ရေးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကေအန်ယူ တိုက်ပွဲဖြစ်
DVB
မွန်ပြည်နယ်၊ ရေးမြို့နယ် ဝမ်းရေးတောင်အနောက်ဘက်ခြမ်းမှာ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီလောက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
http://burmese.dvb.no/archives/504564
#DVB #News #ရေးမြို့ #စစ်ကောင်စီတပ် #ကေအန်ယူ #KNU

burmese.dvb.no
ရေးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကေအန်ယူ တိုက်ပွဲဖြစ်
မွန်ပြည်နယ်၊ ရေးမြို့နယ် ဝမ်းရေးတောင်အနောက်ဘက်ခြမ်းမှာ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီလောက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝမ်းရေးတောင်အနောက်ဘက်ခြမ်း ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲ…
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ ကနေ ကျောင်းရွာရဲကင်းစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ဝင်ရောက်ပစ်ခတ်ရာမှာ ရဲတဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး တယောက်က ဆေးရုံမှာ သေဆုံးသွားပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်တွေ ရှင်းလင်းရေးလုပ်စဉ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျေးရွာသား နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်ဘက် က စစ်ရေးအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာမှာ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့ကနေ ရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း ကျောင်းရွာ နယ်မြေရဲကင်းမှူး ဒုရဲအုပ်တဦး၊ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်တဦး၊ ပြည်သူ့စစ်အဖွဲ့ဝင်တဦး၊ အငြိမ်းစား စစ်မှုထမ်းဟောင်းတဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ အငြိမ်းစားစစ် မှုထမ်းဟောင်းကတော့ မော်လမြိုင်ဆေးရုံကိုပို့ခဲ့ရပြီး ဆုံးပါးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ကျေးရွာသားတဦးက အခုလိုပြောပါတယ်။
“မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့ပေါ့။ ညနေ (၅) နာရီခွဲ အမည်မသိလက်နက်ကိုင် အဖွဲ့ပေါ့။ ဆိုင်ကယ်(၄) စီးလာပြီးတော့ ပထမရဲစခန်းကို အရင်ပစ်တယ်။ နောက် ဒုတိယကတော့ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပစ်တယ်။ ပြီးတော့မှ သူက လိပ်ပုတ် ဘက်ကို ပြန်လည်ထွက်သွားတာပေါ့နော်။ ရဲစခန်းကိုပစ်ခတ်မှုမှာ တယောက်ကတော့ ဒဏ်ရာထိသွားတာပေါ့နော်။ ရဲကတော့ဘာမှမဖြစ်ဘူး။ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်(၃) ယောက်လောက်ဒဏ်ရာရသွားတာပေါ့နော်။ တယောက်က ဒဏ်ရာ ပြင်းထန်ပြီးတော့ ဆေးရုံမှာပဲဆုံးသွားတယ်။ ပစ်တာလည်း အော်တိုသေနတ်တွေပေါ့။ ဥပမာ M-16 တို့လိုမျိုးပေါ့။ အဲဒီမှာ M-16 ကျည်ဘောက် တဘောက် ကျန်ခဲ့တာပေါ့နော်။’’
ဒီပစ်ခတ်မှုတွေဖြစ်ပြီးနောက်ပစ်ခတ်တဲ့အဖွဲ့နောက်ကို စစ်တပ်ကနေ လိုက်လံရှင်းလင်းရာမှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ကျောင်းရွာရဲ့ မြောက်ဘက်မှာရှိတဲ့ မုနိတောင်ပေါ်ကဘုန်းကြီးကျောင်းကို ကျရောက်ခဲ့တဲ့အတွက် အရပ်သား (၂) ဦး ဒဏ်ရာရရှိသွားတယ်လို့ အဆိုပါရွာသားက ဆက်ပြောပါတယ်။
“အဲဒီညမှာပဲ စစ်ကြောင်းတကြောင်းထွက်သွားပြီးတော့ မုနိကျောင်းရွာမှာ လက်နက်ကြီးလှမ်းပစ်ပြီးတော့အဲဒီမှာရှိနေတဲ့ ဒါကာ ဒါကာမ၊ အဲဒီမှာ လက်နက်ကြီးထိမှန်ပြီးတော့ နှစ်ယောက်လောက်ထိသွားတာပေါ့။ အဲဒီမှာဆေးရုံတင်ထား ရတယ်လေ။’’
ကျောင်းရွာနဲ့တမိုင်ခွဲလောက်ဝေးတဲ့ မုနိတောင်ပေါ်ကဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျရာမှာ ကလေးငယ်တဦး ခေါင်းမှာဒဏ်ရာရပြီး အမျိုးသမီးတဦးကတော့ခြေထောက်မှာ ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့အတွက် မော်လမြိုင်ဆေးရုံမှာ ဆေးကုသမှု ခံနေရပါတယ်။
ကျောင်းရွာထဲ အရပ်ဝတ်နဲ့ဝင်ရောက်ပစ်ခတ်တဲ့အဖွဲ့ဟာ ဘယ်အဖွဲ့ဆိုတာအတည်မပြုနိုင်သေးပေမဲ့ ကိုင်းတော ကျေးရွာသား နိုင်မွန်ချမ်းကတော့ KNU ကရင်အမျိုးသားအစည်းအရုံးလက်ချက်လို့ မွန်ဘာသာနဲ့ပြောပါတယ်။
“ည (၉) နာရီလောက်မှာ KNU ကကိုင်းတောရွာမှာရှိတယ်လေ။ ကိုင်းတောရွာမှာ သူတို့ နေရာယူထားတော့ ကျောင်းရွာမှာ အေးအေးဆေးဆေး ပစ်ခတ်လို့ရတာပေါ့။’’
KNU ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုမောင်ရွှေကတော့ မနေ့က ပစ်ခတ်မှုအခြေအနေ မသိရသေးဘူးလို့ ပြောပါတယ်။
“သတင်းတော့ကြားတယ်။ အခြေအနေက ဘာကြေးနန်းမှမရောက်လာသေးဘူး။ ဒီတော့အခြေအနေ ကျနော်တို့ ဘာမှမသိရသေးဘူး။’’
မနေ့က ကျောင်းရွာအတွင်းပစ်ခတ်မှုအခြေအနေနဲ့ပက်သက်လို့ အရှေ့တောင်တိုင်း စစ်တပ်ပြောခွင့်ရကို ဆက်သွယ်မေးမြန်းရာမှာ ခရီးလွန်နေလို့ မသိရသေးကြောင်းပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်-ရေး အဝေးပြေးကားလမ်းမကြီး အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရေးမြို့နယ် ဘေးလမိုင်းကျေးရွာ အနီးအနားတဝိုက်မှာ မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံ KNU ကရင် အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကိုင် KNLA တပ်ရင်း (၁၆) တပ်ဖွဲ့နဲ့ တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း မော်လမြိုင်မြိုကနေ ရဲလုံခြုံရေး အစောင့်အကြပ်နဲ့ ရေးမြို့ကို ငွေသယ်ဆောင်လာတဲ့ မြန်မာ့စီးပွားရေးဘဏ်ကား ၂ စီး ခြုံခိုတိုက်ခိုက်ခံရပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ ရေးမြို့နယ်၊ ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ဘက် မှာ မြန်မာစစ်တပ်နဲ့ ဒေသခံ KNU တပ်၊ PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ကြိုကြားဖြစ်ပွါးနေပါတယ်။
KNU ကရင် အမျိုးသားအစည်းအရုံးတပ်မဟာ(၅) ဖာပွန်ခရိုင်မှာ မြန်မာစစ်တပ်နဲ့ KNU တို့အကြား တိုက်ပွဲပြင်းထန်နေခဲ့ဲပြီး တပ်မဟာ (၁) သထုံခရိုင်နဲ့ တပ်မဟာ (၆) ဒူးပလာယာခရိုင်ဘက်မှာတော့ ရံဖန်ရံခါတိုက်ပွဲဖြစ်ပွါးနေပါတယ်။
#KNU #ဖာပွန် #ကျောင်းရွာ #ရေးမြို့ #မွန်ပြည်နယ် #မြန်မာစစ်တပ် #နိုင်ကွန်းအိန် #ပြည်သူ့ကာကွယ်ရေးတပ် #ဗွီအိုအေမြန်မာပိုင်း
==========
https://burmese.voanews.com/a/monstate-armed-group-shooting-police-station-knu-pdf-military-coup-voa-burmese-/6346295.html
VOA

ဗွီအိုအေ
မွန်ပြည်နယ်၊ ရေးမြို့ ပစ်ခတ်မှုအတွင်း သေဆုံး၊ ဒဏ်ရာရသူတွေရှိ
ရေးမြို့ ဂက်စ်ပိုက်လိုင်း မိုင်းခွဲဖျက်ဆီးခံရ
DVB
မွန်ပြည်နယ်၊ ရေးမြို့နယ် နှင်းစုံရွာအနီးနားက ဂက်စ်ပိုက်လိုင်းတခုကို ဇန်နဝါရီ ၁၆ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီကျော်အချိန်က မိုင်း ၂ လုံးခွဲလိုက်တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။
ဂက်စ်ပိုက်လိုင်း မိုင်းခွဲခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က အနီးအနား ပတ်ဝန်းကျင်တွေကို ရဟတ်ယာဉ်နဲ့ ပျံဝဲနေပြီး စစ်ဆင်ရေးတွေ လှုပ်ရှားလာနိုင်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
http://burmese.dvb.no/archives/511707
#DVB #News #ရေးမြို့ #ဂက်စ်ပိုက်လိုင်း #မိုင်းခွဲဖျက်ဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ် နှင်းစုံရွာအနီးနားက ဂက်စ်ပိုက်လိုင်းတခုကို ဇန်နဝါရီ ၁၆ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီကျော်အချိန်က မိုင်း ၂ လုံးခွဲလိုက်တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။ ဂက်စ်ပိုက်လိုင်း မိုင်းခွဲခံရတဲ့အတွက် ပျက်စီးမှုရဲ့ အခြေအနေကိုတော့…
ရေးမြို့နယ်မြောက်ပိုင်းက Mytel တာဝါတိုင် ထပ်မံမိုင်းခွဲဖျက်ဆီးခံရ
DVB
မွန်ပြည်နယ် ရေးမြို့နယ် ရေးမြောက်ပိုင်း ကွာန်ဒူးကျေးရွာရှိ Mytel တာဝါတိုင်ကို ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရေး YPDF မြောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/512036
#DVB #News #ရေးမြို့ #Mytelတာဝါတိုင် #မိုင်းခွဲဖျက်ဆီး

မွန်ပြည်နယ် ရေးမြို့နယ် ရေးမြောက်ပိုင်း ကွာန်ဒူးကျေးရွာရှိ Mytel တာဝါတိုင်ကို ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရေး YPDF မြောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ၀င်ငွေစီးဆင်းမှုတွေ ရပ်တန့်အောင် Mytel…
ရှောင်တာနယ်လ်အမှု ဆက်စစ်ဆေး၊ ရဲမှူး ၁ ဦး တရားလိုပြသက်သေအဖြစ်ထွက်ဆို
DVB
သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)နဲ့ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတဲ့အမှု ဇန်နဝါရီ ၂၀ ရက်မှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
http://burmese.dvb.no/archives/512543
#DVB #News #လိုပြသက်သေ #ရဲမှူး #ရှောင်တာနယ်လ်

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)နဲ့ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတဲ့အမှု ဇန်နဝါရီ ၂၀ ရက်မှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တရားရုံးနဲ့နီးစပ်သူတစ်ဦးက “ရုံးချိန်းမှာ…
ဆီစျေးနှင့် ငါးဖမ်းကိရိယာဈေးနှုန်း မြင့်တက်မှုကြောင့် ရေး ငါးဖမ်းလုပ်ငန်း အရှုံးပေါ်
DVB
“အခု စက်သုံးဆီစျေးက ၄ ဆ လောက် တက်တယ်၊ ပြီးတော့ ငါးဖမ်းကိရိယာတွေက အစဈေးနှုန်းတွေမှာ ၃ ဆ လောက်နီးပါးလောက်တက်တော့ ကျန်တဲ့ အလုပ်သမားတွေရဲ့ စရိတ်ကလည်း များတော့ ပင်လယ်ငါးဖမ်းလုပ်ငန်းက ရေရှည်မှာ ဘယ်လိုမှ ဆက်လက်ရပ်တည်လို့ မရဘူး”
http://burmese.dvb.no/archives/521985
#DVB #News #ရေးမြို့ #စက်သုံးဆီဈေး #ငါးဖမ်းကိရိယာ #ငါးဖမ်းလုပ်ငန်း

မွန်ပြည်နယ် ရေးမြို့နယ်က ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ စက်သုံးဆီစျေးနဲ့ ငါးဖမ်းကိရိယာပစ္စည်းဈေး မြင့်တက်လာတာကြောင့် ကုန်ကျစရိတ်တွေနဲ့ တွက်ခြေမကိုက်ကြဘဲ အရှုံးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ “အခု စက်သုံးဆီစျေးက ၄ ဆ လောက် တက်တယ်၊ ပြီးတော့…
Forwarded from Ayeyarwaddy Times (Nine)
စစ်ကောင်စီက နေပြည်တော်နှင့် နီးစပ်နေသည့် ရှမ်း-ကရင်နီဒေသကို အရှိန်မြှင့်ထိုးစစ်ဆင်လာ
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၄ ရက်
အာဏာသိမ်း စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်နှင့် နီးစပ်နေသည့် ရှမ်း-ကရင်နီဒေသကို ထိုးစစ်အရှိန်မြှင့်လာသလို လူထုကြောက်သွားအောင်လည်း ယခင်ကထက် ပိုမို ရက်ရက်စက်စက်လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်တွင် နှစ်ဖက်စစ်ရေး တင်းမာလျက်ရှိပြီး ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဌ ခွန်မြင့်ထွန်းနှင့် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF(KK) မြေပြင်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်ဗွေဟုန်းတို့က ဧရာဝတီတိုင်းမ်ကို ပြောသည်။
