MSI - MYANMAR SECRET INFORMATIONS
26.9K subscribers
87.8K photos
3.38K videos
131 files
15.9K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Forwarded from Tachileik News Agency
ငပလီမြို့ ဂေါ့‌ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲနေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ရှိ ဂေါ့ကျေးရွာအနီးတွင် ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၆)ရက်နေ့ နံနက်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းတို့မှ ဗုံးကြဲနေသည်ဟု သိရသည်။

ဂေါ့ကျေးရွာအနီးရှိ ပျိုးတောင်ကြီးအပါအဝင် တောင်ကြောများကို လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲနေပြီး သံတွဲ-တောင်ကုတ်အထွက်ရှိ ဘားတောင်မှလည်း လက်နက်ကြီးနှင့်ပစ်နေကာ ငပလီရှိတပ်များကလည်း လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

"မနက်အစောကြီးဗျာ လေယာဉ်နဲ့ မဆက်မပြတ်ကြဲနေတာ။ ပျိုးတောင်ကြီးဖက်၊ ဂေါ့ဖက် နေရာစုံပစ်နေတာ။ ဘားတောင်ကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်နေ‌သေးတယ်။ ရွာထဲလူမ၀င်ရဲလို့ ဘယ်သူမှ သေချာမသိဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ငပလီဒေသခံများ၏ ပြောဆိုချက်အရ အာရက္ခတပ်တော်(AA)သည် ဂေါ့ရွာအနီး မှိုဟင်းပြင်ရွာရှိ စစ်ကောင်စီ၏ ခမရ(၅၆၆) တပ်ထံ ဦးတည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုဆိုသော်လည်း Tachileik News Agency အနေဖြင့် တိကျသည့် အချက်အလက် မရထားပါ။

"ညက ဂေါ့က အုပ်ချုပ်ရေးမှုးအိမ် ဒုံးစာမိသွားတယ်‌ပြောတယ်။ အတည်တော့ မပြုနိုင်သေးဘူး။ လေယာဥ်က ပတ်သွားပြီးချနေတယ်။ သွားလိုက်ပြန်လာလိုက်နဲ့။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၂)ရက်နေ့ ညပိုင်းက စတင်ကာ ဂေါ့ရွာအနီးတွင် တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီက လက်နက်ကြီးအပြင် တိုက်လေယာဉ်၊ Y12 လေယာဉ်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်သည်။

ယင်းနေ့တိုက်ပွဲတွင် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရပြီး ရွာလုံးကျွတ်ထွက်ပြေးရကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများလည်း ထိမှန်ခဲ့သည်။

လက်ရှိတွင် သံတွဲလေဆိပ်ကိုလည်း ပိတ်ထားရပြီး ခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ရကာ လေဆိပ်မှလာနိုင်သည့် ငပလီလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားသည်ဟု သိရသည်။

ဂေါ့ရွာအနီးတွင် ငပလီဟိုတယ်ဇုန်ရှိပြီး ဇွန်လ(၃)ရက်နေ့က တိုက်ပွဲတွင် ဟိုတယ်တစ်လုံးလည်း လက်နက်ကြီး ထိမှန်ခဲ့သေးသည်။

News : https://www.tachileik.net/mm/news/36183

#TachileikNewsAgency
Forwarded from Tachileik News Agency
ပြည်သူလူထုကို သရေပေါ်နေ သရေနားစားသူများဟု စစ်ခေါင်းဆောင်ပြောဆို
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ပြည်သူလူထုကို သရေပေါ်နေ သရေနားစားသူများဟုဆိုကာ နိုင်ငံကိုပျက်စီးအောင် နိုင်ငံသားများက ပြုလုပ်နေသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၇)ရက်နေ့တွင်ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် စွပ်စွဲပြောဆိုသည်။

တစ်နိုင်ငံလုံးတွင် စစ်ကြောင်းထိုး၊ လူသတ်၊ ရွာကိုမီးရှို့ခိုင်းနေသည့် စစ်ခေါင်းဆောင်က ၎င်းတို့လုပ်ရပ်ကို ဖုံးကွယ်ကာ နိုင်ငံကိုပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် နိုင်ငံသားများကပင် အဓိကပြုလုပ်ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်ကြသူများမှာ ဒေသတွင်နေထိုင်ကြသည့် ဒေသခံ အဖျက်သမားများဖြစ်သည်ဟု ပြောဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖြစ်ပေါ်နေသည့် အကြမ်းဖက်လုပ်ရပ်များကို အဆိုပါဒေသတွင်နေထိုင်ကြသူများက လုပ်ဆောင်
ခြင်းဖြစ်ကာ အခြားဒေသတွင် နေထိုင်သူများက လာရောက်လုပ်ဆောင်ခြင်းမရှိဟု ဆိုသည်။

ထို့အပြင် ပြည်သူများကို သရေပေါ်နေ သရေနားစားသူများဖြစ်ကြောင်း အရှက်မရှိပြောဆိုပြီး လူထုအားဖြင့် ကာကွယ်ထိန်းသိမ်းရန် လိုသည်ဟုလည်း ပြောသည်။

