MSI - MYANMAR SECRET INFORMATIONS
27K subscribers
88K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Forwarded from Tachileik News Agency
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Tachileik News Agency
ရန်ကုန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်ဟု စွပ်စွဲကာ လူ ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်သည်ဟုစွပ်စွဲကာ လူ(၉)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီသတင်းဌာနများက ၂၀၂၄ခုနှစ် ဇွန်လ(၁၀)ရက်နေ့က ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ရန်ကုန်(UG)အဖွဲ့ဝင်များဖြစ်ပြီး ၂၀၂၄ခုနှစ် ဇွန်လ(၈)ရက်နေ့တွင် သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲတက်ရောက်မည့် စစ်ခေါင်းဆောင်ကို (၁၀၇)မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်နေသူများဖြစ်သည်ဟု စစ်ကောင်စီသတင်းဌာနများက စွပ်စွဲဖော်ပြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၁)ရပ်ကွက် သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်း အဟောင်း၌ စိန်ကြီး(ခ)အောင်ထွေး (၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင် (၁၈)နှစ်၊ မင်းသူ (၃၀)နှစ်၊ မောင်ဟိန်း (၂၄)နှစ်၊ အောင်သူရထွန်း (၂၅)နှစ်၊ ပြည့်ဖြိုးဇော် (၁၈)နှစ်နှင့် ထက်အာကာလင်း (၂၆)နှစ်တို့ (၇)ဦးအား (၁၀၇) မမရှော့တိုက်ဒုံး (၂) လုံး ၊ ဖြူးစ် (၂)ခု၊ လက်ပစ်ဗုံး (၂)လုံး၊ ဘတ္ထရီအိုး (၂)လုံး၊ ဝါယာကြိုးခွေ (၄)ခွေနှင့် အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဇွန်လ(၉)ရက်နေ့တွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ်(၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင် (ခ)ကိုဇာ (၃၂)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အမှတ်(၁၁၁) နေအိမ်မှ (၁၀၇) မမ ရှော့တိုက်ဒုံးတစ်လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိသည်ဟု ဆိုသည်။

News : https://www.tachileik.net/mm/news/36238

#TachileikNewsAgency
Forwarded from Tachileik News Agency
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Tachileik News Agency
မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများထံပေးပို့မည့် ဖုန်းအလုံး တစ်ထောင်ကျော် မဲဆောက်တွင် ဖမ်းဆီးရမိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကရင်ပြည်နယ် မြဝတီမြို့နှင့် အနီးဝန်းကျင်နေရာများရှိ ကျားဖြန့်လုပ်ငန်းများထံပေးပို့မည့် ဖုန်းအလုံးပေါင်း တစ်ထောင်ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များထံမှ သိရသည်။

မြဝတီမြို့နှင့် အနီးဝန်းကျင်ရှိ ကျားဖြန့်လုပ်ငန်းများထံသို့ နယ်စပ်ဖြတ်ကျော်ကာ ခိုးသွင်းရန်ပြင်ဆင်ထားသည့် ဖုန်း(၁၀၆၂)လုံးကို ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၃)ရက်နေ့တွင် မဲဆောက်ခရိုင် အထူးတပ်ဖွဲ့သည် နယ်စပ်တစ်လျှောက် ကင်းလှည့်နေစဉ် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တာဝန်ရှိသူများက မဲဆောက်ခရိုင် သစိုင်းလွိုက်မြို့နယ် ဘန်သရက်နယ်မြေအား စစ်ဆေးရာ သေတ္တာ(၈)လုံးကိုတွေ့ရှိသဖြင့် စစ်ဆေးရာ သေတ္တာပေါ်တွင် စာလုံး KLK-T108 နှင့် တရုတ်စာလုံးများကို တွေ့ရှိရသည်ဟု သိရသည်။

စစ်ဆေးရာတွင် HUAWEI မော်ဒယ် P smart+2019 ပါ ဖုန်းများကို စစ်ဆေးတွေ့ရှိပြီး ဥပဒေကြောင်းအရ အရေးယူရန်လုပ်ဆောင်သွားမည်ဟု သိရသည်။

