MSI - MYANMAR SECRET INFORMATIONS
27K subscribers
88K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Forwarded from The Irrawaddy - Burmese
အစည်းအဝေးနှင့် ပတ်သက်ပြီး ဦးကိုကိုကြီးက အကောင်းမြင်ပြီး "ပထမနေ့မှာတော့ တင်းမာကြပြီး နောက်ပိုင်းမှာတော့ တဖက်ရဲ့ခံစားချက်ကို တဖက်က နားလည်လာတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးကြတယ်။ ဒုတိယနေ့မှာ အစည်းအဝေးက ည ၈ နာရီခွဲအထိ ကြာတယ်" ဟု ပြောသည်။ "အပြောင်းအလဲဖြစ်ဖို့ အခွင့်အလမ်း ပွင့်လာပြီလို့ ကျနော်ယုံကြည်တယ်" ဟု ဦးကိုကိုကြီးက ပြောသည်။

Website တွင် ဖတ်ရန် https://bit.ly/4eFrNjK
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
လေယာဉ်နဲ့ကြဲတာက ဇီးဖြူကုန်းရပ်ကွက်နောက်ကျောက တိုက်ပွဲဖြစ်နေတဲ့ တောစပ်နဲ့ ခမရ ၅၆၆ ဘက် ကို ကြဲတယ်၊ ပြည်သူ့စစ်တချို့က လက်နက်မချဘဲ ခံပစ်နေလို့မနေ့က တိုက်ပွဲမှာ ပြည်သူ့စစ်တွေလည်း ကျတယ်

Website တွင် ဖတ်ရန် https://bit.ly/3XyrIbF
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ဒီမိုကရေစီ ကူးပြောင်းရေး နောက်ကြောင်းပြန်လှည့်ရန် အိန္ဒိယ တိုက်တွန်း

ဧရာဝတီ၊ ဇွန် ၂၈၊ ၂၀၂၄

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးလမ်း အချိန်မနှောင်းခင် နောက်ကြောင်းပြန်လှည့်ရန် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ဇွန်လ ၂၆ ရက် တွေ့ဆုံချိန် တိုက်တွန်းပြောဆိုခဲ့သည်။

အိန္ဒိယအနေဖြင့် အဘက်ဘက်က ကူညီရန် အသင့်ရှိနေသလို မြန်မာ့အရေး ဖြေရှင်းရာတွင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လမ်းဖွင့်ထားကြောင်း၊ မြန်မာနိုင်ငံ မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများ နှစ်နိုင်ငံနယ်စပ်၌ ဆက်လက် မြင့်တက်လာသည့်အကျိုးဆက်နှင့် ပတ်သက်၍ စိုးရိမ်မှုများကို ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး လူမှုကွန်ရက် X စာမျက်နှာတွင် ရေးသားထားသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံစဉ် တရားမဝင်မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုမှုများနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကဏ္ဍများ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ကြောင်း ဇွန်လ ၂၇ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ပုံစာ- နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံစဉ် / MoFA

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ထိုင်းဘဏ် SCB က ကုလသမဂ္ဂ အစီရင်ခံစာကို တုံ့ပြန်ခြင်းအားဖြင့် ဘဏ်တွင်း စုံစမ်းစစ်ဆေးမှုများ လုပ်ခဲ့ပြီး ငွေကြေးလွှဲပြောင်းမှု အများအပြားသည် "ပုံမှန်စီးပွားရေးလုပ်ငန်းဆောင်တာများဖြစ်သည့် လူသုံးကုန်ပစ္စည်းများနှင့် စွမ်းအင်အတွက် ငွေပေးချေမှုများဖြစ်ကြောင်း တွေ့ရှိရသည်" ဟု ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်သည်။
Website တွင် ဖတ်ရန် https://bit.ly/3L3xiet
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
မှတ်သားစရာကောင်းသည်မှာ တရုတ်အစိုးရသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ပြည်ထဲရေး ဝန်ကြီးအပါအဝင် စစ်ကောင်စီ၏ အဓိကဝန်ကြီး လက်တဆုပ်စာကို အခါအားလျော်စွာ ဖိတ်ကြားသော်လည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တရုတ်သို့ ဖိတ်ကြားမှု မရှိခြင်း ဖြစ်သည်။

