MSI - MYANMAR SECRET INFORMATIONS
26.8K subscribers
87.7K photos
3.38K videos
131 files
15.8K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Forwarded from RSN WEB
မေလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုစုစုပေါင်း (၁၁) ကြိမ်ပြုလုပ်နိုင်ခဲ့
•••••••••••••••®•••••••••••••••
ဇွန် ၂၊ ၂၀၂၄

ပြီးခဲ့တဲ့မေလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများအဖြစ် ကဆုန်ညောင်ရေသွန်းလူထုလှုပ်ရှားမှုများနှင့် ဥယျာဉ်မှူးစစ်ဆင်ရေး သပိတ်လှုပ်ရှားမှုအပါအဝင် စုစုပေါင်း (၁၁) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ကြသည်။

ရန်ကုန်၌ လျှပ်စစ်မီးရရှိမှု တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာမှုကို ဆန္ဒဖော်ထုတ်သည့်အနေဖြင့် စာရွက်ကြဲခြင်းများပြုလုပ်ခဲ့သလို လူထု၏အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှပ်မှုများအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများလဲ ပြုလုပ်နိုင်ခဲ့ကြသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း ၈၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သမဂ္ဂအလံလွှင့်ထူနိုင်ခဲ့ပြီး ကဆုန်လပြည့်နေ့အထိမ်းအမှတ် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နိုင်ခဲ့သည်။

ဒါ့အပြင် Shinobi အဖွဲ့၏ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "တရားတဲ့သူသာ နိုင်ကြေးဟေ့" သပိတ်ပိုစတာ ချိတ်ဆွဲပြီး ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို မီးရှို့နေ့စဉ် စစ်တပ်က ရောက်ရှိလာပြီး သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ပေမယ့် အဖွဲ့သားများအားလုံး ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

#rangoonscoutnetwork
Forwarded from RSN WEB
ရန်ကုန်မှတ်တမ်း (မေ ၃၁ - ဇွန် ၂၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
ဇွန်လ ၂ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်တွင်း ဗုံးပေါက်ကွဲသံ တစ်ချက် ကျယ်လောင်စွာကြားလိုက်ရခြင်းမှာ Yangon UG People Army တပ်ဖွဲ့မှ မင်္ဂလာဒုံရဲစခန်းဝန်း အိမ်ထောင်သည်လိုင်းခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ သာယာကုန်းကျေးရွာ၌ ရာအိမ်မှူး ထွန်းထွန်းဦးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရှိရသည်။ ည ၈ နာရီခန့်ကလည်း မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်အနီးဝန်းကျင်မှ သေနတ်ပစ်ခတ်သံများကြားလိုက်ရကြောင်း သတင်းရရှိထားပြီး ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။

မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်ရုံး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းမှာ Together Urban Force တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ရွှေဈေးနှုန်းများ မြင့်တက်အောင်လုပ်နေသည်ဟုဆိုကာ ရန်ကုန်နှင့် မန္တလေးရှိ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊ အကယ်ဒမီ စသည့် ရွှေဆိုင်လုပ်ငန်းပိုင်ရှင်များနှင့် ကုန်သည် ၁၀ ဦးတို့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရှိရသည်။ မေလ ၃၀ ရက်နေ့ မွန်းလွဲချိန်ကပင် ရွှေကုန်သည်နှင့် ရွှေဆိုင်ပိုင်ရှင် အယောက် ၂၀ ခန့်ကို စသုံးလုံးရုံးဌာနသို့ ခေါ်ထားခဲ့ပြီး စစ်ဆေးနေခဲ့ကြောင်းလည်း သိရှိရသည်။ ထိုသို့ ရွှေလုပ်ငန်းရှင် စုစုပေါင်း အယောက် ၅၀ ခန့်ကို ခေါ်ယူစစ်ဆေး ဝရမ်းများထုတ်ပြန်ပြီးနောက် ယနေ့တွင် ရွှေဈေးပြန်ကျသွားသည်ဟုလည်း စစ်ကောင်စီ လော်ဘီမီဒီယာများမှ ဆိုထားသည်။

NLD ပါတီ နာယကဖြစ်သည့် သူရဦးတင်ဦး ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိန်အချိန်တွင် ဆေးရုံတွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

