MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ရန်ကုန်မြို့တော်ခန်းမရှေ့ လအတော်ကြာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ မတွေ့ရတော့
======================

People's Spring
July 23 ,2022

ရန်ကုန်မြို့တော်ခန်းမရှေ့၌ လအတော်ကြာတပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် များ ယနေ့ မတွေ့ရတော့ဘဲ ရုတ်သိမ်းထားသည်ကို တွေ့ရသည်။

ယခင်က စစ်ကားသုံးလေးစီးခန့်နှင့် သဲအိတ်အကာအရံများကြား၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အချိန်ပြည့်ရှိနေသော်လည်း ယနေ့တွင် မတွေ့ရပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်သည် ပြီးခဲ့သည့်နှစ်အတွင်းက လအတော်ကြာ မြို့တော်ခန်းမရှေ့ကို မည်သည့်ယာဉ်မှဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားခဲ့ပြီး ယင်းနေရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စွဲထားခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုသာ မတွေ့ရခြင်းဖြစ်ပြီး လမ်းပေါ်၌ ကာရံထားသည့်အတားအဆီးများမှာ လက်ရှိအချိန်အထိ ပိတ်ထားဆဲဖြစ်သည်။

ဓာတ်ပုံ - People's Spring
This media is not supported in your browser
VIEW IN TELEGRAM
ကနီမြို့နယ်၊ ငါးဖျက်ရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး (ရုပ်/သံ)
=====================

KTM | July 23 ,2022

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ငါးဖျက်ရွာကို မီးရှို့ဖျက်ဆီးခဲ့သော အင်အား ၈၆ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဇူလိုင်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း ထိခိုက် သေဆုံးနိုင်ကြောင်း KLG PDF (ကျောက်လုံးကြီး) အဖွဲ့ထံမှ သိရသည်။

အပြည့်အစုံ 👇👇👇
ကလေးမြို့တွင် စစ်ကားမိုင်းခွဲခံရပြီး စစ်သား ၅ ဦးသေဆုံး၊ နတ်တလင်းတွင် စစ်တပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး
====================

ရန်ကုန်ခေတ်သစ်
July 23 ,2022

စစ်ကိုင်းတိုင်း၊ ကလေးမြို့လယ်ရှိ ဒေသကွပ်ကဲရေးဌာနချုပ်အနီး အကြမ်းဖက်စစ်ကား ၁ စီး မိုင်းခွဲခံရပြီး စစ်သား ၅ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

အပြည့်အစုံ 👇👇👇
အခုကလည်း တပ်မဟာ ၆ နယ်ထဲမှာပဲပေါ့။ ဒါကြောင့် သူတို့က အသစ်ထောင်လိုက်ပြီဆို‌တော့ သူ့ရဲ့ အခြေခံ ဒေသက ဘယ်နေရာမှာလဲဆိုတာက မေးစရာမေးခွန်းပေါ့။ အခုက မိတ်အနေနဲ့ဆိုတော့ သူနေကိုယ်နေ အနေအထား ပေါ့။ တကယ်လို့ ခွဲထွက်လိုက်ပြီဆိုတော့ သူဘယ်မှာနေမှာလဲ။ ဒေသခံတွေကလည်း သူ့ကို ဘယ်လောက်လက်ခံမှာ လဲဆိုတာ အပေါ်မှာလည်း မူတည်ပါတယ်”

Website တွင် ဖတ်ရန် https://bit.ly/3orCltS

ဧရာဝတီ
Forwarded from People's Message
“Motivation နှင့် False Hope အန္တရာယ်”

