MSI - MYANMAR SOCIETY INFORMATIONS
27.2K subscribers
89.2K photos
3.42K videos
139 files
16.5K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from Tachileik News Agency
ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့် အပါအဝင် (၃)ဦးကို အရှင်ဖမ်းမိဟု သတင်းထွက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တွင် အခြေစိုက်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ရှုံးပြီး ထွက်ပြေးလွတ်မြောက်နေသည့် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့် အပါအဝင် (၃)ဦးကို ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၄)ရက်နေ့တွင် လက်ရအရှင် ဖမ်းမိကြောင်း သတင်း ထွက်ပေါ်နေသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်သည် စစ်ယူနီဖောင်းဖြင့် မဟုတ်ဘဲ အရပ်ဝတ်ဖြင့် ထွက်ပြေးလာစဉ် MNDAA ပူးပေါင်းတပ်များက ဖမ်းဆီးရမိသည်ဟု သိရသည်။

တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့် အပါအဝင် စကခ(၁)မှ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို ဖမ်းဆီးရမိသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

တပ်မ(၉၉)၏ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်သည် ဗိုလ်ချုပ်စိုးတင့် နေရာကို ၂၀၂၄ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က အစားထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး တိုင်းမှူးဟောင်းဖြစ်သည့် ဗိုလ်ချုပ်စိုးတင့်သည် လက်ရှိရာထူးဖြင့်ပင် လားရှိုး၌ သောင်တင်နေရာမှ နောက်ဆုံးတွင် ထွက်ပြေးရင်း တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

အသစ်အစားထိုးကာ တိုင်းမှူးဖြစ်လာသည့် ဗိုလ်မှူးချုပ် စိုးလှိုင်သည် လားရှိုးသို့ ရောက်ရှိလာခြင်းမရှိဘဲ မူဆယ်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က ဩဂုတ်လ (၃)ရက်နေ့ နေ့လယ် (၁၂) နာရီ မိနစ် (၂၀) တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( Myanmar National Democratic Alliance Army - MNDAA) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က လားရှိုးမြို့ကို ထိုးစစ်ဆင်ပြီး တစ်လပြည့်ချိန်တွင် တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် တိုင်းစစ်ဌာနချုပ် (၁၄)ခုရှိသည့် အနက် ရမခ(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်)မှာ ပထမဆုံး လက်လွှတ်ဆုံးရှုံးရသည့် စစ်ဌာနချုပ် ဖြစ်လာခြင်းဖြစ်သည်။

News: https://www.tachileik.net/mm/news/36912

#TachileikNewsAgency
Forwarded from Tachileik News Agency
ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြများ ပြင်းထန်ပြီး လူ (၇၃) ဦးထက်မနည်း သေဆုံး၊ ကာဖျူးအမိန့် ထုတ်ထား

* * * * *

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့က ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုများအတွင်း အနည်းဆုံး လူ (၇၃) ဦး သေဆုံးခဲ့သည်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုကြသည့် ကျောင်းသားများ ဦးဆောင်ပါဝင်သော ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက တစ်နိုင်ငံလုံးတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၄) ရက် ညနေ (၆) နာရီမှစ၍ ကာဖျူးအမိန့်ထုတ်လိုက်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပေါ်နေသည့် ဘင်္ဂလားဒေ့ရှ်တွင် ကာဖျူးအမိန့်ထုတ်ခြင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်လာသည်။

ဆူပူအုံကြွ ဆန္ဒပြမှုများ အရှိန်မြင့်တက် ဖြစ်ပွားနေသည့် ဘင်္ဂလားဒေ့ရှ်တွင် အစိုးရက အင်တာနက်ဝန်ဆောင်မှုများကို ဖြတ်တောက်ထားသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဟာဆီနာက စတုတ္တမြောက် သက်တမ်းအတွက် အနိုင်ရခဲ့ပြီးနောက် လူအများအပြား သေဆုံးမှုရှိသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ရာ သူမအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာသည်။

ထိုရွေးကောက်ပွဲကို အဓိက အတိုက်အခံပါတီ Bangladesh Nationalist Party က သပိတ်မှောက်ခဲ့သည်။

အစိုးရက ဆန္ဒပြမှုများကို ဖြိုခွဲရန် အလွန်အကျွံ အင်အားသုံးခဲ့ကြောင်း ဝန်ကြီးချုပ် ဟာဆီနာကို ဝေဖန်သူများနှင့် လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲပြောဆိုကြပြီး သူမနှင့် သူမ၏ ဝန်ကြီးများကမူ ထိုစွပ်စွဲမှုကို ငြင်းဆိုထားသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့တွင် ဆန္ဒပြသူများက အဓိက အမြန်လမ်းများကို ပိတ်ဆို့ထားခဲ့ကြပြီး ကျောင်းသားဆန္ဒပြသူများက အစိုးရ နုတ်ထွက်ရေး ဖိအားပေးရန် ပူးပေါင်းဆောင်ရွက်ခြင်း မလုပ်သော အစီအစဥ်ကို စတင်ခဲ့ကြကြောင်းနှင့် အကြမ်းဖက်မှုများ တစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့ကြောင်း သိရသည်။