#rangoonscoutnetwork
Forwarded from RSN WEB
ရန်ကုန်တိုင်းအတွင်း မေလ စစ်ရေးဖော်ဆောင်မှုများ
•••••••••••••••®•••••••••••••••
ဇွန် ၃၊ ၂၀၂၄

ရန်ကုန်တိုင်းအတွင်းတွင် မေလ၌ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၂၂) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၁၆) ကြိမ်၊ လုပ်ကြံမှု (၃) ကြိမ်တို့ပါဝင်ခဲ့ကာ စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရမှု (၃) ကြိမ်ထိ ရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိအခိုက်များစေသည့် အောင်မင်္ဂလာအဝေးပြေးရှေ့စစ်ကောင်စီတပ်စခန်း၊ မြောက်ဒဂုံ (၃၂) ရပ်ကွက်ရုံး၊ ဒဂုံဆိပ်ကမ်း လဝကရုံး၊ ပေါက်တောဝဘန်ကာ၊ ရွှေနံ့သာအုပ်ချုပ်ရေးရုံးနှင့် ရွှေပြည်သာ အာမီရမ်စက်ရုံရှေ့ကင်းစခန်းတို့အား ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည့်အပြင် အင်းစိန်ကြို့ကုန်းအနောက်ရပ်ကွက်ရုံးအတွင်းသို့ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး ရဲဘော်များ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (02 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


စစ်ကောင်စီ၏ သင်္ဃန်းညီနောင် အခြေချ ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့မှု ကရင့်တော်လှန်ရေး အောင်မြင်မှု အမှတ် သင်္ကေတဖြစ်၍ အမှားမခံနိုင်ဘဲ ရန်သူ့လက်ထဲ ပြန်မရောက်ရေး စုပေါင်းကာကွယ်ရန် KNLA ဗိုလ်မှူးချုပ် တာမလာသော သတိပေး – KT

မြဝတီမြို့ဝင်ဆိုင်ဘုတ်အနီးတွင် အောင်ဇေယျစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား – MZM

ဟုမ္မလင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ သီတင်းနှစ်ပတ်ကျော်သည်အထိ ပြင်းထန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ – KT

စစ်တပ်အတွင်း ဒုတိယဗိုလ်မှူးကြီး အဆင့် အရာရှိ ၂၅ ဦးကို ရာထူးတိုး အပြောင်းအရွှေ့ပြုလုပ် – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

KTLA ပြောခွင့်ရ ဗိုလ်မှူးစောအင်္ဂလိပ် BGF နဲ့ပြန်ပူးပေါင်း၊ လက်နက်တချို့ယူဆောင်သွား – SP

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း – RFA

📰 စီးပွားရေးထူးခြားသတင်းများ

ရွှေစျေးနှုန်းများ မြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထွက်၊ ဝိန့်စိန်နှင့် အကယ်ဒမီ ရွှေလုပ်ငန်း အပါ အဝင် ရွှေဆိုင်ပိုင်ရှင်နှင့်ကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ် – KT

📰 အခြားထူးခြားသတင်းများ

ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူများ၏ နောက်ကြောင်းရာဇဝင်၊ ဝင်ငွေရလမ်းနှင့် အခွန်ဆောင်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ စစ်ကောင်စီ လက် အောက်ခံ စသုံးလုံးက လုပ်ဆောင်နေ – KT

ဒီနှစ်အတွက် ကျောင်းအပ်နှံသူ ခြောက်သန်းကျော်ရှိကြောင်း စစ်ကောင်စီပြော – RFA

#rangoonscoutnetwork
Forwarded from RSN WEB
ရန်ကုန်မှတ်တမ်း (ဇွန် ၃ - ၄၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
ဇွန်လ ၄ ရက်နေ့ညက ရန်ကုန်၌ ဗုံးပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ ည ၇ နာရီ ၄၀ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး NOKA UG တပ်ဖွဲ့မှ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ည ၉ နာရီခန့်ကလည်း မင်္ဂလာဒုံမြို့နယ်တွင်း ဗုံးပေါက်ကွဲသံထပ်ကြားရကြောင်း သတင်းရရှိပြီး စစ်တပ်ပိုင် MEC နို့ချက်စက်ရုံ၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိရှိရသည်။ ထို့ပြင် ရွှေပြည်သာမြို့နယ်တွင်း၌ ည ၁၀ နာရီ ၂၂ မိနစ်ခန့်က ဗုံးပေါက်ကွဲသံ ထပ်မံကြားလိုက်ရပြီး ၎င်းအသံမှာ ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်ရုံး၌ ပေါက်ကွဲခဲ့ခြင်းကြောင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ကနဦးသိရပြီး ထိခိုက်မှုတချို့ရှိနိုင်ကြောင်းလည်း သတင်းရရှိသည်။

