MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from RFA Burmese
မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း စစ်ပွဲတွေရပ်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
~~~
■ မြန်မာ၊ ယူကရိန်း၊ ပါလက်စတိုင်းနဲ့ တောင်ဆူဒန်အပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ စစ်ပွဲတွေရပ်ဖို့ နိုဝင်ဘာ ၃ ရက်နေ့က ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။

စစ်ပွဲတွေရပ်ပြီး စစ်လက်နက်တွေနေရာမှာ ဆွေးနွေးညှိနှိုင်းမှုနဲ့အစားထိုး အဖြေရှာကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းတယ်လို့ ပြင်သစ် အခြေစိုက် Aleteia သတင်းမှာဖော်ပြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့သလို ဗာတီကန်မှာ ခိုလှုံနေထိုင်ခွင့်အတွက် အဆိုပြုထားပါတယ်။

အခုနှစ် ဖေဖော်ဝါရီလကလည်း မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ဆေးဝါးကုသခွင့် မရသူတွေအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မကြာခဏ ဆုတောင်းပေးလေ့ရှိပါတယ်။
_________

ဗာတီကန်တွင် ဆုတောင်းပေးနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Reuters Photo)

#ပုပ်ရဟန်းမင်းကြီး #ဒေါ်အောင်ဆန်းစုကြည် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
မြန်မာနိုင်ငံက ထုတ်လုပ်မှု ရပ်တာကြောင့် မြေရှားသတ္တုဈေးတက်နိုင်ကြောင်း တရုတ်သုံးသပ်
~~~
■ မြန်မာနိုင်ငံက မြေရှားသတ္တုထုတ်လုပ်မှု ရပ်ထားတာကြောင့် ကမ္ဘာ့မြေရှားသတ္တုဈေးဟာ ပိုပြီးတက်လာမယ်လို့ လေ့လာသူတွေက သုံးသပ်ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းက နိုဝင်ဘာ ၃ ရက်နေ့မှာ ဖော်ပြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုလိုအပ်ချက်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံက ရရှိတာဖြစ်ပြီး လက်ရှိအခြေနေအရ မြေရှားဈေးနှုန်းတွေ အဆက်မပြတ် တက်သွားနိုင်ကြောင်း သုတေသီတစ်ဦးက သုံးသပ်တာလို့ Global Times သတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း မြေရှားသတ္တုဈေးနှုန်း ဆက်တိုက်မြင့်တက်ခဲ့ကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။

ဒီနှစ် ဇန်နဝါရီလကနေ စက်တင်ဘာအတွင်း မြန်မာနိုင်ငံကထွက်ရှိတဲ့ မြေရှားသတ္တု တန်ချိန် ၃၁၀၀၀ ကို တရုတ်နိုင်ငံထဲ တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပမာဏဟာ တရုတ်နိုင်ငံက ပြည်ပကနေ တင်သွင်းတဲ့ ၇၄.၉ ရာခိုင်နှုန်းရှိတယ်လို့လည်း ပြောထားပါတယ်။

မြေရှားသတ္တုထုတ်လုပ်ရေးအများဆုံးရှိတဲ့ ကချင်ပြည်နယ် ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အောက်တိုဘာ ၁၈ ရက် ညမှာ သိမ်းယူပြီးနောက်ပိုင်း တရုတ်ဘက်က လျှပ်စစ်မီး၊ လောင်စာ၊ ဓာတုပစ္စည်းနဲ့ စားသောက်ကုန်တွေ ပိတ်လိုက်တာကြောင့် သတ္တုတူးတဲ့လုပ်ကွက်တွေ တော်တော်များများ ရပ်နားလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ မြေရှားသတ္တု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း သုံးထောင့်လေးရာကျော်ရှိခဲ့ပါတယ်။
_____________
RFA Burmese Website တွင် ဖတ်ရှုရန် ...