အာဏာပိုင်များကိုတွေ့ရှိသဖြင့် ဖုန်းများထည့်ထားသည့် သေတ္တာအား စွန့်ပစ်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟုလည်း ယူဆထားသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်နေသည့် နိုင်ငံခြားသားများအားလုံး အောက်တိုဘာလ နောက်ဆုံးထားထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF) က မေလတွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

မြဝတီမြို့အပြင် BGF ထိန်းချုပ်ရာ ရွှေက္ကိုလ်မြို့သစ်နှင့် မယ်ထော်သလေးဒေသရှိ KK Park စီမံကိန်းများသည် အွန်လိုင်းငွေလိမ်လောင်းကစားများအပြင် လူမှောင်ခိုကူးမှုနှင့် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာနေရာအဖြစ် နိုင်ငံတကာက ဝေဖန်ထားသည်။

News : https://www.tachileik.net/mm/news/36267

#TachileikNewsAgency
Forwarded from Tachileik News Agency
ကျိုင်းတုံမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦးကို ဓါးဖြင့် ထိုးသတ်သည့်အဖွဲ့မှာ ဆက်သွယ်ရေးတပ်က ဖြစ်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * *

တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့က ဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ဓါးဖြင့် ထိုးသတ်ခံရမှု၏ ဖြစ်စဉ်တွင် ဓါးဖြင့် ထိုးသည့်အဖွဲ့မှာ အမှတ်(၄) အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဖြစ်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၂၄ခုနှစ် ဇွန်လ(၉)ရက်နေ့ ည(၁၂)နာရီ မထိုးမီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်တွင်းရှိ ရွှေနဂါးစားသောက်ဆိုင် ကနေ ဇင်မျိုးထွန်း၊ မင်းဇော်ထွန်း နှင့် စိုင်းဝေထွန်းတို့ (၃)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် မောင်းကာ နေအိမ်ရှိရာ ဝေါခုတ်ကျေးရွာသို့ ပြန်လာစဉ် လမ်း၌ Toyota Crown အဖြူရောင် အမျိုးအစား ကား နှင့် Toyota Wish ကားတို့ကို မောင်းလာသည့် အမျိုးသား(၄)ဦးနှင့် စကားများရန်ဖြစ်ရာမှ ကားမောင်းလာသည့်အဖွဲ့က ကားပေါ်က ဆင်းလာပြီး ဓါးဖြင့် ထိုးသတ်ခြင်း ဖြစ်သည်ဟု သိရသည်။

Tachileik News Agency မှ ဆက်လက် စုံစမ်းမှုများအရ ကားများကို မောင်းလာသူများအနက် အမျိုးသား (၂)ဦးမှာ အမှတ်(၄) အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဖြစ်သည်ဟု သိရသည်။

လူသတ်တရားခံများကို ဖမ်းဆီးရမိထားပြီး လူသတ်သည့်အဖွဲ့မှာ စစ်တပ်က ဖြစ်နေ၍ ရဲလက်သို့ မအပ်တော့ဘဲ စစ်တပ်သို့ ခေါ်ဆောင်သွားကြောင်းနှင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အပြင်သို့ သတင်းမပေါက်ကြားရန်အတွက် လျှို့ဝှက်ထားကြောင်း သိရသည်။

"ဒီကိစ္စမှာ တပ်ဘက်က ပါနေတော့ ရဲလက်ထဲမထားတော့ဘဲ တပ်ကလူတွေကို တပ်ကိုပဲ ခေါ်ထားတယ်။ ကျန်တာကတော့ အထက်လူကြီးတွေကပဲ ဆက်လုပ်မဲ့ သဘောဘဲ၊ ဘယ်လို အရေးယူမလဲဆိုတာတော့ မသိသေးပါဘူး။ တပ်နဲ့ပတ်သက်တာဆိုတော့ ထုံးစံအတိုင်း လဝ(လျှို့ဝှက်)ပေါ့ဗျာ"ဟု အမည်မဖော်လိုသည့် တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ပြောသည်။

စကားများရန်ဖြစ်ပွားမှုကြောင့် ဆိုင်ကယ်စီးလာသည့် (၃)ဦးအနက် တစ်ဦးမှာ သေဆုံးသွားပြီး ကျန်(၂)ဦးမှာ ဒဏ်ရာအချို့ရရှိသွားကြောင်းနှင့် သေဆုံးသွားသူမှာ နေပြည်တော်တွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး မင်းဇော်ထွန်း ဖြစ်ပြီး ၎င်းသည် ကျိုင်းတုံသို့ ခွင့်ခေတ္တ ပြန်လာသူဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်း ရှိ မရှိကိုတော့ မသိရသေးပေ။