မှော်ဘီမြို့နယ်၊ ၉၁ ဂိတ်အနီးဝန်းကျင်မှလည်း ဇွန်လ ၄ ရက်နေ့ ည ၇ နာရီခန့်မှစ၍ ည ၉ နာရီခွဲကျော်သည်အထိ လက်နက်ပစ်ခတ်သံဟုယူဆရသည့် ကျယ်လောင်သည့်အသံများ ဆက်တိုက်ကြားရကြောင်း သတင်းရရှိပြီး ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။

ဇွန်လ ၄ ရက်နေ့တွင်ပင် ရန်ကုန်မြို့တစ်နေရာ၌ ဗကသများအဖွဲ့ချုပ်၊ တာမွေသပိတ်ကော်မတီ၊ လူ့ဘောင်သစ်လူငယ်၊ MDF၊ KMD18၊ လင်းရောင်နီ (လူငယ်အဖွဲ့အစည်း) နှင့် Owl Community အဖွဲ့တို့ ပူးပေါင်း၍ "မတရားစစ်မှုထမ်းဥပဒေကို လူထုအားနှင့် ဆန့်ကျင်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ ဆန္ဒထုတ်ဖော် လှုံ့ဆော် လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်း၌ တရားမဝင်ရောင်းချနေ၍ဟုဆိုကာ ပုဇွန်တောင်မြို့နယ်၊ ၅၁ လမ်းအထက်ရှိ Minn Thu ကုမ္ပဏီမှ တာဝန်ရှိသူ ၁ ဦးနှင့် တိုက်ခန်းဝယ်ယူထားသူ ၃ ဦးတို့ကို ဖမ်းဆီးလိုက်ပြီး Minn Thu ကုမ္ပဏီမှ အထွေထွေမန်နေဂျာမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဇွန်လ ၃ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီမှ ဖမ်းဆီး၊ ဝရမ်းထုတ်ထားသည့် နိုင်ငံခြားငွေ ဝယ်ရောင်းပွဲစား ၂၅ ဦးတို့အနက် လက်ရှိ ငွေလဲလုပ်ငန်း မလုပ်ကိုင်နေတော့သူများကိုပါ ကျော်စော၍ဆိုကာ ရမ်းသမ်းဖမ်းဆီးထားကြောင်း Khit Thit မှ သိရှိရသည်။

နာမည်ကြီး ရွှေလုပ်ငန်းရှင်များ ဖမ်းဆီးခံရပြီးနောက် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေ ရည်ညွှန်းဈေးကို ၁ ရက်အတွင်း ကျပ် ၇ သိန်းကျော် တင်လိုက်ကြောင်း Ayeyarwaddy Times မှ သိရှိရသည်။ ယခင် ၄၁ သိန်းဝန်းကျင် သတ်မှတ်ထားရာမှ ဇွန်လ ၄ ရက်နေ့တွင် ၄၈ သိန်း ၇ သောင်းဝန်းကျင်ထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ရန်ကုန်နှင့် မန္တလေး ရွှေဈေးကွက်တွင် မီးလင်းရွှေ အရောင်းအဝယ် လုံးဝရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစုတွင် အခေါက်ရွှေနှင့် ဖြတ်စများ မရောင်းဟု စာသားများ ကပ်ထားကြောင်းလည်း Khit thit မှ သိရှိရသည်။

ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် ရန်ကုန်ရှိ စာသင်ကျောင်း စုစုပေါင်း ၂၇၅၄ ကျောင်းတို့၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀ သိန်းကျော် တက်ရောက်နေကြောင်း စစ်ကောင်စီ လော်ဘီမီီဒယာများမှ ဖော်ပြထားကြသည်။

