MRF Scripts
458 subscribers
183 links
Synopsis
Download Telegram
Kalinga (2024)

အားလပ်ချိန်မှာ စိတ်အပန်းဖြေစေဖို့ တလေဂူးလ်ထိတ်လန့်သည်းဖို ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

မကောင်းတဲ့စွမ်းအင်တွေနဲ့ ဝန်းရံနေတဲ့ရွာလေးတစ်ရွာ။ ညဘက်တွေ ရွာပြင်ထွက်ရင် အပမှီတာလိုလို
သရဲပဲပူးတာလိုလိုနဲ့ ကိုယ့်အသားကိုယ်ပြန်လှီးစားကြတာတွေ ကြုံတွေ့နေကြရ။

လူသေရင် အဝတ်ပတ်ပြီး ရွာပြင်မှာပဲ ယဇ်ပူဇော်တာလိုမျိုးပစ်ထားခဲ့ကြတာ
ရွာရဲ့ထုံးတမ်းအစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။

ဒီလိုမကောင်းတဲ့စွမ်းအင်တွေပေါများလှတဲ့ ရွာလေးထဲမှာမှ အမြတ်ကြီးစားငွေတိုးချေးတဲ့အပြင်
အကြွေးပြန်ဆပ်ပြီး အပေါင်ပစ္စည်းပြန်တောင်းတဲ့ခါ လူကိုသတ်ပြီးရွာပြင်သွားပစ်တတ်တဲ့
လူ့တိရစ္ဆာန်တွေကလည်းရှိနေပြန်ပါရော။

ပေါ့ပေါ့ပါးပါးပဲ နေတတ်ပေမဲ့ မဟုတ်မခံ ရင်ဆိုင်ဖြေရှင်းတတ်တဲ့ လင်ဂါတစ်ယောက်
ဒီလိုပြဿနာတောကြီးထဲမှာ ရှိနေတဲ့အခါမှာတော့...။

Crd....

ကြည့်ရန်....👇👇
https://t.me/mrfmvi/456
Amar Prem Ki Prem Kahani 2024

ငယ်ငယ်လေးကတည်းက ရုပ်ရည်ချောမောမှုကြောင့်နဲ့
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့ရတဲ့ အာမာပရမ်။

အာမာရဲ့ထူးခြားချက်ကတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားက
ဘယ်ကောင်မလေးကိုမှ မကြိုက်ဘဲနဲ့ အကုန်လုံးကို ဖရန့်ဇုန်ထဲပစ်သွင်းပြီးတော့ နေလာခဲ့သူ။
အာမာ့မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ် ဘာလဲဆိုတော့ သူဟာ ကောင်မလေးတွေကို
တမင် ဖရန့်ဇုန်ထဲထည့်တာမဟုတ်ဘဲ ဘယ်ကောင်မလေးကိုမှ ချစ်လို့မရလို့ပါတဲ့ အကြောင်းကတော့
သူက ကောင်လေးတွေကိုပဲ စိတ်ဝင်စားနေတဲ့ အုံ့ပုန်းလေးဖြစ်နေလို့ပါပဲ ငယ်စဉ်ကတည်းက
တိတ်တခိုးလေးကြိုက်နေတဲ့ကောင်လေးရှိခဲ့ပေမယ့်လည်း မိသားစုကိုမပြောရဲတဲ့အတွက်
ကျားချင်ယောင်ဆောင်နေခဲ့ရပါတော့တယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ အခါမှာတော့ အာမာ့ကို သူ့မိသားစုက လက်ထပ်ပေးဖို့ လုပ်ကြပါတော့တယ်။
ဒီမှာပဲ အုံ့ပုန်းလေး အာမာဟာ လက်မထပ်ချင်တဲ့အတွက်
သူ့ဦးလေးရှိတဲ့ လန်ဒန်ကို ထွက်ပြေးဖို့ အကြံထုတ်ပါတော့တယ်။
ဒီလိုနဲ့ လန်ဒန်ကို သွားတဲ့ လေဆိပ်မှာတင် ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတော့
သူ့နှလုံးသားထဲကို နေရာယူသွားခဲ့ပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်
လန်ဒန်မှာ ဒီကောင်လေးနဲ့ ပြန်ပြီးတွေ့ဆုံမိကြတဲ့အခါမှာတော့ ...........
အုံ့ပုန်းလေး အာမာနဲ့ အဲဒီကောင်လေးတို့ ဘယ်လိုတွေ ဇာတ်လမ်းဆက်ကြမလဲ ....
သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းကရော သာယာဖြောင့်ဖြူးပါ့မလား ...........
ဘယ်လို အခက်အခဲတွေနဲ့ရော တွေ့ကြုံသွားရမလဲဆိုတာတွေကို
ကြည့်ရှုရမယ့် ရိုမန့်ဟာသအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Crd...

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/458
👍1
Ctrl 2024 ကွန်ထရိုး

IMDb - 6.4/10 နယ်လာနဲ့ဂျိုးက အန်ဂျွိုင်းဆိုတဲ့
ဘလော့ချန်နယ်လေးကို စထောင်ခဲ့တဲ့ ဆိုရှယ်မီဒီယာမှာ
လူတိုင်းအားကျရတဲ့ ဆယ်လီအတွဲပေါ့။

ဘလော့ဂါဆယ်လီအတွဲပီပီ ဘလော့ရိုက် ဈေးရောင်းရင်းနဲ့ပဲဘဝကို ဖြတ်သန်းနေတာပေါ့လေ ။
ဒီလိုနဲ့ ချစ်သူသက်တမ်း ၅ နှစ်ပြည့်မှာ နယ်လာတစ်ယောက် လိုက်ဖ်လွှင့် ဂျိုးကိုစပရိုက်စ်သွားအတိုက်မှာ
ဟိုက စပရိုက်အကြီးကြီးနဲ့ ကြိုဆိုလိုက်ပါသတဲ့။

