MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
တာချီလိတ်ရှိ 9C ဘားတွင်ပစ်ခတ်မှုဖြစ်ပွား
===========

Mizzima
July 23, 2022

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ 9C bar တွင် ယနေ့ ဇူလိုင်လ ၂၃ ရက် မနက် ၃ နာရီခွဲခန့်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုများလည်းရှိကြောင်းသိရသည်။

ဒေသခံအချို့ကမူ ထိုင်းဘက်မှတာချီလိတ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော မူးယစ်ရာဇာအချင်းချင်း ပစ်ခတ်မှုဖြစ်ကြောင်းပြောဆိုနေကြသော်လည်း အသေးစိတ်သတင်းအချက်အလက်ကိုမူ မဇ္ဈိမက အတည်မပြုနိုင်သေးချေ။

တာချီလိတ်မြို့ပတ်ဝန်းကျင်တွင် ယခုကဲ့သို့ပစ်ခတ်မှုများမကြာခဏဖြစ်ပွားလေ့ရှိသည်။
ရေးမြို့နယ်နှင့်လောင်းလုံးတို့တွင် စစ်သား၊ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၄ ဦး စုစုပေါင်း ၆ ဦး ပစ်ခတ်ခံရပြီးသေဆုံး
============

Khit Thit
July 23, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျောက်မိချောင်းရွာအုပ်ချုပ်ရေးမှူး ဝင်းမြင့်ကို ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကျောက်မိချောင်းရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့် ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

သတင်းအပြည့်အစုံ 👇👇👇
ကျင့်ဝတ်မလျော်ညီစွာ ထွက်ခွာခဲ့သည့် တိုတယ်ကုမ္ပဏီအပေါ် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအင်အားစုမှ ရှုံ့ချ

သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money Campaign - BMC) အင်အားစုကနေ ပြင်သစ်နိုင်ငံပိုင် တိုတ‌ယ် ကုမ္ပဏီဟာ မြန်မာပြည်က နေ တာဝန်မဲ့စွာထွက်ခွာခဲ့ခြင်းအပေါ် ရှုံ့ချကြောင်း ဇူလိုင်လ ၂၂ ရက်နေ့မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

တိုတယ်ကုမ္ပဏီဟာ နှစ်ပေါင်း ၃၀ကျော်ကြာ မြန်မာ့ သယံဇာတ အရင်းအမြစ်များမှ ရရှိသည့် ငွေကြေးအမြတ်အစွန်းများရရှိခဲ့ကြောင်း၊ နောက်ဆုံး ထွက်ခွာသည့်အချိန်မှာလည်း တိုတယ် မြန်မာနိုင်ငံကို စတင် ဝင်ရောက်ခဲ့ချိန်ကကဲ့သို့ပင် ၎င်း၏ စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာတာဝန်ဝတ္တရားများကို လျစ်လျူရှုမှု ထင်ဟပ်နေကြောင်းနှင့် မြန်မာပြည်သူများ၏ တောင်းဆိုမှုအသံကို အတိအလင်း လျစ်လျူရှုခဲ့ပြီး ရက်စက် ကြမ်းကြုတ်သောစစ်တပ်ကို ငွေကြေး အထောက်အပံ့ပြုခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း စသည့် အချက်များကိုလည်း BMC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BMC ကမ်ပိန်းတာဝန်ရှိသူတစ်ဦးက “လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာတဲ့ ထွက်ခွာမှုမျိုးဖြစ်ဖို့ရန် မြန်မာ အရပ်ဘက် အဖွဲ့အစည်းများ‌၊ လူ့အခွင့်အရေး အဖွဲ့များနှင့် မြန်မာ ပြည်သူကို ကိုယ်စားပြုသော NUG နှင့် တွေ့ဆုံဆွေးနွေး တိုင်ပင်မှု လုံးဝ မရှိခဲ့ပါဘူး။ တိုတယ် ကုမ္ပဏီဟာ မြန်မာလူထုအကျိုးအတွက်လို့ သဘောထားထုတ်ပြန်ပြီး လက်တွေ့မှာ စစ်ရာဇဝတ်မှု နှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုတွေဆက်ကျူးလွန်နိုင်အောင် လက်နက်များ ဝယ်ယူရေး အသုံးပြုနိုင်အောင် စစ်အုပ်စုဆီ လစဉ် ငွေပေးချေမှုများ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ စစ်အုပ်စုကို သန်းပေါင်းများစွာသောငွေကြေးများ ဆက်လက် ထောက်ပံ့ပေးရန် အော်ပရေတာ အသစ်ကို ခေါ်ဆောင်လာဖို့ကိုလည်း သူတို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ထောက်ပြ ဝေဖန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း စစ်တပ်နှင့်ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကိုင်လျက်ရှိသည့် PTTEP၊ ပေါစကို၊ ချဲဗ်ရွန် နှင့် KOGAS စသည့် ဓာတ်ငွေ့ ကုမ္ပဏီများကိုလည်း စစ်အုပ်စုနဲ့ ပူးပေါင်းနေခြင်းကို ရပ်တန့်ဖို့ ထပ်ဆောင်း ထည့်သွင်း တိုက်တွန်းထားပါတယ်။

