ကျောက်တော်မြို့နယ်ကို စစ်တပ်က လေယာဉ်အုပ်ဖြင့် ဗုံးကြဲ၊ ဒေသခံများ စိုးရိမ်ထိတ်လန့်မှု မြင့်တက်နေ
20 Oct 2026 By Thant Mrat Khaing/ MPA
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်အုပ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများကြား စိုးရိမ်ထိတ်လန့်မှု မြင့်တက်နေကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက်အစောပိုင်းတွင် ကျောက်တော်မြို့နယ်ရှိ ဦးစွန်းတောင်တန်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များ အသုံးပြုကာ တစ်နာရီခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13812/

🤬11👏2❤1
MPA နံနက် ၇ နာရီသတင်း (၂၁ ရက်၊ အောက်တိုဘာ၊ ၂၀၂၆)
ရွှေကျင် ခမရ ၃၅၀ တပ်ပိုင်မြေမှာ ယာယီတပ်ရင်းမှူးက ရွှေတူးပြီး အိတ်ထဲထည့်နေလို့ အောက်ခြေအဆင့်တွေ ဒေါသထွက်နေ
သာသနာ့အလံကို ကားပေါ်တင်ပြီး စစ်ရေးသတင်းလိုက်ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ
ချင်းမိုင်ဘူတာမှာ ဖမ်းခံရတဲ့ မြန်မာ ၂၇ ဦး ပွဲစားတွေက အလုပ်ရှာပေးမယ်ဆိုပြီး ငွေသိန်းချီယူခေါ်လာခဲ့ခြင်းဖြစ်
ရုရှားနဲ့ စစ်ကောင်စီ စစ်ရေးနဲ့ အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးချဲ့လာ
ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်နိုင်တဲ့ အလားအလာတွေရှိလာ
အိန္ဒိယမှာ သေဆုံးသူစာရင်းထဲ မှားယွင်းထည့်ခံရသူတွေ မဲစာရင်းပြန်ဝင်ဖို့ ရုံးတွေ လှည့်ပတ်နေရ
အဲဒီလို နံနက်ခင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/kiNnJRRyVWI

👍9🔥3
MPA နေ့လယ် ၁၂ နာရီသတင်း (၂၁ ရက်၊ အောက်တိုဘာ၊ ၂၀၂၆)
• မလေးခရီးစဉ်အတွင်း မင်းအောင်လှိုင်ရဲ့ စီးပွားရေး သဘောတူညီချက်တွေကို မြန်မာမှာ စတင် အကောင်အထည်ဖော်
• စစ်တပ် အောက်ကျို့ရတဲ့ KIA နဲ့ ဆွေးနွေးမှုများ ရှိလာမယ်လို့ စစ်ကောင်စီဆို
• ငြိမ်းချမ်းရေး စကားဝိုင်းမလာရင် AA ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ALP ဥက္ကဋ္ဌ ဆို
• ချင်း စစ်မြေပြင်မှာ အထိနာလို့ ရှုံးမဲမဲ ဗုံး ၁၀၀ ကျော်ကြဲ၊ ကလေးငယ် အပါအဝင် ၉ ဦး သေဆုံး
• ဥပဒေချိုးဖောက်သူတွေကို နှိမ်နင်းဖို့ ဗီဇာ ၃ သိန်းကျော် ရုပ်သိမ်းခဲ့တယ်လို့ ထရမ့် အစိုးရဆို
အဲဒီလို နေ့လယ်ခင်းထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/MZTdjHi4zdU

YouTube
MPA 12 PM News Update | October 21, 2026
- မလေးခရီးစဉ်အတွင်း မင်းအောင်လှိုင်ရဲ့ စီးပွားရေး သဘောတူညီချက်တွေကို မြန်မာမှာ စတင် အကောင်အထည်ဖော်
- စစ်တပ် အောက်ကျို့ရတဲ့ KIA နဲ့ ဆွေးနွေးမှုများ ရှိလာမယ်လို့ စစ်ကောင်စီဆို
- ငြိမ်းချမ်းရေး စကားဝိုင်းမလာရင် AA ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ALP ဥက္ကဋ္ဌ…

🔥3👍1
သုဝဏ္ဏဘူမိလေဆိပ်တွင် ခရီးဆောင်အိတ် ဖွင့်ဖောက်ခံရသည်ဆိုသည့် တိုင်ကြားချက်ကို လေဆိပ်က ငြင်းဆို
21 Oct 2026 By Khaosod News
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည် မရှိဘဲ လေယာဉ်ပေါ်ပါ ခရီးဆောင်အိတ်များကို ဖွင့်ဖောက်စစ်ဆေးခွင့်ပြုသည့် စည်းမျဉ်းသစ် စတင်ပြီးနောက် ခရီးဆောင်အိတ် မွှေနှောက်ခံရသည်ဆိုသည့် တိုင်ကြားချက်နှင့် ပတ်သက်၍ လေဆိပ်ဝန်ထမ်းများက အိတ်ကို ဖွင့်ဖောက်ခဲ့ခြင်း မရှိကြောင်း လေဆိပ်အာဏာပိုင်များက အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန် ငြင်းဆိုလိုက်သည်။
အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက်က သုဝဏ္ဏဘူမိ လေဆိပ်မှ တရုတ်နိုင်ငံ၊ ချုံချင့်မြို့သို့ ထွက်ခွာသည့် Hainan Airlines လေယာဉ်လိုင်း ခရီးစဉ် HU424 ဖြင့် လိုက်ပါသွားသည့် ခရီးသည်တစ်ဦး၏ ခရီးဆောင်အိတ် မွှေနှောက်ခံခဲ့ရကြောင်း ‘Benz pa pai Journey’ လူမှုကွန်ရက် စာမျက်နှာတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13818/

🔥5
မင်းအောင်လှိုင်တပ် ဓာတုလက်နက် အသုံးပြုမှုရှိ၊မရှိ နိုင်ငံတကာ အနီးကပ်စောင့်ကြည့်ရန် လို
21 Oct 2026 By MPA
အာဏာသိမ်းစစ်တပ်က ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက်များကို ပိုမိုအသေးစိတ် စိစစ်စုံစမ်းရန် လိုအပ်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။
အောက်တိုဘာ၂၀ရက်၊ ကုလသမဂ္ဂတွင် ကျင်းပသည့် “အခြားအဖျက်စွမ်းအားပြင်းလက်နက် များ”ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13821/

👍7😁3❤2
မွန်အစိုးရတု၏ ကျပ်မပြည့်သော ဉာဏ်ရည်ကြောင့် မုဒုံပြည်သူတစ်ဦး သေဆုံးရပြန်
21 Oct 2026 By MPA
မွန်ပြည်နယ်အစိုးရတု၏ အပူဒဏ်ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် မုဒုံ ပြည်သူ တစ်ဦး ထပ်မံအသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အောက်တိုဘာ၂၀ရက်၊ညနေ၆နာရီခန့်တွင် မုဒုံမြို့ မီတာ၄၀၀ အားကစားကွင်း၌ ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် ဘောလုံးသမားတစ်ဦး မောလာသဖြင့် ကွင်းအပြင်ထွက်၍ ခေတ္တနားနေကြောင်း ထို့နောက် သတိလစ်သွားသဖြင့် မုဒုံပြည်သူ့ဆေးရုံသို့ ရောက်ချိန်၌ သေဆုံးသွားကြောင်း Mudon Myanmar Youth Rescue Team ၏ ထုတ်ပြန်ချက်ကို ကိုးကားကာ ဒေသတွင်းသတင်းများက ဖော်ပြသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13824/

🔥7😁1
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရတက်လာမှ CI စနစ်များ ပြန်လည်အကောင်အထည်ဖော်သင့်ဟု ထိုင်းအမတ်များဆို
21 Oct 2026 By Trans Border News
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများအတွက် CI စာရွက်စာတမ်းထုတ်ပေးရေးစင်တာများတွင် မြန်မာစစ်ကောင်စီဝန်ထမ်းများကို ဝင်ရောက်လုပ်ကိုင်ခွင့်ပြုထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ထိုင်းအထက်လွှတ်တော်အမတ် ထေဝရစ် မဏီချိုင်းနှင့် ပြည်သူ့ပါတီအမတ် ဆီယာ ဂျမ်ပထောင်တို့က ဝေဖန်ပြောဆိုခဲ့သည်။
၎င်းတို့က ပန်းရောင်ကတ်စနစ်ကို ရွေးချယ်အသုံးပြုခွင့်ပေးရန်နှင့် CI စာရွက်စာတမ်းထုတ်ပေးရေးလုပ်ငန်းစဉ်တွင် ဖြစ်ပွားနေသည့် အကျင့်ပျက်ခြစားမှုများကို အလေးအနက်စုံစမ်းစစ်ဆေးရန် ထိုင်းအစိုးရကို တိုက်တွန်းခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13827/

