MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.9K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ရက္ခိုင်တွင် ၁၂တန်းစာမေးပွဲဖြေဆိုနိုင်ရန် အာရက္ခအမျိုးသားပညာရေး အစီအစဉ်ဖြင့် ဆောင်ရွက်နေ

AB News - မတ်လ ၄၊ ၂၀၂၄

ရက္ခိုင်တွင် ၁၂တန်း စာမေးပွဲဖြေဆိုနိုင်ရန် အာရက္ခအမျိုးသားပညာရေး အစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ရက္ခိုင်မှာ ပညာရေးမနှောင့်နှေးရအောင် ၁၂တန်းစာမေးပွဲကို အာရက္ခအမျိုးသားပညာရေးအစီအစဉ်နဲ့ ကျင်းပနိုင်ဖို့ ဆောင်ရွက်နေတယ်" ဟု ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုသည်။

ရက္ခိုင်ရှိ အခြေခံပညာရေးပြီးမြောက်ထားသည့် ကျောင်းသားများအတွက်လည်း အဆင့်မြင့်ပညာရပ်ဖော်ဆောင်ရန် ပြင်ဆင်နေကြောင်း ပြောဆိုထားသည်။

ရက္ခိုင့်အနာဂတ်တိုင်းပြည်တည်ဆောင်ရေးလုပ်များကို ဆောက်ရွက်နိုင်ရန် လိုအပ်သည့် လူသားအရင်းအမြစ်ကို ပြည့်ဝရန် ပညာရေးသည် အက္ခရာကျသည့်အတွက် တတ်သိပညာရှင်များ၊ ကျောင်းသား၊ မိဘ၊ ဆရာများက အာရက္ခအမျိုးသားပညာရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းထားသည်။

လက်ရှိတွင် ရက္ခိုင်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသောကြောင့် ကျောင်းသားများမှာ စစ်ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေကြသည်ကို တွေ့ရှိရသည်။

တစ်ဖက်တွင် အာဏာသိမ်းစစ်အစိုးရသည် ရက္ခိုင်မှ ကျောင်းသားများ ၁၂တန်းစာမေးပွဲရန် စာစစ်ဌာနများကို မြို့များတွင် ပြောင်းရွေ့ပြုလုပ်သွားမည် ထုတ်ပြန်ထားသော်လည်း လူငယ်များကို စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးနေသည့်အတွက် ကျောင်းသားများမှာ စစ်ကောင်စီထံ ဖမ်းဆီးခံရမည်ကို ကြောက်ရွံနေကြသည်ကို တွေ့ရသည်။

#ABN #ULA/AA #Education

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL
တောင်ကုတ်နယ်တွင် စကစအဖွဲ့ က ရွာသား ၅ ဦးကိုဖမ်းဆီး၊ AA ရွာသို့လာစည်းရုံးမှုများရှိသလားဟုမေးကာ ပါးကိုရိုက်နှက်ပြီး ၃ ဦး ပြန်လွှတ်လာ


AB News - မတ်လ ၈၊ ၂ဝ၂၄


ရက္ခိုင်ပြည် တောင်ကုတ်မြို့မတိုက်နယ် သာယာအေးကျေးရွာမှ ရွာသား ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး AA ရွာသို့လာစည်းရုံးမှုးများရှိသလားဟုမေးကာ ပါးကိုရိုက်နှက်ပြီး ၃ ဦးကိုပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။


အင်အား ၂၅ ဦးခန့်ပါသည့် အကြမ်းစစ်ကောင်စီအဖွဲ့သည်  ယနေ့ မတ်လ ၈ ရက်နံနက် ၈ နာရီ ၃၀ မိနစ် ခန့်တွင် ၎င်းရွာသို့ဝင်ရောက်ပြီး လူငယ်များကိုလိုက်လံဖမ်းဆီးခဲ့သည်။


လူငယ် ၅ ဦးကိုဖမ်းဆီးပြီး ဖုန်းများကိုစစ်ဆေးခဲ့ပြီး မင်းတို့ရွာမှာ AA ကလာပြီးစည်းရုံးတာမျိုးရှိလားဟုဆိုကာ ပါးကိုရိုက်နက်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ရွာခံသားတစ်ဦးက AB News သို့ပြောသည်။


" စီကောင်စီတွေက ရွာထဲကိုဝင်လာတယ်။ လူငယ်တွေကိုလိုက်ဖမ်းတယ်။ အကုန်လုံးထွက်ပြေးကြတယ်။ ၅ ယောက်ကိုဖမ်းမိသွားပါတယ်။ ပြီးတော့ ဒီရွာမှာ AA ကလာပြီး စည်းရုံတာမျိုးရှိလားလို့မေးပါတယ်။ ပါးကိုရိုက်ပြီးပြန်လွှတ်လိုက်တယ်" ဟု ဆိုသည်။


အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ရွာထဲသို့ဝင်လာချိန် ရွာခံသားများထွက်ပြေးနေသည့်အတွက်ကြောင့် သေနတ် ၁ ချက် ပစ်ဖောက်ခြောက်လှန့်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။


​ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က ငပလီအခြေစိုက် ၅၅ တပ်ရင်းမှ အင်အား ၃၃ ဦးပါသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ခူးတိုက်နယ် ချောင်းသုံးခွရွာသို့ဝင်လာပြီး သားဖ ၃ ဦးကိုအပါအဝင် ရွာသား ၄ ဦးဖမ်းဆီးခဲ့သည်။ညထို့နောက်၎င်းတို့ကို ၅ နာရီကြာ နေလှန်းထားခဲ့ပြီး ပြန်လွတ်ပေးခဲ့သည်။


ထို့အပြင် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့မ လျှပ်စစ် ပင်မဓာတ်အားခွဲရုံ၏ အနောက်ဖက် ဘာယေကျေးရွာအနီး ၉ မိုင်တောင်သို့တက်လာသည့် စစ်ကောင်စီယာဥ်တန်းအား ရက္ခိုင့်တပ်တော်က မိုင်းဆွဲကြားဖြတ်တိုက်ခိုက်ခဲ့သည့် အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သက္ကေပြင်ကျေးရွာအနီးတွင်ယာယီစခန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။


လက်ရှိတွင် စစ်ကောင်စီသည် ရက္ခိုင်ရှိမြို့နယ်များတွင် လက်နက်အားကိုးဖြင့် အနိုင်ကျင့်စော်ကားမှုများ နေ့စဥ်ရက်ဆက်ပြုလုပ်လျှက်ရှိသည့်အတွက် စစ်ကောင်စီ ထိန်းချုပ်ဧရ်ယာအတွင်း ပြည်သူများမှာ လုံခြုံမှု လုံးဝ ကင်းမဲ့လျက်ရှိနေသည်။

#ABN #တောင်ကုတ် #အရပ်သားများဖမ်းဆီးခံရမှု

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL
ရက္ခိုင်သို့ပြန်မည့်လူငယ် ၂၀ခန့်ကို မင်္ဂလာဒုံလေဆိပ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွား

AB News -မတ်လ ၈၊ ၂၀၂၄

ရက္ခိုင်သို့ပြန်မည့်လူငယ် ၂၀ခန့်ကို ယနေ့ မတ်လ ၈ရက်၊ နံနက် ၆နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံလေဆိပ်၌ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့သွားကြောင်း သိရသည်။


ရန်ကုန်မြို့၊ မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် ရက္ခိုင်လူငယ် ၂၀ခန့်ကို ရွှေပြည်သာမြို့၊ စစ်ထောင်သို့ ပို့ထားကြောင်းလည်း သိရသည်။ 


ရန်ကုန်မှ သံတွဲသို့ ပျံသန်းမည့် Myanmar International Airline Flight မှ လေယာဉ်အမှတ် (UB -405) လေယာဉ်ဖြင့် စီးနင်းလိုက်ပါမည့် အသက် ၂၅နှစ်မှ ၃၀နှစ်ကြားရှိ ရက္ခိုင်ခရီးသည် ၂၀ခန့်အား မင်္ဂလာဒုံလေဆိပ်တွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသူ ၏ ဆွေမျိုးသားချင်း ၁ဦးက ပြောသည်။


"ဒီနေ့ မနက်မှာ ကျနော့်တူမကို လေယာဥ်ကွင်းကို ပို့ဆောင်ခဲ့တယ်။ လေယာဉ်ပေါ်ကို မတက်မီ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်။ လေဆိပ်မှာ ၁နာရီကြာ ထိန်းသိမ်းခဲ့ပြီး ရွှေပြည်သာ စစ်ထောင်ကို ယူဆောင်သွားတယ်။ အခုတော့ အဆက်အသွယ်လည်း မရတော့ဘူး" ဟုဆိုသည်။


ဖမ်းဆီးခံထားရသည့် အသက် ၂၅ နှစ်အရွယ်ရှိ ၎င်း၏ တူမသည် နာမကျန်းဖြစ်နေ၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီး ရက္ခိုင်သို့ပြန်ရန်အတွက် ဆေးရုံ ဆေးမှတ်တမ်းနှင့် ရပ်ကွက်ထောက်ခံစာများ အပြည့်အဝ ပါရှိသူဖြစ်သည်ဟု ဆိုသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ရက္ခိုင်သို့ ထွက်လာသည့် ကား ၃ စီးကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရပ်ခိုင်းပြီး စီးနင်းလိုက်ပါလာသည့် ရက္ခိုင်လူငယ် ၁၀၀ကျော်ကို ဖမ်းဆီးခဲ့ကာ လှိုင်သာယာမြို့နယ်၊ တပ်မ ၅၌ ထိန်းသိမ်းထားကြောင်း သိရသည်။


ဖေဖော်ဝါရီလ ၁၆က်နေ့တွင်လည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်ရပ်ကွက်ရှိ အမျိုးသမီးအဆောင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ ရခိုင်အမျိုးသမီး ၅ ဦးကို ဖမ်းဆီးသွားပြီး အရပ်ပေ စံချိန်မမီသည့် တစ်ဦးကို ငွေတောင်းကာ ပြန်လွှတ်ပေးခဲ့သည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ရက်နေ့ ရန်ကုန်မှ ကျောက်ဖြူသို့ ပြန်လာသည့် ကျောင်းသား၊ လူငယ်များအပါအဝင် ၆၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်‌ဆေးကာ ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ပြီး စစ်တွေလေဆိပ်နှင့် အမ်းလေဆိပ်တို့တွင်လည်း မိမိဒေသသို့ ပြန်လာသည့် အရပ်သားပြည်သူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 


ထို့အပြင် ဖေဖော်ဝါရီလ ၁၂ရက် မနက်ပိုင်းအချိန်တွင် မန္တလေးမြို့ရှိ လူစည်ကားသည့် ဈေးများနှင့် လမ်းမများတွင် စစ်ကောင်စီအဖွဲ့က မန္တလေးမြို့ရှိ ရခိုင်စားသောက်ဆိုင်များနှင့် အရောင်းဆိုင်များ၌ သွားရောက် မဝယ်ယူရန်၊ ရက္ခိုင်ဆိုင်မှန်သမျှ မန္တလေးမြို့က နေထွက်သွားရန်၊ ရက္ခိုင်ဆိုင်များကိုပိတ်သိမ်းရန် စသည့် လူမျိုးရေး အဓိကရုဏ်း၊ လူမျိုးရေး မုန်းတီးမှု၊ ဖိနှိပ်မှုများကို ဦးတည်စေသည့် ဝါဒဖြန့် လက်ကမ်းစာစောင်များ လိုက်လံ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ 

ယင်းအပြင် ရက္ခိုင်တွင် ဒုက္ခသည်စခန်းများနှင့် ကျေးရွာများမှ မူဆလင်လူငယ်များကို စစ်ကောင်စီက မတရားဖမ်းဆီးပြီး စစ်တွေတွင် စစ်သင်တန်းပေးနေသည့် ရုပ်သံဖိုင် တစ်ခုအားတွေ့ရသည်။

#ABN #ရန်ကုန်လေဆိပ်တွင်ရက္ခိုင်လူငယ်များဖမ်းဆီးခံရ


Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL
ရက္ခိုင်မှ မူဆလင်လူငယ်များကို စစ်ကောင်စီက စစ်သင်တန်းပေးနေသည့် ရုပ်သံပေါ်ထွက်လာ

AB News-မတ်လ ၈၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ မူဆလင် ဒုက္ခသည်စခန်းများနှင့် မူဆလင်ရွာများမှ မူဆလင်လူငယ်များကို စစ်ကောင်စီက စစ်သင်တန်းပေးနေသည့် ရုပ်သံတစ်ခု လူမှုကွန်ယက်တွင် ပေါ်ထွက်လာခဲ့သည်။

၎င်းရုပ်သံဖိုင်တွင် ရက္ခိုင်ပြည်နယ်/လုံ လာရောက်လည်ပတ်စဥ် ရိုက်ကူးထားခြင်းဖြစ်သည်ကို တွေ့ရပြီး၊ စစ်တွေမြို့နယ်၊ ဒေသကွပ် ကဲမှုစစ်ဌာနချုပ်ရှိ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ထဲတွင် မူဆလင် လူငယ် ၅၀၀ ခန့်ကို သင်တန်းပေးနေခြင်း ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရက္ခိုင်ပြည်၊ ကျောက်ဖြူ မြို့ ကျောက်တလုံးမူဆလင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်လူငယ်အမျိုးသား ၁၀၇ ဦးတို့အား စစ်မှုထမ်းရန် အဓမ္မခေါ်သွားခဲ့သည်။

၎င်းတို့အား ကျောက်ဖြူမြို့အခြေစိုက် ခမရ ( ၅၄၂ )တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ခေါ်ယူသွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ မူဆလင် ကျေးရွာများမှ မူဆလင်များမှာလည်း စစ်မှုထမ်းရန် စစ်ကောင်စီ၏ မတရား ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ခံခဲ့ရကြောင်းလည်း သိရသည်။