News: https://www.tachileik.net/mm/news/36275


#TachileikNewsAgency
Forwarded from Tachileik News Agency
အိန္ဒိယနိုင်ငံသို့ပို့ဆောင်မည့် ဘိန်းဖြူများကို တွန်းဇံမြို့နယ်တွင် ဖမ်းမိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ လုံခြုံရေးဂိတ်တွင် အိန္ဒိယနိုင်ငံသို့ပို့ဆောင်မည့် ဘိန်းဖြူများ သယ်ဆောင်လာသူ (၂)ဦးကို ဖမ်းဆီးရမိကြောင်း ချင်းအမျိုးသားတပ်မတော်ထံမှ သိရသည်။

ချင်းအမျိုးသားတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ခုနှစ် ဇွန်လ (၁၃)ရက်နေ့တွင် ဆပ်ပြာဗူးပေါင်း(၁၀၀၀)ဖြင့်ထည့်ကာ အိန္ဒိယနိုင်ငံသို့ ပို့ဆောင်မည့် ကာလတန်ဖိုး ရူပီးငွေသိန်း(၃၅၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းဖြူသယ်ဆောင်လာသူ(၂)ဦး၏ ယာဉ်ကို မူးယစ်ဆေးဝါးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ယာယီသိမ်းဆည်းထားပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ကွင်းဆက်များကို ဆက်လက်စုံစမ်းနေသည်ဟု သိရသည်။

တွန်းဇံမြို့နယ်သည် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသဖြစ်သည်ဟုလည်း သိရသည်။

News : https://www.tachileik.net/mm/news/36289

#TachileikNewsAgency
Forwarded from Tachileik News Agency
ညောင်ရွှေတိုက်ပွဲအတွင်း သေဆုံးတပ်သားများကို စစ်ကောင်စီ အလောင်းလာမကောက်၍ ‌ကာကွယ်ရေးတပ်များ ကောက်ယူသင်္ဂြိုလ်ပေးနေရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို စွန့်ပစ်သွားသဖြင့် တော်လှန်ရေးတပ်များက ကောက်ယူသင်္ဂြိုလ်ပေးနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလက ညောင်လေးပင်နှင့် ရေပူရွာကြား၌ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ သေဆုံးသွားသော စစ်ကောင်စီတပ်သားရုပ်အလောင်းများကို ယနေ့ ဇွန်လ (၁၆)ရက်နေ့တွင် ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် (၂)လကျော်ကြာသည်အထိ အလောင်းလာရောက်ကောက်ယူခြင်းမရှိသည့်အတွက် ပူးပေါင်းအဖွဲ့များက ကောက်ယူ သင်္ဂြိုလ်‌ပေးခဲ့ရခြင်းဖြစ်သည်ဟု ပျားစစ်ကြောင်းက ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်‌ကောင်စီတပ်ဘက်က တပ်သား(၄၀)ကျော် သေဆုံးသည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/36299

#TachileikNewsAgency
Forwarded from Tachileik News Agency
အိုးဘိုထောင်မှ နိုင်ကျဉ်း ၇၀ ကျော်ကို မကွေးနှင့် မြင်းခြံထောင်များသို့ ပြောင်းရွှေ့
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၇၀) နှင့် မူးယစ်မှု (၃)ဦးကို နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်၍ မကွေးနှင့် မြင်းခြံအကျဉ်းထောင်များသို့ ထောင်ပြောင်းလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ (၁၅)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်တွင် မြင်းခြံအကျဉ်းထောင်သို့ နိုင်ငံရေးအကျဉ်းသားအချို့ကို ပို့ဆောင်ခဲ့ပြီး ယင်းနေ့ နံနက်(၁၁)နာရီဝန်းကျင်တွင် မကွေးအကျဉ်းထောင်သို့ ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို ပို့ဆောင်ထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