လူဦးရေ သန်း (၁၇၀) ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆူပူအုံကြွ အကြမ်းဖက်မှုများ ဖြစ်ပွားနေရာ ရဲစခန်းများနှင့် အာဏာရပါတီ ရုံးခန်းများ ပစ်မှတ်ထားကြသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အနောက်မြောက်ပိုင်း Sirajganj ခရိုင်တွင် ရဲတပ်ဖွဲ့ဝင် (၁၂) ဦး ရိုက်နှက်သတ်ဖြတ်ခံရကြောင်း ရဲအရာရှိ Bijoy Bosak က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာမြို့ရှိ နေရာများတွင်လည်း ထိပ်တိုက်တွေ့မှုများ ပြင်းထန်ခဲ့ပြီး ကျောင်းသား (၂) ဦးနှင့် အာဏာရပါတီ ခေါင်းဆောင်တစ်ဦး အပါအဝင် အနည်းဆုံး လူ (၈) ဦး သေဆုံးကြောင်းနှင့် ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်များက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အလယ်ပိုင်းရှိ Munsiganj ခရိုင်တွင် ဆန္ဒပြသူများ၊ ရဲတပ်ဖွဲ့နှင့် အာဏာရပါတီ တက်ကြွလှုပ်ရှားသူများ ပါဝင်သော ထိပ်တိုက်တွေ့ တိုက်ခိုက်မှုအတွင်း အလုပ်သွားသည့် ဆောက်လုပ်ရေးအလုပ်သမား (၂) ဦး သေဆုံးပြီး (၃၀) ဦး ဒဏ်ရာရခဲ့သည်။

ထို့အတူ အရှေ့မြောက်ပိုင်း Pabna ခရိုင်တွင်လည်း ဆန္ဒပြသူများနှင့် ဝန်ကြီးချုပ် ဟာဆီနာ၏ အာဏာရပါတီ Awami League မှ တက်ကြွလှုပ်ရှားသူများကြား အပြန်အလှန် တိုက်ခိုက်မှုအတွင်း အနည်ဆုံး လူ (၃) ဦး သေဆုံးပြီး (၅၀) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်း Bogura ခရိုင်တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုတွင် နောက်ထပ် လူ (၃) ဦး သေဆုံးခဲ့ပြီး အခြား ခရိုင် (၁၂) ခုတွင် လူ (၅၃) ဦး သေဆုံးခဲ့ကြောင်း ဆေးရုံဝန်ထမ်းများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက ကျောင်းသားအုပ်စုများ ဦးဆောင်သော အစိုးရ၏ အလုပ်အကိုင် ခွဲတမ်းကို ကန့်ကွက် ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ (၁၅၀) ဦး သေဆုံးကာ ထောင်နှင့်ချီ ဒဏ်ရာရခဲ့ကြောင်းနှင့် လူ (၁၀,၀၀၀) ခန့် ဖမ်းဆီးခံရကြောင်း သိရသည်။

News: https://www.tachileik.net/mm/news/36914

#TachileikNewsAgency
Source: Reuters
Forwarded from Tachileik News Agency
နေပြည်တော်မှ အမွေဖြတ်ထားသည့် ရမခ ကျားဖြန့်ကြီးများကို ဖမ်းမိဟု TNLA အထွေထွေအတွင်းရေးမှူး ပြောဆို

* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဖမ်းဆီးရမိသည့် တိုင်းမှူးဟောင်းအပါအဝင် (၃)ဦးကို နေပြည်တော်မှ အမွေဖြတ်ထားသည့် ရမဖ ကျားဖြန့်ကြီးများဟု ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ အထွေထွေ အတွင်းရေးမှူး တာအိုက်ကျော်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

“ဖုန်းမက်ဆေ့ဝင်လာတဲ့အသံ…ကြည့်လိုက်တော့ … ဟာ အခုထိ ကျားဖြန့်တရုတ်တွေ ထပ်ဖမ်းမိနေတာပဲ…အဲ့ တရုတ်စာကို Google translate လုပ်ကြည့်လိုက်မိတော့…..အာလလား…နပတ အမွေဖြတ်ထားတဲ့ ရမခ ကျား ဖြန့်ကြီးတွေ ဟေ့”ဟု အထွေထွေ အတွင်းရေးမှူး တာအိုက်ကျော်က ရေးသားထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တွင် အခြေစိုက်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ရှုံးပြီးနောက် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်အပါအဝင် (၃)ဦးကို လက်ရအရှင် ဖမ်းမိကြောင်း ယမန်နေ့က သတင်း ထွက် ပေါ်လာပြီးနောက် ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့တွင် တရုတ်စာများနှင့်အတူ MNDAA ဘက်က ထုတ်ပြန်လာသည်ကို တွေ့ရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်သည် စစ်ယူနီဖောင်းဖြင့် မဟုတ်ဘဲ အရပ်ဝတ်ဖြင့် ထွက်ပြေးလာစဉ် MNDAA ပူးပေါင်းတပ်များက ဖမ်းဆီးရမိသည်ဟု သိရသည်။

တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့် အပါအဝင် စကခ(၁)မှ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

