MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from RSN WEB
DAILY HIGHLIGHTS (11 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

စစ်တပ် လက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင် အထူးဒေသ ၁ ဌာနချုပ် တည်ရှိရာ ပန်ဝါမြို့သို့ KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေပြီး လမ်းတလျှောက် စစ်တပ်နှင့်ပြည်သူ့စစ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေ – KT

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇၀ ဝန်းကျင်သေဆုံးပြီး အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦး ပျောက်ဆုံး – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

နေပြည်တော်ရှိ အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး စင်္ကာပူမတက် – MN

မြန်မာ့အရေး ဆွေးနွေးပွဲအသစ် လက်ခံကျင်းပပေးရန် ထိုင်းကမ်းလှမ်း – TI

စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေသဖြင့် တားဆီးပိတ်ပင်ရေး တိုက်တွန်းမည်ဟု ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး ပြော – KT

မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ်ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် ကုလအထူးကိုယ်စားလှယ် တောင်းဆို – DVB

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘဲ စစ်တပ်ကို အာဏာပြန်ပေးမည့် ရွေးကောက်ပွဲသာဖြစ်ဟု အမေရိကန်သံအမတ်​ကြီး ပြောဆို – KT

အာဆီယံ- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး စစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်နေ – TI

မြန်မာ့အရေးတိုးတက်မှု သုညသာရှိဟု အမေရိကန်ပြော – DVB

အာဆီယံအထူးသံတမန်နှင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုများ တွေ့ဆုံခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲကို အာဆီယံခေါင်းဆောင်များက အသိအမှတ်ပြုပြီး ဒီဇင်ဘာလ မြန်မာ့အရေးဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများ ပိုမိုပါဝင်လာရန် မျှော်မှန်း – KT

📊 စီးပွားရေးထူးခြားသတင်းများ

ပို့ကုန်ရငွေဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမရှိဘဲ ပြည်ပမှ မည်သည့်ပစ္စည်းမှ မတင်သွင်းရန် စစ်ကောင်စီက UMFCCI မှ ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ထပ်မံ သတိပေး – KT

ကန်‌ဒေါ်လာ ၁၂ သန်းနှင့် ဘတ် ၃၈ သန်း ဗဟိုဘဏ် ထုတ်ရောင်း – DVB

🗑 ကျားဖြန့်

တရုတ်နယ်စပ်မှာ အွန်လိုင်းငွေလိမ်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာ ၄၆၀ ခန့်ကို စစ်ကောင်စီ အမှုဖွင့် – RFA

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (12 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ကာကင်းများကုန်လုနီးပါးရှိနေပြီး ကမ်းဒိတ်တောင် လက်နက် ကြီးစခန်းနှင့် ခမရ ၃၇၃တပ်ရင်းတို့ကို AA သိမ်းပိုက်၊ AA ၏ ထိုးစစ်ဆင်မှုမှာ စစ်ဌာနချုပ်အနီးအထိ ကပ်လာ – AT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

မလေးရှားနဲ့ စစ်ကောင်စီ မြန်မာ့အရေး ဆွေးနွေးမည် – RFA

မြန်မာပြည်သူအတွက် ငြိမ်းချမ်းရေးဆောင်ကြဉ်းပေးရန် ကုလသမဂ္ဂအကြီးအကဲက အာဆီယံကို တိုက်တွန်း – DVB

မြန်မာ၊ မြောက်ကိုရီးယားနှင့် ရုရှားတို့ ကုလသမဂ္ဂပဋိညာဉ်ချိုးဖောက်နေဟု အမေရိကန်ဝန်ကြီး ပြော – DVB

ကုလလူ့အခွင့်အရေးအစီရင်ခံစာ မြန်မာအတွက် အကျိုးမဖြစ်ကြောင်း စစ်ကောင်စီ တုံ့ပြန် – RFA

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု၊ ကျားဖြန့်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ တိုးပွားပြီး မူးယစ်ဆေးဝါးဝင်ငွေ ဒေါ်လာ သန်း ၁၃၄၇ သန်း ပြည်တွင်းသို့ စီးဆင်းနေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးတွင် ပြော – KT

