စစ်ကိုင်းတွင် ဖမ်းမိခဲ့သော ဗိုလ်မှူးကြီးမှာ သံချပ်ကာ ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူးဟုဆို
23 Oct 2026 By Ko Myo/ MPA
စစ်ကိုင်းမြို့၊ ကံတလူတိုးဂိတ်အနီးတွင် ဖမ်းဆီးမိခဲ့သော ဗိုလ်မှူးကြီးဇော်မျိုးတင့်မှာ အမှတ်၇၂ သံချပ် ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်ကြောင်း သိရသည်။
တပ်တွင်းဖရဲသီးများနှင့် လက်နက်ချတော်လှန်ရေးသမားများ၏ သတင်းပေးမှုအရ အောက်တိုဘာ ၁၈ ရက်၊ ညနေ၄နာရီခန့်တွင် ဗိုလ်မှူးကြီးဇော်မျိုးတင့်(ကြည်း-၂၉၄၅၈)ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ် ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13888/

👏8🔥4
MPA ည ၇ နာရီသတင်း (၂၃ ရက်၊ အောက်တိုဘာ၊ ၂၀၂၆)
- ရန်ကုန်မှာ သူခိုးဓားပြရန်ကြား ကိုယ့်လုံခြုံရေးကိုယ်ကာကွယ်နေရတဲ့ ပြည်သူတွေ
- စစ်ကောင်စီ အပေါ်မူဝါဒပျော့ပျောင်းလာတဲ့ ဗြိတိန်အစိုးရ ဝေဖန်ခံနေရ
- ဒေါ်အောင်ဆန်းစုကြည် လက်အရွတ်ရာင်ရမ်းဝေဒနာ ခံစားနေရဟု သားဖြစ်သူပြော
- စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ပြန်လည်လွတ်မြောက်လာ
- အမေရိကန်ထဲ ဝင်ရောက်လိုသူတွေ မူးယစ်မှောင်ခိုသမားတွေ အသုံးပြုတဲ့ အန္တရာယ်များတဲ့ လမ်းကြောင်းတွေကနေ ဖြတ်သန်းနေရ
အဲဒီလို ညပိုင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/ojIfekRla0c

❤4🔥4
MPA နံနက် ၇ နာရီသတင်း (၂၄ ရက်၊ အောက်တိုဘာ၊ ၂၀၂၆)
- MNDAA ရဲ့ တရုတ်အသွင်ပြောင်း အုပ်ချုပ်မှုကို ပြင်းထန်စွာ တုံ့ပြန်မယ်
- မိုးဗြဲက စစ်ဘေးရှောင်တွေကို ကင်းစောင့်ခိုင်းနေတဲ့ စစ်ကောင်စီရဲ့ ယုတ်မာမှု
- အသက် ၁၉ နှစ်နဲ့ ဂျပန်ဘော်လီဘောလိဂ်မှာ လက်စွမ်းပြနေတဲ့ မရည်မွန်မြတ်
- ကော်ဘရာစစ်ကြောင်းက တပ်ခွဲမှူး အပါ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၂ ဦး အလင်းဝင်လို့ စစ်ကောင်စီ ဝါဒဖြန့်လာ
- ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း ဆိုင်ကလုန်းမုန်တိုင်း အထိအားကောင်းနိုင်
- အီရန်ကို လေကြောင်းထပ်မံတိုက်ခိုက်နိုင်တဲ့ အခြေအနေကို ထရမ့် စကားစလာ
အဲဒီလို နံနက်ခင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/qSw_Y8beLk0

❤7🔥4
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် မည်သည့်နေရာရောက်နေမှန်း အတိအကျ မသိဟုဆို
24 Oct 2026 By MPA
တရားမဲ့ ဖမ်းဆီးခံထားရသော နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် မည်သည့် နေရာ ရောက်နေမှန်း အတိအကျမသိကြောင်း သားဖြစ်သူ ကိုထိန်လင်းက ပြောသည်။
အာဏာသိမ်းစစ်အုပ်စုက တရားမဲ့ဖမ်းဆီးထားသည့် ၅နှစ်ကျော်ကာလအတွင်း ဒေါ်အောင်ဆန်း စုကြည်နှင့် သားဖြစ်သူနှင့် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ၂၂ရက် တွင် မိနစ်၂၀ကြာ ဖုန်းဆက် စကားပြောခွင့်ရပြီးနောက် ကိုထိန်လင်းက ၎င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှနေ၍ အထက်ပါအတိုင်း ရေးသားသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13891/

🤬8🔥2❤1
Scarlet Heart Thailand ဝတ်စုံဒီဇိုင်းများကို လန်နာ၊ တိုင်၊ တရုတ်နှင့် မြန်မာ့ယဉ်ကျေးမှုများမှ လှုံ့ဆော်ဖန်တီးထားဟု GMMTV ငြင်းချက်ထုတ်
24 Oct 2026 By Khaosod English
ထိုင်းဖျော်ဖြေရေးကုမ္ပဏီ GMMTV သည် မကြာမီ ထုတ်လွှင့်မည့် သမိုင်းနောက်ခံ စိတ်ကူးယဉ်ဇာတ်လမ်းတွဲ Scarlet Heart Thailand ၏ ဝတ်စုံဒီဇိုင်းနှင့် အနုပညာဖန်တီးမှုများအပေါ် ဝေဖန်မေးခွန်းထုတ်မှုများနှင့်ပတ်သက်၍ အောက်တိုဘာ ၂၃ ရက်တွင် ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။
ကုမ္ပဏီက ဇာတ်လမ်းတွဲတွင် အသုံးပြုထားသည့် ဝတ်စုံနှင့် အနုပညာလက်ရာများသည် လန်နာ၊ တိုင်လူမျိုးစုများ၊ တရုတ်နှင့် မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများမှ လှုံ့ဆော်မှုရယူထားခြင်းဖြစ်ပြီး ယင်းအစိတ်အပိုင်းအားလုံးကို ထိုင်းယဉ်ကျေးမှုအဖြစ် သတ်မှတ်ပုံဖော်ထားခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13894/

🔥4❤1👍1🖕1
ကန့်ဘလူပြည်သူများကို စစ်တပ် ဗုံးကြဲ သတ်၊ မိသားစုဝင်၅ဦး သေဆုံးပြီး ၄ဦး ပြင်းထန်ဒဏ်ရာရ
24 Oct 2026 By MPA
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ၂ရွာအနီးကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင်၅ဦး သေဆုံးပြီး ၄ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ၂၃ရက်၊ညနေ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊မလယ်တိုက်နယ်အတွင်းရှိ ထန်းတောရွာအနီး တဲတိုက်များကို ဂျက်ဖိုက်တာတစ်စင်းဖြင့် အကြောင်းမဲ့လေကြောင်းတိုက်ခိုက် ခဲ့ရာ တောင်ယာတဲပေါ်တည့်တည့် ဗုံးကျကာ အမျိုးသမီး၂ဦး အပါအဝင် မိသားစုဝင်၅ဦး သေဆုံးခဲ့ ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ (အောက်တိုဘာ၂၄ရက်) သတင်းထုတ်ပြန်သည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13897/

🔥4🤬2❤1
စစ်ကိုင်းတွင် PDF အရှင်ဖမ်းမိသော ဗိုလ်မှူးကြီးထံမှ ပစ္စတိုသေနတ်တစ်လက် သိမ်းဆည်းရရှိ
24 Oct 2026 By MPA
စစ်ကိုင်းတွင် အရှင်ဖမ်းဆီးရမိသော ဗိုလ်မှူးကြီးဇော်မျိုးတင့်ထံမှ ပစ္စတိုသေနတ်တစ်လက်လည်း သိမ်း ဆည်းရရှိခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ယနေ့(အောက်တိုဘာ၂၄ရက်) သတင်းထုတ်ပြန်သည်။
စစ်ကိုင်းမြို့နယ်၊အုန်းတောအခြေစိုက် အမှတ်၇၂ သံချပ် ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယ စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးကြီးဇော်မျိုးတင့်ကို အောက်တိုဘာ၁၈ရက် ညနေပိုင်းတွင် ကံတလူ စစ်ဆေးရေးဂိတ်အနီး၌ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ ၉မမ ပစ္စတိုတစ်လက်၊ ကျည်အိမ် ၂ခု ၊ လိုင်စင်၊ ATM ကတ် ၁ခု ၊ လက်ကိုင်ဖုန်း ၁လုံး နှင့်ဝန်ထမ်းကတ်တို့ သိမ်းဆည်းရမိခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13900/