“ဇူလိုင်လ(၃)ရက်နေ့က စတင်တိုက်ခိုက်တယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ်ကွပ်ကဲပြီး ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနဲ့ ဩဂုတ်လ(၃)ရက်နေ့ မနေ့ညနေပိုင်း(၆)နာရီခွဲအချိန်ထိဆက်သွယ်မှုရရှိခဲ့ပြီး ယခုအချိန်ထိဆက်သွယ်မှုပြတ် တောက်ခဲ့ပါတယ်၊ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးတချို့ကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။”ဟု စစ်ကောင်စီတပ်၏ စိတ်ဓာတ်စစ်ဆင်ရေးနှင့်ပြည့်သူ့ဆက်ဆံရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်း ဖွင့်ဟဝန်ခံလာသည်။

တပ်မ(၉၉)၏ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်သည် ဗိုလ်ချုပ်စိုးတင့် နေရာကို ၂၀၂၄ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က အစားထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး တိုင်းမှူးဟောင်းဖြစ်သည့် ဗိုလ်ချုပ်စိုးတင့်သည် လက်ရှိရာထူးဖြင့်ပင် လားရှိုး၌ သောင်တင်နေရာမှ နောက်ဆုံးတွင် ထွက်ပြေးရင်း တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

အသစ်အစားထိုးကာ တိုင်းမှူးဖြစ်လာသည့် ဗိုလ်မှူးချုပ် စိုးလှိုင်သည် လားရှိုးသို့ ရောက်ရှိလာခြင်းမရှိဘဲ မူဆယ် တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က ဩဂုတ်လ (၃)ရက်နေ့ နေ့လယ် (၁၂) နာရီ မိနစ် (၂၀) တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( Myanmar National Democratic Alliance Army - MNDAA) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က လားရှိုးမြို့ကို ထိုးစစ်ဆင်ပြီး တစ်လပြည့်ချိန်တွင် တိုင်းစစ်ဌာနချုပ် အား သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် တိုင်းစစ်ဌာနချုပ် (၁၄)ခုရှိသည့် အနက် ရမခ(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်)မှာ ပထမ ဆုံး လက်လွှတ်ဆုံးရှုံးရသည့် စစ်ဌာနချုပ် ဖြစ်လာခြင်းဖြစ်သည်။

News: https://www.tachileik.net/mm/news/36919

#TachileikNewsAgency
Forwarded from Tachileik News Agency
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ချိတ်ဆက်အလင်းဝင်ရောက်ကြောင်း Royal Eagle – PDF ထံမှ သိရသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ် အေးအေးအောင်သည် ၂၀၂၄ ခုနှစ် သြဂုတ်လ (၄)ရက်နေ့တွင် ရေစကြိုမြို့နယ်အခြေစိုက် Royal Eagle – PDF ထံ ချိတ်ဆက် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက စစ်အာဏာရှင်လက်အောက်မှာ ဆက်မလုပ်နိုင်တော့လို့ အလင်းဝင်လာတာပါ။ ကျနော်တို့အဖွဲ့ကို ဖုန်းနဲ့ချိတ်ဆက်ပြီး အလင်းဝင်လာတာ ၊ လမ်းမှာ ကျနော်တို့အဖွဲ့က သွားခေါ်ပေးပါတယ်”ဟု Royal Eagle – PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

အလင်းဝင် ဒုတပ်ကြပ်သည် ၎င်းနှင့်အတူ G-3 ကျည် (၂၄) တောင့် ၊ 9mm ကျည် (၂၅) တောင့် နှင့် ကွန်ပျူတာတစ်လုံးတို့ကို ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းအား ဆုငွေချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃၀) ရက်နေ့ကလည်း ရဲတပ်ကြပ်တစ်ဦး Royal Eagle – PDF ထံ သေနတ်တစ်လက်၊ ကျည်ဆံ (၂၀၀) နှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး ၎င်းအား ဆုကြေးငွေချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36924

#TachileikNewsAgency
Photo: ROYAL EAGLE -PDF
Forwarded from Tachileik News Agency
စစ်ရှုံးခေါင်းဆောင်က ပြည်သူလူထုကို မိန့်ခွန်းပြောမည်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

နိုင်ငံတဝှမ်း စစ်ရှုံးနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင်က ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့ ညနေပိုင်းတွင် ၎င်းတို့ပိုင် ဌာနများမှတဆင့် ပြည်သူကို မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ယာယီသမ္မတ ရာထူးများရယူထားသလို သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဘွဲ့ပါ ယူထားသည့် မင်းအောင်လှိုင်က နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်ပြီး ပြည်သူလူထုသို့ အသိပေးပြော ကြားမည်ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency
Forwarded from Tachileik News Agency
ကွတ်ခိုင်မြို့တွင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲရာ နေအိမ်နှစ်လုံး မီးလောင်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီက ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့ နေ့လယ်(၃)နာရီကျော်တွင် ကွတ်ခိုင်မြို့ကို ဗုံးကြဲရာ နေအိမ်(၂)လုံးမီးလောင် ပျက်စီးသွားကြောင်း TNLA ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၅)၊ ဈေးဘက်ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးယာဉ်ဖြင့် ဗုံး (၃)လုံး လာရောက်ကြဲချရာ နေအိမ် (၂)လုံး ဗုံးစထိမှန်ကာ မီးလောင်နေပြီး လူထိခိုက်မှု ရှိ၊ မရှိကိုမူ ထုတ်ပြန်ထား ခြင်းမရှိသေးပါ။

