Mratt's Channel
107K subscribers
461 photos
34 videos
3 files
452 links
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Download Telegram
"မကွေး"

ယခင်ရက်များက လှုပ်ရှားမှု မရှိခဲ့ပေပမယ့် ယမန်နေ့ (ဇွန် ၁၀) က စစ်သားအပြည့်တင်ဆောင်ထားသည့် ကား ၆ စီး မင်းဘူးဘက်သို့ ထွက်ခွာသွားသည်ကို ဒေသခံများက တွေ့မြင်ခဲ့ကြသည်။

ထို့ပြင် ဇွန် ၇ ရက်နေ့ကလည်း မကွေးဧရာဝတီတံတားမှ မင်းဘူးဘက်သို့ စစ်တပ်ပိုင် ဆီသည်ယာဉ် ၁၀ စီး ထွက်ခွားသွားသည်ဟု မျက်မျက်သက်သေများက သတင်းပေးလာသည်။
"မုံရွာ"

မိုးကာအလုံပိတ်နဲ့ စစ်ကား ၅ စီးခန့်၊ ၄ စီးမှာ စစ်ယူနီဖောင်းနဲ့ စစ်သားအပြည့်၊ နောက် ၁ စီးမှာတော့ ရိုးရိုးအဝတ်အစားများနဲ့ အမျိုးသမီးတွေ အပြည့်။ နောက်တစ်စီးမှာတော့ ယူနီဖောင်းမပါဘဲ လက်နက်တွေကိုင်ထားတဲ့ အမျိုးသားတွေအပြည့်။

ကျန်ကားတွေမှာတော့ စစ်သားတစ်ယောက်စီ လုံခြုံရေးအနေနဲ့လိုက်ပါပြီး ကုန်တွေ တင်ဆောင်လာတာတွေ့ရ။ ဖိုးဝီး တစ်စီးလည်းပါဝင်။ ယင်းကားတန်းမှာ မန်းလေး-ရွှေဘို-မုံရွာ လမ်ဆုံကနေ မုံရွာလမ်းပိုင်းကွေ့သွားသည်ကို တွေ့ရသည်ဟု မျက်မြင်တွေ့ရှိလိုက်သူများက သတင်းလာပါသည်။
Media is too big
VIEW IN TELEGRAM
"စစ်ကောင်စီ မိသားစုတွေရဲ့ လျှို့ဝှက်ပြင်ဆင်မှုများ"
ဒေါ်နီလာစိန်အသံဖိုင် - အပိုင်း (၁)

စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ ဇနီးဖြစ်သူ ဒေါ်နီလာစိန်က တပ်မိသားစုဝင်တွေကို ညွှန်ကြားနေတဲ့ အသံဖိုင်ဖြစ်ပါတယ်။
.
ဒီထဲမှာ ဗုံးဖောက်ခွဲမှုတွေကို ဘယ်လိုပြင်ဆင်ရမယ့်အကြောင်း၊ ဧည့်စာရင်းတွေ ဘယ်လိုစစ်မယ့်အကြောင်းနဲ့ တခြား စစ်တပ်မိသားစုဝင်တွေရဲ့ ပြင်ဆင်မှုတွေ ပါဝင်ပါတယ်။ အသံဖိုင်က ရှည်တဲ့အတွက် ဒေါက်တာဇော်ဝေစိုးနဲ့ ပတ်သက်ပြီး ဒေါ်နီလာစိန် ညွှန်ကြားနေတဲ့အပိုင်းကိုတော့ ဒုတိယပိုင်းအနေနဲ့ တင်ပေးပါ့မယ်။
ဒေါ်နီလာစိန်ရဲ့ အသံဖိုင်ဟာ သူတို့ ကတော်တွေနဲ့ အပေါင်းအပါတွေ ဖွင့်ထားတဲ့ Viber Group ထဲက ပေါက်ကြားလာတာ ဖြစ်ပါတယ်။ အသံနဲ့ လှမ်းပြောထားတဲ့ ဖိုင်ပါ။ နောက်ထပ် တပိုင်းမှာတော့ ဒေါက်တာဇော်ဝေစိုးနဲ့ ပတ်သက်ပြီး သူတို့ စစ်တပ်အသိုင်းအဝိုင်းရဲ့ အမြင်တွေ ပါဝင်ပါတယ်။ နောက်ပြီး အွန်လိုင်းပေါ်က နာမည်ကြီးဆယ်လီတယောက် အကြောင်းလည်း ပြောထားတာ နားထောင်ရပါတယ်။
.
ဒီနေ့တော့ နည်းနည်း အချိန် နောက်ကျသွားတာရော၊ ကျနော် တခြား သတင်းဌာနတွေနဲ့ အင်တာဗျူး ဖြေရတာတွေရော၊ အချိန်မရတော့တာကြောင့် အသံဖိုင်ကို ဗွီဒီယိုအဖြစ်ပြောင်းဖို့ အချိန်မရလို့ရော နောက်နေ့မှ တင်ခွင့်ပြုပါခင်ဗျာ။
Media is too big
VIEW IN TELEGRAM
“သူ့ရဲ့ အေးစက်စက်အသံကြီးက အရမ်းကြောက်ဖို့ကောင်းတယ်”