ဝါဒဖြန့်ခြင်း (Propaganda) နှင့် စိတ်ဓာတ်စစ်ဆင်ရေး (Psywar) နည်းလမ်းများအသုံးပြုခြင်းဟာ မြန်မာစစ်တပ် (ယခု စစ်ကောင်စီ) အစဥ်အဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ကောက်ကျစ်မှုများဖြစ်သလို ပြည်သူအများစု (အထူးသဖြင့် ဗမာပြည်မဒေသများ) အပေါ် သိသိသာသာ သက်ရောက်မှုအားကြီးခဲ့ကြောင်းကို ယနေ့ နွေဦးတော်လှန်ရေးကာလအထိ မြင်တွေ့နေရဆဲဖြစ်ပါတယ်။ ၄င်းတို့နှင့် အလားသဏ္ဍာန်တူ သိမ်မွေ့နူးညံ့သော်လည်း ဘေးထွက်ဆိုးကျိုးများစေတဲ့ Motivation နဲ့ False Hope တို့ကို တော်လှန်ရေးကာလအစပိုင်းမှ ယနေ့ထိတိုင် တော်လှန်ရေးအင်အားစုများဘက်မှ အသုံးပြုနေကြဆဲဖြစ်ကြောင်းတွေ့ရပါတယ်။

စိတ်ဓာတ်ရေးရာအရ ခွန်အားပေးဖို့၊ စိတ်ဓာတ်ခွန်အားတက်ကြွဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ Motivation ၊ Motivator ၊ Motivational Speaker တွေရဲ့ Profession တွေဟာ ယနေ့ ကမ္ဘာ့ရေစီးကြောင်းမှာ အရေးပါလာတာနဲ့အတူ တော်လှန်ရေးကာလတလျှောက်မှာလည်း Motivation - moti - မိုတီ စတဲ့ အသုံးအနှုံးတွေနဲ့ စိတ်ဓာတ်ခွန်အားတက်ကြွကြစေဖို့ရည်ရွယ်ပြီး ရေးသားပြောဆိုကြတာတွေ တွေ့ရပါတယ်။

တပြိုင်တည်းမှာပဲ ပြည်သူအများစုအနေနဲ့ တော်လှန်ရေးအရွေ့အခြေအနေတွေနဲ့ လက်တွေ့မြေပြင်အခြေအနေတွေကို အနီးစပ်ဆုံး အမှန်အတိုင်း သိကြရမယ့်အချိန်မှာ အဆိုပါ မိုတီ - moti ရဖို့ ပြောနေကြတဲ့ အချက်တွေရဲ့ဖုံးလွှမ်းနေမှုကြောင့် မမျှတတဲ့ခုခံတွန်းလှန်စစ်အတွင်း မိမိတို့ရဲ့လုံခြုံရေးကိစ္စရပ်များအပါအဝင် အရေးတကြီးအာရုံစိုက်စဉ်းစားလုပ်ဆောင်ရမယ့် နိုင်ငံရေးကိစ္စတွေကို အလေးအနက်စဉ်းစားနိုင်ဖို့ အားနည်းနေကြတာကိုလည်း တွေ့မြင်ရပါတယ်။

အဆိုပါ Motivational Speech တွေနဲ့အတူ တော်လှန်ရေးကာလအစပိုင်းကတည်းက လူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့၊ ယနေ့အထိလည်း နည်းလမ်းပေါင်းစုံနဲ့ ပျံ့နှံနေဆဲဖြစ်တဲ့ False Hope (တလွဲမျှော်လင့်ချက်) တွေအကြောင်းကိုလည်း တော်လှန်ရေးတနှစ်ခွဲကြာလာချိန်မှာတော့ ပြည်သူတွေ သတိပြုဆင်ခြင်မိလာကြပြီလို့ ယူဆမိပါတယ်။

စစ်အာဏာရှင်အုပ်စုအာဏာလုခြင်းစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နှောင်းပိုင်းမှာပဲ စတင်ထွက်ပေါ်လာခဲ့တဲ့ “၇၂ နာရီစောင့်ကြည့်” ၊ “R2P လာတော့မယ်” ၊ “UN တပ်တွေဝင်လာတော့မယ်” စတဲ့ False Information တွေနဲ့အတူ တွဲပါလာခဲ့တဲ့ False Hope တွေနဲ့ အထက်ကဆွေးနွေးခဲ့တဲ့ Motivational Speech တွေဟာ တော်လှန်ရေးရဲ့အရှိန်နဲ့ အချိန်ကို အထိအခိုက်တွေ နှောင့်နှေးမှုတွေဖြစ်စေခဲ့တဲ့အကြောင်းအရင်းတွေထဲက အရေးကြီးအချက်တွေအဖြစ် တွေ့မြင်နေရပါတယ်။

