မော်ဒန်ကဗျာ ချန်နယ်
361 subscribers
165 photos
6 videos
1 file
4 links
ဘဝကို တစ်ယောက်တည်း မတွေးခေါ်နဲ့
အချစ်နဲ့ လွဲရင် ကမ္ဘာနဲ့ လွဲမယ် ။

▪️စိုင်းဝင်းမြင့်

- ကဗျာကောင်းများကို နေ့စဥ်တင်ပေးလျက်ရှိသညိ...။ - owner
Download Telegram
Van နိုင်သွားပါပြီ…
Big congratulations 🎊🎉

အားရတယ်ကွာ…
❤4❤‍🔥1
Jealous
Amera Hpone
မင်းပုခုံးမှာ နားခွင့်ရတဲ့
လိပ်ပြာဟာ ငါဖြစ်ပါစေ။

- လိပ်ပြာ
❤4
စောင့်နေရခြင်းမှာ
အသားကျသွားတဲ့သူမို့...

နေနိုင်သွားပြီလားလို့မေးရင်
"အင်း"လို့ပဲ ခေါင်းလေးညိမ့်ပြီး
ဖြေမိမှာပါ ။

▪️စာတိုငဖြူ
❤2🥰1
ကိုယ့်နဖူးကိုစမ်းမယ့်အစား
ရင်ဘတ်ကိုပြောင်းစမ်းလိုက်စမ်းပါ အချစ်ရယ်။
နေမကောင်းတာနဲ့
နေလို့မကောင်းတာ
အကွာကြီးရယ်ပါ။

-မြတ်နွယ်
❤5
မမရေ...မမရေ...
မမရဲ့ မေတ္တာများက လွဲရင် ကျန်တာ မမက်မောသူမို့
သမ္မတရာထူးကမ်းလှမ်းရင်လဲ
ကျနော် ငြင်းရပါလိမ့်မယ်...။

- လောင်ချိတ်

- " အညာသား အချစ် နံပါတ် တစ် " ကဗျာမှ..
🍓2🥰1
နေနိုင်သူတွေ
မနေနိုင်သူတွေ ခွဲ​မနေပါနဲ့

အသဲဆိုတာ
ဝါဂွမ်းတွေနဲ့ ​သေချာဖုံးဖိထားလည်း
ကွဲချင်ရင် ကွဲတာပဲ။

- သူရဇ္ဇနီ
❤3
ငါထက် ဒုက္ခရောက်နေတဲ့လူတွေ တွေ့တော့

ငါ ဒုက္ခ ဒုက္ခ လို့မပြောတော့ဘူး။

-သုခမိန်လှိုင်-
❤‍🔥3
ချစ်ခြင်းမေတ္တာမှာ
အရောင်တွေမပါစေချင်ဘူး။

ဖြစ်နိုင်ရင် ကျွန်တော်က
ခင်ဗျားကို ရင်ထဲထည့်ဝှက်ထားမှာ
ဒါပေမဲ့ ခက်တာက
ခင်ဗျားရင်ဘတ်ထဲက အရာကို
ကျွန်တော်မမြင်ရခြင်းပါပဲ။

ခင်ဗျား အချစ်တွေ စစ်တာ မစစ်တာထက်
တခြားအရာတွေ မပါဝင်ဖို့ မျှော်လင့်ရင်း
ဆက်ချစ်သွားဖို့ တွေးတယ်။

- လိပ်ပြာ
❤2🥰1
ချစ်ခြင်းမေတ္တာတွေက
စစ်ပွဲတစ်ခုလိုပါပဲ
တိုက်ယူရတယ်
တိုက်တိုင်းလည်း မအောင်သလို
အောင်တိုင်းလည်း အနိုင်မရကြပါဘူး။

- လိပ်ပြာ
❤1🥰1
မမှီတဲ့ ပန်းကိုခူးရင်း
မခင်းထားတဲ့ လမ်းတွေကို
နင်းဖြတ်မိခဲ့တယ်။

- လိပ်ပြာ
❤1🥰1
တောင်လေမုတ်သုံ ညအခါဝယ်

တဟူးဟူးဖြင့်  တိုက်လင့်ကစား

မီးခိုးမီးငွေ့  ဘေးနားထက်ဝယ်

ငှက်တို့ပမာ  ပျံသန်းတော့သည်...။

-မောင်ဖေကြည်
ဆေးလိပ်သမား ဒိုင်ယာရီ(၁)
❤1
"အိမ် "

- ခေါင်မိုးပေါဲကျနေတဲ့
မိုးစက်ကလေး​တွေရဲ့
အသံများဟာ...