🖥 အခြားထူးခြားသတင်းများ

စက်သုံးဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချ၊ စမတ်ကတ်ဖြင့် စက်သုံးဆီ ဝယ်ယူရမည့်စနစ် စတင်ပြီးလျှင် ဆီတင်သွင်းမှုများကို စစ်ကောင်စီက အကြီးအကျယ် လျှော့ချမည် – KT

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (14 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

တရုတ်ဖိအားပေးသည့် ကြားက သီပေါနယ်ကို TNLA အလုံးစုံ ထိန်းချုပ် – TI

သီပေါမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး ခံတပ်စခန်းဖြစ်သော ခလရ ၂၃ ကို TNLA က သိမ်းပိုက်ရရှိဟု တရုတ်သတင်းများတွင် ဖော်ပြ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မရှိတော့ဘဲ ကင်းစင်သွားပြီဟုဆို – KT

သီပေါမြို့မှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်မိသားစုဝင် နှစ်ရာနီးပါးကို TNLA ပြန်လွှတ်ပေး – RFA

ပန်ဝါမြို့ရှိ BGF(၁၀၀၂) ဌာနချုပ်ကို KIA သိမ်းပိုက် – PS

⚠️ မိတ်ဖက်ပြဿနာ

PNLO-NCA-S ကို တရားမဝင်ကြောင်း PNLO ကန့်ကွက် – MKN

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာပြည်တွင်းစစ်ပွဲများ အဆုံးသတ်ပြီး အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အာဆီယံ တိုက်တွန်း – DVB

🗑 ကျားဖြန့်

မြန်မာ အွန်လိုင်းငွေလိမ်ဂိုဏ်းအလုပ်အကိုင် ကင်ညာသံရုံး သတိပေး – DVB

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (16 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ပန်ဝါမြို့အနီး အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် – DVB

ပန်ဝါမြို့အနီးရှိ အမှတ် ၁၀၀၂ BGF စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်မှုတွင် လက်နက်ခဲယမ်းများ၊ စစ်သားအလောင်းများနှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိ – KT


ကရင်နီပြည်၊ ထူးချောင်းစခန်းကို သိမ်းပိုက်နယ်မြေရှင်းစဉ် မရေတွက်နိုင်သော ပုပ်ပွနေသည့် စစ်သားအလောင်းများ အများအပြား တွေ့ရှိရပြီး လက်နက်ခဲယမ်းများပါ ရရှိ – KT

AA ထိုးစစ် ဂွမြို့အနီး ရောက်လာ – DVB

မတ္တရာ လေကြောင်းရန်တပ်နှင့် ဆည်တော်ကြီး ပြန်ရရေး စစ်တပ်ကြိုးပမ်းနေ – TI

စစ်တက္ကသိုလ်များတွင် လျှောက်ထားသူ နည်းပါးလွန်းသဖြင့် လျှောက်လွှာတင် သူ မှန်သမျှ အကုန်ခေါ် စနစ်ကျင့်သုံးနေ၊ လူမရ၍ စစ်ကောင်စီက အသက် ကန့်သတ်ချက် ဆက်တိုက် ပြောင်းလဲ – KT

⚠️ မိတ်ဖက်ပြဿနာ

ဗိုလ်ကော်လာဖိုးဦးဆောင်သည့် KTLA က အရပ်သား ၆ ဦးထက်မနည်း သတ်ဖြတ်မှုအပေါ် ထားဝယ်ခရိုင်သပိတ်ကော်မတီ ကန့်ကွက်ရှုတ်ချ – PS

“၀” ဒေသကနေ MNDAA ထိန်းချုပ်ဒေသကို ကုန်စည်သယ်ယူခွင့် ပိတ်ခံရ – RFA

💬 နိုင်ငံရေးထူးခြားသတင်းများ

စစ်တပ်၊ NCA အပစ်ရပ်အဖွဲ့များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး – DVB

EAO အချို့ ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေ၊ လက်နက်ကိုင်တောင်းဆိုမှုကို လိုက်လျော ဖြေရှင်းမည်မဟုတ်ဟုစစ်ခေါင်းဆောင်ပြော – DVB

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာ့အရေး ထိုင်းနိုင်ငံ၏ ဆောင်ရွက်ချက်များကို အာဆီယံနိုင်ငံများ ထောက်ခံ – DVB