👏9🔥2❤1
ဂျပန်တွင် ဘတ်စ်ကားမောင်းနှင်ခွင့်ရခဲ့သည့် မြန်မာနိုင်ငံသားကို ဂျပန်ပြည်သူများ ချီးကျူးဂုဏ်ပြု
21 Oct 2026 By MPA
ဂျပန်နိုင်ငံ၏ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် မြန်မာနိုင်ငံသား ဘတ်စ်ကားယာဉ်မောင်းတစ်ဦးက မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့သည်။
Fuji Kyuko Shizuoka Bus ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ပြည့်စုံဟု အမည်ဖော်ပြထားသည့် မြန်မာနိုင်ငံသား ပြည့်စုံသည် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် ပုံမှန်ပြေးဆွဲသည့် လမ်းကြောင်းဘတ်စ်ကားကို တရားဝင်စတင်မောင်းနှင်ခဲ့ပြီး၊ ရှီဇူအိုကာစီရင်စုတွင် ပုံမှန်လမ်းကြောင်းဘတ်စ်ကား ယာဉ်မောင်းအဖြစ် လုပ်ကိုင်သည့် ပထမဆုံး နိုင်ငံခြားသား ဖြစ်လာခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13830/

👍14❤1🔥1
မင်္ဂလာတောင်ညွန့် ဓားပြတိုက်မှု လူငယ်တစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး စိုးရိမ်ရ
21 Oct 2026 By MPA
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် ၃ လမ်းရှိ စတိုးဆိုင်တစ်ဆိုင်တွင် အောက်တိုဘာ ၂၁ ရက် မနက်အစောပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး သက်ကြီးအမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေနှင့် အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
Bahan Information၏ ဖော်ပြချက်အရ အဆိုပါဖြစ်စဉ်သည် ယနေ့မနက် ၂ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားသုံးဦးပါဝင်သည့် ဓားပြအဖွဲ့က စတိုးဆိုင်၏ အိမ်နောက်ဖေးပေါက်မှတစ်ဆင့် သံပန်းများကို ဖြတ်တောက်ကာ ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13833/

🔥7👍1
စစ်မှုထမ်းကြောင့် လူငယ်များ နိုင်ငံပြင်ပသို့ ထွက်ပြေးနေရချိန် မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရန် မင်းအောင်လှိုင် တိုက်တွန်း
21 Oct 2026 By MPA
စစ်မှုထမ်းဥပဒေနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် နိုင်ငံတစ်ဝန်းရှိ လူငယ်အများအပြား ပြည်ပသို့ နည်းမျိုးစုံဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရချိန်တွင် လူငယ်များ၏ မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေး စရိုက်လက္ခဏာများ ခိုင်မာလာစေရေး ရိုးရာယဉ်ကျေးမှုကို အလေးထား မြှင့်တင်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
အောက်တိုဘာ ၂၁ ရက် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-1) ၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ၎င်းက ထိုသို့ အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13836/

🖕6❤4🔥3😁1
မင်းအောင်လှိုင် တရားဝင်မှုပြန်ရရေး ကူညီပေးနေခြင်းကို အာဆီယံ ချက်ချင်းရပ်ရန် တောင်းဆို
21 Oct 2026 By MPA
ရာဇဝတ်သားမင်းအောင်လှိုင်ကို တရားဝင်မှု ပြန်လည်ရရှိစေရန် ကူညီပေးနေခြင်းကို အာဆီယံ အနေဖြင့် ချက်ချင်းရပ်ရန် Blood Money က တောင်းဆိုလိုက်သည်။
အာဆီယံသည် ရာဇဝတ်သား မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်အုပ်စုကို အာဆီယံအသိုက်အဝန်း အတွင်း ပြန်လည်ပေါင်းစည်းနိုင်ရေး လမ်းဖွင့်ပေးနေချိန်တွင် အဆိုပါစစ်အုပ်စုသည် မြန်မာပြည် သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ကာ အပြစ်မဲ့အရပ်သားများအား နေ့စဉ် သတ်ဖြတ်နေကြောင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားနှင့် အိန္ဒိယဈေး အနီး ဗုံးကြဲတိုက်ခိုက်မှုမှသည် ရခိုင်ပြည်နယ်တစ်ဝန်း ထပ်ခါတလဲလဲ ပြုလုပ်နေသည့် လေကြောင်း တိုက်ခိုက်မှုများအထိ စစ်အုပ်စုသည် အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ သတ်ဖြတ်နေဆဲဖြစ်ကြောင်း Blood Money က ထုတ်ပြန်သည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13840/