👍6👏3❤2😁1
MPA နေ့လယ် ၁၂ နာရီသတင်း (၂၄ ရက်၊ အောက်တိုဘာ၊ ၂၀၂၆)
- စစ်ကောင်စီရဲ့ စည်းကမ်းသစ် ၄၄ ချက်ကြောင့် ကိုယ်ပိုင်ကျောင်း အများအပြား ပိတ်ရဖွယ်ရှိ
- မြန်မာဝတ်စုံတွေ ခိုးယူသုံးစွဲထားတယ်လို့ ဝေဖန်ခံရအပြီး GMMTV က တောင်းပန်စာထုတ်
- စစ်တပ်ကို ပြန်ဝေဖန်ခဲ့တဲ့ ထောက်ခံသူ စိုးသန်းနိုင်ကို စစ်တပ်က ထောင်ဒဏ် ၁၀ နှစ် ချမှတ်
- ရန်ကုန်မှာ စားဆီ ခွဲတမ်း တစ်လတစ်ကြိမ်ပဲ ရောင်းပေးတော့မှာဖြစ်လို့ ပြည်သူတွေ ပိုဒုက္ခရောက်နိုင်
- မယ်လာနီးယားထရမ့်ကြားဝင်မှုနဲ့ ရုရှားသိမ်းထားတဲ့မြို့မှာ အပစ်ရပ်၊ နိုဝင်ဘာမှာ ရုရှားနဲ့ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအသစ်တွေ လုပ်မယ်
အဲဒီလို နေ့လယ်ခင်းထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/NqBokoV8_ac

🔥4👍1
၂ ရက်ကျော်ကြာ မြန်မာပလာဇာအနီးမှပျောက်သွားသည့် မနှင်းလဲ့လဲ့ပိုင် ပြန်ပေါ်လာ၊ ပြန်ပေးဆွဲခြင်း၊ ယောကျ်ားနောက်လိုက်ခြင်းမဟုတ်ဟုရှင်းလင်း
24 Oct 2026 By MPA
ရန်ကုန်မြို့၊ မြန်မာပလာဇာအနီးရှိ EV Charging Station တွင် မော်တော်ယာဉ် အားသွင်းရန် သွားရောက်စဉ်က ပျောက်ဆုံးသွားခဲ့သူ YP Education ပိုင်ရှင် မနှင်းလဲ့လဲ့ပိုင် (ခေါ် Yuki) မှာ ယနေ့ အောက်တိုဘာ ၂၄ ရက်တွင် ကျန်းမာစွာဖြင့် မိသားစုထံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က Sedona ဟိုတယ်ရှေ့ရှိ EV Power Station သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားစဉ် လူငယ် ၃ ဦးက ကားပေါ်သို့ တင်ဆောင်ခေါ်ဆောင်သွားခဲ့ခြင်းကြောင့် သတင်းအစအန ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13903/

🔥3😁2👍1
ဖားကန့်လူငယ် ၁၂ဦးကို စစ်တပ်က ဆိုင်ကယ်များသိမ်းကာ စစ်မှုထမ်းအတွက် ဖမ်းဆီးသွား
24 Oct 2026 By Ko Myo/ MPA
ကချင်ပြည်နယ်၊ဖားကန့်မြို့အနီးတွင် စစ်တပ်က လူငယ်၁၂ဦး၏ ဆိုင်ကယ်များကို သိမ်းကာ စစ်မှု ထမ်းအတွက် ဖမ်းဆီးသွားကြောင်း သိရသည်။
အောက်တိုဘာ၂၃ရက်၊နံနက်၉နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မော်မောင်း လယန်လမ်းဆုံ၌ စစ်တပ်က ပြည်သူ ၁၂ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီးခဲ့ကြောင်း ဖားကန့်မြို့ သတင်းရင်းမြစ်ထံက သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13906/