Website တွင် ဖတ်ရန် https://bit.ly/45KeXwx
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်တွင် မိန့်ခွန်းပြော

ဧရာဝတီ၊ ဇွန် ၂၉၊ ၂၀၂၄

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၌ ပြုလုပ်သော ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲသို့ သွားရောက်နေသော သမ္မတဟောင်း ဦးသိန်းစိန်သည် ဇွန်လ ၂၈ ရက်က မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ဦးသိန်းစိန်သည် တရုတ်သံရုံး၏ ဖိတ်ကြားချက်အရ ဇွန်လ ၂၇ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်းအတူ လိုက်ပါသွားကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

ပုံစာ-တရုတ်နိုင်ငံ၊ဘေဂျင်းမြို့၌ ပြုလုပ်သော ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်ပွဲတွင် တွေ့ရသော ဦးသိန်းစိန်

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မတူပီပြီးရင် မင်းတပ်၊ ကန်ပက်လက်၊ ပြီးရင် ယောနယ်ဘက်ကို ဆက် ကူညီပေးမယ်ဆိုရင် တိုက်ခိုက် မောင်းထုတ်လို့ရပြီဆိုတာနဲ့ ကပစ စက်ရုံတွေ၊ ပေါင် ၂၅၀၊ ပေါင် ၅၀၀ လေယာဉ်ဗုံးတွေ အဓိက ထုတ်တဲ့ စက်ရုံတွေကို အနီးကပ်ထိန်းချုပ်လို့ ရပြီ။ ကပစတွေ ပြိုလဲသွားတာနဲ့ စစ်ကောင်စီရဲ့ ယန္တရားကြီးက လုံး၀ ပြိုလဲသွားမှာပဲ

Website တွင် ဖတ်ရန် https://bit.ly/3L7ME1y
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
နယ်စပ် တရားဥပဒေစိုးမိုးရေး ထိုင်း- မြန်မာ စစ်တပ် ဆွေးနွေး

ဧရာဝတီ၊ ဇွန် ၃၀၊ ၂၀၂၄

နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များအပါအဝင် မူးယစ်ဆေး ဝါးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်မည့်အခြေအနေများအား ထိုင်းဘုရင့်တပ်မတော်မှ Lt.Gen Prasan Saengsirirak နှင့် စစ်ကောင်စီ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဇွန် ၂၉ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ပုလဲသန္တာဟိုတယ်၌ ဇွန် ၂၈ နှင့် ၂၉ ရက်တို့က ပြုလုပ်သည့် ၃၆ ကြိမ်မြောက် မြန်မာ- ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော် မတီ အစည်းအဝေးသို့ တက်ရောက်ရန်လာသော ထိုင်းကိုယ်စားလှယ်အဖွဲ့သည် ဒုစစ်ခေါင်းဆောင်နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုနယ်ခြားကော်မတီအစည်းအဝေးတွင်လည်း ထိုင်း-မြန်မာ စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များနှင့် တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများအကြောင်းတို့ကို ဆွေးနွေး သဘောတူ လက် မှတ်ထိုးခဲ့ကြကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- CINCDS

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ရေကြီးမှုကြောင့် ဝိုင်းမော်တွင် ပြည်သူ ၁၀၀ ကျော် ပိတ်မိနေ

ဧရာဝတီ၊ ဇူလိုင် ၁၊ ၂၀၂၄

မြစ်ရေများ ဝင်ရောက်လာသောကြောင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ စန်းကားကျေးရွာအုပ်စုရှိ မိုင်းမောရွာ ငှက်ပျောခြံအတွင်း ပြည်သူ ၁၀၀ ကျော် ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