အဲဒါကတော့ ဘုရားစူး သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်လေးနဲ့ ဂျိုးတစ်ယောက်
ပါတီမှာ အနမ်းချင်းဖလှယ်နေတာကို နယ်လာကတန်းမြင်သွားတာပါပဲ။ တွဲခဲ့တဲ့အချိန်တွေလည်းကြာပြီမလို့
လူနေမှုဘဝမှာရော အလုပ်မှာ ဘလော့ဂ်မှာ ဆိုရှယ်မီဒီယာမှာ ဂျိုးရဲ့အရိပ်တွေက စိုးမိုးနေတဲ့အပြင်
ပါတီမှာသောင်းကျန်းခဲ့တဲ့နယ်လာရဲ့လိုက်ဖ်ကြောင့် လူတိုင်းက ဂျိုးဘက်ကပါနေကြလို့
ဘဲကပစ် အလုပ်ကမပြေ အထီးကျန် ဒီပျက်ရှင်ကောင်မဇိုးလေးဖြစ်နေရင်းကနေ
ctrlapp.inဆိုတဲ့Chat Bot AIတစ်ခုနဲ့ အာရုံပြောင်းဖို့လုပ်ရာက....

Crd...

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/460
👍2
Minmini (2024)
"ပိုးစုန်းကြူး"

အချစ်အလွမ်း နှစ်ခြိုက်သူများအတွက် တမီးလ် coming-of-age ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ

ဆက်ဘရီဆိုတဲ့ကောင်လေးဟာ ဘော်ဒါကျောင်းကို ဒီနှစ်မှ ပြောင်းလာတဲ့ကျောင်းသား
တခြားကျောင်းသားတွေလို ဟိုကဲဒီကဲမလုပ်ဘဲ ငြိမ်ငြိမ်လေး ပန်းချီဆွဲရတာကို ဝါသနာပါသူ
တစ်နေ့မှာ ကံဆိုးမိုးမှောင်ကျတော့ မထင်မှတ်ထားသူတစ်ယောက်က အသက်ပေးပြီး သူ့ကိုကယ်ခဲ့တယ်
ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ နောင်တနဲ့ ကောင်လေးကို
အလင်းရောင်ပေးမယ့် ပိုးစုန်းကြူးမလေး ပေါ်လာတဲ့အခါမှာ ...

သူ့သူငယ်ချင်းရဲ့ ဟိမဝန္တာတောင်တန်းက biker အိပ်မက်ကိုရော
ဘယ်လိုအကောင်အထည်ဖော်သွားမလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး

Crd...

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/462
Virundha 2024 (စားသောက်ပွဲတော်)

ဂျွန်အာဘရာဟမ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ
ကီရာလာ-တမီလ်နန်ဒူနယ်စပ် တံတားပေါ်မှာ ကားကိုပဲတွေ့ပြီးတော့
အလောင်းကိုတော့ ၅ရက်အကြာမှ ရေထဲမှာ သေနေတာကို တွေ့ခဲ့ရပါတယ်။

အလောင်းစစ်ဆေးမှုလုပ်တဲ့အချိန်မှာ ဂျွန်ဟာ သေဆုံးတာ၄ရက်သာရှိသေးပြီးတော့
ရေထဲကိုရောက်နေတာဟာလည်း ၂ရက်သာရှိသေးတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
ဒီလိုနဲ့ ဆန်းကြယ်နေတဲ့ ဒီအမှုကို ရဲတွေဟာလည်း
ကြိုးစားပြီးတော့ ဒီအမှုကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

တစ်ဖက်မှာတော့ ကင်ဆာရောဂါကြောင့် ဆုံးပါးသွားခဲ့ရတဲ့အဖေကို
အောက်မေ့တဲ့အနေနဲ့ ဖခင်ဆုံးသွားတဲ့ ဗုဒ္ဓဟူးနေ့မှာ ကင်ဆာသည်တွေကို
ဆေးရုံဆီ အခမဲ့ပို့ဆောင်ပေးလျက်ရှိတဲ့ သုံးဘီးမောင်းသမားလေးဟာ
သူ့ညီမရဲ့ မင်္ဂလာပွဲအတွက် စီစဉ်ပေးလျက်ရှိပါတယ်။

ဒီလိုနဲ့ ညီမလေးရဲ့ မင်္ဂလာပွဲပြုလုပ်မယ့် မနက်အစောပိုင်းမှာပဲ သုံးဘီးမောင်းပြန်လာရာကနေ
အိမ်နားတစ်နေရာမှာ မတော်တဆမှုတစ်ခုဖြစ်ထားတဲ့အတွက် ကူညီဖို့သွားရင်း
သေခါနီးဆဲဆဲ မိန်းမတစ်ယောက်ဟာ သူ့ကို မသေခင် မှာစရာတွေ မှာပြီး
အကူအညီတောင်းသွားခဲ့ပါတယ်။

တိုက်ဆိုင်ချင်တော့ အဲဒီမိန်းမဟာ ဟိုးရှေ့ရက်ကမှ ဆုံးသွားခဲ့တဲ့
ဂျွန်အာဘရာဟမ်ဆိုတဲ့သူရဲ့ဇနီးသည်ဖြစ်နေခဲ့တာပါပဲ ။
ဒီလိုနဲ့ သုံးဘီးဆရာဟာ ဒီရှပ်ထွေးဆန်းကြယ်လှတဲ့ အမှုထဲမှာ
ပါဝင်လာခဲ့ရင်းကနေ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။

Crd....