ဒေါ်နီလာစိန်အသံဖိုင် - အပိုင်း (၂)

ဒီအသံဖိုင်မှာတော့ ဒေါက်တာဇော်ဝေစိုးကို ပြည်ထဲရေးဝန်ကြီးဌာန အုပ်စုအနေနဲ့ ဖေ့စ်ဘွတ်မှာ ရီပို့ထုဖို့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့ ဇနီး ဒေါ်နီလာစိန်က Viber ဂရုထဲ ညွှန်ကြားနေတာ ကြားရပါတယ်။ သူ့စကားထဲက စကားအသွားအလာအရ ဒီဂရုထဲမှာ လူဦးရေ ၂၀၀ ဝန်းကျင်ရှိတယ်လို့ ယုံကြည်ရပါတယ်။
'အောင်ဟိန်း' လို့ နာမည်ပြောင်းထားတဲ့ 'အောင်ဆက်'
-------------------------------
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် ဗွီဒီယိုထဲက 'ကျနော့်နာမည် မောင်အောင်ဟိန်း' ပါလို့ ပြောတဲ့သူဟာ တကယ်တော့ နာမည်ရင်း 'အောင်ဆက်' ဖြစ်ပြီး သူ့ကို ရန်ကုန်လေဆိပ်မှာ တက္ကစီမောင်းတဲ့သူတွေက သိကြပါတယ်။

ဗွီဒီယိုထဲမှာ သူပြောသလိုပဲ သူမိန်းမက ကွမ်းယာရောင်းတယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ရွေးကောက်ပွဲမတိုင်ခင်ကာလတုန်းကသာ ကွမ်းယာရောင်းခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ သူ့အမျိုးသမီး ကွမ်းယာရောင်းတာကို မတွေ့ရတော့ဘူးလို့ လေဆိပ်အနီး အလုပ်လုပ်ကြသူတွေက ပြောကြပါတယ်။

သူ တက္ကစီ ဂိတ်ထိုးတဲ့နေရာက ရန်ကုန်လေဆိပ်က ပုဂ္ဂလိက တက္ကစီ ဂိတ်တစ်ခုလို့ သိရပါတယ်။ အဲ့ဒီမှာ အသင်းသားလည်း ဖြစ်ခဲ့ဖူးပါတယ်လို့ အသင်းဝင်တွေက Mratt's Channel ကိုပြောပါတယ်။ တက္ကစီမောင်းသူများကြားမှာ 'လူလည် ပွဲစား' အဖြစ်နာမည်ကြီးတယ်လို့ သူ့ကို သိတဲ့လူတွေက ပြောကြတယ်။
"ဒီကောင်က (ဗွီဒီယိုထဲ ပါသလို) ပိုက်ဆံသုံးသောင်းလောက်နဲ့ လုပ်စားမယ့်ကောင်မျိုး မဟုတ်ဘူး။ တခါတုန်းက (ပြည်လမ်း) အေဒီမီးပွိုင့်မှာ ကား ၆ စီးဆင့်တိုက်ခဲ့တုန်းကတောင် ဒီကောင်က အေးဆေးပဲ" လို့ သတင်းပေးလာသူတစ်ဦးက ဆိုပါတယ်။