❤4🔥1🤬1
ဗုံးကြဲခံရမှုကြောင့် သေဆုံးခဲ့သော ပြည်သူများကို PDF အမျိုးသမီးများဟု တံဆိပ်ကပ်ထားသည့် သတင်းမှား
24 Oct 2026 By Wazza / MPA
ပျံ့နှံ့မှု
အာဏာသိမ်းစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် “ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာ ဗုံးကြဲခံရပြီး အမျိုးသမီး ခြောက်ဦး အသက်ဆုံးရှုံး”ဆိုသည့် သတင်းကို Screenshot ရိုက်ကူး၍ “ ဘုတလင် PDF ထောက်ပို့စခန်း ဗုံးကြဲရှင်းလင်းရာ PDF အမျိုးသမီး ခြောက်ဦး မီးလောင် အသက်ဆုံးရှုံးခဲ့ကြောင်း” သတင်းအမှားဖြန့်ဝေ လျက်ရှိ သည်။
စစ်ကိုင်း ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရ သော အရပ်သားပြည်သူများကို PDFအမျိုးသမီးများဟု “Ka Ka Han” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၀ရက် ညနေပိုင်းတွင် သတင်းအမှားဖြန့်ဝေထားခြင်းဖြစ်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/13909/

🖕5😁3🔥1
မြိုင်တွင် ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲတိုက်ခိုက်၍ ၃ ဦး သေဆုံးပြီး ကလေးငယ် ၃ ဦး ဒဏ်ရာရ
24 Oct 2026 By MPA
မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းရှိ ကျေးရွာတစ်ရွာ၏ တောတိုက်တဲအိမ် တစ်လုံးပေါ်သို့ စစ်ကောင်စီ၏ ဂျိုင်ရိုကော်ပတာ (Gyro Copter) ဖြင့် ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၁၁ လအရွယ် ရင်သွေးငယ် အပါအဝင် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံမှ သိရသည်။
အောက်တိုဘာ ၂၄ ရက် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ညောင်ဦးဘက်မှ တက်လာသော ဂျိုင်ရိုကော်ပတာ ၃ စီးသည် မြိုင်နယ် အနောက်ပိုင်းရှိ ကျေးရွာတစ်ရွာ၏ တောတိုက်ယာခင်းစပ်အတွင်းရှိ တဲအိမ်ပေါ်သို့ အကြောင်းမဲ့ ဗုံးသီး လာရောက် ကြဲချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13912/

🔥3🤬2
တစ်လ သုံးကြိမ်မှ တစ်ကြိမ်သာပေးမည့် စားဆီခွဲတမ်းကြောင့် မှောင်ခိုဈေးကွက် ပိုကြီးလာပြီး ပြည်သူများ ပိုကျပ်တည်းလာ
24 Oct 2026 By Bywar Oo / MPA
ရန်ကုန်မြို့တွင် စားအုန်းဆီ ခွဲတမ်းကို ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ လာမည့် နိုဝင်ဘာလမှစတင်ကာ တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် အိမ်ထောင်စု အရေအတွက်အပေါ် မူတည်ကာသာ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း စားဆီထုတ်ယူသုံးဆွဲနေသူများနှင့် အရောင်းကိုယ်စားလှယ်တချို့ထံမှ သိရသည်။
မူလက တစ်လလျှင် သုံးကြိမ်နှုန်းဖြင့် တစ်ကြိမ်လျှင် တစ်ပိဿာအထိ ထုတ်ပေးနေရာမှ ယခုကဲ့သို့ ပြောင်းလဲလိုက်သည့်အတွက် ဆီထုတ်ယူသုံးစွဲနေသူများအတွက် အငြင်းပွားစရာများနှင့် အခက်အခဲများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ မှောင်ခိုဈေးကွက်လည်း ကြီးထွားလာနိုင်ကြောင်း ထောက်ပြပြောဆိုနေကြသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13915/