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/464
Khel Khel Mein (2024) "အရင်းနှီးဆုံးသူစိမ်းများ"
IMDb - 7.1/10

Remakeမင်းသားကြီးရဲ့ ဘောလိ၀ုဒ်ဟာသဒရာမာရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီရုပ်ရှင်က Perfect Strangers (2016)ဇာတ်လမ်းကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာ။
နိုင်ငံတော်တော်များများ ပြန်ရိုက်ထားကြတဲ့အပြင် မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကိုက
နှစ်ကားထိရှိတယ်။ 12th Man (2012)နဲ့ 1001 Nunakal (2022)တဲ့။

ဒီရုပ်ရှင်မှာတော့ အရှေးကူးမား၊ တာ့ပ်ဆီး၊ ပရေ့ဂ်ယာဂျေစ်ဝယ်လ်နဲ့ ဗာနီကပူးရ်တို့လို
နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားကြပါတယ်။

အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို
အလင်းဖွင့်ပေးချင်တဲ့ စေတနာကိုလည်းမြင်တွေ့ရမှာပါ။

ဇာတ်အလမ်းအကျဉ်းပြောရရင် သူငယ်ချင်းသုံးယောက်ရှိတယ်၊ သုံးယောက်လုံးက အိမ်ထောင်သည်တွေ။
တစ်ကောင်ရဲ့ခယ်မ မင်္ဂလာဆောင်ရှိရာမြို့ကို သွားကြဖို့ စီစဉ်ထားကြတယ်၊ သွားကြတယ်ပေါ့။
မင်္ဂလာဆောင်မှာတွေ့ကြပြီး သူငယ်ချင်းစုံတွဲသုံးတွဲ အတူတူရှိနေရာကစ ဂိမ်းတစ်ခုကစားဖို့
လုပ်ကြတဲ့အချိန်မှာတော့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ၊ သိုဝှက်ထားတဲ့ စိတ်ခံစားမှုတွေ ဘွင်းဘွင်းကြီးပေါ်လာပြီး
ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ ကြည့်ရှုကြရမှာပါ။

Crd...

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/466
👍2
Vedaa (2024) “ဗေဒါပျံ အံကိုခဲ…”
Genre – Action, Drama, Thriller
IMDB – 6.6/10

မင်းသားကြီး John Abraham ရဲ့ ၂၀၂၄ အသစ်ထွက်ဇာတ်ကား ထွက်ရှိလို့ လာပါပြီ။
Maharaj နဲ့ Munjya တို့မှာလည်း ပါဝင်ထားတဲ့ မင်းသမီးချောလေး Sharvari နဲ့အတူ
အတွဲညီညီ သရုပ်ဆောင်ထားကြတဲ့ အက်ရှင်ကားကောင်းလေးပါ။

ဗေဒါဆိုတဲ့ ကောင်မလေးဟာ ဇာတ်နိမ့်တဲ့မျိုးရိုး ဖြစ်တဲ့အတွက်
အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ဘဝကို မကျေမချမ်းဖြစ်ကာ ပြန်တွန်းလှန်ချင်သူလေးတစ်ယောက်။

အဲဒီအချိန်မှာပဲ သူတက်နေတဲ့ ကောလိပ်မှာ ဘောက်ဆင်အတန်းတစ်ခု စဖွင့်ဖို့ ကြေငြာလိုက်တော့
ကျားရဲဖြစ်မှ မြိုင်တောအလယ် ရှင်သန်နိုင်မှာကို တွေးမိပြီး ဝင်လျှောက်လိုက်တော့တယ်။
တစ်ဖက်မှာ မေဂျာအာဘီမန်ယူဆိုတာက အင်မတန်တော်ပြီး အရည်အချင်းရှိတဲ့ စစ်သားတစ်ယောက်။
ဒါပေမဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်ရေးကိုယ်တာ အာဃာတကြောင့် စစ်သားဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ရသူ။

ဒီလိုမျိုး အချိန်မတန်ခင် မာန်လျှော့လိုက်ရတဲ့ ကျားရဲတစ်ကောင်နဲ့ အမြင့်ကို ပျံသန်းချင်နေတဲ့
ဗေဒါငှက်မလေးတို့ဟာ ရေစက်ပါလို့ လာဆုံတွေ့ခဲ့ပြီး ဘယ်လိုစွန့်စားခန်းတွေ ထွက်ကြရဦးမလဲဆိုတာကို
အက်ရှင်ခပ်မိုက်မိုက်တွေနဲ့ ကြည့်ရှုရယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်လို့ အားပေးလိုက်ကြပါဦးခင်ဗျာ။

Crd...

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/468
Sarfira 2024 အိပ်မက်များနဲ့ကျွန်တော်

IMDb -7.9/10

မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့
အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။

အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။
ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။
အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က
သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။

ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊
လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က
သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။
သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့
အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။
ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။

ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊
သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က
ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့
ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။

Crd...

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/470
Mathu Vadalara 2 2024 (ဒလီသမားကိုကိုအေးဂျင့်များ)

ဘာဘူနဲ့ ယေဆူတို့နှစ်ယောက်ဟာ အရင်ကတော့ ဒလီသမားတွေပေါ့။
ဒလီလုပ်ရင်း မူးယစ်ဂိုဏ်းနဲ့ ကြုံတွေခဲ့ရလို့ ပရမ်းပတာတွေဖြစ်ခဲ့ရတဲ့ သူတို့နှစ်ယောက်။

အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပြီးတော့ သူတို့ဘဝ တစ်ဆစ်ချိုးပြောင်းလဲမယ်လို့ထင်ခဲ့သော်လည်း
အလုပ်က ထုတ်ခံလိုက်ရတဲ့အပြင် အိမ်ပိုင်ရှင်က မောင်းထုတ်တာကိုပါ ခံလိုက်ရပါတော့တယ်။
ဒီလိုနဲ့ ရှိတဲ့လက်ကျန်ငွေလေးနဲ့ စားသောက်ရင်း နောက်ဆုံးလက်ကျန်ငွေလေးနဲ့ မြေပဲဝယ်စားရာကနေ
မြေပဲထည့်ပေးတဲ့ သတင်းစာအပိုင်းလေးမှာပါတဲ့ အလုပ်ခေါ်စာကိုမြင်ပြီး သွားလျှောက်ရာကနေ
လျှို့ဝှက်အေးဂျင့်တွေဖြစ်လာကြတဲ့ သူတို့နှစ်ယောက်။

လျှို့ဝှက်အေးဂျင့်ဖြစ်လာပေမယ့် လုပ်ရတဲ့အလုပ်နဲ့ ရတဲ့လစာ မကာမိတဲ့အတွက်
သူတို့ဟာ အကျပ်ရိုက်နေပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာ ပြန်ပေးသမားကို
လိုက်ဖမ်းရာကနေ ပြန်ပေးငွေတွေ မီးလောင်ပြီး ဆုံးရှုံးလိုက်ရတဲ့အခါ
ရုံးချုပ်က လူ့အသက်သာဦးစားပေး ပိုက်ဆံမဟုတ်ဘူးလို့
ပြောလိုက်တဲ့ စကားအရ သူတို့ဟာ ပြန်ပေးငွေတွေထဲကနေ
မသိမသာငွေတချို့ကို ယူထားဖို့ လုပ်ကြပါတော့တယ်။

ဒီလိုအကြံအစည်တွေကို ရိပ်မိနေတဲ့ မိုက်ကယ်ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ
ဘာဘူနဲ့ ယေဆူကို ထောင်ဖမ်းဖို့လုပ်ရင်း သူတို့နှစ်ယောက် ဘယ်လိုတွေ ကွေ့ပတ်ပြီး ရှောင်သွားမလဲ .....
ဘာဘူနဲ့ ယေဆူတို့ကရော ဘယ်လိုမစ်ရှင်တွေကို ကိုင်တွယ်ဖြေရှင်းရဦးမလဲ ......
ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပြီးတော့ ဟာသမင်းသားကြီး Vennela Kishore လည်း
ပါတာဖြစ်လို့ မရယ်ရမှာတော့ စိတ်ပူစရာကိုမလိုတဲ့ ဟာသအက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။

Crd....

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/472
Gorre Puranam (2024) "သိုးဖြူကလေး ရမ်"
IMDb - 5.9/10

ပိတ်ရက်မှာ စိတ်အပန်းဖြေစရာ ထူးထူးခြားခြား တလေဂူးလ်ရုပ်ရှင်လေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။

သိုးတစ်ကောင် ထောင်ကျတာ ခင်ဗျားတို့ကြားဖူးလား။
ဟုတ်ပါတယ် ဒီထဲမှာ သိုးတစ်ကောင်ထောင်ချခံလိုက်ရပါတယ်။

ဇာတ်ကြောင်းပြန်ရရင် အဲဒီသိုးရဲ့နာမည်က ရမ်တဲ့။ ရွာထဲမှာ ခွေးတစ်ကောင်သေသွားပြီး
ခွေးသေတာက သတင်းစာတွေထဲထိပါလို့ ရွာနာမည်ကြီးသွားတယ်ဆိုတာ ကြားပြီး
သိုးကလေး ရမ့်စိတ်ထဲမှာ သတင်းစာတင်မဟုတ်ဘူး တီဗီတွေထဲထိနာမည်ကြီးအောင်
လုပ်ပြမယ်ဆိုတဲ့စိတ် ဝင်သွားပါတယ်။

တခြားသိုးတွေ စားကျက်မှာ အစာငုံ့စားနေတဲ့အချိန်
ရမ်ကတော့ တောင်ကုန်းပေါ်ကနေ ခေါင်းထောင်ကြည့်ပြီး
လှပတဲ့ နေရာသစ်ဆီကို ငေးမျှော်တမ်းတနေခဲ့တာပေါ့။

တစ်နေ့မှာ ပွဲတော်အတွက် ယဇ်ပူဇော်ဖို့ သိုးလာဝယ်တဲ့အချိန်
ရမ်တစ်ကောင်ပါသွားပြီးလွတ်မြောက်ဖို့ ကြိုးစားတဲ့အခါမှာတော့။
သိုးတစ်ကောင်က ဘာလို့ထောင်ကျတာလဲ။ နာမည်ကြီးတစ်ကောင်ဖြစ်လာဖို့
ရမ့်ရဲ့ရည်မှန်းချက်ပြည့်မှာလားဆိုတာ။

Crd....

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/474
👍2❤1
Kondal 2024 ပင်လယ်ပြင်ခရီးကြမ်း

အက်ရှင်ဟီးရိုး Antony Varghese ရဲ့ ပင်လယ်ပြင်မှာကြမ်းမယ့်
အက်ရှင်ကားသစ်တစ်ကားကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။

မာနူးဟာ လူဖြောင့်စိတ်တိုဆိုတဲ့အတိုင်း စိတ်သဘောထားဖြူစင်သူပေမဲ့
မဟုတ်မခံ ထစ်ခနဲဆို လက်ကအရင်ရောက်တဲ့သူ၊
မတရားသဖြင့်ချနင်းမယ်ဆိုရင်တော့ ဘယ်လိုလူကိုမဆို
ပြန်ကြမ်းဖို့ဝန်မလေး နောက်မတွန့်တဲ့သူပေါ့။