ရခိုင်တွင် ကုလသမဂ္ဂ ‘ဘေးကင်းဇုန်’ ထူထောင်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို – TI

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီအစဉ် ဖြစ်နိုင်ခြေနည်းဟု နာဂအဖွဲ့များ သုံးသပ် – DVB

📊 စီးပွားရေးထူးခြားသတင်းများ

သီတင်းကျွတ်မတိုင်မီ ဘတ် သန်း ၂၀၀ နှင့် ဒေါ်လာ ၆ သန်း စစ်ကောင်စီ ထပ်မံထုတ်ရောင်း – DVB

တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိမှု တန်ဖိုး ခန့်မှန်းငွေ ကျပ် ၉၉ ဘီလီယံခွဲကျော်ရှိ – DVB

🗑 ကျားဖြန့်

လူကုန်ကူးခံရသည့် ကင်ညာနိုင်ငံသားများထံက တရုတ်ကျားဖြန့်ဂိုဏ်း ငွေညှစ် – DVB

🖥 အခြားထူးခြားသတင်းများ

သန်းခေါင်စာရင်း ရက်တိုးကောက်ဖို့ စစ်ကောင်စီပြင်ဆင် – RFA

လျှပ်စစ်ကား(EV)အားသွင်းခ တိုးမြှင့်ကောက်ခံမည်ဟု စစ်ကောင်စီကော်မတီကြေညာ – PS

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (17 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ကန်ပိုက်တီဒေသရှိ နယ်ခြားစောင့်တပ်(၁၀၀၃) တပ်ရင်းဌာနချုပ်ကို KIAသိမ်းပိုက် – PS

ချီဖွေက စစ်ကောင်စီစခန်း ဆယ်ခုကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထား – RFA

လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော် လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး – KT

သံဖြူဇရပ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို KNLA ပူးပေါင်းတော်လှန် ရေးတပ်များက တိုက်ခိုက်နေမှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူများရှိ၊ စခန်းအလုံးစုံ သိမ်းနိုင်ရေး ထိုးစစ်ဆင်နေဆဲ – KT

ချင်းလဲန်အစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော စစ်ကောင်စီ၏ အော်တို တပ်စခန်းကို ပြန်လည်လက်လွှတ်ခဲ့ရ – AT

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးရွာများတွင် RCSS တပ်များ လှုပ်ရှား – DVB

⚠️ မိတ်ဖက်ပြဿနာ

စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP-AD နှင့် ပူးပေါင်းသွားသည့် မွန်ပြည်သစ်ပါတီ တပ်ရင်း ၅ မှ တပ်မှူးတပ်သားများနှင့် ပါတီဝင် အားလုံးပြန်လာရန် မွန်ပြည်သစ်ပါတီက ပြန်ခေါ် – KT

နမ္မတူမြို့နယ် NLD လွှတ်တော်အမတ် ၁ ဦးကို TNLA က ဖမ်းဆီးထား – DVB

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

5G Mobile စနစ် တပ်ဆင်နိုင်ရေး အိန္ဒိယက မြန်မာကို ကမ်းလှမ်း – DVB

ပစ်ခတ်ရပ်စဲရေး ကျိုးပျက်မှုကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ကြန့်ကြာခဲ့ရဟု စစ်ကောင်စီ သံအမတ် ဆို – AT

မြန်မာ့အရေးကို နိုင်ငံတကာပါလီမန်များညီလာခံ၏ အရေးကြီးကိစ္စတစ်ခုအဖြစ် ထည့်သွင်းရန် ထိုင်းလွှတ်တာ်အမတ် အဆိုပြုထောက်ခံ၊ NUG ဝန်ကြီးနှင့်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် – KT

📊 စီးပွားရေးထူးခြားသတင်းများ

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်ပထုတ်ကုန် ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေး သိမ်းယူပြီး လက်ဝယ်ထားရှိသူများကို ထောင်ဒဏ် ၃ နှစ်အထိချနိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်တရားစွဲ – KT