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့က စတင်ကာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ဇန်နဝါရီလ(၇)ရက်နေ့တွင် မြို့တစ်ခုလုံးအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် Ta'ang National Liberation Army - TNLA သည် နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၁)ရက်နေ့ကစပြီး စစ်ကောင်စီသည် လားရှိုးမြို့တွင် စစ်ရှုံးနေသဖြင့် လောက်ကိုင်မြို့ကို ဗုံးကြဲချရာ ဆေးရုံ၊ ဟိုတယ်နှင့် နေအိမ်များပျက်စီးပြီး ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့ရသည်။

News: https://www.tachileik.net/mm/news/36927

#TachileikNewsAgency
Forwarded from Tachileik News Agency
သံဃာ အယောင်ဆောင်ကာ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရမိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

တနင်္သာရီတိုင်း မြိတ် - ပုလော လမ်းပိုင်း ပဝကုန်းကျေးရွာအနီးတွင် သံဃာ အယောင်ဆောင်ကာ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တောကြီးမြွေဟောက်တပ်ဖွဲ့(King Cobra Force)၏ ရဲဘော်များက ဖမ်းဆီး ရမိကြောင်း သိရသည်။

မြိတ်- ပုလောလမ်းပိုင်းတွင် စစ်ကောင်စီထောက်တိုင်များ၊ စစ်ကောင်စီအတွက် ရိက္ခာသယ်ယူပို့ဆောင်မှုများကို စစ်ဆေးနေချိန် ခရီးသည်သယ်ယူပို့ဆောင်ရေး ကားတစ်စီးပေါ်မှ စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် သင်္ကန်းအဝတ်ဖြင့် အယောင်ဆောင်ကာ လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ဆက်လက်စိစစ် မေးမြန်းရာ မြိတ်ခရိုင်(၁၀၁)တပ်ရင်းမှ လုပ်သက်(၃)နှစ်ရှိ တပ်သား မောင်ထွေးဆိုသူ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သား မောင်ထွေးအား လိုအပ်သည်များကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ရန်အတွက် စစ်သုံ့ပန်း ဥပဒေနှင်အညီ ထိန်းသိမ်းဆောင်ရွက်နေသည်ဟု ဆိုသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီထောက်တိုင်များ၊ ပျူစောထီး၊ စစ်ကောင်စီယာဉ်တန်းများနှင့် အနီးကပ် သွားလာခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

News: https://www.tachileik.net/mm/news/36928

#TachileikNewsAgency
Forwarded from Tachileik News Agency
စစ်ကောင်စီက လူ့ဘောင်သစ်ပါတီ နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့ကို နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခွင့် ငြင်းပယ်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်(UEC)က လူ့ဘောင်သစ်ပါတီ(NSP) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ZCDP)ကို ပါတီမှတ်ပုံတင်ခွင့်ကို ငြင်းပယ်လိုက်ကြောင်း ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့က သတင်းထုတ်ပြန်လာသည်။

လူ့ဘောင်သစ်ပါတီ(NSP) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ZCDP)တို့သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၆)တွင် ပြဌာန်းထားသည့် သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိ၍ဟုဆိုကာ ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ အလိုကျ ပြန်ဌာန်းထားသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအတိုင်း ပြန်လည် မှတ်ပုံတင်သည့် နိုင်ငံရေးပါတီများအနက် ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ (Union Development Party)၊ ရခိုင်အမျိုးသားပါတီ (Arakan National Party)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)]၊ ပြည်သူ့အင်အားပါတီ၊ လူ့ဘောင်သစ်ပါတီ(NSP) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ZCDP)စသည့် နိုင်ငံရေးပါတီ (၆)ခုသည် ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ခံထားရခြင်း ဖြစ်သည်။

အာဏာသိမ်းကာလအလွန် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ကစပြီး နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အပါအဝင် နိုင်ငံရေးပါတီများနှင့် ပယ်ဖျက်ခံရသည့် နိုင်ငံရေးပါတီများမှာ (၄၅)ပါတီရှိသည်။

စစ်ကောင်စီအလိုကျ ပြန်လည်မှတ်ပုံတင်ရာတွင် အတည်ပြုခံရသည့် နိုင်ငံရေးပါတီ စုစုပေါင်းမှာ စစ်တပ်၏ ကျောထောက်နောက်ခံ နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် (၄၈)ခုရှိကြောင်းလည်း သိရသည်။

News: https://www.tachileik.net/mm/news/36936

#TachileikNewsAgency
Forwarded from Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား ချောင်းရေ ပြန်တက်လာ
* * * * *

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းရေ၏ အခြေအနေမှာ ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၆)ရက်နေ့ နံနက်ပိုင်း(၈)နာရီခွဲဝန်းကျင်တွင် အလျင်အမြန် ပြန်လည် တက်လာနေကြောင်း သိရသည်။

ရေတက်လာမှု မြန်ဆန်နေ၍ တာချီလိတ်ဘက်တွင် တာလော့ရပ်ကွက်ရုံးမှ တာဝန်ရှိသူများကလည်း အသိပေးနှိုးဆော်ထားကြောင်း သိရသည်။