သူ့ရဲ့ ဒီအကျင့်စရိုက်ကြောင့်ပဲ ငါးဈေးမှာ အကြီးအကျယ်ပြဿနာတက်ပြီး
တစ်ရွာလုံးကမာနူးကို ရွာကနေ ခဏရှောင်နေဖို့ဝိုင်းပြောတာနဲ့ပဲ
ရွာကနေထွက်လို့ ငါးဖမ်းသင်္ဘောတစ်စင်းပေါ်မှာ အလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။

ဒါပေမဲ့ ရန်ပွဲကပဲ မာနူးနောက်လိုက်လာတာလား၊ မာနူးကပဲ ရန်ပွဲနောက်လိုက်နေသလား
မသိရလောက်အောင် ငါးဖမ်းသင်္ဘောပေါ်မှာ ပြဿနာဖြစ်ဖို့ ဦးတည်လာတဲ့အခါမှာတော့….

Crd...

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/476
Crime Reel 2024 တရားခံ

မှုခင်းဇာတ်ကားကောင်းရှာနေတဲ့ကြည့်ရှုသူတွေအတွက်
အကြိုက်တွေ့စေမဲ့ လူသတ်သမားရှာပုံတော်‌ဇာတ်ကားကြီးကို
တင်ဆက်ပေးထားပါတယ်


ဇာတ်လမ်းအစမှာတင် ရွာပြင်မှာမိန်းကလေးတစ်ယောက်
အသတ်ခံထားရပါတယ် ဘယ်လောက်ထိရက်ရက်စက်စက်လဲဆိုရင်
ဘယ်သူဘယ်ဝါမပေါ်အောင် မျက်နှာကို ကျောက်တုံးနဲ့ထု
ရုပ်တွေထိပါဖျက်ထားပြီး တစ်ကိုယ်လုံးသွေးသံရဲရဲနဲ့
ကြည့်ရက်စရာမရှိတဲ့ သူမရဲ့အဖြစ် မိသားစုကလာအတည်ပြုတာတောင်
ခြေထောက်ကခြေချင်းလေးကြောင့်သာ ပျောက်ဆုံးနေတဲ့သူတို့သမီးဖြစ်ကြောင်းလက်ခံလိုက်ရတဲ့အထိပါပဲ

သူတို့ရွာကိုတာဝန်ကျတဲ့ SI ရဲအရာရှိက မိန်းမပါ မိန်းမဆိုပြီးအထင်သေးလို့တော့မရပါဘူး
အကြောင်းကတော့ ဒီအမျိုးသမီးကလိုအပ်လာရင် ဖြတ်ဖောက်ချုပ်ဆရာဝန်လိုတစ်မျိုး
ရှေ့နေကတစ်ဖုံနဲ့ စရိုက်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ လက်ရဲဇက်ရဲအမျိုးသမီးပါ
လက်အောက်ကရဲတွေတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့သူမက
ဒီအမှုကိုတာဝန်ယူဖို့ဖြစ်လာခဲ့တယ် လိုက်လံစုံစမ်းချက်တွေအရ
တရားခံကလူတစ်ဦးတည်ကိုပဲဦးတည်နေပေမဲ့ ဇာတ်လမ်းက
အဆုံးသတ်ကိုတန်းတွေ့ဖို့ထိကတော့ အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်း
မလွယ်ကူလှတာကြောင့် လူသတ်သမားဘယ်သူဆိုတာကို အဖြေရှာကြည့်လိုက်ပါဦး

Crd...

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/478
👍1
Klaantha (2024) “ထိတ်လန့်သည်းဖို”

ပိတ်ရက်ရှည်မှာ အပျင်းတော်ပြေစေဖို့ ကန်နာဒါစကားပြော အိန္ဒိယသည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကား
တင်ဆက်ပေးလိုက်ပါတယ်။

ပရိုဂရမ်တစ်ခုအတွက် သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ရဖို့ အပြင်းအထန်ရှာနေရတဲ့အမျိုးသမီးတစ်ယောက်။
ဘယ်မှာမှရှာမရတဲ့အဆုံး စာကြည့်တိုက်ကိုသွားတော့ စာကြည့်တိုက်မှူးက စာအုပ်တစ်အုပ်ထုတ်ပြပါလေရော။
အသည်းတထိတ်ထိတ်ရင်တဖိုဖိုတင်မက အသည်းတွေပြုတ်ကျပြီး ရင်တွေနာရမဲ့ဇာတ်လမ်းတဲ့။

စာအုပ်ကိုစဖွင့်လိုက်တော့တွေ့ရတာ အဖေရယ် အမေရယ်က လင်ကောင်းသားကောင်းရဖို့
အသည်းအသန်ကြိုးစားခြင်းခံနေရတဲ့ ကောင်မလေးတစ်ယောက်။
အမေတစ်ခုသားတစ်ခုရယ်နဲ့ အမေ့လောင်းရိပ်ကမလွတ်ဘဲ မိန်းမကောင်းလေးနဲ့ရဖို့
နားပူနားဆာလုပ်ခံနေရတဲ့ အမေချစ်သားလေးတစ်ယောက်။
ဒီနှစ်ယောက်က ချစ်သူတွေဖြစ်ပြီး မိဘတွေမသိအောင် ခရီးအတူထွက်ဖို့ကြိုးစားကြတဲ့အခါ။
ခရီးမှာ မထင်မှတ်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာအဖြစ်အပျက်တွေကို ရင်ဆိုင်ရတဲ့အခါမှာတော့…။

Crd....

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/480
👍3
Laughing Buddha (2024)
ဘဝတစ်ကွေ့

ဒီတစ်ခါမှာတော့ IMDb 9.5 အထိရရှိထားတဲ့
ဟာသကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်

ရဲတစ်ယောက်ရဲ့နေ့စဉ်ဘဝကိုဇာတ်အိမ်တည်ပြီးတင်ဆက်ထားပေးပြီး
ပိတ်ရက်မှာမိသားစုနဲ့အတူရယ်မောရင်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါ

သာမာန်ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂိုဗာဒန်ဟာ အလွန်စိတ်သဘောထားကြင်နာပြီး
သူ့မိသားစုအပေါ်တင်မက ရာဇဝတ်သားတွေအပေါ်မှာပါကြင်နာတတ်သူတစ်ယောက်ပါ
နောက်ထပ်သူချစ်တဲ့အရာကတော့အစားစားပါ အစားအစာကိုခုံမင်သူပီပီအဝလွန်လာပြီး
တစ်ရက်တော့သူ့အလုပ်ကိုပါဆုံးရှုံးရဖို့ဖြစ်လာပါတယ် အဲဒီနောက်မှာတော့
သူဘယ်လိုအလုပ်မပြုတ်ဖို့ဆက်လုပ်ရင်း ပဟေဠိဆန်တဲ့ရာဝဝတ်သားမှုတစ်ခုကို
ဖြေရှင်းသွားမလဲဆိုတာကို နေ့စဉ်ဘဝမှာကြုံရတဲ့အဖြစ်အပျက်လေးတွေနဲ့ရောနှောပြီး
ဒါရိုက်တာ Rharath Raj ကအကောင်းဆုံးတင်ဆက်ပုံဖော်ထားတဲ့ကားလေးပါ

အချုပ်အနေနဲ့ အားလပ်ချိန်မှာကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ညွှန်းပေးချင်ပါတယ်

Crd....

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/482
👍2
Dharmaveer 2: Mukkam Post Thane (2024)”စံပြ ၂”
========================================

အိန္ဒိယနိုင်ငံရေးမှာ လွှမ်းမိုးမှုကြီးခဲ့တဲ့ နိုင်ငံရေးသမားကြီး
အာနန်ဒီဂေရဲ့ ဘဝဇာတ်ကြောင်း အပိုင်းနှစ်ကို
စီအမ်ကနေ ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။

ဓမ္မဝီရလို့ နာမည်ရခဲ့တဲ့ အာနန်ဒီဂေဟာ အိန္ဒိယနိုင်ငံရေးလောကမှာ
အင်မတန်လေးစားခံရတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး
အိန္ဒိယရဲ့ လက်ရှိ မျက်မှောက်ခေတ်ရွေးကောက်ပွဲတွေအထိ
သူ့ရဲ့ လွှမ်းမိုးမှုတွေ ကျန်ရှိနေဆဲပါပဲ။

ဒီ ဓမ္မဝီရ အပိုင်းနှစ်မှာလည်း ပထမပိုင်းတုန်းကလိုပဲ
အာနန်ဒီဂေရဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ ဘာသာရေးအယူအဆတွေ၊
လွှမ်းမိုးမှုကြီးပုံတွေကို ထပ်မြင်ရမှာဖြစ်ပြီး ရုပ်ရှင်တစ်ခုတည်းနဲ့
အလုံးစုံအောင်မပြနိုင်ခဲ့တဲ့ ဓမ္မဝီရခေါ် အာနန်ဒီဂေရဲ့
ဘဝဇာတ်ကြောင်းကို ဆက်လက်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။

Crd...

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/484
👍1
Thangalaan 2024
ကျိန်စာသင့်ရွှေတွင်း

IMDb
7.1/10

ကာနာတာကာရဲ့ကိုလာရွှေတွင်းမှာ ‌ရွှေတူးသမားတွေ
တွေ့ကြုံခဲ့ရတာကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ
Box Office အနေနဲ့လည်း ₹100 crore ထိရရှိထားတဲ့
၂၀၂၄ထွက် ဖြစ်ရပ်မှန်ရုံတင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်

ချစ်မိသွားရင်ဘာမှမမြင်တတ်ကြတဲ့သဘာဝအတိုင်း မိန်းမသည်သာအရာရာဖြစ်နေတဲ့
သန်ဂန်လန် ကလေးတွေဆိုလည်း မိခင်ထက် ဖခင်ကိုပိုချစ်ကြပြီးအဖေ့ရဲ့အိပ်ရာဝင်ပုံပြင်တွေက
သူတို့ရဲ့အိပ်ဆေးပဲပေါ့ မိသားစုတွေဘဝကို အလုပ်လုပ်လိုက် ကြည်နူးလိုက်ဖြစ်နေချိန်မှာ
ရွေတွင်းတူးဖို့အင်္ဂလိပ်အစိုးရက အမိန့်ချမှတ်လိုက်ပါတယ် ဒီရွှေတွင်းရဲ့သမိုင်းကိုပြောရရင်တော့။။။

ပွန်နာမြစ်ဝန်းရံနေတဲ့အာနာမာလိုင်တောင်တစ်လုံး ဆင်နဲ့တူလို့ဒီလိုနာမည်ပေးထားတာဖြစ်ပြီး
ဆင် ကျား ဝက်ဝံရိုင်းတွေရဲ့အသံတွေ ပဲ့တင်သံကြားရတဲ့ထိပေါများပါတယ်
တိုင်းတစ်ပါးကရန်သူတွေကိုချေမှုန်းပြီး မြစ်ကိုဖြတ်သန်းလာတဲ့ဘုရင်က
ဒီမြစ်မှာရွှေတူးသမားတွေနဲ့ဆုံခဲ့တယ် မြစ်ထဲမှာရှာနေတဲ့ရွှေတွေက
လိုအပ်သူသာရဖို့ကျိန်စာသင့်နေပေမဲ့ ဘုရင်ကဒီရွှေကို အပိုင်သိမ်းချင်ခဲ့ပါတယ်
ကျိန်စာသင့်တဲ့အတိုင်း ဘုရင့်လူတွေဆင်းရှာတော့ ဘယ်ရွှေမှမတွေ့ခဲ့ဘူးပေါ့