🤬6🔥2
ပေါက်တောနှင့် ပုဏ္ဏားကျွန်းနယ်ကို အာဏာသိမ်း စစ်တပ် ဗုံးကြဲ အရပ်သား ၁ ဦးသေ ၇ ဦးဒဏ်ရာရ
24 Oct 2026 By Thant Mrat Khaing/ MPA
တိုက်ပွဲများ ပြင်းထန်နေသည့် စစ်တွေခရိုင်အတွင်းရှိ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်များကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာသိမ်းစစ်တပ်သည် ယနေ့ (အောက်တိုဘာ ၂၄ရက်)နံနက် ၆ နာရီခန့်တွင် Y-12 လေယာဉ်ဖြင့် ပေါက်တောမြို့နယ်ရှိ သဝင်ချောင်းနှင့် အဝကန်ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/airstrike/13918/

🤬5🔥1😁1
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းအားလုံး လွတ်မြောက်ရေး ပြည်သူနှင့် နိုင်ငံတကာတို့ အရှိန်မြှင့် ဖိအားပေးရန် NUG မေတ္တာရပ်ခံ
24 Oct 2026 By Ko Myo/ MPA
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရ သည့် နိုင်ငံရေး အကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ချင်း လွတ်မြောက်ရေးအတွက် ပြည်သူ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ အရှိန်အဟုန်မြှင့်ဖိအားပေး တောင်းဆိုကြရန် အမျိုးသားညီညွတ် ရေးအစိုးရ NUG က မေတ္တာရပ်ခံလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့ခြင်းနှင့် စပ်လျဉ်း၍ NUGအစိုးရ၏ သဘောထားကို ယနေ့(အောက်တိုဘာ၂၄ရက်)ထုတ်ပြန်ရာ၌ အထက်ပါ အတိုင်း မေတ္တာရပ်ခံထားသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13921/

❤4👍3🔥2
အမေရိကန်-မြန်မာ ထိတွေ့ဆက်ဆံမှုကို ကြိုဆိုဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
24 Oct 2026 By Returs
ထိုင်းနိုင်ငံသည် အမေရိကန်၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုကို ကြိုဆိုကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအသင်း (ASEAN) ၏ နိုဝင်ဘာလတွင် မနီလာမြို့၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အဖွဲ့၏ အစည်းအဝေးများ၌ ကိုယ်စားပြုခွင့် ကန့်သတ်ခံထားရသည့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောက သောကြာနေ့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အမေရိကန်နှင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံပြု အစိုးရတို့သည် လွန်ခဲ့သည့် နှစ်ပတ်က တိုကျိုမြို့တွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13924/

🖕7🔥1😁1
မြန်မာ့တော်လှန်ရေးနှင့် လယ်သမားထုဘက်က ကမ္ဘာလုံးဆိုင်ရာလယ်သမားအဖွဲ့ကြီး ရပ်တည်၊ စစ်ကောင်စီ ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဟုဆို
24 Oct 2026 By MPA
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး၊ တောင်သူလယ်သမားထုနှင့် အလုပ်သမားများ၏ ရုန်းကန်လှုပ်ရှားမှုများပေါ် ခိုင်မာစွာ ထောက်ခံရပ်တည်ကြောင်း ကမ္ဘာလုံးဆိုင်ရာ တောင်သူလယ်သမားများ လှုပ်ရှားမှုအဖွဲ့ကြီး (La Via Campesina) က အောက်တိုဘာ ၂၄ ရက်ယနေ့တွင် သဘောထား ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီက ပြုလုပ်ခဲ့သည့် တရားမဝင် ရွေးကောက်ပွဲနှင့် ယင်းမှတစ်ဆင့် ထွက်ပေါ်လာသည့် အရပ်ဘက် အုပ်ချုပ်ရေးဆိုသည်ကို လုံးဝ အသိအမှတ်မပြုကြောင်း အတိအလင်း ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13927/