#TachileikNewsAgency
Photo: สิริมงคล ปิงปิง แม่สาย
Forwarded from Tachileik News Agency
တော်ဝင်ထိုင်းစစ်တပ်တွင် တပ်သားများကို မိုးရွာထဲ ကိုယ်လုံးတီးချွတ်ပြီး မတ်တပ်ရပ်ခိုင်းကာ အပြစ်ပေးသည့် ကိစ္စ စုံစမ်း စစ်ဆေးနေ

* * * * *



ထိုင်းနိုင်ငံတွင် အထက်အရာရှိများက တပ်သား (၁၀) ဦးကို မိုးရွာထဲတွင် ကိုယ်လုံးတီးနှင့် (၅) နာရီကျော်ကြာ မတ်တပ်ရပ်နေစေပြီး ရိုက်နှက် အပြစ်ပေးခဲ့သည့် ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း တော်ဝင်ထိုင်းစစ်တပ် Royal Thai Army (RTA) က သတင်းထုတ်ပြန်ထားသည်။

တော်ဝင်ထိုင်းစစ်တပ်၏ လက်ထောက် ပြောခွင့်ရ အရာရှိ ဗိုလ်မှူးကြီး Richa Suksuwanon က ထိုကဲ့သို့သော လုပ်ရပ်များမှာ မှားယွင်းကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့တွင် ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Charoenchai Hinthao က စစ်တပ်၏ စည်းကမ်းထိန်းသိမ်းရေး စီမံဆောင်ရွက်မှုများမှာ စစ်တပ် စည်းမျဥ်းစည်းကမ်းများအပေါ် အခြေခံသင့်သည်ဟု အမြဲ အလေးပေး ပြောကြားကြောင်းနှင့် မသင့်လျော်သော ပုံကြီးချဲ့သည့် ပြစ်ဒဏ်များကို အမြဲတစေ ရှုတ်ချကြောင်းလည်း ဗိုလ်မှူးကြီးက ဆိုသည်။

ယခုဖြစ်ရပ်မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့က ချင်းမိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အမှတ် (၄) တပ်မလက်အောက်ခံ အမှတ် (၂၅) တပ်ရင်းမှ ဖြစ်ကြောင်းနှင့် အပြစ်ပေးခံရသည့် တပ်သားတစ်ဦး၏ ညီမဖြစ်သူက Survive Facebook page တွင် ဖွင့်ချခဲ့သည်။

သူမ၏ အဆိုအရ တပ်သားများကို မိုးရွာထဲတွင် ကိုယ်လုံးတီးနှင့် (၆) နာရီခန့် မတ်တပ်ရပ်နေစေပြီး ထိုသို့ မတ်တပ်ရပ်ခိုင်းထားစဥ် ရိုက်နှက်၊ ကန်ကျောက်ပြီး ခြေဖြင့်ဆောင့်နင်းခဲ့ကြောင်း သိရသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ တရားမျှတစွာနှင့် ဘက်လိုက်မှုမရှိဘဲ စုံစမ်းစစ်ဆေးရန် သီးခြား ကော်မတီ (၂) ရပ် ဖွဲ့စည်းတာဝန်ပေးထားကြောင်း RTA ပြောခွင့်ရ ဗိုလ်မှူးကြီး Richa က ပြောသည်။

အချို့သော RTA အရာရှိများက စည်းကမ်းထိန်းသိမ်းရေး စီမံဆောင်ရွက်ရာတွင် RTA နှင့် ကာကွယ်ရေးဝန်ကြီး Sutin Klungasang ၏ မူဝါဒကို ချိုးဖောက်ခဲ့နိုင်ကြောင်းနှင့် ထိုအရာရှိများ အပြစ်ရှိကြောင်း တွေ့ရှိရပါက အပြစ်ပေးခံရမည်ဟုလည်း ၎င်းက ဆိုသည်။

တပ်သားများကို အပြစ်ပေးသော အရာရှိများမှာ အရက်မူးနေခဲ့ကြောင်း စွပ်စွဲမှုတစ်ခုကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း ဗိုလ်မှူးကြီး Richa က ပြောသည်။

တပ်သားများကို ကိုယ်လုံးတီးချွတ်ရန် အမိန့်ပေးခဲ့ခြင်းအတွက် အရာရှိများအား ရာဇဝတ်မှုအရ စွဲချက်တင်နိုင်ခြင်းရှိ မရှိ မေးမြေန်းမှုကို ဗိုလ်မှူးကြီး Richa က မဖြေကြားခဲ့ဘဲ ကော်မတီများက ထိုကိစ္စကို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟုသာ တုံ့ပြန်ခဲ့သည်။

News: https://www.tachileik.net/mm/news/36937

#TachileikNewsAgency
Source: Bangkok Post
Forwarded from Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား ချောင်းရေ ပြန်တက်လာမှု ဩဂုတ်လ(၆)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင် အခြေအနေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းရေ၏ အခြေအနေမှာ ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၆)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်တွင် ထပ်မံ ရေတက်လာသည်ကို မယ်ဆိုင်ဘက်ကနေ မြင်တွေ့ရသည်။