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (18 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ပန်ဝါမြို့ အနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး မြို့အနီးရှိ စေတီကုန်းကာကင်းစခန်းတစ်ခုကို KIA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်၊ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်၏ ကာကင်းစခန်း ၄ ခုကိုလည်း သိမ်းပိုက်ထားပြီး ဆက်ထိုးစစ်ဆင်နေ – KT

မြဝတီနှင့် ဖလူးဒေသ တလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူကို အမြဲတစေ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်နေသော စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိဟု KNU ကြေညာ၊ စစ်သုံ့ပန်းများနှင့် ၁၂၀ မမ အမြောက် ၂ လက်၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိ – KT

ရှေ့တန်းရောက် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို အမောခံနိုင်သည်၊ အိပ်ရေးပျက်ခံနိုင်သည်ဟုဆိုကာ စစ်အရာရှိများက မူးယစ်ဆေးဝါးများ တိုက်ကျွေး၊ နောက်တန်းမှ ပေးပို့သည့် တပ်ရိက္ခာများတွင်ပါ မူးယစ်ဆေးအထုပ်များ တစ်ပါတည်းပါလာ – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

တရုတ်ကိုယ်စားလှယ်က KIO ဥက္ကဋ္ဌကိုတွေ့ဆုံပြီး စစ်ပွဲရပ်ရန်ဖိအားပေး – MN

ပန်ဝါမြို့အနီးတွင် တိုက်ပွဲများပြင်းထန်လာချိန် တရုတ်ဘက်သို့ စစ်ဘေးရှောင်ရန် ကြိုးစားသည့် ပြည်သူများကို တရုတ်အာဏာပိုင်များက ပေးမဝင်ဘဲ နယ် စပ်ဂိတ်ကို ပိတ်ဆို့ထား – KT

နေပြည်တော် ဝန်ထမ်းများကို စစ်အရာရှိများက ရုရှားဘာသာစကားသင်တန်းပေး – MN

ကမ္ဘာ့အစာငတ်မွတ်မှု အညွှန်းကိန်းတွင် မြန်မာ အဆင့် ၇၄ ရပ်တည် – DVB

အမေရိကန်က မြန်မာကို ‌‌ဒေါ်လာ ၄၀၅ သန်းထောက်ပံ့ခဲ့ပြီး အများဆုံးသော အလှူရှင်နိုင်ငံအဖြစ် ရပ်တည်နေ – AT

📊 စီးပွားရေးထူးခြားသတင်းများ

ဒေါ်လာနှင့် ဘတ်ငွေ ဈေးကျသော်လည်း ကုန်ဈေးနှုန်းများ မကျဆင်း – DVB

MAI လေကြောင်းလိုင်းနဲ့ အာရှထိပ်တန်း ခရီးသွားဝန်ဆောင်မှု AirAsia MOVE ပူးပေါင်း – TI

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (20 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးတပ်နား တိုက်ပွဲပြင်းထန်၊ စစ်ဌာနချုပ်သို့​​ AA ထိုးစစ် နီးကပ် – MZM

ဂွမြို့နှင့် အနီးတဝိုက် တိုက်ပွဲရက်ဆက် ဖြစ်ပွား – TI

မြဝတီမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဆယ်ခန့် စခန်းစွန့်ခွာထွက်ပြေး – RFA

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ကောင်စီပိုင် ဂျက်တိုက်လေယာဉ်ကို တရုတ်စစ်တပ်ပစ်ခတ်တဲ့ ဗီဒီယိုပျံ့နှံ့ – RFA

မန္တလေး တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်သည့်လုပ်ရပ် NUG ရှုတ်ချ – TI

🗑 ကျားဖြန့်

မိုင်းရယ် ပြည်သူ့စစ်နယ်မြေကို နယ်စပ်က ကျားဖြန့်တချို့ ပြောင်းရွှေ့လာ – DVB

🔴 သဘာဝဘေး

မုန်တိုင်းအရှိန်ကြောင့် ၄ ရက်အတွင်း တိုင်းနှင့်ပြည်နယ်တချို့ မိုးကြီးပြီး လေပြင်းတိုက်မည် – TI

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (22 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို KNLA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စခန်းဦးစီးအရာရှိထွက်ပြေးလွတ်မြောက်သွား – KT

အနန်းကွင်း စစ်ဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့် KNLA ထံ လက်နက်ချ – DVB