👍15❤3🔥2😁1
MPA နံနက် ၇ နာရီသတင်း (၂၂ ရက်၊ အောက်တိုဘာ၊ ၂၀၂၆)
- ထိုင်းရောက် မြန်မာတွေ ပန်းရောင်ကတ်တစ်မျိုးတည်းနဲ့ အလုပ်လုပ်ခွင့်ရရေး ထိုင်းလုပ်ငန်းရှင်တွေကိုပါ စည်းရုံးမယ်
- ပေါက်မြို့နယ်မှာ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ အကူအညီနဲ့ စစ်သုံ့ပန်း ၁၃ ဦး ထောင်ဖောက်ထွက်ပြေး
- မင်းအောင်လှိုင်ကို နိုင်ငံရေးအရ တရားဝင်မှုရအောင် ကူညီနေခြင်းကို အာဆီယံ ရပ်တန့်ဖို့ တောင်းဆို
- မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍတစ်ခုလုံးကို ပိတ်ဆို့အရေးယူဖို့ EU ကို အဖွဲ့ ၁၄ ဖွဲ့ တောင်းဆို
- မုန်တိုင်းဖြစ်ပေါ်နိုင်ခြေနဲ့ လေအေးစီးဝင်မှုကြောင့် မြန်မာနိုင်ငံဒေသအချို့ အခါလွန်မိုးများနိုင်
- တောင်ကိုရီးယားနဲ့ တင်းမာမှုမြင့်တက်လာချိန် နယ်စပ်တစ်လျှောက် ဝါဒဖြန့်အသံလွှင့်မှုတွေ ပြန်စမယ်လို့ မြောက်ကိုရီးယားကြေညာ
အဲဒီလို နံနက်ခင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/s5_ZV3sHvps

🔥4❤1👍1👏1
ကြက်ဥတစ်လုံး ဝယ်နိုင်ရန် စင်ကာပူတွင် ၁ မိနစ်၊ မြန်မာတွင် မိနစ် ၄၀ ကျော် အလုပ်လုပ်ရ
22 Oct 2026 By MPA
မြန်မာနိုင်ငံတွင် စီးပွားရေး ကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကြောင့် အလုပ်သမားတစ်ဦး ကြက်ဥတစ်လုံး ဝယ်ယူစားသုံးရန်အတွက် လုပ်အားပေးရသည့် အချိန်မှာ လွန်စွာ ကြီးမားလာနေကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB) က ပြုလုပ်ထားသည့် သုတေသန အချက်အလက်များအရ သိရသည်။
ရန်ကုန်မြို့ရှိ စက်ရုံအလုပ်သမားတစ်ဦးအနေဖြင့် နေ့လယ်စာ ထမင်းဘူးထဲတွင် ကြက်ဥကြော် တစ်လုံး ထည့်သွင်းစားသုံးလိုပါက အလုပ်စဝင်သည့် နံနက် ၉ နာရီမှစတင်ကာ ၉ နာရီ ၄၃ မိနစ်အထိ (မိနစ် ၄၀ ကျော်) အလုပ်လုပ်မှသာ ကြက်ဥတစ်လုံးစာ ဖိုးငွေကို ရရှိမည်ဖြစ်ကြောင်း ဆိုသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13839/