တော်လှန်ရေးကို ကာလတို၊ ရေတိုအတွင်းအဆုံးသတ်နိုင်တော့မယ့်သဘောမျိုးသက်ရောက်စေတဲ့ “ဒီနှစ်ကုန်ရင် တော်လှန်ရေးနိုင်ပြီ” ၊ “နောက် ဘယ်နှစ်လဆိုရင်ပွဲပြတ်မယ့်တော်လှန်ရေး” အစရှိတဲ့ လက်တွေ့မြေပြင်အခြေအနေတွေနဲ့ မနီးစပ်တဲ့ အချက်အလက်မခိုင်မာတဲ့ Motivation တွေနဲ့ ပြောဆိုရေးသားချက်တွေကြောင့် ရေတိုလုပ်ငန်းစဉ်တွေကိုသာ အာရုံစိုက်လုပ်ဆောင်ဖြစ်ခဲ့ကြပြီး တော်လှန်ရေးအစကနေ ဖြစ်စဥ်တလျှောက်လုံးသယ်ဆောင်သွားရမယ့် ရေရှည်လုပ်ငန်းစဉ်တွေဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကြားကာလအခြေခံဥပဒေရေး‌ဆွဲရေးအတွက် နိုင်ငံရေးအရစုဖွဲ့မှုများ၊ တော်လှန်အင်အားစုအချင်းချင်း ဆက်သွယ်ချိတ်ဆက်မှု၊ ရှင်းလင်းတဲ့လမ်းစဥ်နဲ့ တာဝန်ခံမှုရှိတဲ့စုပေါင်းခေါင်းဆောင်မှုတွေကတော့ သိသာထင်ရှားစွာ ‌ပေါ်ထွက်မလာသေးတာကို တွေ့မြင်နေကြရပါတယ်။

အဆိုပါ Motivation မျိုးတွေ၊ False Hope တွေရေးသားပြောဆိုဖြန့်ဝေကြမယ့်အစား ပြည်သူလူထုအမှန်တကယ် သိခွင့်ရှိတဲ့/သိရမယ့် လက်ရှိတော်လှန်ရေးအခြေအနေ နိုင်ငံရေးလမ်းစဥ်နှင့် အခင်းအကျင်းများ၊ ပြည်တွင်း ပြည်ပ မိတ်ဘက်ဆက်ဆံ‌ရေး စတာတွေကို တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းအသိပေးသင့်ပါတယ်။ တော်လှန်ပြည်သူတို့အတွက် Right to Information ကို ပိတ်ဆို့ထားခြင်း၊ ထိန်ချန်ထားခြင်းမျိုး မဖြစ်စေပဲ တော်လှန်တပ်ဦးများသာမက လူထုအတွင်းမှာ စုပေါင်းခေါင်းဆောင်မှုတွေအားကောင်းကောင်းနဲ့ ပေါ်ပေါက်လာဖို့အတွက်ပါ ရည်ရွယ်စဥ်းစားပြီး ပြည်သူတွေသိနားလည်ဖို့လိုအပ်တဲ့ အခြေအနေမှန်တွေကို ပြည်သူလူထုထံ နည်းလမ်းပေါင်းစုံနဲ့ Information တွေ ၊ Message တွေ ပေးပို့နေဖို့အရေးကြီးနေပြီဖြစ်ပါတယ်။