မိုင်းမောကျေးရွာအတွင်း ယမန်နေ့ နေ့လယ်ပိုင်းမှစတင်ကာ မြစ်ရေများ စတင်ဝင်ရောက်လာသောကြောင့် ငှက်ပျောခြံရှိ ကုန်းမြင့်၌ ဆောက်ထားသော ဂိုဒေါင်တွင် ပြည်သူ ၁၀၀ ကျော် လာရောက် ရေဘေးရှောင်နေကြပြီး၊ ယနေ့ ရေထပ်မံ တက်လာသောကြောင့် ပိတ်မိနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ပိတ်မိနေသော ဒေသခံအမျိုးသမီးတဦးက ”မိုးတွေကလည်း ဆက်ရွာနေတယ်။ ရေကလည်း ကျမတို့နေတဲ့ ဂိုဒေါင်နဲ့ ၁ ထွာလောက်ပဲ ကွာတော့တယ်။ ကယ်ဆယ်ရေးဖုန်းတွေကိုလည်း ဆက်နေတာ ဆက်လို့ မရသေးဘူး။ ပတ်ပတ်လည် မှာလည်း ရေတွေကြီးပဲ။ ကျမတို့ဘယ်မှလည်း သွားမရဘူး” ဟု ပြောသည်။

ထို့ပြင် ဝိုင်းမော်မြို့ အင်ဂန်းကျေးရွာတွင် စစ်ရှောင်နေသော နောင်ဟီးစစ်ရှောင်စခန်း၊ မြို့မဈေးနှင့် မြို့မရပ်ကွက်များတွင်လည်း ရေကြီးမှုဖြစ်ပေါ်နေပြီး စက်လှေများဖြင့်သွားလာနေရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ဝိုင်းမော်မြို့၌ ဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိသလို ဒေသ ခံနှင့် လူမှုကယ်ဆယ်ရေးအသင်းများကြား ဆက်သွယ်မှုရရန် ခက်ခဲနေကြောင်း ဒေသခံများက ဆိုသည်။

ဝိုင်းမော်မြို့ရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းများကို ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။


မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာထက် ၄ ပေကျော် မြင့်တက် လာပြီးနောက် ကချင် ပြည်နယ် မြစ်ကြီးနား၊ ပူတာအို၊ ဝိုင်းမော်နှင့် ချီဖွေမြို့တို့တွင် ရေကြီးမှုများ ဖြစ်ပွားနေခြင်း ဖြစ် သည်။

ပုံစာ - ဝိုင်းမော်မြို့ ရေကြီးရေလျှံဖြစ်ပွားနေစဉ် / ဓာတ်ပုံ- CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
နောင်ချို ဒုံးတပ်ရင်းတိုက်ပွဲ စစ်တပ်က အဆိပ်ငွေ့ဗုံး သုံးဟု TNLA ထုတ်ပြန်

ဧရာဝတီ၊ ဇူလိုင် ၅၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA )သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

တအာင်းပြည် တပ်မဟာ၂ စစ်ဒေသ၊ နောင်ချိုမြို့နယ် ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းအား TNLA ဦးဆောင်သော တော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေခြင်းဖြစ်ကာ ဇူလိုင် ၁ ရက်တွင် အဆိပ်ငွေ့ဗုံး ၁ လုံး၊ ဇူလိုင် ၄ ရက်တွင် အဆိပ်ငွေ့ဗုံး ၃ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၄ရက်တိုက်ခိုက်မှုအတွင်း TNLA တပ်ဖွဲ့ဝင် ၈ဦး အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်း ခံစားနေရပြီး ဆေးကုသမှု ခံယူနေကြရကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ချိန် ၂၀၂၃ ခု နိုဝင်ဘာတွင် နမ့်ခမ်း စခန်းသစ်ကုန်း တိုက်ပွဲ၌ စစ်တပ်က အဆိပ်ငွေ့ ဗုံး အသုံးပြုခဲ့ကြောင်း TNLA မှထုတ်ပြန်ခဲ့ပြီး အဆိပ်ငွေ့ဗုံး အသုံးပြုခြင်းမရှိဟု စစ်ကောင်စီက ငြင်းဆိုခဲ့သည်။

ယင်းသို့ အဆိပ်ငွေ့ဗုံးသုံးသည့်အခြေအနေနှင့်ပတ်သက်၍ ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ယခု ဇွန် ၂၅ ရက်တွင် TNLA ဦးဆောင်သော ညီနောင်မဟာမိတ် ပူးပေါင်းတပ်များက” ၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ စတင်ကာ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့နယ်များ၌ တိုက်ပွဲ ဖော်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ-TNLA

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR