MSI - MYANMAR SECRET INFORMATIONS
27K subscribers
88K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Forwarded from PNLA News&Info
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ နန်းတုတ်ကျေးရွာကို ဗုံးကျဲတိုက်ခိုက်

မတ်လ ၊ ၂၃ ရက် ၊ ၂၀၂၄ ခုနှစ်

အကြမ်းဖက် စစ်ကောင်စီသည် ယမန်နေ့ညတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ည ၁၂ နာရီအချိန်တွင် စစ်ကောင်စီက နန်းတုတ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ထိုသို့တိုက်ခိုက်ခြင်းကြောင့် နန်းတုတ်ကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ဆေးခန်း ၁ လုံးထိခိုက်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီသည် ပြည်သူလူထုနေထိုင်သည့် ကျေးရွာများ မြို့များကို လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးနေလျက်ရှိသည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
ဆီဆိုင်တွင် တိုက်ပွဲပြင်းထန်နေ

မတ်လ ၂၇ ရက် ၂၀၂၄ ခုနှစ်

ဆီဆိုင်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် ယနေ့အချိန်ထိ နေ့စဉ် တိုက်ပွဲပြင်းထန်နေလျက်ရှိသည်။ စစ်ကောင်စီမှ မြို့တွင်းသို့ တင့်ကားများအသုံးပြုကာ ထိုးစစ်ဆင်နေလျက်ရှိပြီး လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် မိဘပြည်သူများ၏ အိုးအိမ်များသည်လည်း ပျက်စီးနေရလျက်ရှိသည်။

လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့အတွင်းသို့ အချို့ပြည်သူများက အရဲစွန့်ကာ ဝင်ရောက်ရန်ကြိုးစားခြင်းများကြောင့် စစ်ကောင်စီနှင့်အပေါင်းအပါလက်ပါးစေများက ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်ရာ ပြည်သူအချို့ ထိခိုက်သေဆုံးခြင်း အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခြင်းများရှိသည်ဟု ကြားသိနေရပါသည်။

ဆီဆိုင်မြို့သည် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ကျရောက်နေပြီး တိုက်ပွဲလည်းပြင်းထန်လျက်ရှိနေသဖြင့် အရဲစွန့်ကာ မြို့တွင်းသို့ ဝင်ရောက်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်သင့်ပါ။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ တရားဝင် သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန်နှင့် တရားဝင်အသိပေးထုတ်ပြန်ချင်း မရှိသေးပဲ မြို့တွင်းသို့ အရဲစွန့် ဝင်ရောက်ခြင်းများ မပြုလုပ်ကြရန် အထူးတိုက်တွန်းအပ်ပါသည်။

ထို့အပြင် မဲနယ်တောင်ဒေသသို့ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ ရောက်ရှိသည့် ပအိုဝ်းကျေးရွာများတွင် မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း ခိုးယူခြင်းများပြုလုပ်နေလျက်ရှိသည်။

ယမန်နေ့တွင်လည်း စစ်ကောင်စီစစ်ကြောင်းသည် လုံးဒါကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူများ၏ ပစ္စည်းများကို ခိုးယူသယ်ဆောင်ခဲ့ပြီး ယင်းကျေးရွာတွင်ပင် တပ်စွဲနေထိုင်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် လွယ်မောတောင်ဒေသကိုလည်း လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ခတ်ခဲ့သည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
ဆီဆိုင်တွင် တိုက်ပွဲပြင်းထန်နေ

မတ်လ ၂၇ ရက် ၂၀၂၄ ခုနှစ်

ဆီဆိုင်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် ယနေ့အချိန်ထိ နေ့စဉ် တိုက်ပွဲပြင်းထန်နေလျက်ရှိသည်။ စစ်ကောင်စီမှ မြို့တွင်းသို့ တင့်ကားများအသုံးပြုကာ ထိုးစစ်ဆင်နေလျက်ရှိပြီး လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် မိဘပြည်သူများ၏ အိုးအိမ်များသည်လည်း ပျက်စီးနေရလျက်ရှိသည်။

လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့အတွင်းသို့ အချို့ပြည်သူများက အရဲစွန့်ကာ ဝင်ရောက်ရန်ကြိုးစားခြင်းများကြောင့် စစ်ကောင်စီနှင့်အပေါင်းအပါလက်ပါးစေများက ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်ရာ ပြည်သူအချို့ ထိခိုက်သေဆုံးခြင်း အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခြင်းများရှိသည်ဟု ကြားသိနေရပါသည်။

ဆီဆိုင်မြို့သည် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ကျရောက်နေပြီး တိုက်ပွဲလည်းပြင်းထန်လျက်ရှိနေသဖြင့် အရဲစွန့်ကာ မြို့တွင်းသို့ ဝင်ရောက်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်သင့်ပါ။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ တရားဝင် သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန်နှင့် တရားဝင်အသိပေးထုတ်ပြန်ချင်း မရှိသေးပဲ မြို့တွင်းသို့ အရဲစွန့် ဝင်ရောက်ခြင်းများ မပြုလုပ်ကြရန် အထူးတိုက်တွန်းအပ်ပါသည်။

ထို့အပြင် မဲနယ်တောင်ဒေသသို့ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ ရောက်ရှိသည့် ပအိုဝ်းကျေးရွာများတွင် မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း ခိုးယူခြင်းများပြုလုပ်နေလျက်ရှိသည်။

ယမန်နေ့တွင်လည်း စစ်ကောင်စီစစ်ကြောင်းသည် လုံးဒါကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူများ၏ ပစ္စည်းများကို ခိုးယူသယ်ဆောင်ခဲ့ပြီး ယင်းကျေးရွာတွင်ပင် တပ်စွဲနေထိုင်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် လွယ်မောတောင်ဒေသကိုလည်း လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ခတ်ခဲ့သည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
စစ်ကောင်စီက ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကို ပစ်ခတ်တိုက်ခိုက်

မတ်လ ၂၈ရက် ၂၀၂၄ ခုနှစ်

တိုက်ပွဲဖြစ်ပွခြင်းမရှိပဲ စစ်ကောင်စီမှကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယမန်နေ့တွင် စစ်ကောင်စီသည် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီက ထိုသို့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ထီခိုးကျေးရွာမှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့မှာ ကျေးရွာအတွင်း ပိတ်မိနေခဲ့သည်။

ထို့အပြင် ယမန်နေ့တွင်ပင် ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအနီး နေ့လည် ၂နာရီအချိန်ခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မီးလောင်ဗုံးကျဲချတိုက်ခိုက်ခြင်းကြောင့် မိဘပြည်သူ၏ စည်းအိမ်ဥစ္စာများ ထိခိုက်ပျက်စီးခဲ့ရသည်။

ထိုတိုက်ခိုက်မှုကြောင့် စက်လှေဆိပ်တွင်ရပ်နားထားသည့် ပြည်သူပိုင် ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီသည် ယမန်နေ့တွင် ဆီဆိုင်မြို့ပေါ်ကိုလည်း လက်နက်ကြီးဖြင့် အကြိမ် ၂၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

PNLAသတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
ဆီဆိုင်မြို့တွင်းအခြေအနေနှင့်ပတ်သက်ပြီး သတင်းတု သတင်းမှားများအား သတိပြုကြရန်လိုအပ်

မတ်လ ၃၀ ရက် ၂၀၂၄ ခုနှစ်

လက်ရှိဆီဆိုင်မြို့တွင်းသည် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ ဖြစ်ပါသည်။ စစ်ကောင်စီသည် မြို့တွင်းသို့ စစ်ကြောင်းထိုးလာသဖြင့် မြို့သည် စစ်ဇုန်ဖြစ်နေပါသည်။

ယမန်နေ့တွင် စစ်ကောင်စီသည် လူထုတချို့ကို ပအိုဝ်း၀တ်စုံ ၀တ်ဆင်စေပြီး လူသားဒိုင်းလုပ်ကာ ဆီဆိုင်မြို့တွင်းနေရာအချို့တွင် ဓာတ်ပုံ၀င်ရိုက်ကြသည်ကို တွေ့မြင်နေရသည်။

စစ်ကောင်စီက လူထုကို လူသားဒိုင်းလုပ်ထားသဖြင့် တော်လှန်ရေးအင်အားစုက တိုက်ခိုက်မှုမပြုလုပ်ကြခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် အင်အားဖြည့်တင်းကာ ဆီဆိုင်မြို့ကို ပစ်ခတ်ဖျက်ဆီးနေလျက်ရှိသဖြင့် တိုက်ပွဲလည်းဖြစ်ပွားနေဆဲဖြစ်သည်။

ထို့အပြင် စစ်ကောင်စီသည် ပြည်သူအား လူသားဒိုင်းအဖြစ်အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် လူထုများအား မြို့တွင်းပြန်ဝင်နိုင်ပြီဖြစ်ကြောင်း သတင်းအမှားများဖြန့်နေလျက်ရှိသည်။

သတင်းအမှားများကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ဝင်ရောက်မိပါက စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို ခခံရနိုင်ပြီး မလိုလားအပ်သည့် ထိခိုက်မှုများလည်းဖြစ်ပွားနိုင်ပါသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းမခံရစေရန်နှင့် တိုက်ပွဲအကြား မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်စေရန်အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန် အထူးတိုက်တွန်းအပ်ပါသည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ဘေးရှောင်နေသည့် ဆီဆိုင်မြို့နယ် နောင်သိမ်ကျေးရွာသူတစ်ဦးကို ပစ်သတ်

ဧပြီလ ၁၁ရက် ၂၀၂၄ ခုနှစ်

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ဘေးရှောင်နေရသည့် ဆီဆိုင်မြို့နယ် နောင်သိမ်ကျေးရွာသူတစ်ဦးကို ပစ်သတ်မှု ယမန်နေ့တွင် ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီသည် နောင်သိမ်ကျေးရွာအတွင်းသို့ ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံများမှာ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုသို့ တိမ်းရှောင်နေရာမှ ယမန်နေ့ဧပြီလ၁၀ရက်နေ့ မနက် ၆နာရီတွင် ဒေါ်မူ အသက် ၃၇ နှစ်နှင့် အမျိုးသားဖြစ်သူတို့သည် နေအိမ်သို့ ပြန်လာကြရာ လမ်းပေါ်တနေရာတွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့နှင့် တွေ့ဆုံရာ PNO ပြည်သူ့စစ်က ပစ်ခတ်ခြင်းကြောင့် ဒေါ်မူမှာ သေဆုံးခဲ့ရသည်။ အမျိုးသားဖြစ်သူမှာ PNO ပြည်သူ့စစ် ပစ်ခတ်နေသည့်ကြားမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ဒေသခံ ဒေါ်မူကို ပစ်သတ်သည့် စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့သည် လွယ်တွန်တောင်ပေါ်တွင် အခြေချတပ်စွဲထားသည့် တပ်ဖွဲ့မှဖြစ်သည်။

ဧပြီလ ၈ ရက်တွင်လည်း စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ကျောင်သူတစ်ဥိိီး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရသည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
ပင်လောင်းမြို့နယ် ပင်စုံကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် တဦးသေဆုံး ၊ ဒေသခံပြည်သူ ၄ ဦးဒဏ်ရာရ

ဧပြီလ ၁၂ ရက် ၂၀၂၄ ခုနှစ်

ပအိုဝ်းဒေသ ပင်လောင်းမြို့နယ် ပင်စုံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် တဦးသေဆုံးခဲ့ပြီး ဒေသခံ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဧပြီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်များက ပင်စုံကျေးရွာထဲသို့ တမင်သက်သက် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၄ နှစ်အရွယ်ရှိ ခွန်ငြိမ်းချမ်းမှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရသည်။

ထို့အပြင် ပင်စုံဒေသခံ ၄ ဦးကလည်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်များသည် ယမန်နေ့ဧပြီ ၁၁ရက်နေ့တွင်လည်း ပင်စုံကျေးရွာကို လက်နက်ကြီးဖြင့် အကြိမ် ၂၀ နီးပါးဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ပင်စုံကျေးရွာမှ နေအိမ် ၁လုံး ပြာကျပျက်စီးခဲ့ရပြီး အခြားနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့သည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
စစ်ကောင်စီတပ်ဖွဲ့က ပအိုဝ်းဒေသခံ ၂ ဦးကို ပစ်ခတ်ရာ ၁ဦးသေဆုံး

ဧပြီလ ၁၉ရက် ၂၀၂၄ ခုနှစ်

ပအိုဝ်းဒေသ  ဆီဆိုင် - လွိုင်ကော်လမ်းမကြီးတနေရာ ဆီဆိုင်မြို့နယ် ပုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီက ပအိုဝ်းဒေသခံ ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ရာ ၁ ဦးသေဆုံးခဲ့သည်။

ကျန်ဒေသခံ ၁ ဦးမှာ စစ်ကောင်စီပစ်ခတ်နေသည့်ကြားမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ယမန်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် ဆီဆိုင်မြို့နယ် ဖြီတခေါ့ကျေးရွာမှ ဒေသခံနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ခရီးသွားရာမှ ပုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့်ထိပ်တိုက်တိုးမိသဖြင့် စစ်ကောင်စီက စစ်ဆေးမေးမြန်းခြင်းမရှိပဲ ပစ်ခတ်ရာ ရွာသား ၁ ဦးမှာ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင်ပင်သေဆုံးခဲ့ခြင်းသည်။

ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသူ၏ ရုပ်အလောင်းကို လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ပြန်လည်သယ်ယူခွင့်မပြုသေးကြောင်းသိရသည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
စစ်ကောင်စီက ဝိန်းလုံ ကျေးရွာကို လက်နက်ကြီးများ ဒရုန်းများဖြင့် တိုက်ခိုက်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရ

ဧပြီလ ၃၀ ရက် ၂၀၂၄ ခုနှစ်

စစ်ကောင်စီက ယမန်နေ့တွင် ဆီဆိုင်မြို့နယ် ဝိန်းလုံကျေးရွာကို လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကျေးရွာအတွင်းရှိ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယမန်နေ့ ညနေခင်း ၃ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ဝိန်းလုံကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ၄ ကြိမ် လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဝိန်းလုံကျေးရွာပတ်ဝန်းကျင်တွင် ဒရုန်းဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံများမှ ကြောက်ရွံ့ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့သည် ဆီဆိုင်မြို့နယ် နမ့်တောင်းကျေးရွာအနီးရှိ တောင်ယာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တောင်ယာအတွင်းရှိ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူများမှာ ခွန်ဖူးဆို အသက် ၈ နှစ် ၊ နန်းရွှေစင် အသက် ၆ နှစ် နှင့် နန်းဒွုတ် အသက် ၂၉ နှစ်တို့ဖြစ်သည်။

PNLA သတင်းစဥ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ထမ်းယံ၊ ပန်အွန်းကျေးရွာမှ ပြည်သူလူထုများကို ဓားစာခံပြုလုပ်

မေလ ၁ ရက် ၂၀၂၄ ခုနှစ်

စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်များက ထမ်းယံ ၊ ပန်းအွန်းကျေးရွာမှ လူထုများကို အပြင်ထွက်ခွင့်မပေးပဲ ဓားစာခံအဖြစ် ပြုလုပ်ထားနေသည်။

စစ်ကောင်စီ နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့များသည် ဆီဆိုင်မြို့နယ် ထမ်းယံ ကျေးရွာနှင့် ပန်အွန်းကျေးရွာမှ ပြည်သူများကို တောင်ယာကိုလည်း ပေးမသွားသည့်အပြင် ရွာပြင်ကိုလည်း ထွက်ခွင့်မပေးပဲ ပိတ်ပင်တားဆီးထားနေခြင်းဖြစ်သည်။

ဒေသခံပြည်သူများကို တောင်ယာအတွင်းတွင်လည်းကောင်း ကျေးရွာအပြင်ဘက် တောတောင်အတွင်းတွင်လည်းကောင်း တွေ့ရှိပါက တော်လှန်ရေးသမားအဖြစ် သတ်မှတ်ပြီး ပစ်ခတ်မည်ဟု စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့က ဒေသခံများကို ခြိမ်းခြောက်တားမြစ်ထားခြင်းဖြစ်သည်။

“သူတို့က အိမ်ပေါ်တက်အိပ်တာလည်း ဖိနပ်မချွတ်ဘူး ထမင်းဟင်းလည်း နေ့တိုင်းချက်ပေးရတယ်။ အပြောအဆိုလည်း တအားရိုင်းတယ်။ ရွာအပြင်မှာတွေ့တာနဲ့ တော်လှန်ရေးသမားလို့ သတ်မှတ်ပြီး ပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ ရွာကနေ မြို့ကို ဆင်းတဲ့လမ်းမှာလည်း သူတို့ဂိတ်တွေက ပြည်သူတွေကို စစ်ဆေးတာ တအားရိုင်းပြီး ဖုန်းတွေသိမ်းတယ်။ ပိုက်ဆံတွေ တောင်းတယ်။” လို့ ပြည်သူတဦးကပြောပါတယ်။

PNLA သတင်းစဥ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
အကြမ်းဖက်စစ်ကောင်စီ နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က သဘက်ချောင်းကူးတံတားတစင်းကို ထပ်မံဖျက်ဆီး

မေလ ၂ ရက် ၂၀၂၄ ခုနှစ်

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် နောင်စကာကျေးရွာနှင့် ရွှေတဂူဘုရားအနီးတွင် ရှိသည့် သဘက်ချောင်းတံတားကို မိုင်းဖောက်ဖျက်ဆီးခဲ့သဖြင့် တံတားမှား မီးလောင်ပျက်စီးသွားခဲ့ရသည်။

ယမန်နေ့မနက် ၆ နာရီအချိန်ခန့်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ရွှေတဂူဘုရားအနီးတွင်ရှိသည့် သဘက်ချောင်းကူးတံတားကို မိုင်းဖြင့်လာရောက်ဖောက်ခွဲသည့်အပြင် တံတားကို ဒရုန်းဖြင့် မီးလောင်ဗုံး ကျဲချ ပစ်ခတ်ခြင်းကြောင့် တံတားပျက်စီးသွားခဲ့သည်။

ထို့အပြင် ရွှေတဂူဘုရားဝင်းအတွင်းကိုလည်း စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ဘုရားစေတီများလည်း ပျက်စီးခဲ့ရသည်။

ထိုသို့ ပြည်သူများအသုံးပြုသွားလာနေသည့် တံတားနှင့် ပြည်သူများ အထွဋ်အထိပ်ထားရာ ဘာသာရေးအဆောက်အဦးကို လာရောက်ဖျက်ဆီးသည့် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ သွားရောက်ရှင်းလင်းရာ ၈ ဦးထက်မနည်းကျဆုံးပြီး အလောင်း ၂ လောင်း ကျန်ရှိခဲ့ပြီး ခဲယမ်းကျည်ဆံအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီနှင့်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်များက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း ဒရုန်းများဖြင့် ပစ်ခတ်ခြင်းကြောင့် သဘက်ကျေးရွာအုပ်စုရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် သဘက်ကျေးရွာအုပ်စု ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

PNLA သတင်းစဥ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာမှ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

မေလ ၇ ရက် ၂၀၂၄ ခုနှစ်

စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာမှ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

ယင်းဒေသခံ ၉ ဦးကို စစ်ကောင်စီတပ်က ယမန်နေ့တွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။

စစ်ကောင်စီမှ ထီဗွာကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် ကြောက်ရွံ့သဖြင့် စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်သည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံများတွင် အမျိုးသား ၅ ဦး အမျိုးသမီး ၄ ဦးတို့ဖြစ်ပြီး အမျိုးသမီးထဲတွင် ကိုယ်ဝန်သည်အမျိုးသမီးတဦးလည်းပါဝင်သည်။

ထို့အပြင် ကျေးရွာအတွင်းသို့ ပစ္စည်းပြန်သယ်သည့် ထီဗွာကျေးရွာသားတဦးမှာလည်း စစ်ဘေးရှောင်ရာနေရာသို့ ပြန်မရောက်လာပဲ ပျောက်ဆုံးနေသည်မှာ ၂ ရက်ရှိပြီဖြစ်သည်။

PNLAသတင်းစဥ်

#PNLO #PNLA #pnlaသတင်းစဉ် #pnlanews
Forwarded from PNLA News&Info
စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာသူကြီးနဲ့ ညီဖြစ်သူကို နှိပ်စက်သတ်ဖြတ်

မေလ ၁၀ ရက်နေ့ ၂၀၂၄ ခုနှစ်

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာရဲ့ ရွာသူကြီး နဲ့ ညီဖြစ်သူကို ဒီကနေ့မနက်မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

စစ်ဘေးရှောင်နေတဲ့ ရွာသူကြီး ဝေးဇာခွန်နဲ့ ညီဖြစ်သူ ဝေးပလွန်ကို စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်က ပြောဆိုတိုင်ပင်စရာရှိတဲ့အတွက် ရွာသို့ ခဏပြန်လာခဲ့ရန် လိမ်ညာပြောဆိုခဲ့တာဖြစ်ပြီး ရွာသူကြီးနဲ့ညီဖြစ်သူ ရွာထဲပြန်ရောက်တဲ့အချိန် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ရွာသူကြီး ဝေးဇာခွန်ဟာ ရပ်ရွာအကျိုးကို သယ်ပိုးနေသူဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ကူညီစောင့်ရှောက်ပေးနေတဲ့ ဒေသခံလူထုအားကိုးရတဲ့သူဖြစ်ပါတယ်။

PNLA သတင်းစဥ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေးကျေးရွာ၏ ရွာသူကြီးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့အထိ ပြန်မလွတ်သေး

မေလ ၁၆ ရက် ၂၀၂၄ ခုနှစ်

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးလယ်အဖွဲ့က ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေးကျေးရွာ၏ ရွာသူကြီးဖြားခွန်လျောကို ပြီးခဲ့သည့် မေလ ၂ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ရွာသူကြီး ဖြားခွန်လျောသည် ကားနှင့် ဆီဆိုင်သို့သွားရာမှ ဆီဆိုင်မရောက်မှီ ပုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ရွာသူကြီး ဖြားခွန်လျောကို ဖမ်းဆီးထားသည်မှာ ၁၀ ရက်ကျော်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြန်မလွတ်ပေးသေးပဲ ကားကိုလည်း PNO ပြည်သူ့စစ်က သိမ်းဆည်းသွားခဲ့သည်။

“ရွာသူကြီးက ဆေးပညာလည်းတတ်တော့ ကျန်းမာရေးကိစ္စဆို သူပဲ အားကိုးနေရတာ။ ဒေသခံတွေက ဆရာဝန်လျောလို့လည်းခေါ်တယ်။ အခုက ဖမ်းသွားတာ ၁၀ ရက်ကျော်ပြီ။ အဆက်အသွယ်လည်းမရတော့ဘူး။ လူလည်းပြန်မရောက်လာဘူး။ နောင်ရင်း ရွာသူကြီး ညီအစ်ကိုလည်း PNO က သတ်သွားတယ်ဆိုတော့ နောင်ဗိုကန်တော်လေးရွာသူကြီးလည်း အဲ့လို အသတ်ခံရမှာစိုးတယ်။ အသက်ရှင်နေသေးရင်လည်း ပြန်လွတ်ပေးစေချင်တယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် နောင်ရင်းရွာသူကြီး ညီအစ်ကို ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင် ရွာသူကြီးပိုင်ဆိုင်သည့် ကုန်တင်ကား ၁ စီးကိုပါ သိမ်းဆည်းရမိခဲ့သည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်