စစ်ကောင်စီဝင်များကိုလည်း ၎င်းတို့လုပ်ရပ်များအား ဖုံးကွယ်ရန် ရောက်ရာဒေသတွင် ၎င်း‌ပြောဆိုခဲ့သည့်အချက်ကို ပြည်သူလူထုသဘောပေါက်နားလည်ရန် ပြောဆိုပေးကြရန်လည်း စစ်ခေါင်းဆောင်က တိုက်တွန်းသွားသည်။

News : https://www.tachileik.net/mm/news/36203

#TachileikNewsAgency
Forwarded from Tachileik News Agency
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Tachileik News Agency
မြ၀တီတွင် ရေကြီးနေသဖြင့် သွားလာရခက်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၉)ရက်နေ့တွင် ရေကြီးနေကြောင်း ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြ၀တီမြို့နေရာအများစုတွင် ရေကြီးနေပြီး သွားလာရေးအခက်အခဲနေသည်ဟု သိရသည်။

#TachileikNewsAgency
Photo: CJ
Forwarded from Tachileik News Agency
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Tachileik News Agency
ရန်ကုန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်ဟု စွပ်စွဲကာ လူ ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်သည်ဟုစွပ်စွဲကာ လူ(၉)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီသတင်းဌာနများက ၂၀၂၄ခုနှစ် ဇွန်လ(၁၀)ရက်နေ့က ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ရန်ကုန်(UG)အဖွဲ့ဝင်များဖြစ်ပြီး ၂၀၂၄ခုနှစ် ဇွန်လ(၈)ရက်နေ့တွင် သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲတက်ရောက်မည့် စစ်ခေါင်းဆောင်ကို (၁၀၇)မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်နေသူများဖြစ်သည်ဟု စစ်ကောင်စီသတင်းဌာနများက စွပ်စွဲဖော်ပြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၁)ရပ်ကွက် သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်း အဟောင်း၌ စိန်ကြီး(ခ)အောင်ထွေး (၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင် (၁၈)နှစ်၊ မင်းသူ (၃၀)နှစ်၊ မောင်ဟိန်း (၂၄)နှစ်၊ အောင်သူရထွန်း (၂၅)နှစ်၊ ပြည့်ဖြိုးဇော် (၁၈)နှစ်နှင့် ထက်အာကာလင်း (၂၆)နှစ်တို့ (၇)ဦးအား (၁၀၇) မမရှော့တိုက်ဒုံး (၂) လုံး ၊ ဖြူးစ် (၂)ခု၊ လက်ပစ်ဗုံး (၂)လုံး၊ ဘတ္ထရီအိုး (၂)လုံး၊ ဝါယာကြိုးခွေ (၄)ခွေနှင့် အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဇွန်လ(၉)ရက်နေ့တွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ်(၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင် (ခ)ကိုဇာ (၃၂)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အမှတ်(၁၁၁) နေအိမ်မှ (၁၀၇) မမ ရှော့တိုက်ဒုံးတစ်လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိသည်ဟု ဆိုသည်။

News : https://www.tachileik.net/mm/news/36238

#TachileikNewsAgency
Forwarded from Tachileik News Agency
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Tachileik News Agency
မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများထံပေးပို့မည့် ဖုန်းအလုံး တစ်ထောင်ကျော် မဲဆောက်တွင် ဖမ်းဆီးရမိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကရင်ပြည်နယ် မြဝတီမြို့နှင့် အနီးဝန်းကျင်နေရာများရှိ ကျားဖြန့်လုပ်ငန်းများထံပေးပို့မည့် ဖုန်းအလုံးပေါင်း တစ်ထောင်ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များထံမှ သိရသည်။

မြဝတီမြို့နှင့် အနီးဝန်းကျင်ရှိ ကျားဖြန့်လုပ်ငန်းများထံသို့ နယ်စပ်ဖြတ်ကျော်ကာ ခိုးသွင်းရန်ပြင်ဆင်ထားသည့် ဖုန်း(၁၀၆၂)လုံးကို ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၃)ရက်နေ့တွင် မဲဆောက်ခရိုင် အထူးတပ်ဖွဲ့သည် နယ်စပ်တစ်လျှောက် ကင်းလှည့်နေစဉ် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တာဝန်ရှိသူများက မဲဆောက်ခရိုင် သစိုင်းလွိုက်မြို့နယ် ဘန်သရက်နယ်မြေအား စစ်ဆေးရာ သေတ္တာ(၈)လုံးကိုတွေ့ရှိသဖြင့် စစ်ဆေးရာ သေတ္တာပေါ်တွင် စာလုံး KLK-T108 နှင့် တရုတ်စာလုံးများကို တွေ့ရှိရသည်ဟု သိရသည်။