ကျောက်ဖြူမြို့ ကျောက်တလုံး မူဆလင် ဒုက္ခသည်စခန်းမှာ မူဆလင် လူငယ် ၁၀ ဦးကျော်တို့မှာ စစ်ကောင်စီထံတွင် စစ်မှုမထမ်းလိုသည့်အတွက် ရက္ခိုင့်တပ်တော်တွင် ခိုလှိုလျက်ရှိကြောင်းလည်း ခိုင်လုံသတင်းရင်းမြစ်အရ သိရသည်။

ရက္ခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် ၎င်းတို့ ရက္ခိုင်ပြည်က စစ်ရှုံး၍ ထွက်ခွါစဥ် မူဆလင်များအား လက်နက်တပ်ဆင်ပေးကာ ရန်တိုက်ပေးရန် စီစဥ်နေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် မူဆလင် ခေါင်းဆောင်များထဲမှ တစ်ဦးက ABN သို့ပြောသည်။

“ဒီကောင်တွေ (စကစ) က ယုတ်မာတယ်။ ရက္ခိုင်ကို သူတို့ လက်လွှတ်ရတော့မယ်ဆိုတာ သဘောပေါက်နေလို့ ခုလိုတွေ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖန်တီးဖို့ လုပ်နေတာဖြစ်တယ်။ သူတို့က ရက္ခိုင်က ထွက်ရတော့မယ်ဆိုတာ သိတယ်။ ရက္ခိုင်ဖြစ်ခဲ့တဲ့ ပဋိပက္ခတိုင်းဟာလည်း စစ်ကောင်စီက ဖန်တီးခဲ့တာပဲ။ အားလုံးကို စနစ်တကျသူတို့ (စကစ) ပဲ ဖန်တီးခဲ့တာ။ ဒါကို ယုံပြီးတော့ လိုက်လုပ်နေရင်တော့ ကျနော်တို့ မူဆလင်တွေရဲ့ အနာဂတ်က မတွေးဝံ့စရာပဲ” ဟု သုံးသပ်ပြောဆိုသည်။

ရက္ခိုင်တွင် စစ်ကောင်စီသည် မြို့နယ်တိုင်းတွင် ပတ်လည် ဝိုင်းရံ ပိတ်ဆို့ကာ တိုက်ခိုက်ခံနေရသည့် အနေအထားဖြစ်ပြီး ပြန်လည်ခုခံချေပနိုင်ရန် အခြေအနေကင်းမဲ့နေသည်ကိုလည်း တွေ့ရသည်။

တိုက်ပွဲ စဖြစ်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စပြီး စစ်ကောင်စီသည် ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မအီ၊ တောင်ပြို၊ ပလက်ဝဒေသများကို အလုံးစုံ လက်လွှတ်ဆုံးရှုံးထားရပြီး၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တောမြို့များမှာလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိနိုင်ရန် လမ်းတစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း AA ၏ထုတ်ပြန်ချက်များအရ သိရသည်။

ရုပ်သံဖိုင်-စစ်ကောင်စီရက္ခိုင်နယ်လုံ မူဆလင်များအား စစ်သင်တန်းပေးနေသည့် အဆောင်သို့ လာရောက်စဥ် ရိုက်ကူးထားသည်ကို တွေ့ရစဥ်/CJ

#ABN # Rakhine MuslimCommunity
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးသွားသည့် မြန်မာ BGP အဖွဲ့ စခန်းမစွန့်ခွာမီ စခန်းတွင်းရှိ စားနပ်ရိက္ခာများကို အဆိပ်ခတ်ထားခဲ့

AB News-မတ်လ ၁၃၊ ၂၀၂၄

မတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားသည့် မြန်မာ BGP အဖွဲ့ဝင် ၁၇၉ ယောက် ထွက်ပြေးခိုလှုံလာခဲ့ကြပြီး ၎င်းတို့သည် မထွက်ခွာမီ စခန်းရှိ စားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်ခတ်ထားခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ယမန်နေ့ မတ်လ ၁၂ ရက်နေ့ည ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ရန်သူသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲအစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူး သတိပေးလိုက်ပါသည်။" ဟုဆိုသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်သွားကြသည့် BGP များမှာ ရက္ခိုင်ပြည် မောင်တောမြိုနယ်ရှိ အောင်သပြေ နယ်ခြားစောင့်စခန်းမှ ဖြစ်ပြီး ထိုစခန်းအား ရက္ခိုင့်တပ်တော်က မတ်လ ၁၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်စဥ် ထွက်ပြေးခဲ့ကြသူများ ဖြစ်ကြောင်း AA၏ ထုတ်ပြန်ချက်အရ သိရသည်။