အောင်ဆက်မောင်းသည့် တက္ကစီကုမ္ပဏီမှာ လှိုင်သာယာ ပန်းလှိုင်အိမ်ယာမှာဟု သိထားကြပြီး ၎င်း၏ တက္ကစီပိုင်ရှင် သူဌေးမှာ နှင်းဆီပါတီမှဟု ယူဆထားကြသော်လည်း Mratt's Channel က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

သို့သော် "ဝ နှစ်ပါတ်လည်ပွဲတက်တာ ဒီကောင်ကိုယ်တိုင် မိုင်းလားထိလိုက်သွားရတာတော့ သူကိုယ်တိုင်ကြွားလို့သိရတာ" ဟု သတင်းပေးလာသူတစ်ဦးက ဆိုသည်။

မှတ်ချက်။ အောင်ဆက် လုပ်ကိုင်ခဲ့သည့် ပုဂ္ဂလိက တက္ကစီလိုင်းနာမည်ကို ဒီဂိတ်ရဲ့ လုံခြုံရေးအရ ပြန်ဖျက်လိုက်ပါတယ်။
အန်ယူဂျီရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းရဲ့ တွစ်တာ အကောင့်ဖြစ်ပါတယ်။ [https://twitter.com/aung_myo_minn] ခုနောက်ပိုင်းမှာ တွစ်တာမှာ သတင်းစီးဆင်းမှု အတော် အားနည်းသွားကြတယ်လို့ မိတ်ဆွေတွေက ဆိုကြပါတယ်။
အမြဲပြောခဲ့သလိုပဲ ခု စာကို “အသက်ပေး တိုက်နေကြတဲ့ တော်လှန်ရေးသမားတွေ အချိန်ကုန်ခံ ဖတ်စရာမလိုပါ” ခင်ဗျာ။

သိချင်ကြတာက ‘ဒီကောင် ဘာကောင်လဲ’ ပေါ့။ ‘ဒီကောင့် ဇာစ်မြစ်က ဘာလဲ’ ပေါ့။ တချို့ကဆို အာဏာသိမ်းမှ ရုတ်တရက် ပေါ်လာသယောင်တောင် ရေးကြပြောကြတာ တွေ့ရတယ်။ တချို့ကျတော့လည်း 'အကိုက သတင်းထောက်လား' ဆိုပြီး ထူးထူးဆန်းဆန်း မေးခွန်းမေးကြပြန်တယ်။

https://mrattkthu.com/blogs/who-is-mratt
FactCheck
ဘွဲ့လွန်နဲ့ ဆေးပညာမဟာ သင်တန်း ဝင်ခွင့်ဖြေဆိုသူ တကယ်များသလား
------------------------
ဒေါ်ခင်ခင်ကြီးကတော့ အရင်ထက်ပိုများတယ်လို့ ဆိုပါတယ်
------------------------
https://mrattkthu.com/blogs/khin-khingyi-and-fake-news
မန္တလေး မဟာမိတ်တပ်ပေါင်းစု အရုဏ်ဦးသပိတ် အကြမ်းဖက် ဖြိုခွင်းခံရ

ယနေ့ မနက် ၆ နာရီ မန္တလေး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်မှ စတင်ကာ ဆန္ဒပြရန် စီစဉ်ထားခဲ့သည့် မဟာမိတ်တပ်ပေါင်းစု အရုဏ်ဦးသပိတ်အား အရပ်ဝတ်နှင့် သေနတ်ကိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

ဆန္ဒ မထုတ်ဖော်မီ စုရပ်အနီး လက်နက်ကိုင်ထားသည်ဟု ယူဆရသည့် အရပ်ဝတ်နှင့်လူများကို သတိထားမိရာက လူစုခွဲခဲ့ပြီးနောက် ၃၇ နှင့် ၃၈ လမ်းကြား ၆၆ လမ်းပေါ်တွင် သပိတ်စစ်ကြောင်းတွင် ဆိုင်ကယ်ဖြင့် လိုက်ပါလာသူများကို ကားတစ်စီးဖြင့် တရကြမ်း ဝင်တိုက်ခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