KNU ဗဟိုဌာနချုပ်စစ်ရုံးချုပ်ကို စစ်ကောင်စီက အသေခံ ဒရုန်း ဖြင့် ဗုံးလာကျဲမှု ပြည်သူ ၁ ဦးထိခိုက်မှုရှိပြီး အသက်အန္တရာယ်စိုးရိမ်ရ – KT

ကန်ပိုက်တီး အမှတ် ၁၀၀၃ နယ်ခြားစောင့် တပ်ရင်းဌာနချုပ် အပါအဝင် စစ်ကောင်စီနှင့်ပြည်သူ့စစ်တပ်စခန်း ၈ ခုထက်မနည်းကို KIA က သိမ်းပိုက်ရရှိထားဟု ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု – KT

ပြင်ဦးလွင်မြို့အနီး တိုက်ပွဲပြင်းထန်နေ – PS

ကြည်း၊ ရေ၊ လေ ထိုးစစ်ဖြင့် ငါန်းမြာကြီးကို စစ်တပ်ပြန်သိမ်း – TI

စစ်မှုထမ်း အပတ်စဉ် တစ်ခုလျှင် တပ်သားသစ် တစ်သောင်းကျော်ရရှိရေး စစ်ကောင်စီက အရှိန် အဟုန်မြင့်နေပြီး သင်တန်းဆင်း တပ်သားသစ် များအားလုံးကို ရှေ့တန်းစစ်မျက်နှာပြင်များနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေ – KT

ထိုင်းအချုပ်မှ ပြန်ပို့သည့် မြန်မာလုပ်သားများကို စစ်ကောင်စီ လူသစ်စုဆောင်း – PS

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး ယမန်နေ့ညပိုင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲပြီး တရုတ်က စစ်ကောင်စီလေယာဉ်ကို မီးကျည်များ ဖောက်၍ ထပ်မံသတိပေးပြန်၊ လားရှိုးမြို့ပေါ်တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချ – KT

တရုတ်က မြန်မာဘက်သို့ ကုန်ပစ္စည်းတင်ပို့မှုအားလုံးပိတ်ပင်ဟုနယ်စပ်ကုန်သည်အချို့​ပြော – PS

သတင်းပို့ခြင်း မရှိသော NGO/ INGOs များ မရာနယ်အတွင်း သွားခွင့် မပြုဟု MTCပြော – TI

ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ရောက်ရှိ – KT

🔴 သဘာဝဘေး

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် မိုးကြီးပြီး ရေကြီးခြင်းနှင့် မြေပြိုမှု ဖြစ်ပေါ်နိုင် – KT

🖥 အခြားထူးခြားသတင်းများ

ခြံအမှတ် ၅၄ ကို ဈေးလျှော့ပြီး လေလံတင်ဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြ – RFA

ပန်လုံမြို့ “ဝ” တပ်ဖွဲ့၏ ခွေးရှင်းလင်းရေး ပြည်သူများ ဝေဖန် – TI

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (23 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

စစ်ကောင်စီ နှင့်အတူ စစ်ရေး လှုပ်ရှားနေသော ARSA ၊ RSO ၊ ARA လက်နက်ကိုင်တပ်များမှာ ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှု အသစ်ဟု AA ပြော – KT

ARSA စခန်း ၄ ခုကို AA သိမ်းပိုက်၊ စစ်ကောင်စီ ထောက်ပံ့သည့် စစ်အသုံးအဆောင်များတွေ့ရှိ – DVB

အမ်းလေဆိပ် ထိန်းချုပ်နိုင်မှုကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီး AA က စောင့်ကြည့်ပစ်ခတ်မှုများရှိ – AT

KNU တပ်မဟာ ၆ နယ်မြေတွင် စစ်တပ်၏ နောက်ဆုံး အင်အားအကြီးဆုံး တပ်စခန်း ဖြစ်သော အနန်းကွင်းတပ်စခန်းမှ စစ်သား ၃၀ ကျော် လက်နက်ချ အလင်းဝင်၊ ဗျူဟာစခန်းသိမ်းနိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား – KT

ထန်တလန်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ – DVB

ရှမ်းနယ်စပ်၌ စစ်တပ်နှင့် ကရင်နီတော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲပြင်းထန် – TI

ပြင်ဦးလွင် မြို့တွင်းတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု စစ်တပ်က တရားဝင်အသိပေးလာပြီး နောက် ဆုံး လက်ကျန် တပ်မိသားစုဝင်များကို ပြောင်းရွှေ့ပေးနေ၊ ပြင်ဦးလွင်မှ လက်နက်ကြီးပစ်ကူမှုများ ဆက်တိုက် လုပ်ဆောင်လာ – KT

⚠️ မိတ်ဖက်ပြဿနာ

CDF (မတူပီ) တပ်မဟာအချင်းချင်း ကွဲလွဲမှုများ ပြေလည်နိုင်ရေး တတိယအဖွဲ့အစည်းနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည် – MPA

💬 နိုင်ငံရေးထူးခြားသတင်းများ

လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် NLD ပါတီ၏ သုံးသပ်ချက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီးမှ ထုတ်ပြန်နိုင်မည် – DVB

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

အာဆီယံ ရဲညီလာခံ၌ နိုင်ငံဖြတ်ကျော်မှုခင်းများ ဆွေးနွေး – TI

မြန်မာဘက်သို့ အီလက်ထရောနစ်ပစ္စည်းများ၊ လူသုံးကုန်နှင့် အိမ်သုံးကုန်များ၊ စက်ကိရိယာနှင့် စက်ယန္တရားများ နယ်စပ်ဂိတ်ပေါက်များမှ တင်ပို့မှု တရုတ်အာဏာပိုင်များက အကြောင်းပြချက်မရှိ ပိတ်ပင် – KT

KIA ပန်ဝါမြို့ သိမ်းယူပြီး​နောက် တရုတ်ကမီးဖြတ်ပြီး ​မြေရှားတူး​ဖော်မှု ရပ်တန့် – PS

မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေမှု ရပ်တန့်ရန် အီးယူ တောင်းဆို – DVB

မြန်မာနှင့် လာအိုနိုင်ငံတို့ အလုပ်သမားကိစ္စပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ထိုး – TI

ဘန်ကောက်ရှိ စစ်ကောင်စီ မြန်မာသံရုံးက CI စာအုပ်များအသစ် လဲလှယ်ပေးမည်ဆိုသော ကြေညာချက် ယုံကြည်စရာမရှိဟုဆို – KT

📊 စီးပွားရေးထူးခြားသတင်းများ

၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၆ လ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သန်း ၂၀၀ ကျော်သာရှိ – DVB

လာအိုရောက်မြန်မာများ တရားဝင်ငွေပြန်လွှဲရန် စစ်ကောင်စီဝန်ကြီး ဖိအားပေး – DVB

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (26 Oct 2024)
•••••••••••••••®•••••••••••••••
💬 နိုင်ငံရေးထူးခြားသတင်းများ

မြန်မာနိုင်ငံတွင် မည်သည့်အာဏာရှင်မှ ထပ်မံအုပ်စိုးခွင့် မရစေရေး ကြိုးစားနေဟု SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် ပြောဆို – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

တိုက်ပွဲများရပ်ရန် ဖိအားပေးကာ နယ်စပ်ဂိတ်များပိတ်ပြီးနောက် တရုတ်သံအမတ်နှင့် ဒုစစ်ခေါင်းဆောင်တို့ တွေ့ – TI

မြန်မာရေဘေးအတွက် အမေရိကန်က ဒေါ်လာ သုံးသန်း ထပ်မံကူညီမည် – RFA

📊 စီးပွားရေးထူးခြားသတင်းများ

စစ်ကောင်စီက ရွှေရောင်းဝယ်ရေးစျေးကွက်ကို အရေးကြီးဝန်ဆောင်မှုအဖြစ် ကြေညာပြီး ဒုဝန်ကြီး ဦးဆောင်သော ရွှေစျေး သတ် မှတ်ရေး ကော်မတီဖွဲ့စည်းကာ နေ့စဉ် ရွှေစျေး သတ်မှတ်မည် – KT

🖥 အခြားထူးခြားသတင်းများ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမက်ကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့် – DVB

2nd Runner upနှင့် ပြီးဆုံးခဲ့သည့် Miss Grand Myanmar – TI

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM