MSI - MYANMAR SECRET INFORMATIONS
26.9K subscribers
87.6K photos
3.37K videos
131 files
15.8K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
MSI - MYANMAR SECRET INFORMATIONS
"စကားလုံးများ၏ အဓိပ္ပာယ်ကို တူးဆွခြင်း (Legitimacy)" လေးမျက်နှာစကားဝိုင်းဖိတ်ကြားလွှာ တော်လှန်ရေးအတွင်း စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ်ကို ရှုထောင့်မျိုးစုံကနေ ပြောဆိုလျက်ရှိပါတယ်။ လေးမျက်နှာစကားဝိုင်းမှာလည်း စကားလုံးများ၏ အဓိပ္ပာယ်ကို တူးဆွခြင်းခေါင်းစဉ်နဲ့…
"ရွေးကောက်ပွဲမှာ NLD အပြင် တခြားအနိုင်ရပါတီတွေလည်း ရှိတယ်။ … CRPH ဖွဲ့တဲ့အချိန်မှာ အကုန်လုံးက ပါမလာဘူး။ ကျနော်တို့ဥပဒေရှုထောင့်ကကြည့်ရင် CRPH ကပြောရရင် လက်တလုံးခြားလုပ်လိုက်တယ်ပေါ့။ CRPH ဖွဲ့လိုက်တယ်ဆိုတာက။ … ပြီးရင် NUCC တွေဖွဲ့တယ်။ NUG တွေဖွဲ့တယ်။ အကုန်လုံးက လက်တလုံးခြားပဲ ကစားသွားတာ။ ဒါပေမယ့် ကျနော်တို့ဆီမှာ မျှော်လင့်ချက်က မရှိဘူး။ ဦးဆောင်တဲ့တပ်ဦးကလည်း လိုတာဆိုတော့ ကျနော်တို့ အားပေးခဲ့ရတယ်၊ ထောက်ခံခဲ့ရတယ်ပေါ့။ ဒါပေမယ့် တနှစ်ကျော်ကြာလာတဲ့အခါ ပါတီအဖွဲ့အစည်းတွေရဲ့ Error က အခုတဖြေးဖြေးချင်း ပြည်သူလူထုရဲ့စိတ်ကို ဝေဝါးစေတယ်ပေါ့။"

"၂၀၀၈ တရား၀င်၊ မ၀င် ကျနော်တို့ပြန်ကြည့်ရရော။ ကျနော်တို့ကြည့်တာက တရား၀င်၊ မ၀င် ဒီရေးဆွဲတဲ့အချိန်ကာလရဲ့ ဘယ်လိုမျိုးအတည်ပြုလဲဆိုတဲ့ဟာ နာဂစ်ကိစ္စလို အခုကျနော်တို့ဖတ်ရတဲ့ အဲ့တော့မှသိတယ်။ အာဏာသိမ်းတာပဲ ကျေးဇူးတင်ရမလားပြောရမလိုတောင်ဖြစ်နေတယ်။ သူတို့လိမ်တဲ့ဟာတွေ အခုမှ ပေါ်လာတာပေါ့။ ရွေးကောက်ပွဲနိုင်တုန်းဆို ပျော်ပျော်ပျော်ပျော်နဲ့ သွားနေမှာ၊ မသိ မသိတာပေါ့နော်။ အမှားကြီးထဲမှာတောင် အမှားမှန်းမသိဘဲကျင်လည်နေတဲ့အဖြစ်ပေါ့နော်။"

"ဥပဒေကတရား၀င်မှုမရှိတာနဲ့ပဲ ဒီအဖွဲ့အစည်းကတရား၀င်မှုမရှိတော့ဘူးလို့ပြောလို့ရမယ်မထင်ဘူးပေါ့နော်။ ဥပဒေပေးထားတဲ့ တရား၀င်မှုအပြင် အခြားသော တရား၀င်မှုနည်းလမ်းတွေကိုလည်း ကျနော်တို့ပြန်ပြီးတော့ ထည့်ပြီးတော့စဉ်းစားကြဖို့ပေါ့လေ။ ဥပမာ ပြောရမယ်ဆိုလို့ရှိရင် ဒီပြည်သူတွေရဲ့ဆန္ဒတွေကိုဖော်ဆောင်ပေးနေတဲ့အဖွဲ့အစည်း၊ သပိတ်ကော်မတီ၊ လက်နက်ကိုင်တပ်တွေ နိုင်ငံရေးကဏ္ဍတွေမှာ အဖွဲ့အစည်းတွေရှိတယ်ပေါ့။ နောက်တခု ပြည်သူတွေရဲ့ဆန္ဒနဲ့ စံတွေကိုလက်ခံထားတဲ့အဖွဲ့အစည်းတွေ၊ သူတို့တွေကိုကိုယ်စားပြုပြီးလုပ်နေတဲ့ သမဂ္ဂလိုအဖွဲ့အစည်း၊ ဒီလိုမျိုးအစုအဖွဲ့တွေရဲ့တရား၀င်မှုတွေကိုလည်း ကျနော်တို့ထည့်စဉ်းစားဖို့လိုတယ်‌ပေါ့။ ဥပဒေရှုထောင့်အရ မဟုတ်တဲ့အရာ၊ တရား၀င်မှုကို ထည့်ပြီးတော့စဉ်းစားဖို့ လိုမယ်လို့ထင်တယ်ပေါ့။"

("တော်လှန်ရေးကာလ တရားဝင်မှု" ခေါင်းစဥ်ဖြင့် မေလ ၂၆ ရက်နေ့က သစ်ပုပ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သော ဆွေးနွေးချက်များထဲမှ အချို့ကို ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲမှတ်တမ်းအပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
shorturl.at/nuJQ1)

#သစ်ပုပ် #ThitPote #တော်လှန်ရေး #တရားဝင်မှု