"ကျွန်တော်တို့ ရှမ်းပြည်ဆိုပေမယ့်လို့ အဓိကကတော့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲနဲ့ ပင်လောင်းမှာ အဓိက သူ(စစ်ကောင်စီ)တို့ ထိုးစစ်ဆင် တိုက်ခိုက်တာ လုပ်တယ်။ တနည်းအားဖြင့်ပြောရင် ကရင်နီနဲ့ ရှမ်းနယ်စပ် ပေါ့နော်။ အဲဒီမှာ သူ(စကစ)တို့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက ပိုမိုပြီးတော့ ပြင်းထန်လာတယ်။ ဒီအခြေအနေကို ကြည့်ရတဲ့အခါမှာ သူ(စစ်ကောင်စီ)တို့အနေနဲ့က နေပြည်တော်နဲ့ နီးစပ်တဲ့အပေါ်မှာလည်း အင်မတန် စိုး ရိမ်စိတ်ကြီးနေတယ်လို့ ကျွန်တော်တို့ထင်တယ်။ ဒါကြောင့်မို့လို့ ရက်ရက်စက်စက်ကို လေယာဉ်တွေနဲ့ တိုက်ခိုက်တာမျိုးတွေ ရှမ်း-ကရင်နီဒေသတွေမှာ ပိုပြီးလုပ်လာတယ်" ဟု PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။
ယခုနှစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်မှစတင်၍ စစ်ကောင်စီသည် အင်အား ၁,၅၀၀ ပါသော စစ်ကြောင်း ၁၂ ကြောင်းကို အသုံးပြု၍ ကရင်နီနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ထိုးစစ်ဆင်လာပြီး စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်ပွားမှု သုံးဆကျော် တိုးလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar)က ပြီးခဲ့သည့် ဧပြီ ၁၀ ရက်တွင် စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ ထိုးစစ်ဆင်မှု လုပ်ဆောင်ခဲ့သည့်အထဲတွင် ကရင်နီခုခံတော်လှန်ရေးဆိုင်ရာ စစ်ဗျုူဟာတစ်ခုလုံးကို ကျားကန်ထားသော ကရင်နီတပ်မတော်(KA)၏ ရှားတောမြို့နယ်ရှိ အခြေစိုက်စခန်းများ၊ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ်(KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များ စိုးမိုးမှုအားကောင်းသည့် ဒီးမော့ဆို၊ ဘော်လခဲ၊ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်များ ပါဝင်ကြောင်း ISP Myanmar က ဖော်ပြထားသည်။
စစ်အုပ်ချုပ်ရေး ကြေညာပြီး နှစ်လအတွင်း ကရင်နီနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တိုက်ပွဲဖြစ်မှု ၈၂ ကြိမ်ထက်မနည်းရှိခဲ့ပြီး ယင်းမတိုင်မီ နှစ်လတွင် တိုက်ပွဲဖြစ်မှု ၂၃ ကြိမ်ဝန်းကျင်သာရှိသဖြင့် သုံးဆ ကျော် တိုးလာသလို လေကြောင်းတိုက်ခိုက်ခံရမှုအနေဖြင့် ၃၆ ကြိမ်ထက်မနည်းရှိကြောင်း ISP Myanmar က ဆိုသည်။
"သူတို့ မြေပြင်ကနေ တိုက်ခိုက်မှုမနိုင်တဲ့အခါ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့သော်လည်းကောင်း၊ လေယဉ်နဲ့သော်လည်းကောင်း အဓိကထား တိုက်ခိုက်လာတာတွေ ရှိတယ်ပေါ့နော်။ အခုအခြေအနေထိလည်း သူတို့ လုပ်နေတာပေါ့နော်။ ထိုးစစ်ဆင်မှုတွေနဲ့ ပြန်ပြီးတော့ ခြေကုတ်ရယူနိုင်ဖို့ သူ(စကစ)တို့ လုပ်ဆောင်လာတယ်။ မြေပြင်အခြေအနေကတော့ တိုက်ပွဲတွေ ဒီထက်ပိုပြီး ပြင်းထန်ဖို့ရှိတယ်။ စစ်ကောင်စီက လည်း နောက်ဆုတ်သွားမယ့် အခြေအနေမရှိဘဲ မီးကုန်ယမ်းကုန် လုပ်နေမှာပဲ" ဟု PNDF(KK) မြေပြင်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်ဗွေဟုန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မတ်လ တစ်လတာအတွင်း ကရင်နီနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် တိုက်ပွဲစုစုပေါင်း ၁၀၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၈၁ ဦး သေဆုံးကာ ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ နယ်စပ်တိုက်ပွဲများနှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။
#နေပြည်တော် #ရှမ်း #ကရင်နီ #စစ်ရေးတင်းမာ #Ayeyarwaddy_Times

Forwarded from Mizzima
စစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ဟု ဒုစစ်ဒေသခွဲမှူးရုံး တာဝန်ခံပြော
======================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့မှ အရပ်ဘက်ယာဥ်ငယ်များဖြင့် ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းအား အမှတ် (၈) လမ်းမကြီးပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း J.O.C တောင်ပိုင်းတိုင်း အမှတ် (၃) စစ်ဒေသ၊ ဒု- စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
" ခမရ (၅၉၁)၊ (၅၈၆) ၊ (၅၈၇) ၊ (၃၄၃) ၊ ခလရ (၆၁) ၊ DKBA ၊ ပျူစောထီး လင်းဦးအဖွဲ့နဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ ထုတ်နုတ်အင်အားများသည် ကားခြောက်စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး မိမိတို့ဘက်မှ စောင့်ကြိုပစ်ခတ်ခဲ့၍ ကားပေါ်ပါလာသော စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သုံးဦးဒဏ်ရခဲ့တယ်လို့ သိရပါတယ်" ဟု ဒု-စစ်ဒေသခွဲမှူးရုံး တာဝန်ခံက မဇ္ဈိမကို ပြောသည်။
ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် အရပ်ဘက်ကားအသေးခြောက်စီးခန့်ဖြင့် ရေးမြို့မှ စတင်ထွက်ခွာလာသော ခမရ (၅၉၁)၊ ခမရ (၅၈၆) ၊ ခမရ (၅၈၇) ၊ ခမရ (၃၄၃) ၊ ခလရ (၆၁) ၊ DKBA ၊ ပျူစောထီး လင်းဦးအဖွဲ့နှင့် မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးအဖွဲ့တို့မှ တပ်သားများအား ရေးမြို့နယ်၊ နှင်းစုံကျေးရွာနှင့် စံပြကျေးရွာအကြားရှိ ထီးမေဘောတံတားအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
" မိမိတို့ဘက်မှ ပစ်ခတ်မှုမှာ ငါးမိနစ်ခန့်သာ ကြာခဲ့ပြီး တပ်ဖွဲ့ဝင်များ ဆုတ်ခွာလာချိန်တွင်မှ စစ်တပ်ဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပါတယ်" ဟု ဒု-စစ်ဒေသခွဲမှူးရုံး တာဝန်ခံက ဆက်လက်ပြောဆိုသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအား တပ်မဟာ (၆) KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ (၃) မှ ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် အဆိုပါယာဉ်တန်း၏ ကားနှစ်စီးမှာ ထိုးရပ်သွားခဲ့ပြီး ပစ်ခတ်ချိန် ငါးမိနစ်အတွင်း ထိုကားနှစ်စီးပေါ်တွင် ပါလာသော စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး၍ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း တပ်မဟာ (၆) KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ( ၃ )ရဲဘော်များဘက်တွင် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း မြိတ်မြို့၊ ထားဝယ်မြို့တို့အား ဆက်သွယ်ထားသည့် အမှတ် (၈) လမ်းမကြီးပေါ်တွင် သွားလာမည့် ယာဉ်များအား လုံခြုံရေးအရ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မဟာ (၆) KNLA၊ တပ်ရင်း(၂၇) တပ်ရင်းမှူး စောနယ်ဒါထူးက လက်မှတ်ဖြင့် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း၊ ရိက္ခာများအား သယ်ယူခြင်းမပြုရန်၊ စစ်ကောင်စီတပ်သားများနှင့် အတူစီးနင်းသွားလာခြင်း မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက ဖြစ်ပွားလာမည့်ကိစ္စများအား တာဝန်ယူမည်မဟုတ်ကြောင်းကိုပါ ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ အမှတ် (၈) လမ်းမကြီးသည် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၄) မြိတ်၊ ထားဝယ်ခရိုင်တို့အား ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်ယာဉ်တန်း
#ကြားဖြတ်တိုက်ခိုက်
#ရေးမြို့
#ဒူးပလာယာခရိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Forwarded from မြေလတ်အသံ - Myaelatt Athan
ကျမတို့ ခွဲခြားဆက်ဆံခံရတာတွေက တော်လှန်ရေးခရီးမှာ စိန်ခေါ်မှုကြီး ဖြစ်လာနေတယ် (အမျိုးသမီးကဏ္ဍ)
မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။
တော်လှန်ရေးကာလ ၃ နှစ်တင်းတင်း ပြည့်သွားတဲ့အထိ စစ်ကောင်စီကို မဆုတ်မနစ် တော်လှန်တိုက်ထုတ်နေကြတဲ့ အညာတခွင်က တော်လှန်ရေးအင်အားစုတွေထဲမှာ မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း M2W (Myaung Women Warriors) လည်း ပါဝင်ပါတယ်။
တပ်ရင်းဆိုပေမယ့် အာဏာရှင်စနစ်ကို ဖြုတ်ချရေးမှာ တိုက်ခိုက်ရေးပိုင်းမဟုတ်တဲ့ ကျရာကဏ္ဍအသီးသီးကနေ မြောင်နယ်ထဲမှာ ၃ နှစ်တိုင်တိုင် ရုန်းကန်ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။
M2W ဟာ ဒီကာလတွေထဲမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ရသလို တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ကြားထဲမှာလည်း ခွဲခြားဆက်ဆံခံရတာတွေ၊ ငြိုငြင်ဘေးဖယ်ခံရတာမျိုးတွေလည်း ကြုံခဲ့ရတယ်လို့ M2W တပ်ရင်းဆီက သိရပါတယ်။
သူတို့ တွေ တော်လှန်ရေးခရီးကြမ်းကို ဘယ်လိုဖြတ်သန်းလာခဲ့ရလဲ။ လက်ရှိ ဘာတွေလုပ်နေလဲဆိုတာကို M2W ထောက်ပို့တာဝန်ခံ အမရာကို မြေလတ်အသံ ရုပ်သံကနေ မေးမြန်းတင်ဆက်ထားပါတယ်။
အင်တာဗျူး - နမ်းခမ်း၊ သတင်းနှင့် တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ရုပ်သံ #တော်လှန်ရေး #M2W #ရဲမေ #အညာ #အမျိုးသမီးကဏ္ဍ
https://youtu.be/0mzWYdZgRRw

YouTube
ကျမတို့ ခွဲခြားဆက်ဆံခံရတာတွေက တော်လှန်ရေးခရီးမှာ စိန်ခေါ်မှုကြီး ဖြစ်လာနေတယ် (အမျိုးသမီးကဏ္ဍ)
ကျမတို့ ခွဲခြားဆက်ဆံခံရတာတွေက တော်လှန်ရေးခရီးမှာ စိန်ခေါ်မှုကြီး ဖြစ်လာနေတယ် (အမျိုးသမီးကဏ္ဍ)
မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။
တော်လှန်ရေးကာလ ၃ နှစ်တင်းတင်း ပြည့်သွားတဲ့အထိ စစ်ကောင်စီကို မဆုတ်မနစ် တော်လှန်တိုက်ထုတ်နေကြတဲ့ အညာတခွင်က တော်လှန်ရေးအင်အားစုတွေထဲမှာ…
မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။
တော်လှန်ရေးကာလ ၃ နှစ်တင်းတင်း ပြည့်သွားတဲ့အထိ စစ်ကောင်စီကို မဆုတ်မနစ် တော်လှန်တိုက်ထုတ်နေကြတဲ့ အညာတခွင်က တော်လှန်ရေးအင်အားစုတွေထဲမှာ…
Forwarded from မြေလတ်အသံ - Myaelatt Athan
စစ်သင်တန်းပြီးပေမယ့် သေနတ်မရသေးတာကြောင့် တိုက်ပွဲမလိုက်နိုင်ကြတဲ့ YDF ရဲမေများ (အမျိုးသမီးကဏ္ဍ)
မြေလတ်အသံ၊ ဧပြီ ၂၈၊ ၂၀၂၄။
နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေကို မခံရပ်နိုင်သည့် အမျိုးသမီးငယ် ၄ ဦးမှ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။
သူတို့ ၄ ဦးသည် ယောဒေသသူတွေဖြစ်ကြပြီး တော်လှန်ရေးအစောပိုင်းမှစ၍ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက် ယောကာကွယ်ရေးတပ် YDF တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ကြပြီး စစ်သင်တန်း အပတ်စဉ် ၁၃ အထိ တက်ရောက်အောင်မြင်ခဲ့ကြသည်။
လက်ရှိတွင် YDF တပ်ဖွဲ့တွင် ရဲဘော်၊ ရဲမေများကို စစ်သင်တန်း အပတ်စဉ် ၁၃ အထိ သင်ကြားပေးခဲ့ပြီး ဖြစ်ပေမယ့် အမျိုးသမီး ရဲမေများအတွက် လက်နက်မရှိ၍ တိုက်ပွဲမလိုက်နိုင်ကြဘဲ နောက်တန်းမှာသာ ထောက်ပို့အဖြစ် တာဝန်ထမ်းဆောင်နေကြရသည်။
အင်တာဗျူး - စောကျော်ငြိမ်း၊ သတင်းနှင့် တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#အမျိုးသမီးကဏ္ဍ #ရဲမေ #ယောကာကွယ်ရေးတပ်YDF #မြေလတ်သတင်း
https://youtu.be/4fKKHgXBV8c

နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေကို မခံရပ်နိုင်သည့် အမျိုးသမီးငယ် ၄ ဦးမှ…
မြေလတ်အသံ၊ ဧပြီ ၂၈၊ ၂၀၂၄။
နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေကို မခံရပ်နိုင်သည့် အမျိုးသမီးငယ် ၄ ဦးမှ…
Forwarded from မြေလတ်အသံ - Myaelatt Athan
ရေရှားပါးပြီး မသန့်ရှင်းတဲ့ရေတွေသောက်သုံးနေရလို့ ရဲဘော်၊ ရဲမေတွေ အရေပြားရောဂါဖြစ်နေ (ရုပ်/သံ)
ပုလဲ၊ မေ ၁၅၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ရေရှားပါးပြီးမသန့်ရှင်းတဲ့ရေတွေ သောက်သုံးနေရလို့ ရဲဘော်၊ ရဲမေတွေ ဝမ်းပျက်၊ ဝမ်းလျှောတာတွေနဲ့ အရေပြားရောဂါတွေ ဖြစ်နေတယ်လို့ သခင်ဒေါင်းညိုတပ်ဖွဲ့ဆီက သိရပါတယ်။
ရာသီပူပြင်းတာကြောင့် ကန်မှာရေတွေခမ်းပြီး နွံရေတွေကို သောက်သုံးနေရလို့ တပ်ဖွဲ့ဝင်ရဲဘော် ၃ ဦး နဲ့ ရဲမေ ၂ ဦီးမှာ အရေပြားယားယံတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
"ဒီဘက်မှာတော့ ရေရှားပြီး မသန့်လို့ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်နေတယ်။ ရေကခမ်းပြီး အောက်ခြေမှာက နွံတွေပါတယ်။ လက်ရှိသောက်သုံးနေရတာက ကန်ရေပဲ။ ရဲဘော်၊ ရဲမေတွေက အရေပြားတွေပေါ်မှာ အဖုအပိန့်တွေထပြီး အရေပြားရောဂါလက္ခဏာပြနေတယ်။" လို့ သခင်ဒေါင်းညိုတပ်ဖွဲ့ရဲ့ ရဲဘော် စနေမက ပြောပါတယ်။
မသန့်ရှင်းတဲ့ရေတွေကြောင့် သခင်ဒေါင်းညိုတပ်ဖွဲ့ရဲ့ ရဲဘော်ရဲဘော်တွေအပြင် ဒေသခံတွေပါ ဝမ်းပျက်ဝမ်းလျှောတာတွေနဲ့ အရေးပြားရောဂါလက္ခဏာပြနေပြီး ဆေးထိုးပေးနေပေမယ့် ဆေးဝါးတွေက လုံလုံလောက်လောက်မရှိဘူးလို့ သိရပါတယ်။
"ထိုးဆေးထိုး သောက်ဆေးတွေ သောက်နေရပါတယ်။ ဒေသခံတွေလည်း ဖြစ်နေကြပါတယ်။ အရင်နှစ်တွေကလည်း ကြုံခဲ့ရတယ်။ ရေကတော့ တော်တော်ရှားပါးနေပြီ။ သောက်ရေလည်း ဒီရေပဲသုံးတာ။" လို့ ရဲဘော် ယက္ခက ပြောပါတယ်။
ရေရှားပါးနေတာကြောင့် နေ့စဉ် ရေကိုချွေတာပြီးသုံးနေရသလို ရေရဖို့ကိုလည်း ၁ မိုင်ကျော်ကျော်လောက် သွားရတယ်လို့ ရဲဘော် ယက္ခက ပြောပါတယ်။ ယခင်နှစ်တွေက အခုလိုရာသီမှာ ကန်ရေတွေခမ်းပေးမယ့် ဒီနှစ်မှာတော့ တွင်းရေ၊ ကန်ရေတွေခမ်းခြောက်ပြီး ရေပြတ်လပ်မှုဒဏ် အဆိုးဝါးဆုံးဖြစ်တယ်လို့ သိရပါတယ်။
သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ပုလဲ #ရေရှားပါးမှု #သခင်ဒေါင်းညိုတပ်ဖွဲ့ #ရဲဘော် #ရဲမေ #အရေပြားရောဂါ
https://youtu.be/TqxQNUW1pJo

ရေရှားပါးပြီး မသန့်ရှင်းတဲ့ရေတွေသောက်သုံးနေရလို့ ရဲဘော်၊ ရဲမေတွေ အရေပြားရောဂါဖြစ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ရေရှားပါးပြီးမသန့်ရှင်းတဲ့ရေတွေ သောက်သုံးနေရလို့ ရဲဘော်၊ ရဲမေတွေ ဝမ်းပျက်၊ ဝမ်းလျှောတာတွေနဲ့ အရေပြားရောဂါတွေ ဖြစ်နေတယ်လို့…
ပုလဲ၊ မေ ၁၅၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ရေရှားပါးပြီးမသန့်ရှင်းတဲ့ရေတွေ သောက်သုံးနေရလို့ ရဲဘော်၊ ရဲမေတွေ ဝမ်းပျက်၊ ဝမ်းလျှောတာတွေနဲ့ အရေပြားရောဂါတွေ ဖြစ်နေတယ်လို့…
Forwarded from မြေလတ်အသံ - Myaelatt Athan
ပဲခူးရိုးမထဲက PDF အမျိုးသမီးတွေရဲ့ စိုက်ခင်းထွက်သီးနှံ စစ်ရှောင်တွေကိုပါ ဝေမျှနေ (ရုပ်/သံ)
အုတ်ဖို၊ သြဂုတ် ၁၉၊ ၂၀၂၄။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမထဲက PDF အမျိုးသမီးတွေစိုက်ပျိုးထားတဲ့ စားသုံးသီးနှံစိုက်ခင်း ၅ ဧကရှိပြီး အဲဒီစိုက်ခင်းတွေကနေ သီးနှံတွေ ထွက်ရှိနေပြီလို့ သိရပါတယ်။
အဲဒီစိုက်ခင်းဟာ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ UGF OKPO အဖွဲ့က အမျိုးသမီးရဲဘော်တွေ ဦးစီးစိုက်ပျိုးထားတာဖြစ်ပြီး သြဂုတ်လလယ်မှာတော့ စတင်ခူးဆွတ်စားသုံးနိုင်နေပြီလို့ UGF OKPO ရိက္ခာတာဝန်ခံ အမျိုးသမီးရဲဘော် မိုးယုစံ က ပြောပါတယ်။
ရိုးမပေါ်က ဖုန်းဆိုးမြေ ၅ ဧကခန့်ကို ရှင်းလင်းပြီး ဇွန်လအစောပိုင်းကစတင်ကာ ဗုံလုံသီး၊ ကန်ဇွန်း၊ မြေပဲ၊ တိုင်ထောင်ပဲ၊ ပြောင်းဖူး၊ ရုံးပတီ၊ မုန်လာဥ၊ ချဥ်ပေါင်၊ ငရုတ်၊ ခရမ်းသီး၊ ရွှေဖရုံသီး စတဲ့သီးနှံတွေကို စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။
စိုက်ခင်းက ထွက်ရှိလာတဲ့ သီးနှံတွေကြောင့် ရိက္ခာဖိုးကုန်ကျမှုလျော့နည်းသွားသလို အပိုကျန်ကျမှုစရိတ်လည်း သက်သာသွားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် သီးနှံတွေကို တပ်ခွဲ ၃ ခုမှာရှိတဲ့ ရဲဘော်တွေနဲ့အတူ စစ်ရှောင်ပြည်သူတွေကိုလည်း ရိက္ခာတွေမျှဝေစားသောက်နေတာဖြစ်သလို ကြက်များကိုလည်း တနိုင်တပိုင်မွေးမြူထားပြီး ကြက်ဥ၊ ကြက်သား၊ ငါးဟင်းနဲ့ ပဲမျိုးစုံတို့ကိုလည်း အလှည့်ကျကျွေးမွေးနေတယ်လို့ မိုးယုစံက ပြောပါတယ်။
လာမယ့်ဆောင်းရာသီကာလမှာလည်း တောင်ပေါ်အရပ်ဒေသမှာ မြေအစိုဓာတ်နဲ့ စိုက်ပျိုးဖြစ်ထွန်းမယ့် ဘိုကိတ်ပဲ၊ ကုလားပဲနဲ့ တခြားပဲတွေကိုလည်း ၅ ဧကခန့်တိုးချဲ့စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။
သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ပဲခူးရိုးမ #PDF #ရဲမေ #စိုက်ခင်းသီးနှံ #စစ်ရှောင် #ဝေမျှ
https://youtu.be/3zvzZw31Szc

ပဲခူးရိုးမထဲက PDF အမျိုးသမီးတွေရဲ့ စိုက်ခင်းထွက်သီးနှံ စစ်ရှောင်တွေကိုပါ ဝေမျှနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမထဲက PDF အမျိုးသမီးတွေစိုက်ပျိုးထားတဲ့ စားသုံးသီးနှံစိုက်ခင်း ၅ ဧကရှိပြီး အဲဒီစိုက်ခင်းတွေကနေ…

Forwarded from The Irrawaddy - Burmese
ရှမ်းနဲ့ ရခိုင် မှတ်ပုံတင်တွေ ကားလက်မှတ် မရောင်းပေး (ရုပ်/သံ)
မိုးသောက်၊ ဩဂုတ် ၂၅၊ ၂၀၂၄
အဝေးပြေးကားဂိတ်တွေက ရခိုင်၊ ရှမ်း၊ ပလောင်နဲ့ ကိုးကန့်လူမျိုးတွေကို လက်မှတ်မရောင်းပေးတော့ဘူးလို့ ကြေညာထားပါတယ်။
၁၁ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုးတွေ၊ ၁၃ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ရှမ်းပြည်နယ် ထဲက "ဝ" ၊ ကိုးကန့် နဲ့ ပလောင်လူမျိုးတွေကို အခုရက်ပိုင်း မှာ လက်မှတ်ရောင်းချမှုမရှိတော့တာလို့ ကားလက်မှတ်အရောင်းဌာနတွေ ဆီကနေသိရပါတယ်၊၊
စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေအားကောင်းတဲ့ ပဲခူး၊ စစ်ကိုင်းနဲ့ မကွေး မှတ်ပုံတင်နံပတ်တွေဖြစ်တဲ့ ၇မျဉ်းစောင်း၊၅မျဉ်းစောင်းနဲ့ ၈မျဉ်းစောင်း တွေကိုလည်း အရင်တတည်းက တင်းကြပ်နေတာဖြစ်ပြီး အခု ရှမ်းနဲ့ ရခိုင်ပြည်နယ် မှတ်ပုံတင်တွေကို ထပ်မံ တင်းကြပ်လိုက်တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက သူတို့ လက်လွတ်လိုက်ရတဲ့ မြို့တွေကို လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်နေရချိန်မှာ အခုလိုကူးသန်းသွားလာ ခွင့်ပိတ်ပင်ခံ လိုက်ရတာဖြစ်ပါတယ်၊၊
https://youtu.be/OMhOx3JS508
#မြန်မာ #ဧရာဝတီ #ကားလက်မှတ် #ရှမ်း #ရခိုင် #ပလောင် #ကိုးကန့် #မှတ်ပုံတင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

၁၁ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုးတွေ၊…