မယ်ဆိုင်ဘက် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်မှုကို တားဆီးနိုင်ရန် တာဝန်ရှိသူများက ကြိုတင် ပြင်ဆင်တားဆီးထားသည်ကို တွေ့ရသော်လည်း ကြိုတင် ပြင်ဆင်တားဆီးမှု မရှိသည့် တာချီလိတ်ဘက်တွင် ချောင်းတလျှောက်ရှိ အနိမ့်ပိုင်းရပ်ကွက်များ၌ ရေများ အနည်းငယ်စီ ဝင်ရောက်လာနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း ဆန်ဆိုင်းလမ်းဆုံအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်အထိ ရေဝင်ရောက်မှု ရှိကြောင်းလည်း သိရသည်။

တောင်ကျရေကြောင့် မယ်ဆိုင်ချောင်းအတွင်း ယခုလို မမျှော်လင့်ပဲ ရေတက်လာခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency
Photo: ฮักแม่สาย
Forwarded from Tachileik News Agency
လားရှိုးခရိုင်ရဲတပ်ဖွဲ့၏ ဒုတိယရဲတပ်ဖွဲ့မှူး လှမျိုး MNDAA ၏ ဆေးကုသပေးမှုဖြင့် ပြန်လည် သက်သာ
https://www.tachileik.net/mm/news/36945
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်း အာဏာသိမ်းစစ်ကောင်စီဘက်က MNDAA ထံ လက်နက်ချ အလင်းဝင်လာသည့် စစ်သုံ့ပန်းများထဲက ဒဏ်ရာရရှိသူများကို ဆေးကုသပေးနေရာတွင် လားရှိုးခရိုင်ရဲတပ်ဖွဲ့၏ ဒုတိယရဲတပ်ဖွဲ့မှူး လှမျိုးလည်း ပါဝင်ကြောင်း ၂၀၂၄ခုနှစ် ဩဂုတ်လ(၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၎င်းသည် တိုက်ပွဲ ပြင်းထန်လာ၍ လားရှိုးကနေ ထွက်ပြေးရန် ကြိုးပမ်းစဉ် လားရှိုးမြို့ပေါ် ရပ်ကွက်(၁)ရှိ ကျောင်းဘေးတွင် လက်နက်ကြီး ကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ရာ ၎င်းအား ဆေးကုသပေးနေရာမှ ယခုအခါတွင် ပြန်လည် သက်သာကျန်းမာလာပြီဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို MNDAA မဟာမိတ်တပ်က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဆိုပါ တပ်ဖွဲ့များကို စွန့်ပယ်ထားခဲ့သော်လည်း MNDAA က ၎င်း၏ အရာရှိများနှင့် စစ်သည်များအား တန်းတူညီမျှစွာ ဆက်ဆံပြီး လူသားချင်းစာနာမှုအကူအညီများ အစွမ်းကုန်ပံ့ပိုးပေးကာ ဆေးကုသမှုများ ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

လားရှိုးခရိုင်ရဲတပ်ဖွဲ့၏ ဒုတိယရဲတပ်ဖွဲ့မှူး လှမျိုး နှင့် ပတ်သက်ပြီး MNDAA က ၎င်းအား သတ်ဖြတ်လိုက်သည်ဟု စစ်ကောင်စီ၏ လော်ဘီများက ရေးသားပြောဆိုမှုများရှိနေသော်လည်း လက်တွေ့တွင် ဒုတိယရဲတပ်ဖွဲ့မှူး လှမျိုးသည် MNDAA ၏ ဆေးကုသပေးမှုဖြင့် သက်သာ ကျန်းမာလာသည်ကို MNDAA ၏ သတင်းထုတ်ပြန်ချက် ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။



#TachileikNewsAgency

Photo: MNDAA
Forwarded from Tachileik News Agency
မိုးမိတ်မြို့ကို အုပ်ချုပ်ရေးလုပ်ငန်းများစတင်ဟု TNLA ထုတ်ပြန်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) သိမ်းပိုက်ထားသည့် မိုးမိတ်မြို့တွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း TNLA က ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မိုးမိတ်မြို့အား ဇူလိုင်လ (၃၁)ရက်နေ့တွင် TNLAက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ကာ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ပြီးတစ်ပတ်အကြာတွင် ပုံမှန်လည်ပတ်နေပြီဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် သိမ်းပိုက်ရရှိသည့် မိုးမိတ်နှင့် မိုးကုတ်မြို့သို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပ္လါင် ဇူလိုင်လ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ သွားရောက်စစ်ဆေးခဲ့သည်။

TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပ္လါင်အပြင် ဒုစစ်ဦးစီးချုပ် တားမုံကျော့၊ စစ်ဦးစီးမှူး၊ တပ်မဟာမှူးတို့လည်း အတူလိုက်ပါခဲ့ကြသည်ဟု ဆိုသည်။

၎င်းတို့သည် မိုးမိတ်မြို့နှင့် မိုးကုတ်မြို့တို့ရှိ ပြည်သူများကို တွေ့ဆုံခဲ့ပြီး ရှေ့တန်းတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များအား သွားရောက်အားပေးစကားပြောခဲ့သည်ဟုလည်း သိရသည်။

News : https://www.tachileik.net/mm/news/36949

#TachileikNewsAgency
Photo : PSLF/TNLA News
Forwarded from Tachileik News Agency
တရုတ်နိုင်ငံရှိ တက္ကသိုလ်တစ်ခုက အိမ်ထောင်ရေးဘွဲ့သစ် စတင်မိတ်ဆက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မွေးဖွားနှုန်း ကျဆင်းနေသည့် တရုတ်နိုင်ငံတွင် တက္ကသိုလ်တစ်ခုက အိမ်ထောင်ရေးဘွဲ့ အစီအစဥ်သစ်ကို မိတ်ဆက်လိုက်ကြောင်း သိရသည်။