NLD ပါတီ နာယက သူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နေ့လည် ၂ နာရီတွင် ရေဝေးသုသာန်၌ ကျင်းပမည်ဖြစ်ပြီး ယခင် ကွယ်လွန်ခဲ့ပြီးသော NLD ပါတီ နာယက ဟံသာဝတီဦးဝင်းတင်၏ အုတ်ဂူနှင့် တစ်တန်းတည်းထား၍ ဂူသွင်းသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ သူရဦးတင်ဦး၏ နာရေးသို့ ဒေါ်အောင်ဆန်းစုကြည်အမည်နှင့် လွမ်းသူပန်းခြင်းတစ်ခု စစ်ကောင်စီမှ ပို့ဆောင်ပေးထားကြောင်း သိရပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း လွမ်းသူပန်းခြင်းနှင့် သင်္ကန်းတစ်စုံပေးပို့ခဲ့ကြောင်း RFA မှ သိရှိရသည်။

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (04 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


နယ်ခြားစောင့်စခန်း ၂ ခု AA သိမ်းပိုက်ပြီး နခခ ၆ ကို ထိုးစစ်ဆင်၊ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် သေဆုံး သူ ၇၆ ဦးရှိလာ – DVB

ငပလီမြို့ ၃ မိုင်အကွာ AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန် – KT

အာရှလမ်းအနီးတဝိုက် စစ်တပ်နှင့် KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား – DVB

စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း ၁ လကျော်ကြာသည်အထိ မြဝတီသို့မရောက်နိုင်သေး – MN

မင်းကင်းမှာ မင်္ဂလာဆောင် ဗုံးကြဲခံရလို့ လူနှစ်ဆယ်ကျော်သေဆုံး – RFA

နေပြည်တော်တိုင်းမှူးနှင့် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များကို အရန်အင်အားပို့ထားပြီး စကခမှူးများကို အခြေချစစ်ဗျူဟာများသို့ ပို့ဆောင် – AT

စစ်ကောင်စီက ဒုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ လက်ထောက်စစ်ထောက်ချုပ်နှင့် တွဲဖက်စစ်ရေးချုပ်ရာထူးနေရာများတွင် မျက်နှာသစ် ဗိုလ်ချုပ်များဖြင့် ရာထူးတိုးပေး အစားထိုး – KT

အမျိုးသမီးများကို စစ်မှုထမ်းအပတ်စဥ် ၅ တွင် ခေါ်ယူရန် စစ်ကောင်စီ ညွှန်ကြား – DVB

ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲကာလမတိုင်မီက မီးရှို့ခံရသည့် နေအိမ် ၂,၀၀၀ ကျော်ရှိသည်ဟု AA စစ်ဦးစီးချုပ် ပြော – MZM

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီတပ်က အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် NUGက ပြင်းထန်စွာရှုတ်ချလိုက်ပြီး တရားမျှတမှု ရရှိရေး ကြိုးပမ်းဆောင်ရွက်မည် – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

ရှမ်းမြောက်တွင် KIA နှင့် ပြဿနာကြီးထွားလာမှု ကြားဝင်​ဖြေရှင်း​ပေးရန် FPNCC ထံ TNLA ​တောင်းဆို – MZM

ရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့SSPP/SSA နယ်မြေ အငြင်းပွားမှု ဖြစ်ပွား – MZM

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံကဲ့သို့ အဆုံးစွန် ဘဏ္ဍာရေးဆိုင်ရာများ ပိတ်ဆို့အရေးယူရေး လာမည့် စင်ကာပူ အစည်းအဝေးတွင် ဆုံးဖြတ်ရန် ရှိနေ – KT

📰 စီးပွားရေးထူးခြားသတင်းများ

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးကို ၁ ရက်အတွင်း ကျပ် ၇ သိန်းကျော်အထိ ဆွဲတင် – AT

မြန်မာ့ရွှေစျေးကွက်တွင် မီးလင်းရွှေ အရောင်းအဝယ် လုံး၀ ရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစု အခေါက်ရွှေနှင့် ဖြတ်စ မရောင်းဟု စာကပ်ထားကြ – KT

ပြည်ပမှ သွင်းကုန်များတင်သွင်းမှုကို စစ်​ကာင်စီ ကန့်သတ်​လျှော့ချ။ ကန့်သတ်ပိတ်ပင်ခံရ​​သောသွင်းကုန်ပစ္စည်းများ​ရှားပါး​ဈေးကြီးလာနိုင်ဟုလုပ်ငန်းရှင်အချို့​ပြော – PS

စစ်အသုံးစရိတ် စံချိန်တင်မြင့်တက်၊ ကျပ်ငွေ တန်ဖိုး ၂၅ ရာခိုင်နှုန်းအထိ ကျဆင်း – DVB