ဒါပေမဲ့ပွန်နာမြစ်နဲ့မဝေးတဲ့တစ်နေရာမှာ ရွှေအတိဖြစ်နေတဲ့ကျောက်တုံးနဲ့
ရွေမြေတွေကို ကံကောင်းထောက်မစွာနဲ့တွေ့ခဲ့တယ် ဒီရွှေမြေကိုတော့
အာရသီဆိုတဲ့မှော်ဆရာမကစောင့်ရှောက်နေတာပါ တောအုပ်ရဲ့ခေါင်းဆောင်
စိတ်ကိုအလိုရှိသလိုညှို့နိုင်စွမ်းရှိတဲ့သူမ..သူ့ကြောင့်ပဲဒီရွှေတွေကဘေးမသီရန်မခရှိနေခဲ့တာပါ

ဒါပေမဲ့ လောဘသားတွေလက်အောက်မှာကျရှုံးခဲ့ရပြီး သူ့သွေးနဲ့ထိတဲ့
နယ်မြေတိုင်းကိုရွှေအတိဖြစ်စေခဲ့ပြီး ကျိန်စာတွေကလည်းဒီတိုင်းကျန်ရှိနေပြီး
သမိုင်းကြောင်းကတစ်ခန်းရပ်ခဲ့တယ်

မျက်မှောက်ကာလမှာတော့ ဒီရွေတွင်းကိုပြန်တူးဖော်ဖို့အင်္ဂလိပ်အစိုးရက
အမိန့်ချမှတ်လေတော့ သန်ဂန်လန်တို့ရွာသားတွေက
မဖြစ်မနေသွားဖို့အကြောင်းဖန်လာရာကနေ
ဘယ်လိုအခက်အခဲတွေတွေ့ကြုံသွားရမယ်ဆိုတာကိုတော့
ဆက်လက်ကြည့်ရှုလိုက်ပါရှင်

Crd....

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/486
❤1👍1
Black 2024 (အမှောင်လောက)

ဟိုးတစ်ချိန်ပေါ့ ညအမှောင်အချိန်မှာ မိဘတွေက သဘောမတူလို့
ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲတစ်တွဲ၊ သူတို့ကို လိုက်ပြီးကူညီပေးနေတဲ့သူကတော့
သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းပေါ့။

သူငယ်ချင်းဖြစ်သူရဲ့ ကမ်းခြေအိမ်မှာ ပုန်းခိုပြီးတော့ နေခဲ့ကြတာပေါ့။
အဲဒီစုံတွဲမသိလိုက်တာကတော့ ကောင်မလေးဖြစ်သူကို
သူငယ်ချင်းဖြစ်သူကလည်း တိတ်တိတ်လေးချစ်နေပြီးတော့
သူ့ဆီကို လာအကူအညီတောင်းမိတဲ့အတွက်
ရင်ထဲမှာ အစိုင်အခဲတွေရှိနေတယ်ဆိုတာပါပဲ …..

လက်ရှိကာလအချိန်မှာတော့ လူငယ်စုံတွဲလေးဖြစ်တဲ့ ဗာဆန့်နဲ့ အာညာတို့ဟာ
ဘားမှာ ပြဿနာဖြစ်ခဲ့ပြီးတော့ အခုလက်ရှိအိမ်ကနေ ကမ်းခြေအိမ်ကို ပြောင်းရွေ့လာဖို့ ဖြစ်လာပါတော့တယ်။
သူတို့စုံတွဲ ကမ်းခြေအိမ်ကို ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုကိစ္စတွေ ဖြစ်လာမလဲ……
ဟိုးတစ်ချိန်တုန်းက ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲနဲ့ ဗာဆန့်တို့စုံတွဲကရော ဘာတွေ ဆက်စပ်နေမလဲ ……
ဘယ်လို ရှုပ်ထွေးနက်နဲတဲ့ ပြဿနာတွေကြားထဲမှာ ဘယ်လို ခြောက်ခြားဖွယ်ရာတွေ
ကြုံတွေ့ကြရမလဲဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်၊

Crd...

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/488
Viswam 2024

ဒီတစ်ခေါက် 2024 ခုနှစ်ထွက် ဘောလိဝုဒ်ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား အကြမ်းဖက်မှုတွေကိုလုပ်ဆောင်နေတဲ့ လူတစ်စုက
ကလေးငယ်လေးတစ်ယောက်ကို လိုက်လံရှင်းလင်း
သတ်ဖြတ်ကြမယ့်စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။

ဇာတ်လမ်းအကျဉ်း

အကြမ်းဖက်လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့
ဂျာလာလူဒင်ကာရက်ရှီဆိုတဲ့လူက ဦးဆောင်ပြီး
သူတို့လမ်းမှာ အဟန့်အတားဖြစ်လာမယ့်
ဝန်ကြီးတစ်ဦးကို အဲဒီဝန်ကြီးရဲ့ညီဖြစ်သူနဲ့ပေါင်းသတ်လိုက်ပါတယ်။

သူတို့အဲဒီလို ဒုစရိုက်မှုကျူးလွန်နေတာကို မတော်တဆ
ကလေးမလေးတစ်ယောက်ကမြင်သွားခဲ့ပါတယ်။

ဂျာလာလူဒင်တို့လည်း ဒီမျက်မြင်သက်သေကလေးမလေးကို
သတ်ဖို့လုပ်ကြတော့တာပေါ့။ ထိတ်လန့်နေတဲ့
ဒီကလေးမလေးကို သူ့အဘိုးဖြစ်သူတို့က
သက်သာရာသက်သာကြောင်း ဘုရားကျောင်းလိုက်ပို့တဲ့အချိန်မှာ
သူ့ကိုသတ်ဖို့လိုက်လာတဲ့ လူမိုက်အုပ်စုနဲ့တွေ့ပါတော့တယ်။

ဒီကလေးမလေးနဲ့ သူတို့မိသားစုကို ကယ်တယ်ပေးသွားမယ့်
ကယ်တင်ရှင်က ဘယ်သူဖြစ်ပြီး ဘယ်လိုအကြောင်းအရာများနဲ့ပေါ်လာပြီး
ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။

Crd....

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/490
❤1
Yudhra ( 2024 )

ဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက်
ဟင်ဒီစကားပြော Action Thriller
အမျိုးအစားဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ်။

ဇာတ်ကားအကျဉ်းကတော့-
ရဲဌာနရဲ့ အတော်ဆုံးအရာရှိနဲ့ သူ့ဇနီးသည်ဟာ ပါတီပွဲကအပြန်မှာ
မတော်တဆလား တမင်သက်သက်လားဆိုတာမသိတဲ့
ကားအက်စီဒန့်တစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသွားကြပါတယ်။

ကိုယ်ဝန်နေ့စေ့လစေ့နဲ့မိခင်သေဆုံးသွားပေမယ့် ယုဒရာလေးကိုတော့
ဗိုက်ထဲကခွဲထုတ်ပြီးကယ်တင်နိုင်ခဲ့ပါတယ်။
မမွေးခင်ကတည်းက မိဘမဲ့ဖြစ်သွားခဲ့တဲ့
ယုဒရာလေးကိုတော့ သူ့အဖေရဲ့မိတ်ဆွေတို့က
သားလေးတစ်ယောက်လိုမွေးစားခဲ့တယ်။
ယုဒရာလေးဟာ မိဘမဲ့ဖြစ်တာရော ၊ သူ့ရဲ့မွေးဖွားလာပုံတို့ကြောင့်ရော
စိတ်မထိန်းနိုင်ဘဲ ရန်လိုတဲ့ ဒေါသအိုးလေးအဖြစ်ကြီးပြင်းလာခဲ့ပါတယ်။

ကျောင်းသားလေးဘဝမှာကတည်းက သူ့ရဲ့ပုတ်သင်ညိုကိုသတ်ပစ်တဲ့
ကောင်လေးကို ပြန်သတ်ဖို့လုပ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီး
ကြီးပြင်းလာတာနဲ့အမျှ ဆိုင်ကယ်ပြိုင်မောင်းတာလိုမျိုး
အန္တရာယ်နဲ့ကစားရတဲ့အရသာတွေကို ခုံမင်တဲ့လူဆိုးလေးဖြစ်လာပါတော့တယ်။
အဲဒါကြောင့် သူ့မွေးစားအဖေတွေက မီးနဲ့ကစားရမှ
ရင်ခုန်တတ်တဲ့သူ့ရဲ့စိတ်ဓာတ်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့အတွက်
အမျိုးသားအရာရှိလေ့ကျင့်ရေးကျောင်းကို ပို့လိုက်ပါတယ်။

အဲဒီနောက်မှာတော့ ယုဒရာတစ်ယောက် ထိပ်သီးလူဆိုးဂိုဏ်းတွေနဲ့ ဘယ်လိုအပြိုင်ကြဲမလဲ ၊
မိဘတွေသေဆုံးမှုကိုရော ဖော်ထုတ်ပြီး လက်စားချေနိုင်မလားဆိုတာတွေကို
အသတ်အပုတ် အက်ရှင်ခန်းများများနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး တခြားပေါကားတွေလိုမဟုတ်ဘဲ
သေသေသပ်သပ်ဖြစ်လာတဲ့ဇာတ်ကွက်တွေကြောင့် ကြည့်ရကျိုးနပ်မယ့်

ဇာတ်ကားတစ်ခုအနေနဲ့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဗျ။

Crd....

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/492
👍1
Operation Raavan (2024)
“နတ်ဆိုးဘုရင်စစ်ဆင်ရေး”

အသစ်ထွက်ရှိလာတဲ့ တေလဂူးသည်းထိပ်ရင်ဖိုမှုခင်းဇာတ်လမ်းလေးကို တင်ဆက်လိုက်ရပါတယ်

အချစ်နဲ့ ပတ်သက်ပြီး နာကျည်းစိတ်ရှိပုံရတဲ့ မျက်နှာဖုံးနဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်
သူပစ်မှတ်ထားတာကတော့ သတို့သမီးအသစ်ကျပ်ချွတ်လေးတွေဖြစ်ပြီး
သူသုံးတဲ့နည်းလမ်းကလည်း ရက်စက်အကျည်းတန်လှပါတယ်

သတင်းဌာနတစ်ခုမှာ ဝန်ကြီးတစ်ယောက်ရဲ့ခြစားမှုကို
ဖော်ထုတ်ဖို့ကြိုးစားနေတဲ့ ရဲရင့်ဖြတ်လတ် ဂျာနယ်လစ်မလေး အာမာနီနဲ့
သူ့လက်ထောက်အဖြစ်လုပ်ကိုင်တဲ့ ရမ်တို့နှစ်ယောက်က
အဲဒီလျှို့ဝှက်ဆန်းကြယ်လူသတ်မှုတွေအကြောင်း သိလာရတဲ့အခါမှာ
ဘယ်လိုဖော်ထုတ်သွားမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး

Crd...

ကြည့်ရန်....👇👇👇
https://t.me/mrfmvi/494
❤1