#မြေရှားသတ္တု #တရုတ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Forwarded from RFA Burmese
စစ်ခေါင်းဆောင် တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ရှိနေ
~~~
■ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ စစ်ကောင်စီက စစ်ကောင်စီက နိုဝင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန် အတည်ပြုပါတယ်။


ဒီခရီးစဉ်အတွင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက်ကနေ ၇ ရက်အထိ နှစ်ရက်ကြာ ကျင်းပမဲ့ (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို တက်ရောက်သွားမယ်လို့လည်း ဆိုပါတယ်။


ဒီအပြင် (၁၀) ကြိမ်မြောက် ဧရာ၀တီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကိုလည်း တက်ရောက်သွားမယ်လို့ ဖော်ပြပါတယ်။


ဒီခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ စစ်ကောင်စီက ပြောပေမဲ့ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတာကို အတိအကျ မဖော်ပြထားပါဘူး။


တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ဒီခရီးစဉ်အတွက် စစ်ခေါင်းဆောင်ကို တရုတ်ဝန်ကြီးချုပ် လီချန်းက ဖိတ်ကြားတာလို့ RFA ကို ပြောပါတယ်။


“ ၅ ရက်နေ့မှာ လာမယ်လို့တော့ ပြောတယ်။ ဝန်ကြီးချုပ် လီချန်းကဖိတ်တာ။ တခြား ဘေးဘန်း အစည်း အဝေးတွေလည်း ရှိနိုင်တာပေါ့။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တချို့ခေါင်းဆောင်တွေလည်း ရောက်နေတယ် လို့တော့ ကြားပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ ဖိတ်ခေါ် မှုအပေါ် ပြန်လည်သုံးသပ်ဖို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် အဓိက မဟာမိတ် အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံကို သုံးကြိမ်တိုင် သွားရောက်ထားပြီး ၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။


ဒါကြောင့် တရုတ်နိုင်ငံရဲ့ ခရီးစဉ်ဟာ စစ်ခေါင်းဆောင်အတွက် ဒုတိယမြောက် အဓိက မဟာမိတ် အင်အားကြီး နိုင်ငံတစ်ခုကို သွားရောက်တဲ့ ခရီးစဉ်တစ်ခုဖြစ်လာဖို့ ရှိနေပါတယ်။
_________

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် NCA ကိုးနှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းပြောကြားနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။ (Photo: Myanmar Military)

#စစ်ခေါင်းဆောင် #တရုတ် #တွေ့ဆုံ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
အမည်ပျက်စာရင်းရှိသူတွေ ပြည်ပမထွက်ခွာစေရေး စစ်ကောင်စီ တင်းကျပ်
~~~
■ အမည်ပျက်စာရင်းရှိသူတွေကို ပြည်ပထွက်ခွင့်မပေးဘဲ စနစ်တကျ စိစစ်တားဆီးဖို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ရန်ကုန်လေဆိပ် လ.ဝ.က ဝန်ထမ်းတွေကို ညွှန်ကြားခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာတွေမှာ နိုဝင်ဘာလ ၅ ရက် မနေ့က ဖော်ပြပါတယ်။

အမည်ပျက်စာရင်း သွင်းထားသူတွေကို ပြည်ပထွက်ခွာခွင့်မပေးတာဟာ အရင်ကတည်းကဖြစ်ပြီး အခုတော့ ပိုပြီးတင်းတင်းကျပ်ကျပ်လုပ်ဖို့ စစ်ကောင်စီရဲ့ လ.ဝ.က ဝန်ကြီးက ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဆရာဝန်တစ်ဦးကတော့ စစ်ကောင်စီက ဝန်ထမ်းတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးနေတာလို့ RFA ကို ပြောပါတယ်။

“အမည်ပျက်စာရင်းရှိရင် ပြည်ပနိုင်ငံတွေကို ဘယ်မှသွားလာလို့ မရဘူး။ အဲဒီအမည်ပျက်ကို ပယ်ဖျက်ဖို့ဆိုရင် တာဝန်ပြန်ထမ်းဆောင်မှပဲရမှာ။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ အသနားခံစာ တင်ရတာပေါ့။ ဒါက CDM လုပ်တဲ့ ဝန်ထမ်းတွေကို တာဝန်ပြန်ထမ်းဆောင်ဖို့ ဖိအားပေးတာ”

စစ်ကောင်စီဟာ အမည်ပျက်စာရင်း အသွင်းခံရသူတွေရဲ့ နိုင်ငံကူးလတ်မှတ်တွေကို ပယ်ဖျက်တာ၊ သက်တမ်းတိုးခွင့် ပိတ်သိမ်းတာတွေလည်း လုပ်တယ်လို့ သူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားသူတွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို စစ်ကောင်စီက အမည်ပျက်စာရင်း သွင်းထားတာပါ။

အဲဒီနောက် ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ အမည်ပျက်စာရင်း သွင်းထားသူတွေကို ပြည်ပထွက်ခွာခွင့် မပေးဘဲ ဖမ်းဆီးထိန်းသိမ်းတာတွေလည်း လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးနောက် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ကြား လူငယ်အမျိုးသားတွေကိုလည်း စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ထိန်းချုပ်ကန့်သတ်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
_________