အမေရိကန် ထိန်းသိမ်းထားသည့် မြန်မာပိုင် ကန်ဒေါ်လာ ၁ ဘီလီယံ‌ကျော်မှ အတိုးရရှိရေး NUG ကြိုးပမ်း – MZM

📰 အခြားထူးခြားသတင်းများ

ထိုင်းအိမ်ခြံမြေရောင်းဝယ်ရေးလုပ်နေသူ မြန်မာများကို စစ်ကောင်စီက ဖမ်းနေ၊ ရိုးမဘဏ်သူဌေး ဦးသိမ်းဝေလည်း ဖမ်းခံရဟု ကောလာဟလထွက် – MN

စစ်ကောင်စီက ဖမ်းဆီး ၊ ၀ရမ်းထုတ်ထားသော နိုင်ငံခြားငွေဝယ်ရောင်း ပွဲစား ၂၅ ဦးတွင် ငွေလဲလုပ်ငန်း မလုပ်ကိုင်တော့သူများကိုပါ ကျော်စောဖြင့် ရမ်းသမ်း ဖမ်းဆီးထား – KT

စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်အား မဖြစ်မနေသင်ရန် စစ်ကောင်စီ အမိန့်ထုတ် – DVB

မြန်မာနိုင်ငံတွင် VPN ဖြင့် Facebook အသုံးပြုမှုကို မေလ ၃၀ ရက်နေ့မှစတင် ပိတ်ပင်လိုက်ပြီး စီမံချက်ကို ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက် ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့က ပူးပေါင်းဆောင်ရွက် – KT

စစ်ကောင်စီ၏ Facebook အစားထိုး My Space Myanmar ကို ဆန့်ကျင်မှု အောင်မြင် – DVB

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (05 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


နှစ်ပေါင်း ၃၀ လက်နက်ကိုင်တော်လှန်ရေးအတွင်း ကယန်းပြည်သစ်ပါတီ တပ်ဖွဲ့ဝင် ၅၀၀ ကျော်ကျဆုံး – DVB

KNU တပ်မဟာ ၅ နယ်မြေတွင် မေလတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၀ ဝန်းကျင် သေဆုံးထိခိုက်ဒဏ်ရာရရှိမှုရှိပြီး စစ်တပ် စခန်း ၅ ခုကို သိမ်းပိုက်ရရှိ – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာဘက်သို့ ကုန်ပစ္စည်းများမတင်ပို့ရန် အိန္ဒိယနိုင်ငံ လိုင်လူငယ်အသင်း ထပ်မံသတိပေး – MZM

မြန်မာ့အရေး ဝင်မစွက်ခြင်းသည် လျစ်လျူရှုရန် ဆင်ခြေတစ်ခု မဟုတ်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆို – MPA

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေး – KT

📰 စီးပွားရေးထူးခြားသတင်းများ

ရွှေဆိုင်များ ဖွင့်လှစ်ရန်၊ သတ်မှတ်ရွှေစျေးနှုန်းဖြင့် ရောင်းဝယ်ရန် စစ်ကောင်စီက ညွှန်ကြားလာပြီး လိုက်နာကြရန် ရန်ကုန်ရွှေအသင်းက သတိပေးကြေညာချက်ထုတ်ပြန် – KT

📰 ကျားဖြန့်

BGF တပ် စီးပွားရေးလုပ်ငန်းများတွင် ခေါင်းဆောင်ဖြစ်သူ စောချစ်သူ၏ မိသားစု ပါဝင်ပတ်သက်မှုများအပေါ် စောချစ်သူအပါဝင် BGF ခေါင်းဆောင်များ လိမ်လည်ဖြေကြား (အပိုင်း- ၂) – KT

📰 အခြားထူးခြားသတင်းများ

KIO က ယခုပညာရေးနှစ်တွင် ကျောင်းပေါင်း ၄၈၈ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်လိုက်ပြီး အခြေခံပညာရေး သင်ရိုးညွှန်းတမ်း မူဘောင်များ ရေးဆွဲပြီးစီး – KT

လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ထံမှ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော ရွှေ၊ ကျောက်သံပတ္တမြားများကို စစ်ဆေးသည့် စစ်ထောက်လှမ်းရေးအဖွဲ့က အတုများဖြင့် လဲလှယ်ခဲ့မှု စစ်အရာရှိနှင့်စစ်သည်များ အဖမ်းခံရ – KT