ယင်းနေရာတွင် "၃ ယောက် တိုက်ခံရတယ်။ နှစ်ယောက်ကတော့ မြေပေါ်မှာ လူးလှိမ့်နေတာ မြင်ခဲ့ရတယ်" ဟု ကားဖြင့် ဝင်တိုက်သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူက ဆိုသည်။
သပိတ်စစ်ကြောင်း စုရပ်နေရာနှင့် ဘေးလမ်းများပေါ်တွင် အိမ်စီးကားနှင့် အံစာတုံးကားများက လိုက်ပါလာခဲ့သည်ကို သံသယရှိသည့်အတွက် သပိတ်စစ်ကြောင်းတွင် ပါဝင်သူများက လူစုခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အိမ်စီးကားနှင့် အံစားတုံးကားများပေါ်မှ အရပ်ဝတ်နှင့်လိုက်ပါလာသူများက သေနတ်ထုတ်ကာ ပစ်ဖောက်ခဲ့ပြီး လူစုခွဲသွားကြသူများကို ရပ်ကွက်အတွင်းထဲထိ လိုက်လံဖမ်းဆီးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု သတင်းပေးလာသူက ဆိုသည်။

ယခုအချိန်ထိ သိရသမျှ ယနေ့ မဟာမိတ်တပ်ပေါင်းစု အရုဏ်ဦးသပိတ်မှ ၄ ဦးဖမ်းဆီးခံလိုက်ရသည်ဟု သိရှိထားသည်။
ရန်ကုန်မြို့ ဗဟိုစည် ဆေးရုံသို့ ဝင်ထွက်နေသည့် ကားနံပါတ်များကို စစ်ကောင်စီက မှတ်တမ်းယူနေ

ရန်ကုန် ဗိုလ်ချုပ်လမ်းနှင့် ဝါးတန်းလမ်းထောင့်ရှိ ဗဟိုစည်ဆေးရုံနှင့် အိမ်ယာဝင်းအတွင်းသို့ ဝင်ထွက်နေသည့် ကားအားလုံး၏ ကားနံပါတ်များကို စစ်ကောင်စီက မှတ်တမ်းယူခိုင်းထားပြီး နေ့စဉ် အသေးစိတ် ပြန်လည်တင်ပြနေရသည်ဟု သိရသည်။

ဇွန်လ ၁၃ ရက်မှ စတင်ကာ ကားနံပါတ်အားလုံးကို မှတ်တမ်းတင်ထားပြီး စစ်ကောင်စီသို့ ပို့ပေးနေရသည်ဟု သိရသည်။

ဗဟိုစည် ဆေးရုံဝင်ပေါက်ကို ဝါးတန်းလမ်းဘက်မှ တံခါးပေါက် တစ်ပေါက်ကိုသာ ဖွင့်ထားပြီး ဗိုလ်ချုပ်လမ်းပေါ်က ဝင်ပေါက်ကို စစ်ကောင်စီ၏ အမိန့်ဖြင့် ပိတ်ထားရကြောင်းလည်း သတင်းပေးလာသူက ဆိုသည်။

၎င်းက "အရင်ဆုံး မေးတာက ကားနံပါတ်တွေလိုချင်တယ် လုပ်ပေးနိုင်မလားပေါ့။ မလုပ်ပေးနိုင်ရင် သူတို့ကိုယ်တိုင် လာလုပ်မယ်လို့ ပြောတယ်။ ဆေးရုံမှာ တပ် လာစွဲမှာကြောက်လို့ လုပ်ပေးနေကြရတယ်" ဟု ဆိုသည်။

"ကား လာရှာနေတာလား၊ လူ လာရှာနေတာလားတော့ မသိဘူး" ဟု သူက ပြောသည်။
ကျောက်မြောင်းတွင် စစ်ကားရပ်ထားပြီး ရပ်ကွက်ထဲ ဝင်ဖမ်းနေ