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။ (RFA Photo)

#အမည်ပျက်စာရင်း #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
နယ်စပ်တည်ငြိမ်ရေး တရုတ်နဲ့ ပူးပေါင်းအရှိန်မြှင့်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်ပြော
~~~
■ တရုတ်-မြန်မာနယ်စပ်က ကုန်သွယ်ရေးစခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားချိန်မှာပဲ နယ်စပ်ဒေသတည်ငြိမ်ရေး တရုတ်နဲ့ ပူးပေါင်းအရှိန်မြှင့်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၅ ရက်နေ့က တရုတ်ခရီးစဉ်မှာ ပြောပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်နေတဲ့ စစ်ခေါင်းဆောင်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး Mr. Wang Ning နဲ့ တွေ့ဆုံချိန် အခုလိုပြောခဲ့တာပါ။

နယ်စပ်ဒေသတည်ငြိမ်မှ ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီး စီးပွားရေးအရ ကူးသန်းရောင်းဝယ်မှုတွေ ပိုပြီး အကောင်အထည်ဖော်နိုင်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီ့အပြင် နိုင်ငံတစ်ဝန်းက တရုတ်စီမံကိန်းတွေ တိုက်ခိုက်ခံနေရချိန်မှာ စစ်ခေါင်းဆောင်က စိုက်ပျိုးမွေးမြူရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက် သယံဇာတတွေကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

တရုတ်ဘက်ကတော့ မြန်မာနဲ့ ယူနန်ပြည်နယ်အကြား စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံမှုအကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ဖို့နဲ့ နှစ်နိုင်ငံသဘောတူထားတဲ့ စီမံကိန်းလုပ်ငန်းတွေ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော်ရခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ကိုးခုကို ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) က အောက်တိုဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲမှာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပါဝင်ပါတယ်။
---------------

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Wang Ning တို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံစဉ်။ (Photo: MOI)

RFA Burmese Website တွင် ဖတ်ရှုရန် .....

#နယ်စပ်တည်ငြိမ်ရေး #တရုတ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Forwarded from RFA Burmese
ဘန်ကောက်မှာ ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေ ဆန္ဒပြ
~~~
■ အကျိုးစီးပွား ပဋိပက္ခမဖြစ်ဘဲနဲ့ ထိုင်းနယ်စပ်ကိုကာကွယ်ရန်ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ကြွေးကြော်ပြီး ထိုင်းနိုင်ငံသားတစ်ရာကျော်က ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းအစိုးရအဖွဲ့ အိမ်တော်ရှေ့မှာ နို၀င်ဘာလ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်ရှည်နေထိုင်တဲ့ မြန်မာတွေ အပါအ၀င် လူပေါင်းငါးသိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း တောင်းဆိုဆန္ဒပြခဲ့ကြတာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

“ထိုင်းအစိုးရကနေပြီး အတည်ပြု ပြဌာန်းလိုက်တဲ့ ထိုင်းနိုင်ငံမှာ နှစ်ရှည်ကြာနေထိုင်တဲ့ မြန်မာတွေရော ရွှေ့ပြောင်းလုပ်သားတွေပါ ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမဲ့ လူငါးသိန်းနီးပါးနဲ့ ပတ်သက်ပြီးတော့ ထိုင်းအစိုးရက အတည်ပြုပေးလိုက်တာကို မလိုလားကြောင်းကို ချီတက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အရင်တုန်းကလည်း ဆန္ဒပြခဲ့ကြတာရှိတော့ ဒါ ဒီအဖွဲ့ပြတာ သုံးကြိမ်မြောက်ပဲ။ နောက်လည်း အလားတူ ပိုမိုများပြားတဲ့ လူအရေအတွက်တွေနဲ့ ပိုမိုများပြားတဲ့ တောင်းဆိုချက်တွေနဲ့ ထပ်လာဖို့ရှိတယ်လို့ သုံးသပ်လို့ ရပါတယ်”

ထိုင်းနိုင်ငံမှာ နှစ်ရှည် ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ထိုင်းမှာမွေးတဲ့ကလေးတွေ အပါအဝင် လူပေါင်း ငါးသိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။

ထိုင်းနိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး လာမဲ့ ရက်ခြောက်ဆယ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာနကနေ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း မဲဆောက်မြို့မှာ ထိုင်းလူငယ် တစ်ရာကျော်ခန့်နဲ့ အောက်တိုဘာလဆန်းပိုင်းမှာ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ထိုင်းလူမျိုး သုံးဆယ်ခန့်က ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းပေးဖို့ဆိုပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

သူတို့တောင်းဆိုချက်တွေအထဲမှာ ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ပြန်လည်ထွက်ခွာဖို့၊ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ခွင့်မပြုဖို့၊ ထိုင်းနိုင်ငံသား ခံယူခွင့်အစီအစဉ်ကို ပြန်လည်သုံးသပ်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကတော့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ ထိုင်းအစိုးရကို စက်တင်ဘာလ ၂၃ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။
---------------

ထိုင်းနိုင်ငံမှာ နှစ်ရှည်နေထိုင်သည့် လူငါးသိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်သည့်အပေါ် ကန့်ကွက်ကြောင်း ၂၀၂၄ ခုနှစ်၊ နို၀င်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းအစိုးရအဖွဲ့ အိမ်တော်ရှေ့တွင် တောင်းဆိုဆန္ဒပြခဲ့ကြစဉ်။ (Photo- thairath - ไทยรัฐออนไลน์)

RFA Burmese Website တွင် ဖတ်ရှုရန် .....

#ဘန်ကောက် #ဆန္ဒပြ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Forwarded from RFA Burmese
လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ ဒေသလေးခုမှာ မိုးကြီးနိုင်
~~~

■ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတွေကြောင့် နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့အတွင်း မြန်မာနိုင်ငံရဲ့ ဒေသလေးခုမှာ မိုကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က RFA ကို နိုဝင်ဘာ ၆ ရက် ဒီနေ့မှာ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်းမြောက်ပိုင်းနဲ့ ဧရာ၀တီတိုင်းတို့မှာ မိုးကြီးနိုင်ပြီး အဲဒီအထဲမှာ ဧရာဝတီတိုင်းကတော့ မိုးရေချိန် ၄ ဒသမ ၅၁ လက်မအထိ ရွာသွန်းနိုင်ပြီး အများဆုံး ဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

“ရှမ်းပြည်နယ်မှာလဲ မိုးရေချိန် ၃ ဒသမ ၄၂ ကနေ ၃ ဒသမ ၃၇ လက်မအထိ ရွာနိုင်တာကြောင့် အရင်မြေပြိုထားတဲ့နေရာတွေမှာ သတိထားရမဲ့ အခြေအနေရှိပါတယ်”

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်ပြီး ရာနှုန်းပြည့် မိုးရွာမယ်လို့ နိုဝင်ဘာ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၅ ရက် မနေ့က ညပိုင်းကတော့ ပဲခူးတိုင်း ပြည်မြို့မှာ မိုးသည်းပြီး လေပြင်းတိုက်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က ည ၁၂ နာရီလောက်က လေတွေတိုက်ပြီး မိုးတွေ တော်တော်ရွာတယ်။ မိုးရွာ၊ လေပြင်းတိုက်၊ လျှပ်စီးတွေ လက်ပြီး မိုးကြိုးတွေလည်း ပစ်တယ်”

နိုဝင်ဘာ ၂ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် နေအိမ် လေးဆယ်ခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်ဟာ မိုးစပါးတွေ ရင့်မှည့်ပြီး ရိတ်သိမ်းချိန် ရောက်နေတာကြောင့် မိုးများပြီး စပါးတွေ ပျက်စီးဆုံးရှုံးမှာကို လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေ စိုးရိမ်နေကြပါတယ်။
_____
တောင်ငူမြို့နယ်မှ ရေဘေးဒုက္ခကြုံတွေ့နေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူမှုကူညီရေးအဖွဲ့များ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေစဉ်။ (Kyaw Thu Ya Photo)

#လေဖိအားနည်းရပ်ဝန်း #မိုးကြီး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
မြန်မာ့အရေးအတွက် အမေရိကန်အစိုးရသစ် စဉ်းစားရဖို့ရှိနေ
~~~
■ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အစိုးရအဖွဲ့ဟာ မြန်မာ့အရေးအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရဖို့ ရှိနေတယ်လို့ အမေရိကန်အခြေစိုက် The Eurasia Review က နိုဝင်ဘာလ ၆ ရက်နေ့ ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

ဒီရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီဝင် ကာမလာ ဟဲရစ် အနိုင်ရခဲ့ရင် လက်ရှိ အမေရိကန်အစိုးရက မြန်မာ့အရေးအတွက် ထောက်ပံ့ကူညီမှုတွေမှာ လိုအပ်ချက်တွေကို ဖြေရှင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားလုံခြုံရေးကို အဓိကထားတဲ့ ရီပတ်ဘလီကန် ပါတီဝင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကသာ ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး မူဝါဒအသစ်တွေချမှတ်ရဖို့ ရှိနေတယ်လို့ ဖော်ပြပါတယ်။