ဖမ်းဆီးအရေးယူခံထားရသော ဒေါ်လာဝယ်ရောင်းနှင့် ဟွန်ဒီငွေလွှဲသူများ၏ ဘဏ်အကောင့်နှင့် ငွေစာရင်းများကို စစ်ကောင်စီက ပိတ်သိမ်းလိုက်ပြီး အဆိုပါ ငွေစာရင်းများရှိ ငွေကြေးများအားလုံးကို စစ်တပ်က သိမ်းယူ – KT

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရွှေဆိုင်နှင့်ရွှေကုန်သည်များထံမှ ရွှေများတောင်းနေပြီး မပေးလျှင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်မည်ဟု ခြိမ်းခြောက် – KT

NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ စျာပနကျင်းပ – DVB

မြန်မာမူးယစ်မှောင်ခိုကွန်ရက်နှင့် ပတ်သက်သည့် ထိုင်းဝရမ်းပြေးကို ဘာလီကျွန်း၌ ဖမ်းမိ – DVB

ပုဂံတွင် စစ်ကောင်စီက ရေကန် ၁၀၀နီးပါးအား ကန်ဆယ်ပြီးယတြာချေ။ ထီးလိုမင်းလိုဘုရားကိုပါ မိုးကြိုးလွှဲတပ်ဆင်သွား – PS

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (06 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသော သံတွဲမြို့နယ်ရှိ နေရာ တချို့ကို AA က စတင်သိမ်းပိုက် – KT

သံတွဲလေဆိပ်တွင် စစ်တပ်က တပ်စွဲထားပြီး AA ၏ထိုးစစ်ကို ခုခံနေ – KT

စစ်ကောင်စီနှင့်ALPတို့၏ ဗျိုင်းဖြူရွာလူသတ်ပွဲ – MN

ဖာပွန်မြို့ လက်ကျန်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ် ထိုးစစ်ဆင် – MN

ရှမ်းမြောက်၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ဒရုန်းစင်းရေ ၄၀၀ နီးပါး နှင့် ဒရုန်းဗုံးထောင်ချီ စစ်ကောင်စီက ပေးပို့ – KT

မကွေးတိုင်း၊ ရေနံချောင်းတွင် PDF များကို စစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန် စစ်ကောင်စီက ပြင်ဆင်နေပြီး စစ်ကြောင်းများ ပြင်ဆင်ထားဟု လျှို့ဝှက် အစီ ရင်ခံစာတွင် ဖော်ပြ – KT

စစ်မှုထမ်းဥပဒေကြောင့် တောင်ပိုင်းစစ်ဒေသက ၂ လအတွင်း PDF ရဲဘော် ၁၀၀၀ နီးပါး ရောက်ရှိ စစ်သင်တန်းဆင်းသွားပြီး ရဲဘော်သစ်များ ဆက်လက်ခေါ်ယူ လက်ခံနေ – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မြဝတီ အလုပ်အကိုင် ကမ်းလှမ်းမှုအတုများကို အိန္ဒိယနိုင်ငံသားများ သတိထားကြရန် သံရုံး ထုတ်ပြန် – MPA

မော်ရိုကိုနိုင်ငံသား လူသိများသော YouTube သမား မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေ – MPA

📰 စီးပွားရေးထူးခြားသတင်းများ

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီက ဆိုင်ဖွင့်၊ မဖွင့်၊ သတ်မှတ်စျေးဖြင့် အရောင်းအဝယ် လုပ်၊ မလုပ် စုံစမ်းထောက်လှမ်းနေ၍ ရွှေဆိုင်များ အပြီးပိတ်သိမ်းရမည့် အခြေအနေ ဆိုက်ရောက်လာ – KT

အရပ်သားအစိုးရ ကလုပ်ငန်းများကိုထုတ်ချေးခဲ့​သော ကိုဗစ်​ချေး​​ငွေကို အတိုး​​ရော၊အရင်းပါပြန်ဆပ်ရန်စစ်​ကောင်စီဖိအား​ပေး – PS

📰 အခြားထူးခြားသတင်းများ

ကရင်နီ ၈ မြို့နယ်၌ ကြားကာလအုပ်ချုပ်ရေးလည်ပတ်၊ ဖက်ဒရယ်ပြည်နယ်အဖြစ် ပါဝင်မည် – DVB

TNLA ထိန်းချုပ်မြို့များတွင် အရပ်သားအုပ်ချုပ်ရေးဖြင့် အစားထိုးအုပ်ချုပ်မည် – DVB

ဆယ်လီမီဒီယာများအား ဆင်ဆာ တင်းကျပ်ရန် စစ်ကောင်စီ ပြန်ကြားရေး စီစဥ်နေ – MPA

နေပြည်တော်တွင် စစ်အရာရှိမှ အသွင်ပြောင်းလာသော ရဲမှူး လှကျော်ဦးက ရဲတပ်ကြပ်တစ်ဦး၏ အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ် သမီးငယ်ကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်မှုဖြစ်ပွား – KT

VPN ဖြင့် လူမှုကွန်ရက်အသုံးပြုမရစေရန် ဆက်သွယ်ရေးက ညွှန်ကြားထား – DVB

VPN App အသစ်တစ်ခု သုံးနိုင်တော့မယ်လို့ NUG ပြော – RFA

အင်တာနက် ဖြတ်ခံထားရတဲ့နေရာ သုံးရာနီးပါးရှိလာ – RFA

မြေရှားသတ္တုလုပ်ကွက် ပြိုကျမှု မြန်မာ ၂ ဦးနဲ့ တရုတ် ၂ ဦး ရုပ်အလောင်းတွေ့ရှိထား – MZM

လူသိနည်းဆေးလိပ်ကို စစ်တပ်ကုမ္ပဏီက အဆပေါင်းများစွာ တိုးထုတ်နေ – MN

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (07 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


မောင်တော နခခ ၆ နှင့် နခခ ၉ ကို AA သိမ်းပိုက် – DVB

မောင်တောရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီး မောင်တော၊ သံတွဲနှင့်အမ်းတိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၅၀၀ ထက်မနည်းသေဆုံး – MZM

စစ်ကောင်စီ၏ အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်း လွိုင်ကော်ကို ရောက်လာ – MN

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာနိုင်ငံတွင် နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဆောက်ရန် ရုရှားအတည်ပြု – MN

မြန်မာအပါအဝင် အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ပန်းရောင်ဘတ်လုပ်ပေးရန် ထိုင်းအစိုးရ ခွင့်ပြု – KT

ရခိုင်နှင့် စစ်ကိုင်းတွင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် ပြည်သူအများအပြား သေဆုံးရမှုအပေါ် ကုလအထွေထွေအတွင်းရေးမှူးချုပ်က ကန့်ကွက်ရှုတ်ချပြီး အလွန်စိုးရိမ် – KT

📰 စီးပွားရေးထူးခြားသတင်းများ

မြန်မာ့ရွှေစျေး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်းဝန်းကျင်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၃၀ ကျပ်ဝန်းကျင် စျေးပေါက်နေကာ စစ်တပ်၏ ဖမ်းဆီးခြိမ်းခြောက်မှုများကြောင့် အရောင်းအဝယ် ဆက်လက် ရပ်ဆိုင်း – KT

📰 အခြားထူးခြားသတင်းများ

NUGအစိုးရ နှင့် အလှူရှင်များ၏ ထောက်ပံ့မှု၊ ကရင်နီပြည်တွင် အခွန်ကောက်ခံမှုများမှ ၁နှစ်လျှင် ကျပ်ငွေ သန်း ၈၀၀၀ကျော် ရရှိဟု ကရင်နီ IEC ဥက္ကဌပြောဆို – KT

နိုင်ငံကူးလက်မှတ် အလုပ်အကိုင်(PJ) အမျိုးအစား မှ အလည်အပတ် PV သို့ ပြောင်းလဲမှုများကို စစ်ကောင်စီက ပိတ်ပင်၊ လူငယ်အများစုမှာ ပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်ထား၍ PJ မှ PV ပြောင်းလဲ နိုင်ငံခြားသို့ထွက်ခွာနေမှု ရပ်ဆိုင်းသွားပြန် – KT

မြန်မာတွင် ဇွန်လအတွင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ထက်ဝက်ခန့် လျော့ကျ – DVB

တပ်မ ၇၇ လက်အောက်ခံ ဆက်သွယ်ရေးတပ်ခွဲမှ အကြပ်နှင့်စစ်သည် ၇ ဦး၏ ဇနီးများက ၎င်းတို့၏ခင်ပွန်းများ ကို စွန့်ခွာသွားမှု တပ်တွင်း ဟိုးလေးတကျော်ကျော်ဖြစ် – KT