အိမ်ထောင်ရေးနှင့် မိသားစုတန်ဖိုးများကို အကောင်းမြင်စေရန် အားထုတ်မှုတစ်ခုအဖြစ် တရုတ်နိုင်ငံ၏ ပြည်သူ့ရေးရာတက္ကသိုလ်က ဘွဲ့ကြိုသင်တန်း အစီအစဥ်တစ်ခုကို မကြာသေးမီက မိတ်ဆက်ခဲ့သည်။

ထိုဘွဲ့ကြိုသင်တန်းကို "အိမ်ထောင်ရေး ဝန်ဆောင်မှုများနှင့် စီမံခန့်ခွဲမှု" ဟု အမည်ပေးထားသည်။

တရုတ်တွင် အိမ်ထောင်ပြုနှုန်း ကျဆင်းနေမှုနှင့် ဆက်နွယ်နေသော ကလေးမွေးဖွားနှုန်း သိသိသာသာ ကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းနေသည်။

ယခု မိတ်ဆက်လိုက်သည့် ဘွဲ့အသစ်တွင် ကျောင်းသားများအား အိမ်ထောင်ရေးနှင့် မိသားစုဘဝကို စီမံခန့်ခွဲခြင်းနှင့် ပံ့ပိုးခြင်းဆိုင်ရာ ပညာကို သင်ကြားပေးသွားမည်ဟု ဆိုသည်။

မီဒီယာများ၏ ဖော်ပြမှုအရ အိမ်ထောင်ရေးဘွဲ့ သင်ရိုးညွှန်းတမ်းတွင် ချစ်သူများကြား ဆက်ဆံရေး အကြံဉာဏ်ပေးခြင်း၊ မိသားစုဆိုင်ရာ၊ အိမ်ထောင်ရေးဥပဒေများနှင့် မိသားစုဘဝဖူလုံးရေးနှင့် ဆက်နွယ်သော လူမှုရေးရာမူဝါဒများ အပါအဝင် ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။

တက္ကသိုလ်မှ အိမ်ထောင်ရေးဘွဲ့ ရရှိသွားသူများ အနေဖြင့် အိမ်ထောင်ရေးနှင့် မိသားစုတည်ဆောက်ပုံတို့ကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံတွင် မိသားစုများ၏ တည်ငြိမ်မှုနှင့် တိုးပွားမှုကို အကူအညီ ဖြစ်စေမည်ဟု ဆိုသည်။

News: https://www.tachileik.net/mm/news/36952

#TachileikNewsAgency
Source: News9Live
Forwarded from Tachileik News Agency
သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်းမှ သိမ်းဆည်းရရှိ လက်နက်ခဲယမ်းများကို ABSDF ဖော်ပြ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်း တိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းရရှိလက်နက်ခဲယမ်းများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၇)ရက်နေ့တွင် ဖော်ပြသည်။

တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့က ပြီးခဲ့သည့် ဇူလိုင်လ (၂၅)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများနှင့် ကားများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တွင်းငယ်ရဲစခန်းကို KIA ၊ KPDF နှင့် ABSDF ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

News : https://www.tachileik.net/mm/news/36956

#TachileikNewsAgency
Photo: ABSDF
Forwarded from Tachileik News Agency
ရပ်စောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၈ ဦးကို အရှင်မိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား(၈)ဦးကို အရှင်ဖမ်းမိကြောင်း သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် ကျောက်ဂူဒေသ၌ DPLF/DPLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) တပ်များရှိရာသို့ စစ်ကောင်စီမှ ထိုးစစ်ဆင်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ် ညနေ (၃)နာရီခွဲကျော်တွင် ‌စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကျောက်ဂူတိုက်ပွဲအတွင်း စစ်သုံ့ပန်း (၈)ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီဘက်မှ (၉)ဦး သေဆုံးကာ လက်နက်(၁၉)လက်ကိုလည်း သိမ်းဆည်းရရှိသည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/36989

#TachileikNewsAgency
Forwarded from Tachileik News Agency
ပခုက္ကူလေယာဉ်ကွင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများမှ ရော့ကတ်နှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်
https://youtu.be/LszDJhVfolg?si=jacUCN_jM12RFF05
* * * * *

ပခုက္ကူ လေယာဉ်ကွင်းပြန်လည်တည်ဆောက်ရေးအတွက် လေယာဉ်ကွင်းအတွင်း တပ်စွဲနေသည့် စစ်တပ်၊ ရဲနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့များအား တော်လှန်ရေးအင်အားစုများမှ သုံးရက်တာအတွင်း ရော့ကတ်၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Southern YSO PDF က ၂၀၂၄ခုနှစ် သြဂုတ်လ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပခုက္ကူ လေယာဉ်ကွင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သြဂုတ်လ (၄)ရက်နေ့ ၊ (၅)ရက်နေ့နှင့် (၇) ရက်နေ့တို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ RC Plane၊ Drone၊ Rocket၊ လက်နက်ကြီးနှင့် လက်နက်ငယ်တို့ဖြင့် အလုံးရေ (၁၃၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် မကွေးရဲတပ်ရင်းမှလာသည့် ရဲတပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကြောင်း Southern YSO PDF အဖွဲ့က ဆိုသည်။