👍7🔥2👏1
နောင်ချိုဗလီကို ပြည်သူ့ဘဏ္ဍာအဖြစ် စစ်ကောင်စီ သိမ်းဆည်းပြီး တရားဟောဆရာနှစ်ဦးကို ထောင် ၁၁ နှစ် အမိန့်ချမှတ်
24 Oct 2026 By MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ မြို့မအစ္စလာမ်ဗလီ အဆောက်အအုံကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်နှင့် ဗလီမှ တရားဟောဆရာ နှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် ၁၁ နှစ်စီ ကျခံစေရန် စစ်ကောင်စီလက်အောက်ခံ ကျောက်မဲခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ကျောက်မဲခရိုင် တရားသူကြီး ကျော်စိုးခိုင်က ရာဇသတ်ကြီးမှုအမှတ် ၃/၂၀၂၅ ဖြင့် စီရင်ချက်ချရာတွင် တရားခံဟု စစ်ကောင်စီက သတ်မှတ်ထားကြသည့် ဦးလုထွေးနှင့် ဦးစိုးသိန်းတို့နှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်စီ၊ ပုဒ်မ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13930/

❤2🔥2😁2
ဂိတ်ဖွင့် ဓားပြတိုက်၍ မရတော့သော မွန် ပြည်သူ့စစ် ပြန်ပေးဆွဲခြင်းဖြင့် စီးပွားရှာလာနိုင်
24 Oct 2026 By MPA
မွန်ပြည်နယ်အတွင်း ဂိတ်ဖွင့် ဓားပြတိုက်၍မရတော့သော လုံနယ်ဝန်ကြီးဟောင်း၏ ခါးပိုက်ဆောင် တပ် ပြည်သူ့စစ်များသည် စစ်မှုထမ်းအတွက် ပြန်ပေးဆွဲခြင်းဖြင့် စီးပွားရှာလာနိုင်ကြောင်း မွန်ပြည် နယ်အစိုးရတု အဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
မွန်ပြည်နယ် လုံနယ်ဝန်ကြီးဟောင်း(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) ကျော်စွာမြင့် ဖွဲ့စည်း ထား သည့် ပြည်သူ့စစ်အင်အားမှာ ၁၀၀၀ ဝန်းကျင်အထိရှိပြီး ၎င်းတို့သည် လောင်းကစားဝိုင်းများကို လုံခြုံ ရေးယူပေးခြင်းနှင့် မွန်ပြည်နယ်အတွင်းရှိ အဓိကလမ်းမကြီးများပေါ် ဂိတ်ဖွင့်ကာ ခရီးသွားပြည်သူ များအား သေနတ်ပြ ခြိမ်းခြောက် ငွေ ညှစ်ခြင်းနှင့် ပစ္စည်းသိမ်းခြင်းတို့ကို လုပ်ဆောင်ခဲ့သော်လည်း ယခုအခါ ယင်းအလုပ်၂ခုစလုံး လုပ်ကိုင်ရန်မလွယ်တော့၍ စစ်မှုထမ်းပြန်ပေးဆွဲဘက်သို့ ခြေဦး လှည့် လာနိုင်ကြောင်း ဆိုသည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/13933/

😁4❤1🔥1
MPA ည ၇ နာရီသတင်း (၂၄ ရက်၊ အောက်တိုဘာ၊ ၂၀၂၆)
- ၅ နှစ်ကျော်အတွင်း ဘယ်နေရာတွေရောက်နေမှန်းမသိဖြစ်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်
- မြန်မာ့ တော်လှန်ရေးကို အပြည့်အဝ ထောက်ခံကြောင်း ကြေညာလိုက်တဲ့ ကမ္ဘာ့ လယ်သမား အဖွဲ့ကြီး
- နီပိန်းထက် စိမ်းပိန်း ပိုများတယ်ဆိုတဲ့ တရုတ်လော်ဘီ အပြောကို စစ်လော်ဘီတွေ ပြန်ချေပ
- အကောင်းတိုင်း ပြန်ပေါ်လာပေမဲ့ ဘာကြောင့် ပျောက်သွားရလဲ မပြောတဲ့ မနှင်းလဲ့လဲ့ပိုင်ကြောင့် ပဟေဠိဖြစ်နေကြ
- ဆန္ဒပြသူတွေကို ကြောက်လို့ ပြင်သစ်က နာမည်ကျော် ဆိုင်ကြီးတွေ မှန်တွေကို သစ်သားပြားနဲ့ ကာပြီး လုံခြုံရေး တိုးမြှင့်
အဲဒီလို တစ်နေ့တာ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/H_vZ0Cp4mXU

❤3🔥2