ရန်ကုန်မြို့ ကျောက်မြောင်း၊ ၁၄၅ လမ်းနှင့် ဗညားဒလ လမ်းပေါ်တွင် စစ်ကားရပ်ထားပြီး သီတာလမ်းနှင့် အခြားလမ်းများအတွင်းသို့ ဝင်၍ လိုက်လံဖမ်းဆီးနေသည်ဟု သိရသည်။​

စစ်ကားပေါ်တွင် ယောက်ျားလေး နှစ်ဦးဖမ်းဆီးခံထားရသည်ကို တွေ့ရပြီး တစ်ဦးမှာ Delivery ဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကား တစ်စီးသာ ကျန်တော့ ကျန်စစ်ကားများ ထွက်သွားကြပြီဟု မျက်မြင်သက်သေက ဆိုသည်။
လူများ၏မျက်နှာကို ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ကာ မှတ်တမ်းတင်နိုင်သည့် Facial Recognition အဆင့်မြင့် နည်းပညာသုံး စီစီတီဗွီများကို လူစည်ကားရာမြို့တချို့တွင် တပ်ဆင်ပြီးဖြစ်သလို အခြားမြို့ကြီးများတွင်လည်း ထပ်မံတပ်ဆင်ရန် မင်းအောင်လှိုင်၏ စစ်ကောင်စီက ကြိုးစားနေသည်။
.
စစ်ကောင်စီသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် နာမည်ကြီး ဗိုလ်ချုပ်တစ်ဦး၏ သားဖြစ်သူ ပိုင်ဆိုင်သည့် ကုမ္ပဏီနှင့် အခြား စစ်ကောင်စီနှင့် နီးစပ်သူများ၏ ကုမ္ပဏီများကို လုပ်ပိုင်ခွင့် ပေးထားပြီး ရေရှည်စီမံချက်ချက်ဖြင့် အရှိန်မြှင့်ဆောင်ရွက်နေပြီဖြစ်သည် သည်။
.
ဆောင်းပါးအပြည့်အစုံကို ဇွန်လ ၁၉ ရက်၊ မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင် Mratt's Channel တွင် စောင့်ဖတ်နိုင်ပါသည်။ (fb.com/mrattschannel)
This media is not supported in your browser
VIEW IN TELEGRAM
ဒီချုပ်ရုံးကို ဗုံးဖောက်ခွဲခဲ့သည့် ဗွီဒီယိုဖိုင်

မနေ့က ည ၈ နာရီကျော်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်ကို ဖောက်ခွဲခဲ့တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ လာရောက်ဖောက်ခွဲသူဟာ ဦးထုပ်ဆောင်းထားပြီး ဘောင်းဘီတို ဝတ်ထားတာကို မြင်ရပါတယ်။ ရုံးအပြင်က မီးစက်ဘေးနားမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။
မြောက်ကိုရီးယားက မြန်မာကို အမေရိကန်ဒေါ်လာ ၃ သိန်း လှူခြင်းမှာ သတင်းမှားဖြစ်
-------------------------
ရိုက်တာ သတင်းဌာနက ပြန်ပြင်ရေးသား
-------------------------
အာဏာရှင်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို ၂၀၀၅ ခုနှစ်ကတည်းက အမေရိကန်ဒေါ်လာ ၃ သိန်းလှူနေခဲ့သည်ဟု နိုင်ငံတကာသတင်းဌာပေါင်း ၁၀ ခုကျော်က ရိုက်တာသတင်းဌာနကို ကိုးကားပြီး ဖော်ပြခဲ့ကြသည်။
.
သို့သော် မြောက်ကိုရီးယားနိုင်ငံမဟုတ်ဘဲ တောင်ကိုရီးယားနိုင်ငံက လှူဒါးခဲ့ခြင်းဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာမှာလည်း ၃ သိန်း မဟုတ်ဘဲ ၉ သိန်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက တစ်နာရီခန့်အကြာတွင်ပြန်လည် ပြင်ဆင် ဖော်ပြခဲ့သည်။