🔥5❤3
ကိုယ်ပိုင်ခါးပိုက်ဆောင်တပ်ဖွဲ့ကာ အကြီးအကျယ်လာဘ်စားခဲ့သော မွန်လုံနယ်ဝန်ကြီး ပြုတ်ပြီ
22 Oct 2026 By MPA
ကိုယ်ပိုင်ခါးပိုက်ဆောင်တပ် ဖွဲ့စည်းကာ လောင်းကစားနှင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများတွင် အကြီးအကျယ်လာဘ်စားခဲ့သော မွန်ပြည်နယ်လုံနယ်ဝန်ကြီးကို တာဝန်မှ ရပ်နားလိုက်ကြောင်း အစိုးရတုက ထုတ်ပြန်လိုက်သည်။
လုံနယ်ဝန်ကြီး(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး)ကျော်စွာမြင့်သည် ၂၀၂၂ခုနှစ်၊ဩဂုတ်၁၉ရက်တွင် မတရားအာဏာ စတင်ရရှိခဲ့ပြီး အောင်ကြည်သိန်းဝန်ကြီးချုပ်ဖြစ်လာပြီးနောက် မွန်ပြည်နယ်အတွင်း လောင်းကစားဝိုင်းများကို တရားဝင်ဖွင့်လှစ်ကာ လိုင်းကြေးရယူခဲ့ကြသည်။ထို့အပြင် မွန်ပြည်နယ်တ ရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဌလည်း ဖြစ်သော ကျော်စွာမြင့်သည် ထိုင်း-မြန်မာ နယ်စပ်မှ ဝင်လာသော တရားမဝင်ကုန်စည်များကို လိုင်းကြေးယူကာ မွန်ပြည်နယ်အတွင်း တင်သွင်း ခွင့် ပြုခဲ့သူလည်း ဖြစ်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13845/

😁5👍1🔥1
မြန်မာပြည်သူများအပေါ် နိုင်ငံတကာ အကြိမ်ကြိမ်ပျက်ကွက်နေဟု သံအမတ်ကြီးပြော
22 Oct 2026 By MPA
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများအပေါ် အကြိမ်ကြိမ်အခါခါ ပျက်ကွက်ခဲ့ပြီး ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
အောက်တိုဘာ၂၁ရက်၊ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေး ရာကော်မတီ (တတိယကော်မတီ) တွင် တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက် ခြင်း နှင့်စပ်လျဉ်း၍ အထူးအစီရင်ခံစာတင်သွင်းသူ Mr. Morris TIDBALL-BINZ နှင့်အပြန်အလှန် ဆွေးနွေးသည့်အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13848/

❤8🔥3👍1
ရွှေပြည်သာတွင် ယာဉ်မောင်း မူးပြီး မောင်း၍ စက်ရုံ ဖယ်ရီကားမှောက်၊ အလုပ်သမား ၁၀ ဦး ဒဏ်ရာရ
22 Oct 2026 By MPA
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ GTIG Guohua Glory (GTIG 2) Garment Factory အထည်ချုပ်စက်ရုံမှ အလုပ်သမားများ တင်ဆောင်လာသည့် ဖယ်ရီမော်တော်ယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွေးစည်းညီညွတ်သော ရန်ကုန်တိုင်း အထည်ချုပ်အလုပ်သမားများအစည်းအရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာလ (၂၁) ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် စက်ရုံမှ အလုပ်ဆင်းလာသည့် အလုပ်သမားများကို တင်ဆောင်မောင်းနှင်လာစဉ် ဝါးတရာစက်မှုဇုန်အတွင်းရှိ ဖိနပ်စက်ရုံတစ်ခု၏ ရှေ့တွင် ရုတ်တရက် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13851/

🤬7🔥2
MPA နေ့လယ် ၁၂ နာရီသတင်း (၂၂ ရက်၊ အောက်တိုဘာ၊ ၂၀၂၆)
- စစ်ရေးအရ အရေးပါတဲ့ တိုင်းနဲ့ ပြည်နယ် ၇ ခုက လုံ/နယ် ဝန်ကြီးတွေကို စစ်ကောင်စီ ဘာကြောင့် ရုတ်တရက် ပြောင်းလဲ လိုက်တာလဲ
- KIA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး ဗန်းမော်ကို ပြန်သိမ်းဖို့ စစ်တပ်က အင်အား တစ်ထောင်ကျော်နဲ့ ထိုးစစ်ဆင်နေ
- ချင်း-မကွေးအစပ် စစ်မျက်နှာ ၄ ခုမှာ စစ်တပ် အထိနာပြီး အကြီးအကျယ် ရှုံးနိမ့်နေ
- တရုတ်ကုန်ကားတွေ နံပါတ်ပြားအတု လဲတပ်ပြီး မန္တလေးအထိ လွတ်လပ်စွာ ဝင်ရောက်နေ
- ယူကရိန်းနဲ့ အမေရိကန်တို့ပါဝင်မယ့် ၃ ပွင့်ဆိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ပူတင် သဘောတူ
အဲဒီလို နေ့လယ်ခင်းထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/n349_P3piD0

👍6🔥2
ကန်ပက်လက် အသေခံစစ်ကြောင်းတွင် ပါလာသော လက်နက်ချ နဂါးတပ်သားဟောင်းများကို အရှင်ဖမ်းမိ
22 Oct 2026 By Ko Myo/ MPA
ကန်ပက်လက် အသေခံစစ်ကြောင်းထဲတွင် ပါလာသော လက်နက်ချ နဂါးတပ်သားဟောင်းများကို အရှင်ဖမ်းမိထားကြောင်း သိရသည်။
အောက်တိုဘာ၁၂ရက်တွင် ချင်းပြည်နယ်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်၊မဆာတွီနှင့် မောချောင်း ကြားတိုက်ပွဲ၌ စစ်သားများနှင့်အတူ ယခင်က ပုလဲမြို့နယ်အတွင်း အခြေစိုက်ခဲ့သော လက်နက်ချ BNRA နဂါးတပ်သားဟောင်းများအား တော်လှန်ရေးတပ်များက ဖမ်းဆီးမိခြင်းဖြစ်ပြီး အရေအ တွက်ကိုမူ မသိရသေးကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာ မျက်နှာ ယောအလင်းတန်းက သတင်းထုတ်ပြန်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13854/

👍11🔥1😁1
စစ်ကိုင်းတွင် အရှင်ဖမ်းမိခဲ့သော ဗိုလ်မှူးကြီး ထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွား
22 Oct 2026 By MPA
စစ်ကိုင်းမြို့၊ ကန်တလူတိုးဂိတ်အနီးတွင် ဖမ်းဆီးမိခဲ့သော ဗိုလ်မှူးကြီးဇော်မျိုးတင့်သည် လက်နက် လုပြီး ထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရာပွဲချင်းပြီး သေဆုံးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ယနေ့(အောက်တိုဘာ၂၂ရက်)သတင်းထုတ်ပြန်သည်။
တပ်တွင်းဖရဲသီးများနှင့် လက်နက်ချတော်လှန်ရေးသမားများ၏ သတင်းပေးမှုအရ အောက်တိုဘာ ၁၈ ရက်၊ ညနေ၄နာရီခန့်တွင် ဗိုလ်မှူးကြီးဇော်မျိုးတင့်(ကြည်း-၂၉၄၅၈)ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13857/

👏8❤3🔥3
ငါးနှစ်ကျော်အတွင်း မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့်ရဟု ကင်အဲရစ်ဆို
22 Oct 2026 By MPA
ငါးနှစ်ကျော်ကြာပြီးနောက် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့်ရခဲ့ကြောင်း သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်အဲရစ်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် အသိပေးရေးသားထားသည်။
ယနေ့တွင် မိခင်ဖြစ်သူ၏ အသံကို ပြန်လည်ကြားခွင့်ရခြင်းသည် စကားလုံးများဖြင့် ဖော်ပြ၍မရလောက်အောင် အဓိပ္ပာယ်ရှိကြောင်း ကင်အဲရစ်က ပြောဆိုသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13860/

❤20👍1🔥1🥰1
ဒေါ်အောင်ဆန်းစုကြည်ကို ဖျောက်ဖျက်ပစ်၍ မရကြောင်း မင်းအောင်လှိုင် လက်မခံချင်ဘဲ လက်ခံ လာရပြီဟုဆို
22 Oct 2026 By Ko Myo / MPA
နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့မျှ ဖျောက်ဖျက်ပစ်၍ မရကြောင်း ရာဇဝတ်ကောင် မင်းအောင်လှိုင် လက်မခံချင်ဘဲ လက်ခံလာရပြီဟု မုံရွာအခြေစိုက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်းကို ဖုန်းဆက်သွယ်ခွင့်ပြုလိုက် ရသည့်အပေါ် ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13863/

👍17😁2🔥1🤬1