စစ်တွေ၊ ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို စစ်ကောင်စီနှင့်လက်အောက်ခံများက သတ်ဖြတ်မှု TNLA နှင့် MNDAA က အပြင်းအထန် ကန့်ကွက်ရှုတ်ချ – KT

စစ်တွေမြို့နယ်တွင် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ်ကောင်စီကို ရခိုင်နှင့် မဟာမိတ်အဖွဲ့ ၂၀၃ ခုက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ – KT

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (08 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


မောင်တောမြို့နယ်က စစ်ကောင်စီစခန်း ၆ ကို ၁ ပတ်အတွင်း အေအေသိမ်းပိုက် – DVB

ခန္တီးနှင့် မော်လိုက်တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ခန့်သေဆုံးပြီး စစ်တပ်စခန်း ၂၅ ခုထက်မနည်းကို သိမ်းပိုက်ရရှိကာ လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိ – KT

စစ်မှုထမ်းဥ‌ပဒေဖြင့် တပ်သားသစ်စုဆောင်းခံရသူများ သင်တန်မပြီးဆုံးမီပင် ရှေ့တန်း ပို့လွှတ်ခံရ၍ သေဆုံးမှုများရှိနေပြီး မည်သည့်ခံစားခွင့်မှရရှိခြင်းမရှိ – AT

ရှေ့တန်းထွက်အရာရှိစစ်သည်များ၏ ဇနီးများ ပြင်ပထွက်ခွင့် စစ်ကောင်စီ ပိတ်ပင် – DVB

📰 နိုင်ငံရေးထူးခြားသတင်းများ

စစ်​အစိုးရ နှင့် NUG မည်သူက အစိုးရ တာဝန် ယူနိုင်မလဲ၊ ပြည်သူများကမည်သူကို လိုလားသလဲ ဆိုသည့်အပေါ်မူတည် အသိအမှတ်ပြုမည်ဟု AA ပြော – PS

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ခေါင်းဆောင်က ဘင်းမ်စတက်အဖွဲ့ ၂၇ နှစ်ပြည့်ထံပေးပို့သည့်သဝဏ်လွှာ ဘင်းမ်စတက် ဝဘ်ဆိုဘ် တွင်ဖော်ပြဟု စစ်ကောင်စီ သတင်းထုတ် – AT

ရခိုင်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် တရုတ်နှင့်ဆွေးနွေးမှုရှိဟု AA ပြော – PS

တရုတ်နယ်စပ်ဂိတ်များ တရားဝင် ဖွင့်ရန် အဆင်မပြေသေး – DVB

မူဝါဒ အပြောင်းအလဲကြောင့် တရုတ်နယ်စပ်ဖြတ်ကျော်ရန် ခက်ခဲ – DVB

မြန်မာစစ်ကောင်စီကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မဖိတ်ကြား – AT

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေး ဆွေးနွေးရန် ပိတ် ဆို့နေမှုများ အဆုံးသတ်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖြစ်လာတော့မည့် မလေးရှားနိုင်ငံက တောင်းဆို – KT

စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ကွန်ဒို ဝယ်လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆို – KT

📰 စီးပွားရေးထူးခြားသတင်းများ

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်များက လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲနှုန်း စစ်တပ် သတ်မှတ်စျေးဖြင့် ရောင်းချပေးရ ၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၀၀ ကျပ်ကျော်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၃သိန်းဝန်းကျင်စျေးတန်းရှိ – KT

ပြည်တွင်း ရွှေစျေး၊ ငွေစျေးများ မဖြစ်နိုင်သော စျေးနှုန်းများသို့ မြင့်တက်သွားမှု ဝိသမစီးပွားရေးသမားကြောင့်ဟု မင်းအောင်လှိုင်က အပြစ်ဖို့ပြန် – KT

စစ်ကောင်စီက ဒေါ်လာရရှိရန်အတွက် ယခင်နှစ်ထက် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့နိုင်ရန် မျှော်မှန်းနေ – AT

📰 အခြားထူးခြားသတင်းများ

စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းနေပြီး သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိပါက ရက်တိုးမြှင့်မည် – AT

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၁၁ ရက် ကြေညာမည် – DVB

စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန် – PS

စစ်အာဏာသိမ်းကာလ တတိယမြောက် မယ်စကြဝဠာသရဖူ ဆွီဒင်-မြန်မာကပြား အလှမယ်ရရှိ – DVB

#rangoonscoutnetwork