ရှင်းလင်းပြတ်သားပြီး ထိရောက်တဲ့ သတင်းအချက်အလက်တွေနဲ့ လမ်းညွှန်မှုတွေကို အချိန်မီရရှိနေမှသာ ပြည်သူတွေဟာ တော်လှန်ရေးလမ်းကြောင်းနဲ့ ပုံရိပ်ကို ပိုမိုရှင်းလင်းစွာမြင်တွေ့လာပြီး မိမိတို့ ဘာကြောင့်တော်လှန်နေတာလဲ? ဘယ်အခြေအနေအထိတော်လှန်ကြမှာလဲ? မိမိတို့ရဲ့တော်လှန်ရေးဟာ ဘယ်ဆီကိုဦးတည်နေပြီလဲ? ဘယ်ကိုဦးတည်ကြမလဲ? လမ်းကြောင်းလွဲနေပြီဆိုရင် ဘယ်လိုပြန်တည့်မတ်ကြမလဲ? စသဖြင့် မိမိတို့ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းကြရမယ့် အခြေအနေတွေ အခက်အခဲတွေကို နားလည် လက်ခံ ရွေးချယ် ဆုံးဖြတ်နိုင်ကြမှာဖြစ်ပါကြောင်း ပြည်သူမှ ပြည်သူသို့ လေးလေးနက်နက် သတင်းစကားပါးလိုက်ရပါတယ်။

ဂျူလိုင် ၂၃ ၊ ၂၀၂၂
People's Message

#peoplemessage
#ဘာကြောင့်တော်လှန် #ဘယ်အထိတော်လှန် #ဘယ်လိုတော်လှန် #ဘယ်ဆီဦးတည်နေလဲ #ဘယ်ဆီဦးတည်မလဲ
#motivational_speech #moti_မိုတီ #false_hope
တရက်တည်း စစ်ကောင်စီအကြမ်းဖက် တပ်ဖွဲ့ဝင် ၁၃၀ ခန့် သေဆုံး
=====================

DVB | 23 July, 2022

ဇူလိုင် ၂၂ ရက် တရက်တည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်အ ယောက် ၁၃၀ နီးပါးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၂၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

http://burmese.dvb.no/archives/544838
ငါးဖျက်ရွာကိုမီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံPDF တို့ ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၅ဦးခန့် ထိခိုက်သေဆုံး
===================

Burma Associated Press
July 23 ,2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် ငါးဖျက်ကျေး ရွာကို မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ၊ စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ သိရသည်။

ဓာတ်ပုံ ။ KLG PDF

အပြည့်အစုံ 👇👇👇
စစ်ကောင်စီအဖွဲ့နဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နေပြည် တော် PDF တပ်ဖွဲ့ဝင်၂ဦး ကျဆုံး
=====================

BVJ | July 23 ,2022

စစ်ကောင်စီအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(နေပြည်တော်)ရဲ့ ရဲဘော်၂ဦး ကျဆုံးခဲ့တယ်လို့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၁ရက်က PDF(NPT) တပ်ရင်း ၈၀၁၊ တပ်ခွဲ ၄ ရဲ့တပ်ဖွဲ့ဝင် ကိုချမ်းမြေ့မောင်ဟာ စစ်ကောင်စီအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး မိုင်းထိမှန်ကာ ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၄ရက်ကလည်း PDF(NPT) တပ် ရင်း ၈၀၂၊ တပ်ခွဲ ၅ရဲ့တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ရဲဘော်မိုးသောက် ကြယ်ဟာလည်း သံတောင်ကြီးမြို့နယ်၊ စုစည်းရွာသစ်၊ ယင်းသပ်ကြောထိပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရဲဘော်၂ဦး ကျဆုံးခဲ့မှုအတွက် ကျန်ရစ်သူမိသားစုများနဲ့အတူ ထပ်တူဝမ်းနည်းကြောင်းနဲ့ အများပြည်သူအကျိုးအတွက် အသက်ကိုပဓာနမထားဘဲ ပေးဆပ်ခဲ့မှုအပေါ်ဂုဏ်ယူကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် PDF (NPT) က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်ရှိ စက်သုံးဆီဆိုင်အချို့ ယာယီအရောင်းရပ်ကြသဖြင့် ယာဉ်မောင်းအချို့ အခက်ကြုံ
=====================

