကြေညာချက်

ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၂၄ ခုနှစ်

၂၀၂၄ ခုနှစ် ဇန္နဝါရီလ (၂၂)ရက်နေ့မှ ယနေ့ထိတိုင် ဆီဆိုင်မြို့နှင့် အနီးတဝိုက်ရှိကျေးရွာများတွင် တိုက်ပွဲဖြစ်နေသည်ကို ပြည်သူများအားလုံးအသိပင် ဖြစ်ပါသည်။

စစ်ကောင်စီနှင့် အပေါင်းအပါများသည် လက်နက်ကြီးများ လေယာဉ်များဖြင့် ပအိုဝ်းဒေသကို နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် မိဘပြည်သူများ ထိခိုက်သေဆုံးနေရလျက်ရှိသည်။

သို့ဖြစ်ပါ၍ လက်ရှိအချိန်သည် စစ်ရေးအခြေအနေအလွန်ရှုပ်ထွေးနေသည့် တိုက်ပွဲကာလဖြစ်သောကြောင့် အောက်ပါလမ်းများကို သွားလာခွင့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

၁။ ဆိုက်ခေါင် မှ ဆီဆိုင်မြို့သို့ ဆက်သွယ်သည့် ပြည်ထောင်စု ကားလမ်းမကြီး။

၂။ ဆိုက်ခေါင်အနီးတဝိုက်မှ ဆီဆိုင်မြို့သို့ ပြည်ထောင်စုလမ်းမကြီး၏ အရှေ့ဘက်ခြမ်းတွင်လည်းကောင်း၊ အနောက်ဘက်ခြမ်းတွင်လည်းကောင်း ဆက်သွယ်ထားသည့် ကျေးရွာလမ်းငယ်များ။

၃။ နမ်းတဘက်ချောင်းအနောက်ဘက်ရှိ ကက္ကူမှ ဆီဆိုင်မြို့အနောက်ဘက်ရှိ နမ်းတဘက်ချောင်း အနောက်ဘက်ဒေသများကို ဆက်သွယ်ထားသော တောလမ်းများ။

ထို့ကြောင့် အလွန်ရှုပ်ထွေးသော စစ်ရေးအခြေအနေအတွင်း မလိုလားအပ်သည့် ထိခိုက်မှူများ မဖြစ်ပေါ်စေရေး ယင်းလမ်းကြောင်းများကို အသုံးပြုသွားလာခြင်း မပြုကြသေးရန် အထူးအသိပေးအပ်ပါသည်။

သွားလာ၍ သင့်သော်သောအခြေအနေသို့ ရောက်ရှိပါက ပြန်လည်ထုတ်ပြန်အသိပေးသွားမည်ဖြစ်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်

၂၀၂၄ခုနှစ် ဖေော်ဝါရီလ (၉)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံသို့
MA -3 (1)လက် ၊ ကျည်ဘောက် (၃) ဘောက် ၊
ကျည် (၂၅၀) ဖြင့် အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့သည်။

မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ပြည်သူလူထုဘက်သို့ ရပ်တည် ၍ အလင်းဝင်ရောက်လိုသော စစ်ကောင်စီတပ်သားများအား နွေးထွေးလုံခြုံစွာလက်ခံလျှက်ရှိပါတယ်ရှင့် ။

#MDY_PDF
#ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး
#Voice_Of_Mandalay
တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ပါဝင်တဲ့ ပြည်သူ့ညီညွှတ်ရေးတပ်ဦးဖွဲ့စည်းကြောင်းကြေညာ

MSI
၂၀၂၄ ဖေ ၁၀