လေယာဉ်ကွင်းတည်ဆောက်ရေးတွင် ပါဝင်နေသည့် အလုပ်သမားများအနေဖြင့် ငွေကြေးတစ်ခုအတွက်သာမကြည့်ဘဲ အာဏာရှင်ခိုင်းစေရာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် Southern YSO PDF က တိုက်တွန်းထားသည်။

အဆိုပါတိုက်ခိုက်မှုအား Southern YSO PDF၊ ရေစကြို ပလဖ ၊ MPL တိုက်နယ် ၄ ပကဖ ၊ အညာမုန်တိုင်း ၊ TKGF၊ Gen 1 ၊ ဒေါင်းနီ ပကဖ ၊ ရွှေဟင်္သာ လက်နက်ကြီး ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်းညီနောင် ၊ ပြည်သူ့အားမာန်-pdf နှင့် King Corba တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency
Video: Southern YSO PDF
Forwarded from Tachileik News Agency
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြော
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ms. Mao Ning က ၂၀၂၄ခုနှစ် ဩဂုတ်လ (၉)ရက်နေ့တွင် ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာပြည်တွင်း ပြဿနာများကို ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက်တက်တက်ကြွကြွ တိုက်တွန်းသွားမည်ဖြစ်ပြီး ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ms. Mao Ning က ဆိုသည်။

“တရုတ်နိုင်ငံသည် အမြဲတစေ ကိုယ်ပိုင်နည်းလမ်းဖြင့် မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကို ဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို စောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း” Ms. Mao Ning က ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအခြေအနေ ပြောင်းလဲလာမှုကို အမြဲတစေများစွာ ဂရုပြုလျက်ရှိပြီး ၊ မြန်မာနိုင်ငံ၌ စစ်ပွဲဖြစ်ပွားသည်ကို မတွေ့မြင်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေ စောလျင်စွာ ပြန်လည်တည်ငြိမ်လာစေရန် မျှော်လင့်ပါကြောင်း Ms. Mao Ning က သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းဌာန၏ မြန်မာ့အရေးနှင့်ပက်သက်ပြီး မေးမြန်းမှုအား ပြန်လည်ဖြေဆိုခဲ့သည်။

News : https://www.tachileik.net/mm/news/37020

#TachileikNewsAgency
Forwarded from Tachileik News Agency
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Tachileik News Agency
လူမျိုးကြီးဝါဒကိုဆန့်ကျင်ပြီး ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ရန်အလိုရှိဟု MNDAA ပြောဆို
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

MNDAA တပ်ဖွဲ့သည် လူမျိုးကြီးဝါဒကို ဆန့်ကျင်ပြီး ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ရန် အလိုရှိကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် ထုတ်ပြန်သည်။

ရှမ်းမြောက် လားရှိုးတိုက်ပွဲအတွင်းမှ ဖမ်းဆီးရမိ၊ လက်နက်ချသည့် စစ်သုံ့ပန်းများကို MNTJP ပါတီမူဝါဒအား ရှင်းပြရာတွင် MNDAA က ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

MNTJP ပါတီသည် လူမျိုးကြီးဝါဒကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး လူမျိုးစုအားလုံးတန်းတူ၊ ညီတူ၊ မျှတူ၊ လွတ်လပ်၊ ဒီမိုကရက်တစ်၊ ယဉ်ကျေးပြီး သာယာဝပြောသော ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ရန် တွန်းအားပေးသူများဖြစ်သည်ဟု ဆိုသည်။

MNTJP ပါတီသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး စစ်တပ်ကို အစိုးရက ကွပ်ကဲအုပ်ချုပ်စေလိုသည်ဟု ဆိုသည်။

တိုင်းရင်းသားတည်ရှိရာပြည်နယ်များ သို့မဟုတ် အထူးအုပ်ချုပ်ရေးဒေသများတွင် လွတ်လပ်သော အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဘဏ္ဍာရေးစနစ်များရှိပြီး ဥပဒေပြုရေးအာဏာကို ရရှိရေးကိုလည်း ထောက်ခံသည်ဟု ဆိုသည်။

ထို့အပြင် MNDAA နိုင်ငံရေးဌာန၏ အလုပ်အဖွဲ့သည် အာဏာသိမ်းစစ်တပ်၏ စစ်သုံ့ပန်းများကို MNTJP ပါတီ၏ ရပ်တည်ချက်၊ အဆိုပြုချက်များနှင့် နိုင်ငံရေး လမ်းကြောင်းဆိုင်ရာကို ရှင်းလင်းပြောဆိုကြောင်း သိရသည်။

လားရှိုးလွတ်မြောက်ရေးတိုက်ပွဲတွင် တိုက်ပွဲအစမှအဆုံးအထိ ထောင်နှင့်ချီသော စစ်ကောင်စီတပ်သားများ မဟာမိတ်တပ်များထံ လက်နက်ချခဲ့ကြသည်။

News :https://www.tachileik.net/mm/news/37045

#TachileikNewsAgency
Photo: 果敢资讯网