ထောင်မပြောင်းရွှေ့မီ ဇွန်လ(၇)ရက်နေ့တွင် PPNM က မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို လူဦးရေ(၅၀)သာ ပုံမှန်ထားလေ့ရှိသည့်အခန်းများအတွင်း လူဦးရေ(၁၀၀)ကျော်ခန့်ထားနေကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ထောင်အာဏာပိုင်များ၏ အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထောင်အာဏာပိုင်များ၏ လာဘ်စားမှုများကို စောင့်ကြည့်ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

ထုတ်ပြန်ပြီး ဇွန်လ(၈)ရက်နေ့တွင် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသမီး အိနွယ်ဦး (၁ ပွင့်)၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်ပပလှိုင် တို့ကို အလုပ်မှထုတ်ပယ်ခြင်းနှင့် သုံးပွင့်(ဦးစီးအရာရှိ)တို့ကို ရာထူးလျှော့ချ၍ ထောင်ပြောင်းဖြင့် အပြစ်ပေးခြင်းတို့ကို လုပ်ဆောင်ခံရသည်ဟု သိရသည်။

ထို့အပြင် ထောင်ပိုင် အောင်မျိုးချွန်ကို လွိုင်ကော်အကျဉ်းထောင်၏ ထောင်ပိုင်အဖြစ် ပြောင်းရွှေ့ထမ်း‌ဆောင်စေခဲ့ပြီး လက်ရှိ မန္တလေးအိုးဘိုအကျဥ်းထောင်တွင် ထောင်ပိုင်အသစ် သိန်းဇော်မင်းဆိုသူ အုပ်ချုပ်နေကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36302

#TachileikNewsAgency
Forwarded from Tachileik News Agency
တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ရန် မိတ္ထီလာတပ်များကို စစ်ခေါင်းဆောင်အမိန့်ပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်ရှိ တပ်ရင်းများကို တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ခုနှစ် ဇွန်လ(၁၆)ရက်နေ့တွင်ပြုလုပ်သည့် စည်းရုံးရေးခရီးစဉ်တွင် တပ်မှူးများကို အမိန့်ပေးကြောင်း သိရသည်။

စစ်တပ်ထောက်ခံသူအားကောင်းသည့် မိထ္ထိလာမြို့၌ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒီချုပ်ပါတီ(NLD)အနိုင်ရခဲ့သဖြင့် မိတ္ထီလာမြို့ရှိ တပ်တွင်းနှင့် တပ်ပြင်တို့ကပါ စည်းရုံးရေးလုပ်ရန် စစ်ခေါင်းဆောင်က တပ်မှူးများကို အမိန့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း မိတ္ထီလာလွင်ပြင်တိုက်ပွဲများ၊ လွတ်လပ်ရေးရပြီးကာလ မိတ္ထီလာလွင်ပြင်၌ စစ်တပ်က စစ်ဆင်တိုက်ခိုက်ခဲ့မှုများကိုပြောကာ မိတ္ထီလာတပ်နယ်တွင် တာဝန်ထမ်းဆောင်ရသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုများသည် ထူးခြားသည့် သမိုင်းကြောင်းအခြေအနေများ၊ အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည့်ဒေသတွင် တာဝန်ထမ်းဆောင်နေကြရခြင်းဖြစ်သည်ဟု ပြောဆိုစည်းရုံးသည်။

ခြေလျင်၊ ခြေမြန်တပ်ဖွဲ့များအပြင် လက်ရုံးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သားများသည်လည်း အမြဲတမ်း တိုက်ပွဲဝင်ရန် အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမည်ဖြစ်ကာ လက်ရုံးတပ်ဖွဲ့များအနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များအလိုက် တိုက်ပွဲဝင်နိုင်ရန်အတွက် အမြဲအသင့်ရှိစေရေး ကြိုတင်ပြင်ဆင်ထားရန်လိုသည်ဟုလည်း ဆိုသည်။

တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ တပ်နှင့် ပြည်သူ တစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိရန်လိုကြောင်း၊ တာဝန်များကို မှန်မှန်ကန်ကန်ထမ်းဆောင်ပြီး ပြည်သူက လေးစားရသည့်၊ အားကိုးရသည့် စစ်သည်များဖြစ်အောင် နေထိုင်ရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုသည်။

News : https://www.tachileik.net/mm/news/36312

#TachileikNewsAgency