စစ်ဆေးရာတွင် HUAWEI မော်ဒယ် P smart+2019 ပါ ဖုန်းများကို စစ်ဆေးတွေ့ရှိပြီး ဥပဒေကြောင်းအရ အရေးယူရန်လုပ်ဆောင်သွားမည်ဟု သိရသည်။

အာဏာပိုင်များကိုတွေ့ရှိသဖြင့် ဖုန်းများထည့်ထားသည့် သေတ္တာအား စွန့်ပစ်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟုလည်း ယူဆထားသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်နေသည့် နိုင်ငံခြားသားများအားလုံး အောက်တိုဘာလ နောက်ဆုံးထားထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF) က မေလတွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

မြဝတီမြို့အပြင် BGF ထိန်းချုပ်ရာ ရွှေက္ကိုလ်မြို့သစ်နှင့် မယ်ထော်သလေးဒေသရှိ KK Park စီမံကိန်းများသည် အွန်လိုင်းငွေလိမ်လောင်းကစားများအပြင် လူမှောင်ခိုကူးမှုနှင့် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာနေရာအဖြစ် နိုင်ငံတကာက ဝေဖန်ထားသည်။

News : https://www.tachileik.net/mm/news/36267

#TachileikNewsAgency
Forwarded from Tachileik News Agency
ကျိုင်းတုံမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦးကို ဓါးဖြင့် ထိုးသတ်သည့်အဖွဲ့မှာ ဆက်သွယ်ရေးတပ်က ဖြစ်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * *

တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့က ဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ဓါးဖြင့် ထိုးသတ်ခံရမှု၏ ဖြစ်စဉ်တွင် ဓါးဖြင့် ထိုးသည့်အဖွဲ့မှာ အမှတ်(၄) အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဖြစ်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၂၄ခုနှစ် ဇွန်လ(၉)ရက်နေ့ ည(၁၂)နာရီ မထိုးမီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်တွင်းရှိ ရွှေနဂါးစားသောက်ဆိုင် ကနေ ဇင်မျိုးထွန်း၊ မင်းဇော်ထွန်း နှင့် စိုင်းဝေထွန်းတို့ (၃)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် မောင်းကာ နေအိမ်ရှိရာ ဝေါခုတ်ကျေးရွာသို့ ပြန်လာစဉ် လမ်း၌ Toyota Crown အဖြူရောင် အမျိုးအစား ကား နှင့် Toyota Wish ကားတို့ကို မောင်းလာသည့် အမျိုးသား(၄)ဦးနှင့် စကားများရန်ဖြစ်ရာမှ ကားမောင်းလာသည့်အဖွဲ့က ကားပေါ်က ဆင်းလာပြီး ဓါးဖြင့် ထိုးသတ်ခြင်း ဖြစ်သည်ဟု သိရသည်။

Tachileik News Agency မှ ဆက်လက် စုံစမ်းမှုများအရ ကားများကို မောင်းလာသူများအနက် အမျိုးသား (၂)ဦးမှာ အမှတ်(၄) အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဖြစ်သည်ဟု သိရသည်။

လူသတ်တရားခံများကို ဖမ်းဆီးရမိထားပြီး လူသတ်သည့်အဖွဲ့မှာ စစ်တပ်က ဖြစ်နေ၍ ရဲလက်သို့ မအပ်တော့ဘဲ စစ်တပ်သို့ ခေါ်ဆောင်သွားကြောင်းနှင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အပြင်သို့ သတင်းမပေါက်ကြားရန်အတွက် လျှို့ဝှက်ထားကြောင်း သိရသည်။

"ဒီကိစ္စမှာ တပ်ဘက်က ပါနေတော့ ရဲလက်ထဲမထားတော့ဘဲ တပ်ကလူတွေကို တပ်ကိုပဲ ခေါ်ထားတယ်။ ကျန်တာကတော့ အထက်လူကြီးတွေကပဲ ဆက်လုပ်မဲ့ သဘောဘဲ၊ ဘယ်လို အရေးယူမလဲဆိုတာတော့ မသိသေးပါဘူး။ တပ်နဲ့ပတ်သက်တာဆိုတော့ ထုံးစံအတိုင်း လဝ(လျှို့ဝှက်)ပေါ့ဗျာ"ဟု အမည်မဖော်လိုသည့် တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ပြောသည်။

စကားများရန်ဖြစ်ပွားမှုကြောင့် ဆိုင်ကယ်စီးလာသည့် (၃)ဦးအနက် တစ်ဦးမှာ သေဆုံးသွားပြီး ကျန်(၂)ဦးမှာ ဒဏ်ရာအချို့ရရှိသွားကြောင်းနှင့် သေဆုံးသွားသူမှာ နေပြည်တော်တွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး မင်းဇော်ထွန်း ဖြစ်ပြီး ၎င်းသည် ကျိုင်းတုံသို့ ခွင့်ခေတ္တ ပြန်လာသူဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်း ရှိ မရှိကိုတော့ မသိရသေးပေ။

News: https://www.tachileik.net/mm/news/36275


#TachileikNewsAgency