BMC ကမ်ပိန်းတာဝန်ရှိသူတစ်ဦးက စစ်တပ်၏ ငွေကြေးရယူနေမှုအခြေအနေနဲ့ ပတ်သက်ပြီး “စစ်အုပ်စုဆီ ရေနံကရတဲ့ အမြတ်ငွေတွေ ဘယ်လိုရနေလဲဆိုတာ စုံစမ်းတွေ့ရှိရတာက ငွေကြေး အလွှဲအပြောင်းတွေကို အမေရိကန် ဘဏ်တွေကို တစ်ဆင့် အသုံးပြုနေတာ သွားတွေ့ရတယ်။ ဒီတော့ အမေရိကန် အစိုးရက အခုလုပ်ရပ်တွေကို စောင့်ကြည့်နေမယ့်အစား MOGE ကို အမြန်ဆုံး ပိတ်ဆို့ အရေးယူပေးပါ” လို့ တိုက်တွန်းခဲ့ပါတယ်။
#FederalFMRadio #BloodMoneyMyanmar
#TotalIrresponsibleExit #Total_StopSponsoringJunta
#July22Statement #MOGE

https://www.facebook.com/108469028006325/posts/pfbid02mGd66sAMCxoAYHhzzsWYuyFTj9Tgu2qQKEhWCTkdTrY9pg2oB6bmXu41ivBqoNYVl/?mibextid=fGVQ1D
ဖက်ဒရယ်စနစ်ဆိုသည်မှာ
------------------------
မြန်မာဘာသာ
--------------

ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ၊ ဖက်ဒရယ်စနစ်ရဲ့ အခြေခံအကျဆုံးအချက်တွေက ဘာတွေလဲဆိုတာကို ဖန်တီးပုံဖော်ထားတဲ့ ပိုစတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

အများပြည်သူအလွယ်တကူ နားလည်စေဖို့ ရိုးရိုးရှင်းရှင်း ပုံဖော်ဖန်တီးထားပါတယ်။

ဆက်လက်ပြီး ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေများ၊ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စုအစိတ်အပိုင်းများ(ပြည်နယ်များ)၊ အစိုးရအလွှာအချင်းချင်းတွေအကြား ဆက်ဆံရေးများ၊ လုပ်ပိုင်ခွင့်အာဏာနဲ့ ဘဏ္ဍာရေးဆိုင်ရာခွဲဝေပုံများစတဲ့ ခေါင်းစဉ်အလိုက် ဖန်တီးပုံဖော်ထားတဲ့ ပိုစတာတွေကို မြန်မာဘာသာနဲ့သာမကဘဲ လူမျိုးစုဘာသာစကားများနဲ့လည်း ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ဆိုသည်မှာ
-------------------------
မွန်ဘာသာ
-----------

ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ ရိုးရှင်းစွာ ပုံဖော်ဖန်တီးထားတဲ့ ပိုစတာတွေကို မွန်ဘာသာနဲ့ ထပ်မံမျှဝေလိုက်ပါတယ်။ အခြားလူမျိုးစု ဘာသာများနဲ့လည်း ဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ဆိုသည်မှာ
-------------------------
ရှမ်းဘာသာ
-----------
ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ ရိုးရှင်းစွာ ပုံဖော်ဖန်တီးထားတဲ့ ပိုစတာတွေကို ရှမ်းဘာသာနဲ့ ထပ်မံမျှဝေလိုက်ပါတယ်။ အခြားလူမျိုးစု ဘာသာများနဲ့လည်း ဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်။

#SFIG
#Federalism
#Shan
#Federalisminethniclanguage
ဖက်ဒရယ်စနစ်ဆိုသည်မှာ
-------------------------
ကချင်ဘာသာ
-----------
ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ ရိုးရှင်းစွာ ပုံဖော်ဖန်တီးထားတဲ့ ပိုစတာတွေကို ကချင်ဘာသာနဲ့ ထပ်မံမျှဝေလိုက်ပါတယ်။ အခြားလူမျိုးစု ဘာသာများနဲ့လည်း ဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်။
#sfig #federalisminkachin
#Federalism #Federalisminethniclanguage
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံး
===========

Khit Thit
July 23, 2022

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လ ၂၃ ရက်နေ့ ရရှိထားသော သတင်းအချက် အ လက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များအရ သိရှိရသည်။
MSI - MYANMAR SOCIETY INFORMATIONS
Photo
"အာရှနိုင်ငံတွေအထိပျံ့နှံ့လာတဲ့ Monkeypox (ခေါ်) မျောက်ကျောက်ရောဂါ "

Monkeypox လို့ခေါ်တဲ့ မျောက်ကနေကူးစက်တဲ့ကျောက်ရောဂါဟာ အာဖရိကအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများမှာ စတင်တွေ့ရှိခဲ့တဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသည့်တိရစ္ဆာန်/ ကူးစက်ခံထားရသူ၏အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိပါက ကူးစက်နိုင်သကဲ့သို့ ရောဂါပိုးများကပ်တင်ကျန်နေနိုင်သည့် အသုံးအဆောင်ပစ္စည်းများကို လက်ဖြင့်ကိုင်တွယ်မိရာမှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

ဒါဆို မျောက်ကျောက်ရောဂါရှိ၊မရှိဘယ်လိုသိနိုင်မလဲ

ရောဂါပိုးစတင်ဝင်ရောက်ပြီး ၅ရက်မှ၂၁ ရက် (အများအားဖြင့် ၆-၁၆ ရက်)အတွင်း
▪️ခေါင်းကိုက်ဖျားနာခြင်း၊
▪️အနီစက်များထွက်ခြင်း၊
▪️ကြွက်သားနာကျင်ခြင်း၊
▪️အရည်ကြည်ဖုထွက်ခြင်း၊
▪️ပြန်ရည်ကြိတ်များကြီးခြင်းစတဲ့ ရောဂါလက္ခဏာများခံစားရနိုင်ပါတယ်။

ရောဂါမကူးစက်အောင် ဘယ်လို‌နေထိုင်ကြမလဲ

✔️ ဦးစွာအနေနဲ့ တိရစ္ဆာန်တွေနဲ့ထိတွေ့မှု (အထူးသဖြင့် အာဖရိကတိုက်နဲ့ရောဂါဖြစ်နေတဲ့ နိုင်ငံများမှတိရိစ္ဆာန်များ) ကို ရှောင်ကြဉ်ပါ။

✔️ ရောဂါဖြစ်ပွားရာဒေသမှ ပြည်တွင်းသို့ ပြန်လာသူများကိုစောင့်ကြည့်ပြီး အကယ်၍ ဖျားနာလာပါက သီးခြားနေထိုင်ပါ။

✔️ လက်ကို မကြာခဏဆေးကြောပါ။

✔️ ရောဂါပိုးရှိသူအသုံးပြုထားသည့် အဝတ်အစား၊ မျက်နှာသုတ်ပုဝါ (သို့မဟုတ်) အိပ်ယာများနှင့် ထိတွေ့ခြင်း၊ မျှဝေခြင်းမှ ရှောင်ကြဉ်ပါ။

✔️ အိမ်ရှိအိမ်သာ (သို့မဟုတ်) ရေပိုက်များနှင့် ရောဂါပိုးရှိသူထိတွေ့မိပါက မကြာခဏသန့်ရှင်းပြီး ပိုးသတ်ပါ။

ဒါ့အပြင် ရေကျောက်ဗိုင်းရပ်စ်နှင့်ဆင်တူတဲ့အတွက် ရေကျောက်ကာကွယ်ဆေးထိုးထားပါက အနည်းဆုံး ၈၅% ထိ ကာကွယ်နိုင်တယ်လို့ CDC ကဆိုထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ရဲ့ ဇွန်လအထိ စစ်တမ်းတွေအရ မျောက်ကျောက်ရောဂါ (Monkeypox) လူနာပေါင်း ၃၄၀၀ ကျော်အထိ တွေ့ရှိထားပြီး၊ ကူးစက်သူ‌တွေ ထပ်ပြီးတိုးပွားလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါ့ကြောင့် "Prevention is better than Cure" ဆိုတဲ့အတိုင်း ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးကုသခြင်းဖြစ်လို့ ယခုအချိန်တည်းက တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက်၊အနေအထိုင်၊
ကိုယ်လက်လေ့ကျင့်ခန်းများလုပ်၍ ကျန်းမာရေးကိုဂရုစိုက်သင့်ကြောင်း အသိပညာလေးပါးလိုက်ပါတယ်ရှင့်...

#monkeypox
#AungMyintMoSpecialistClinic
#Taunggyi
ICJ ရဲ့ဆုံးဖြတ်ချက်ကို NUG ကြိုဆို
======================

Burma VJ | July 24 ,2022

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ICJ အိုင်စီဂျေ တရားရုံးရဲ့ မနေ့က စီရင်ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုငံခြာရေးဝန်ကြီးဌာနက ဒီနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အပြည့်အစုံ 👇👇👇
မုံရွာ စက်မှုဇုံဈေးရှေ့မှာ စကစအလိုတော်ရိလို့ဆိုသူ တစ်ဦးပစ်ခတ်ခံရ
======================

BVJ | July 24 ,2022

ဒီနေ့ ဇူလိုင် ၂၄ မနက် ၆ နာရီ ၄၀မိနစ် ဝန်းကျင်လောက်နေမှာမုံရွာ(အေးရိပ်သာလမ်း) စက်မှုဇုံစျေးရှေ့နားမှာ စကစအလိုတော်ရိ ဦးမြင့်ဆွေ ဆိုသူကို ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ Burma VJ ကိုမုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

"စျေးပြန်လာသူတဦးကပြောပြတာ။ ဆယ်အိမ်မှူးလိုလို၊ရာအိမ်မှူးလိုလိုနဲ့ စကစအလိုတော်ရိ ဦးမြင့်ဆွေကို စက်မှုဇုံဈေးရှေ့မှာပစ်သွားတာအဲဒီနားက စျေးသည်တွေတော့ စကစအဖွဲ့တွေလာမှာကြောက်လို့ စျေးဆက်မရောင်းရဲတော့ဘဲ ကြောက်လန့်ပြေးကြပြီ" လို့ပြောပါတယ်။

ပစ်ခတ်ခံရသူသေမသေကိုသေချာမသိရသေးဘူးလို့လည်းပြောပါတယ်၊ မြို့ခံတွေက သေချာမကြည့်ရဲဘူးလို့လည်းပြောပါတယ်။
ICJ တရားရုံးက အကြမ်းဖက်စစ်ကောင်စီကို ဆင့်ခေါ်တရားရင်ဆိုင်စေခြင်းသည် အစိုးရအဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ကြောင်း တရားဝင် ကြေညာခဲ့သော်လည်း ဇော်မင်းထွန်းက ICJ က ၎င်းတို့ကို အစိုးရအဖြစ် အသိအမှတ်ပြုဟု ဇွတ်ပြောပြန်
======================

Khit Thit Media
July 24 ,2022

အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂတရားရုံး ICJ က ဂမ်ဘီယာက မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲမှု အတွက် တရားရင်ဆိုင်ရန် အကြမ်းဖက်စစ်ကောင်စီကို ဆင့်ခေါ်တရားရင်ဆိုင်စေခြင်းသည် အစိုးရအဖြစ် အသိအမှတ် ပြုခြင်းမဟုတ်ကြောင်း တရားဝင် အသိပေး ကြေညာထုတ်ပြန်ပြောဆိုခဲ့သော်လည်း အကြမ်းဖက်ပြောခွင့်ရ ဇော်မင်းထွန်းက ICJ အနေဖြင့် ၎င်းတို့ကို အစိုးရအဖြစ် အသိအမှတ်ပြုသည်ဟု ဇွတ်အတင်းပြောဆိုလျက်ရှိသည်။

ဓာတ်ပုံ- အကြမ်းဖက်ပြောခွင့်ရ ဇော်မင်းထွန်း။

Photo- AP

အပြည့်အစုံ 👇👇👇