"အောင်သပြေ နယ်ခြားစောင့်တပ်စခန်းအား ယမန်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ ရန်သူ့အလောင်းအချို၊ လက်နက်ခဲယမ်းအချိုတိုကိုသိမ်းဆည်းရမိခဲ့သည်။ ဤ စခန်းမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲဝင်များအရေအတွက် မှာ (၁၇၉) ယောက်အထိ ရှိခဲ့ပြီဖြစ်သည်" ဟုပါရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းတွင်လည်း ရခိုင်ပြည်၊ မောင်တော မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာနယ်ခြားစောင့် တပ်ဖွဲဝင် ၃၃၀ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို ထွက်ပြေး ခိုလှုခဲ့ကြပြီး အဆိုပါထွက်ပြေးလာသူများအား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို ရေကြောင်းဖြင့် ပြန်ပိုခဲ့သည်ကို တွေ့ရှိရသည်။

ဆက်စပ်သတင်းအပြည့်အစုံအား https://shorturl.at/tvOV9 တွင်ဖတ်ရှုနိုင်ပါသည်။


(ဓာတ်ပုံ - စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့)

#ABN #BGP #Bangladesh #ArakanArmy

Website
www.arakanbaynews.com/

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL
မင်းပြားတိုက်ပွဲအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီအဖွဲ့ သတ်ဖြတ်ခဲ့
AB News - မတ်လ ၁၃၊ ၂၀၂၄
ရက္ခိုင်ပြည်၊ မင်းပြားမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီအဖွဲက လူမဆန်စွာ သတ်ဖြတ်ခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။
မင်းပြားမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ လူသားချင်းစာနာထောက်ပံ့ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က မတ်လ ၁၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။
HDCO ထုတ်ပြန်ချက်တွင် "(13 Nov 2023) ရက်နေ့မှ (23 Jan 2024) ရက်နေ့ထိ ရက္ခိုင်ဒေသ တိုက်ပွဲများအတွင်း မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှ (၄) ဦး၊ မင်းပြားမြို့နယ်အတွင်း င/တန်ပျင်းရွာမှ (၃) ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၃၀)‌ကျော်ခန့်မှာ အကြမ်းဖက်စစ်ကောင်စီ (SAC) တပ်ဖွဲ့များ၏ စစ်ရာဇဝတ်မှုကျူးလွန် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်" ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီ(SAC) တပ်ဖွဲ့များသည် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်သည့် ရပ်/ရွာများအား ရည်ရွယ်ချက်ရှိရှိ မြေပြင်တပ်ရင်းတပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ စစ်လေယာဉ်များဖြင့် ဗုံးများကြဲချခြင်း၊ စစ်ရေယာဉ်များမှ အမြောက်လက်နက်များဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို နေစဥ်ရက်ဆက် ပြုလုပ်လေ့ရှိသည်။
ရပ်/ရွာများသို ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများအပြင် အမျိုးသမီးများအား အုပ်စုဖွဲ့မုဒိန်းကျင့်ကာ လူမဆန်စွာသတ်ဖြတ်ခြင်း နှင့် ရပ်/ရွာများကို မီးရှို့ဖျက်ဆီးခြင်းများစသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်နေခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
မင်းပြားမြို့တွင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီသည် ယုတ်မာစွာဖြင့် မင်းပြားမြို့အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချိုရှိခဲ့သည်ဟု ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
Video Credit goes to Humanitarian and Development Coordination Office
#ABN #မင်းပြား
Website
www.arakanbaynews.com/
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL
AA အဖွဲ့သို့ ပို့မည့်မူးယစ်ဆေးဝါးများ ရန်ကုန်တွင် ဖမ်းမိဟု စစ်ကောင်စီ၏ စွပ်စွဲချက်မှာ နိုင်ငံရေးအောက်လမ်းနည်းနှင့် လုပ်ကြံတိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း AA တုန့်ပြန်


AB News - မတ်လ ၂၇၊ ၂၀၂၄


ရန်ကုန်မှ စစ်တွေမြို့သို့ ထွက်ခွာမည့် အမ်ဗွီ-စိန်ပြည့်မင်း ကုန်သင်္ဘောပေါ်တွင် မတ်လ ၂၁ရက်နေ့က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ AA အဖွဲ့သို့ ပို့မည့် မူးယစ်ဆေးဝါးများဟု စွပ်စွဲချက်မှာ စစ်ကောင်စီ၏ နိုင်ငံရေးအောက်လမ်းနည်းဖြင့် လုပ်ကြံတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က တုန့်ပြန်ပြောဆိုလိုက်သည်။


ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတားတွင် ဆိုက်ကပ်ထားသည့် ရန်ကုန်-စစ်တွေပြေးဆွဲ‌နေသော “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောအား ဝင်‌ရောက်ရှာဖွေစစ်ဆေးခဲ့ရာတွင် ကတ္ထူဖာဖာများအတွင်း WY စာတန်းပါ(ပန်းရောင်) စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းပြား၊ ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့ ကြောင်း စစ်ကောင်စီအဖွဲ့၏ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။


ယခုကဲ့သို့ လုပ်ရပ်များသည် စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီ၏ လုပ်နေကျအတိုင်း နိုင်ငံရေးအောက်လမ်းနည်းများဖြင့် လုပ်ကြံတိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။


"ရက္ခိုင်ပြည်ကို ဆန်တစ်စေ့ ၊ ဆေးတစ်လုံးတောင် မရောက်ရအောင် သူတို့အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းပါ ပိတ်ဆို့ထားတဲ့အချိန်မှာ သူတို့နယ်လုံကခွင့်ပြုချက်မရဘဲ ဘယ်သင်္ဘောမှထွက်ခွာခွင့်၊ ပြေးဆွဲခွင့်မရဘူး။ ပြေးဆွဲခွင့်ရတဲ့သင်္ဘောတွေအားလုံးဟာ သူတို့စစ်ကောင်စီကထိန်းချုပ်ထားတဲ့ သင်္ဘောတွေဖြစ်တယ်။ ဒီလိုအချိန်မှာ စစ်တွေသွားမယ့်သင်္ဘောမှာ မူးယစ်ဆေးဝါးတွေ့တယ်ဆိုတဲ့ ပြောဆိုချက်က ယုတ္တိမတန်သလို မြေပြင်ပကတိအခြေအနေနှင့် လုံးဝကင်းကွာနေတာတွေ့ရတယ်။ ဒါဟာ စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီက လုပ်နေကျ အတိုင်း နိုင်ငံရေးအောက်လမ်းနည်းတွေနှင့် လုပ်ကြံတိုက်ခိုက်တာသာဖြစ်တယ်။" ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ၎င်း၏ Telegram Channel မှထုတ်ပြန်ပြီး ယနေ့ မနက်က ပြောဆိုတုန့်ပြန်လိုက်သည်ကို တွေ့ရသည်။

စစ်ကောင်စီအဖွဲ့သည် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စစ်မှု ၅လမ်း၊ အိမ်အမှတ် ၃၀၁ သို့ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးများ ပို့ဆောင်ရာ၌ ပတ်သက်သည်ဟုဆိုကာ ဦးထွန်းသိန်းအောင်နှင့် ဇနီးဖြစ်သူ စုမြတ်ဝေတို့ကို မတ်လ ၂၁ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖြန့်ချီခဲ့သည်ကို တွေ့ရသည်။


ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲ စတင်ခဲ့သည့် နေ့မှစ၍ စစ်ကောင်စီအဖွဲ့က  ကုန်းကြောင်း၊ ရေကြောင်းလမ်းများကို ပိတ်ဆို့ထားသည်မှာ ၅ လခန့် ရှိလာပြီး ဖြစ်သည်။


ယခုလက်ရှိတွင်လည်း စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ပြည်ရှိ ရေကြောင်းလမ်းများတွင် ရေတပ်နေဗီများဖြင့် ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီ၏ ခွင့်ပြုချက်ရ ရေယာဉ်များမှ အပ မည်သည့် ရေယာဥ်မှ ဖြတ်သန်းသွားလာခွင့်မရှိပေ။


ထိုသို့ စစ်ကောင်စီ၏ ရက္ခိုင်ပြည်သို့ ကြည်း၊ ရေ လမ်းကြောင်းများ ​ပိတ်ထားသည့်အတွက် ရက္ခိုင်ပြည်တွင် ကုန်စည် ပြတ်လပ်မှုများကြောင့် ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိသည့်အပြင် ကျန်းမာရေးဆိုင်ရာ ဆေးဝါများမှာလည်း ပြတ်တောက်လျက်ရှိသည်။

#ABN #စစ်ကောင်စီ #နိုင်ငံရေးညစ်လုံး


Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL
စစ်တွေတွင် သင်္ကြန်ပွဲကျင်းပရန် စစ်ကောင်စီက စီစဥ်နေ၊ ရေမလောင်းမနေရဟု ပြော


AB News - မတ်လ ၂၇၊ ၂၀၂၄


ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပရန် စီစဥ်နေပြီး ရေမလောင်းမနေရဟု ပြောထားကြောင်း သိရသည်။

အဆိုပါပွဲအား ကျင်းပနိုင်ရေးအတွက် စကစ ဦးထိန်လင်းဦးဆောင်သောအဖွဲ့က ယမန်နေ့ မတ်လ ၂၆ ရက်၊ နေ့လည် ၁ နာရီကျော်တွင် စစ်ကောင်စီရုံးချုပ်၌ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။


တိုက်ပွဲ ပြင်းထန်းနေဆဲ ဖြစ်သည့် ရက္ခိုင်တွင် လာမည့် ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် နှစ်သစ်ကူး သင်္ကြန် ရေလောင်းပွဲကို ကျင်းပရန် စစ်ကောင်စီက စီစဥ်နေခြင်းဖြစ်သည်။


ဗဟိုမဏ္ဍပ် အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်များလည်း ဆောက်လုပ်ရမည့်အပြင် လူတိုင်း ရေလောင်းရမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောထားသည်ဟု မြို့ခံတစ်ဦးက AB News သို့ပြောသည်။


"ဗဟိုမဏ္ဍပ်တွေ၊ ဌာနဆိုင်ရာမဏ္ဍပ်တွေ ဆောက်ရမယ်လို့ ပြောသံကြားတယ်။ ပြီးတော့ လူတွေက ရေမလောင်းပဲနေလို့မရဘူး" ဟု ဆိုသည်။

စစ်တွေရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအများစု တိုက်ပွဲ ဖြစ်ပွားမည်ကိုစိုးရိမ်ပြီး ရန်ကုန်၊ မန္တလေး နှင့် ပြင်ဦးလွင်မြို့များသို့ တိမ်းရှောင်သွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

ရက္ခိုင်ပြည်တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီ၏ သင်္ကြန်ပွဲသို့ ပြည်သူများသွားဝံ့မည်မဟုတ်ကြောင်း၊ တိုက်ပွဲဖြစ်သွားလျှင် အကုန်လုံးသေကုန်ကြမည်ဟု ဆတ်ရိုးကျ ဒေသခံတစ်ဦးက ပြောသည်။


"အခုက မြို့နယ်တွေမှာတိုက်ပွဲ ဖြစ်နေတယ်။  သင်္ကြန်လုပ်မယ်ဆိုတော့ ဘယ်သူမှသွားဝံ့မှာလည်း မဟုတ်ပါဘူး။ ဒီမှာဖြစ်မလာလို့လဲပြောမရဘူးလေ။ တိုက်ပွဲဖြစ်လာရင်အကုန်လုံး သေကုန်မယ်။ အာမခံပေးထားတာလဲ မရှိဘူး" ဟုဆိုသည်။

လက်ရှိတွင် ရက္ခိုပြည်ရှိ မြို့နယ် ၉ ခုအား ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီး ကျန်မြို့နယ်များကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


​ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်တွင် ပြည်နယ်စစ်ကောင်စီက သင်္ကြန်ပွဲကို စစ်တွေမြို့အပြင် သံတွဲ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊မောင်တော မြို့များမှာ ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြီးကျင်းပခဲ့သည်ကိုတွေ့ရသည်။

ဓာတ်ပုံ-၂၀၂၂ ခုနှစ်က စစ်တွေတွင် စစ်ကောင်စီက ဦးစီးလုပ်ခဲ့သည့် သင်္ကြန်မဏ္ဍာပ်

#ABN #Sittwe #SAC


Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL
ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၁၆ နှစ်အရွယ်ဆယ်ကျော်သက် ၁ဦးအပါအဝင် ၄ ဦးဒဏ်ရာရ


AB News - မတ်လ ၂၇၊ ၂၀၂၄


ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းရှိ ညောပင်ကြီးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာ ပြင်းထန်ရရှိသွားခဲ့ကြောင်း သိရသည်။


ဒဏ်ရာရရှိသူများမှာ ညောင်ပင်ကြီးရွာမှ အသက် ၁၆ နှစ်အရွယ် မောင်နေမျိုးဝင်း၊ အသက် ၃၅ နှစ်အရွယ် ဦးကျော်မြင့်၊  ဒေါ်မြသန်းနုနှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်ရွှေစိန်နုတို့ဖြစ်ကြောင်း သိရသည်။

ပါဒလိတ်အ​ခြေစိုက် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ က ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ညောင်ပင်ကြီးရွာသို့ လက်နက်ကြီး ၄ လုံးထက်မနည်းပစ်ခတ်ခဲ့ရာမှ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းထဲမှ လက်နက်ကြီးတစ်လုံးမှာ ညောင်ပင်ကြီးရွာသို့ ကျရောက်ပေါက်ကွဲဲပြီး ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။


"ပါဒလိတ်တပ်ရင်းကလှမ်းပစ်တာပါ။ ၁ လုံးက ရွာထဲမှာ ပေါက်ကွဲတယ်။ အိမ်မှာရှိနေတဲ့ သူတွေကို လက်နက်ကျည်စ ထိမှန်သွားတယ်" ဟု ဆိုသည်။

ဒဏ်ရာရရှိသူများထဲတွင် ဒေါ်ရွှေစိန်နုနှင့် မောင်မျိုးဝင်းမှာ ဒဏ်ရာပြင်းထန်သည့်အတွက် နီးစပ်ရာဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။


ရသေ့တောင်မြို့အား မတ်လ ၁၇ ရက်နေ့တွင် ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်သည့် မြို့ဖြစ်သည်။


စစ်ကောင်စီသည် ၎င်းတို့လက်လွှတ် ဆုံးရှုံးခဲ့ရသည့် မြို့နယ်များအား မကြာခဏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် လှမ်းပစ်ခြင်းများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူအများအပြား သေဆုံး ဒဏ်ရာရမှုများ ရှိနေသည်။


ပြီးခဲ့သည့်မတ်လ ၂၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာ ၂ စီးဖြင့် မြေပုံမြို့နယ် ညောင်ကန်ရွာသို့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ ပါး၊ ကိုရင်ငယ် ၁ ပါးအပါအဝင် အရပ်သား​ ၅ ဦးထက်မနည်းဒဏ်ရာရရှိပြီး  အိမ်ခြေအများအပြားပျက်စီးသွားခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ-ရသေ့တောင်မြို့နယ် ညောင်ပင်ကြီး (မူဆလင်ရွာတွင် မိုခါမုန်းတိုင်းကြောင့် မူဆလင်ဘာသာရေးစာသင်ကျောင်း ပျက်ကျနေသည်ကို တွေ့ရစဥ် /Tun Thar/ABN

#ABN #ရသေ့တောင် #ညောင်ပင်ကြီး #လက်နက်ကြီးကျည်ထိ

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL
တောင်ကုတ်နယ်တွင် ရွာသားများအား စစ်ကောင်စီတပ်ထဲ မဝင်မနေရဟု ရာအိမ်မှူးခြိမ်းခြောက်ပြောဆို

AB News - မတ်လ ၂၉၊ ၂၀၂၄


ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ဖုံညိုကျေးရွာတွင် ရွာသားများအား စစ်ကောင်စီတပ်ထဲ မဝင်မနေရဟု ရာအိမ်မှူးခြိမ်းခြောက်ပြောဆိုမှုရှိကြောင်း သတင်းရရှိသည်။


ရာအိမ်မှူး မောင်ကျန်အောင်နှင့် တင်ချေ ဆိုသူ ၂ ဦးသည် ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက  ရွာသားများကို အစည်းအဝေးခေါ်ကာ စစ်ကောင်စီတပ်ထဲ မဝင်မနေရဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။


"သူတို့ ၂ ယောက်အကြံတူတွေပဲ၊ ကျမတို့ကို စစ်ကောင်စီတပ်ထဲမဝင်လို့မရဘူးလို့ ခြိမ်းခြောက်ပြီးပြောတယ်။ ကျမတို့လည်းကြောက်လန့်နေကြတယ်။ တစ်ချို့တွေဆို ပြေးသွားကြပြီ" ဟု ဆိုသည်။


ရာအိမ်မှူးက ရွာသူ/ သားများအား စစ်မှုထမ်းရန် ခြိမ်းခြောက်ပြောဆိုနေသည့်အတွက် ဖုံညိုရွာမှ ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။


ယမန်နေ့ မတ်လ ၂၈ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း  တောင်ကုတ်မြို့နယ်တွင် စစ်မှုထမ်းဆောင်ရန်အတွက် ကျေးရွာအုပ်စု ၁ စုလျှင် လူငယ် ၃၀ခန့် ပေးရမည်ဟု  ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီက ခေါ်ယူဖိအားပေးခဲ့သည်။


အလားတူ ပြီးခဲ့သည့် မတ်လ ၁၇ရက်နေ့က စစ်မှုထမ်းခေါ်ယူခံရပြီး စစ်သင်တန်းတက်ရောက်မည့်သူများအတွက် စားစရိတ်ထောက်ပံ့ကြေးငွေဟု အမည်တပ်ကာ အိမ်ထောင်စု ၁စုလျှင် ၅၀၀၀ ကျပ်စီ စစ်ကောင်စီအဖွဲ့က ကောက်ခံခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။


လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်ရာ  နယ်မြေများတွင် စစ်မှုထမ်းရန်အတွက် ဒေသခံပြည်သူများအား အဓမ္မဖိအားပေး ဖမ်းဆီးနေသည့်အတွက် ပြည်သူများနေ့စဥ်ရက်ဆက် ထွက်ပြေးနေကြရသည်။

#ABN #တောင်ကုတ်

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL