MSI - MYANMAR SECRET INFORMATIONS
27K subscribers
88K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
စစ်ကောင်စီတပ်နှင့်နီးစပ်သူ သံဖြူဇရပ်မြို့နယ် YMBA အတွင်းရေးမှူး ဌေးအောင် သေနတ်နဲ့ ၅ ချက်ပစ်သတ်ခံရ
ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ် စစ်ကောင်စီ သ တင်းပေးဟု နာမည်ကြီးသူ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၏အတွင်းရေးမှူး ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ပစ်သတ်ခံရသူမှာ သံဖြူဇရပ်မြို့နယ်၊ ကျုံဂဒတ်ရွာ တွင်နေထိုင်သူ မြို့နယ် YMBAအတွင်းရေးမှူး ဦးဌေးအောင် ဆိုသူဖြစ်ပြီး ၄င်းသည် သံဖြူဇရပ်-ကျိုက္ခမီကားလမ်းဘေး စျေးဆိုင်အတွင်းရှိနေစဥ် အ မည်မသိလူနှစ်ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်သွားကြောင်း သိရသည်။
'' စျေးဆိုင်ထဲမှာရှိနေတုန်း လူနှစ်ယောက်ဆိုင်ကယ်နဲ့ ရောက်လာပြီး နောက်ကလူကသေနတ်နဲ့ ၅ချက်ပစ်သွားတယ်လို့သိရတယ်။ သူကသံဖြူဇရပ်က စစ်တပ်နဲ့နီးစပ်တယ်။တပ်တွေထဲအဝင်အထွက်ရှိတယ်။'' ဟု သံဖြူဇရပ် ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကဲ့သို့ပစ်ခတ်ခံရမှုကြောင့်ဦးဌေးအောင်သည် ကျည် ၅ ချက်ဖောက်ဝင်ဒဏ်ရာဖြင့်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် YMBAအသင်းအနေဖြင့် စစ်အာဏာသိမ်းမှုကိုထောက်ခံခဲ့ပြီး စစ်ကောင်စီတပ်ကို သ တင်းပေး(ဒလန်)လုပ်ခြင်းများပြုလုပ်ခဲ့သဖြင့် မွန် ပြည်နယ် ရေးမြို့၊အပေါင်နှင့်သထုံမြို့နယ်၊ရန်ကုန်တိုင်း၊တိုက်ကြီး မြို့နယ်တို့မှ YMBAဥက္ကဌနှင့်အတွင်း ရေးမှူးများ ပစ်သတ်ခံခဲ့ရကာ ရန်ကုန်မြို့ YMBAအသင်းရုံးချုပ်လည်းဗုံးဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ- စစ်အာဏာသိမ်းမှုကိုထောက်ခံခဲ့သည့် ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း YMBAအသင်းအဖွဲ့ဝင်များ
#မွန်ပြည်နယ် #သံဖြူဇရပ် #YMBA #အတွင်းရေးမှူး #AyeyarwaddyTimes