လူငယ့်ခေတ် | July 23 ,2022

ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ယနေ့တွင် စျေးအနည်းငယ် ကျဆင်းခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် ဆီဆိုင်တချို့ ၌ ဆီအမျိုးအစားအားလုံး မရနိုင်ဟုဆိုကာ အရောင်းပိတ်ထားကြသဖြင့် ဆီဝယ်ယူရန် အခက်ကြုံရကြောင်း ယာဥ်မောင်းများထံမှ သိရသည်။

အပြည့်အစုံ 👇👇👇
MSI - MYANMAR SOCIETY INFORMATIONS pinned «“Motivation နှင့် False Hope အန္တရာယ်” ဝါဒဖြန့်ခြင်း (Propaganda) နှင့် စိတ်ဓာတ်စစ်ဆင်ရေး (Psywar) နည်းလမ်းများအသုံးပြုခြင်းဟာ မြန်မာစစ်တပ် (ယခု စစ်ကောင်စီ) အစဥ်အဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ကောက်ကျစ်မှုများဖြစ်သလို ပြည်သူအများစု (အထူးသဖြင့် ဗမာပြည်မဒေသများ) အပေါ်…»
ရေတွင်းထဲကျန််ရှိနေသည့် အသတ်ခံရသူညီကိုနှစ်ဦးရဲ့အရိုးစုများ Free Burma Ranger အဖွဲ့ဆယ်ယူ
=====================

Burma Associated Press
July 23 ,2022

စစ်ကောင်စီက ကရင်နီပြည်နယ်ဒေသခံနှစ်ဦးကို ရက် ရက်စက်စက်သတ်ဖြတ်ကာ ပေ ၄၀ အနက်ရှိရေတွင်းထဲသို့ အလောင်းဖျောက်ပြစ်ချခဲ့ပြီး ကြွင်းကျန်ရစ်သည့်အရိုးစု ဦးခေါင်းခွံနှစ်လုံးကို Free Burma Ranger အဖွဲ့က ဆယ်ယူ လိုက်နိုင်ကြောင်း အဆိုပါ အဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ပုံစာ ။။ဆယ်ယူရရှိသည့် ညီအစ်ကိုနှစ်ဦး၏ ကြွင်းကျန်ရစ်သော အရိုးစုများ

ဓာတ်ပုံ ။ Free Burma Ranger

အပြည့်အစုံ 👇👇👇
ICJ ဆုံးဖြတ်ချက်ကို ရိုဟင်ဂျာများကြိုဆို၊ အချိန်တိုအတွင်း တရားစီရင်ဆုံးဖြတ်ပေးရန်တောင်းဆို
=====================

DVB | 23 July, 2022

ရခိုင်ပြည်နယ်အတွင်ရှိ ရိုဟင်ဂျာတွေအား လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်တရားစီရင်ဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနဲ့ အချိန်တိုအတွင်း တရားစီရင်ဆုံးဖြတ်ပေးဖို့ ရိုဟင်ဂျာတွေက တောင်းဆိုလိုက်ပါတယ်။

မောင်တောမြို့နယ်က ဒေသခံ ရိုဟင်ဂျာလူကြီးတဦးက “အိုင်စီဂျေ တရားရုံးက ဆုံးဖြတ်ချက်ကို ကျနော်တို့ မောင်တောဒေသခံ ရိုဟင်ဂျာတွေအနေနဲ့ အလွန်ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ကျနော်တို့ စိုးရိမ်နေတာက အိုင်စီဂျေကိစ္စက အချိန်နည်းနည်းကြာသွားလို့ရှိရင် ဒီဒုက္ခသည်တွေကလည်း ဒုက္ခမျိုးစုံနဲ့ ကြုံလာရမှာပါ။ အဲ့ဒါကြောင့် အိုစီဂျေအနေနဲ့ အချိန်တိုအတွင်း တရားဆုံးဖြတ်ပေးဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

http://burmese.dvb.no/archives/544848
Media is too big
VIEW IN TELEGRAM
"အဖွဲ့အစည်းစိတ်ဓာတ် အရေးကြီးတယ်" (ရုပ်/သံ)
=====================

The Irrawaddy
July 23 ,2022

ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်ပြီး ကော်သူးလေတပ်မတော် (Kaw Thoo Lei Army – KTLA) ကို တည်ထောင်ခဲ့သည်များနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

Facebookမှနားထောင်လိုပါကဤlinkကိုနှိပ်ပါ။
Forwarded from People’s Defense Force
သတင်းကောင်း လေးတစ်ခုနဲ့ ပြောပြပါမယ်ခင်ဗျာ။

မြို့ပြ UG အတွက် အတိုနဲ့ ကျည်ကျွန်တော်တို့ ဝယ်ခဲ့ပါပီခင်ဗျာ။

သတင်းဆိုးကတော့ အကြွေး ၂၅ သိန်း တင်သွားပါတယ်ခင်ဗျာ။

ကျွန်တော်တို့ တင်နေတဲ့ အကြွေးကို တစ်ပတ်အတွင်းပြန်ဆပ်ရမှာဖြစ်လို့ မြန်မြန် ပြည့်ဖို့ ပြည်တွင်းရော ပြည်ပကရော လာကူပေးပါခင်ဗျာ။

တစ်ယောက်ကို ၅၀၀၀ ကျပ်နှုန်းနဲ့ လူ ၅၀၀၀ လောက်က လာကူရင်တောင်ရပါပီခင်ဗျာ။

လမကုန်ခင်ရောင်းရမဲ့ ထီအစောင်ရေတွေလဲ အများကြီးကျန်သေးတာမို့ ထီကလဲပြန်ရောင်းရအုန်းမှ ဖြစ်တဲ့အတွက် အကြွေး ၂၅ သိန်းလေးမြန်မြန်ကြေဖို့ ကူပေးကြပါခင်ဗျာ။


ကူရန်အတွက်



Messenger

m.me/peopledefenseforces

Telegram

https://t.me/pdfygn

တို့မှလာကူလို့ရပါတယ်။
၂၃.၇.၂၀၂၂ ရက်နေ့ ကလစ် Link

ကျွန်တော်တို့ ဒီနေ့ တင်ပေးတဲ့ ကလစ် Link လေးတွေက YouTube Channel ထဲရောက်ရင် Channel လေးကို Subscribe လုပ်ပီး video လေးကို အစအဆုံးကြည့်ပေးပါခင်ဗျာ။

festyy.com/edv1jX

festyy.com/edv1jQ

festyy.com/edv1js

festyy.com/edv1ju

festyy.com/edv1hV

festyy.com/edv1hD

Link တစ်ခု ကလစ်ပီးတိုင်း VPN ကို နိုင်ငံပြောင်းဖို့မမေ့ပါနဲ့ ခင်ဗျာ။

VPN နိုင်ငံမပြောင်းတတ်ရင် လာမေးလို့ရပါတယ်ခင်ဗျာ။
Media is too big
VIEW IN TELEGRAM
ဇူလိုင်လ ၂၃ ရက်နေ့ ည ၉ နာရီအထိ နောက်ဆုံးရသတင်းများ
=============

− နတ်တလင်းမြို့နယ် ကြက်မနက်ကျေးရွာတွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ် ပစ်ခတ်ခံရ၍ ၃ဦးသေဆုံး

− ခင်ဦးမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက် လာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြား

− “သံတိုင်ကြားကရဲဘော်တို့ လူထုအားနဲ့ကယ်ထုတ်စို့” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

− ယူကရိန်းရဲ့တုံ့ပြန်မှုက တရုတ်အတွက် ထိုင်ဝမ်ကိုကျုးကျော်ဖို့ စိတ်ကူးကိုတွေဝေစေခဲ့ကြောင်း CIA အကြီးအကဲပြော

Photo - CJ
#9PMNews
#MizzimaDailyNews
#MizzimaTV