မြန်မာ့အရေးဟာ ဒီမိုကရေစီမြှင့်တင်ရေး ဦးဆောင်နိုင်မှုကို ပြသဖို့နဲ့ အရှေ့တောင်အာရှမှာ မဟာဗျူဟာမြောက် အကျိုးစီးပွားကို ဖြစ်ထွန်းစေရေးအတွက် အသစ်တက်လာမယ့် အမေရိကန်အစိုးရအဖွဲ့အတွက် အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ မြေရှားသတ္တုကို တရုတ်နိုင်ငံက အဓိကတင်သွင်းနေမှုနဲ့ အမေရိကန်နိုင်ငံအတွက် အရေးပါတဲ့ မြေရှားသတ္တုကုန်ကြမ်းလိုအပ်ချက်အတွက် တရုတ်နိုင်ငံကို မှီခိုနေရတဲ့ အခြေအနေတွေကိုလည်း The Eurasia Review က ဖော်ပြတဲ့ ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှာ စတင်ကျင်းပနေပြီး ဒီနေ့ နေ့လယ်ပိုင်း အချိန်အထိ ထွက်ရှိလာတဲ့စာရင်းတွေအရ ဒေါ်နယ်ထရမ့်က မဲအရေအတွက် အသာရရှိနေပါတယ်။
---------------

ရီပတ်ဘလီကန် ပါတီဝင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်ပါတီဝင် ကာမလာ ဟဲရစ်တို့အား တွေ့ရစဉ်။ (Photo: Charly TRIBALLEAU / AFP)

RFA Burmese Website တွင် ဖတ်ရှုရန် .....

#အမေရိကန် #သမ္မတရွေးကောက်ပွဲ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Forwarded from RFA Burmese
Media is too big
VIEW IN TELEGRAM
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမျှဝေပေးနေတဲ့ အမျိုးသမီးလူငယ်အဖွဲ့
~~~
■ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေဖြစ်လာတာကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရင်ဆိုင်ခံစားနေကြရပါတယ်။ လူတွေ မှီခိုနေရတဲ့ ကမ္ဘာကြီးဟာ လူတွေရဲ့ သတိမမူတဲ့ နေထိုင်မှုတွေကြောင့်ပဲ အလျင်အမြန် ပျက်စီးလာနေတာပါ။ ဒါကိုအချိန်မီသိရှိပြီး ထိန်းသိမ်းနိုင်စေဖို့ အတွက် Mindful Burma ဆိုတဲ့အဖွဲ့က အသိပညာပေးလုပ်ဆောင်နေပါတယ်။ ဒီအကြောင်းကို မထက်ထက်အိန္ဒြာအောင် က တင်ပြထားပါတယ်။
_____________

#သဘာဝပတ်ဝန်းကျင် #အသိပညာမျှဝေ #Mindful Burma #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
အာဆီယံသဘာပတိရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ဖို့ မလေးရှားစီစဉ်
~~~
■ မလေးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသဘာပတိရဲ့ အထူးသံတမန် ခန့်အပ်ဖို့ နောက်ဆုံးအဆင့်ရောက်နေပြီလို့ မလေးရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Datuk Mohamad Alamin က နိုဝင်ဘာလ ၇ ရက်နေ့က ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေရှာဖွေရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ အထူးသံအရာရှိက သက်ဆိုင်သူအားလုံးကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် အာဆီယံသဘာပတိအဖြစ်ဦးဆောင်မယ့် မလေးရှားက မြန်မာ့ပဋိပက္ခနဲ့ပတ်သက်ပြီး ဒေသတွင်းခေါင်းဆောင်တွေ ၂၀၂၁ ခုနှစ်က သဘောတူညီခဲ့တဲ့ အချက် ငါးချက်ကို အကောင်အထည်ဖော်အောင် ဦးဆောင်ကြိုးပမ်းဖို့ တာဝန်ရှိနေပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ပြင်ပဆွေးနွေးဖက်တွေ၊ သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက သက်ဆိုင်သူတွေအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ဘက်စုံသုံးချဉ်းကပ်သွားမှာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရေရှည်တည်တံ့တဲ့အဖြေရှာဖွေဖို့ တရုတ်နဲ့ အိန္ဒိယတို့နဲ့လည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
____
မလေးရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Datuk Mohamad Alamin အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo : Datuk Mohamad Alamin/ Facebook)
#မလေးရှား #အာဆီယံ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…