အလွမ်းအဆွေးဂီတ ထက် ပိုလွမ်းဖို့
ကောင်းလွန်းတယ် အမေရယ်...။ ။ ။

-လောင်ချိတ်
[29.9.56]
❤4
✍ - မြတ်မော်
🎙 - လိပ်ပြာ
❤1
Distance

ချစ်ခြင်းမေတ္တာမှာ
အကွာဝေးဆိုတာလိုကြောင်း
သူငယ်ချင်းတွေဆီက
ကြားသိခဲ့ရပါတယ်။

ဒါပေမဲ့...
ကိုယ်တို့ ကြားမှာ
အကွာဝေးထားလိုက်ရင်
မင်းကနေနိုင်သွားတဲ့ လူဖြစ်ပြီး
ကိုယ်ကမနေနိုင်သူ ဖြစ်လောက်တယ်။

မကြင်နာသူကို ကြင်နာသူလို့
တစ်ဖက်သက် ခေါင်းစဉ်တပ်ထားမိတဲ့
ကိုယ်တိုင်ကအသိဆုံးပဲ အသက်...

ဘယ်တော့မှ မဆုံနိုင်မဲ့
မျဉ်းပြိုင် ၂ကြောင်းကို
အကွာဝေးထားကြည့်ရင်
ဝေးတာထက် ပိုဝေးသွားမယ်ဆိုတာ
အသိသာကြီးပါ။

တခါတလေမှာ
ကိုယ်စိတ်ချမ်းသာဖို့
ကိုယ်တိုင်ညာထားရတဲ့
အလိမ်အညာတွေရှိတယ်။

မင်းမမြင်နိုင်တဲ့
အဖြူရောင်မုသားတွေရှိတယ်။

တစ်စုံပျော်နေတဲ့ ကမ္ဘာမှာ
တစ်ဦးတစ်ယောက်ကတော့
အမြဲငိုနေရမယ် ထင်တယ်။

ရှိုင်းရဲ့ ကျေးဇူးပါကွယ်ကို
နားထောင်ဖူးလား...
Cup of Joe ရဲ့ Multo ကို
နားထောင်ဖူးလား။

ကိုယ့်အပိုင်ဘယ်တော့မှ
ဖြစ်မလာနိုင်တဲ့ လူတစ်ယောက်ကို
စွဲစွဲလန်းလန်းချစ်မိသွားတဲ့အခါ
ပြန်ရမဲ့ အရာတွေက နာကျင်မှုဆိုတာကို
သိသိကြီးနဲ့ မီးပုံထဲခုန်ဆင်းခဲ့တဲ့
ကိုယ့်ကိုယ်ကိုယ် တခါတလေသနားတယ်။

အကွာဝေးတစ်ခု
ကိုယ်တိုင်တည်ဆောက်ချင်ပြီး
ချစ်ခြင်းမေတ္တာကို အများနည်းတူ
စမ်းသတ်ချင်မိတဲ့ ကိုယ်က
မင်းစမ်းသတ်ဖျော်စပ်နေကြ
သစ်သီးဖျော်စက်ထဲပဲ
အမြဲရောက်သွားတတ်တယ်။

အိမ်လို့ တစ်ဖက်သက်
သတ်မှတ်ထားတဲ့ အိမ်မှာ
ခိုနားကြည့်တဲ့ အခါ
ခိုလုံသူတွေများလို့
တန်းစီစောင့်ဆိုင်းရတယ်။

အိမ်ရှင်က
တစ်သက်သာအတွက်
မကြည်ဖြူမှန်းသိတဲ့ အခါ
ရေတစ်ခွက်အဝသောက်ပြီး
ထပြန်လာရတဲ့ အခါတွေပေါ့။

ချစ်ခြင်းမေတ္တာမှာ မင်းမမြင်နိုင်တဲ့
အဖြူရောင်မုသားတွေရှိတယ်။

တစ်စုံပျော်နေတဲ့ ကမ္ဘာမှာ
တစ်ဦးတစ်ယောက်ကတော့
အမြဲငိုနေရမယ် ထင်တယ်။

မနာလိုစိတ်လား...
သဝန်တိုနေမိတာလား...
ဝေခွဲမရတဲ့အခါ မင်းတို့ကို
ကိုယ်ပြုံးပြုံးလေး ရယ်ပြီး
ကြည့်နေမိတယ်။

မင်းအတွက်ဆိုတဲ့
အရာတွေအားလုံးကို မြှုပ်နံထားရတယ်။

သိပ်ချစ်တာပဲဆိုတဲ့ စကားနောက်
ချစ်တယ်ဆိုတဲ့ စကားပါခဲ့ပေမဲ့
ချစ်တယ်ဆိုတဲ့ လူရဲ့ ချစ်ခြင်းမေတ္တာက
သိပ်ချစ်တာပဲဆိုတဲ့ လူရဲ့ချစ်ခြင်းမေတ္တာကို
မမှီဘူးဆိုတာ သိသာပါတယ်။

မင်းမျက်နှာတစ်ကမ္ဘာအဖြစ်
သတ်မှတ်ထားတဲ့ ကောင်ပါ
မင်းအတွက်ဆို အဖက်ဖက်က
နားတွေပိတ်ထားပါတယ်။

မင်းအသံ..
မင်းစကား..
မင်းရဲ့ လုပ်ရာတွေကိုပဲ
အမြဲအလေးထားတတ်သူပါ။

နာကျင်နေရရင်တောင်မှ
ကြင်နာသူလို့ သတ်မှတ်ထားတဲ့အတွက်
အဖြူရောင်မုသားတွေနဲ့ပဲ
ကိုယ့်ဒဏ်ရာကို ကိုယ်တိုင်ဆေးထည့်ပါတယ်။

နာကျင်ခြင်းတွေများလာတဲ့ အခါ
ချစ်သူလေးမျက်နှာကို ကြည့်ရင်းပဲ
နေထိုင်ပါတယ်။

- လိပ်ပြာ
၃၀ရက်၊ ၉လ၊ ၂၀၂၆
[ မနက် ၁၁နာရီ ၁၃မိနစ် ]
❤2
အချစ်ဟာမျက်စိမရှိဘူး
အမြဲတမ်းမြငနေရလည်း
မချစ်ချင်တာမျိုး တခါတလေမှ
မြင်ရတတ်တဲ့ မျက်နှာလေးကိုပဲ
တမ်းတမ်းစွဲ ချစ်မိနေတာမျိုး...

အချစ်မှာ အသက်အရွယ်မရှိ
ချစ်မိပြီဆိုတာနဲ့ အချစ်နောက်ကနေ
မေတ္တာတရားကလွဲလို့
တခြားဘာမှမလိုက်တော့တာမျိုး...

အမျိုးသမီးတစ်ယောက်ကို
အမျိုးသမီးတစ်ယောက်က ချစ်မိခြင်းမှာလည်း
အမှားလို့ ခေါင်းစဉ်တပ်လို့ မရဘူး...

အချစ်ဟာမျက်စိမရှိဘူး...
အသက်အရွယ်မရှိဘူး...
ကျား၊ မ မခွဲထားဘူး...

လွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိတယ်...
လွတ်လပ်စွာ ငေးပိုင်ခွင့်ရှိတယ်...

ဒါကို အချစ်လို့ခေါ်တယ်...
အဲ့ဒီအခွင့်ရေးတွေ မရှိရင် အချစ်မဟုတ်လို့ပဲ။

- လိပ်ပြာ
❤1
"အချစ် လူမိုက် "

- 'အချစ်' ဟာ
  လူတိုင်းခုန်ဆင်းချင်တဲ့ ...
  'ငရဲ ' ဖြစ်နေတော့
  ကျွန်တော်လည်း
  နတ်ပြည်မရောက်တော့ဘူး...။


-လောင်ချိတ်
❤2
ရည်းစားဟောင်းကို
ချစ်ခဲ့ဘူးလားမေးရင်
ချစ်ခဲ့ဖူးတာပေါ့
အဲ့တာ...ဟိုးတစ်ချိန်
ငါဆင်ခြင်တုံတရား
နည်းပါးတုန်းကလေ။

-အကြည်တော်
🤣2
" လူပျို...အပျို...တို့ဆိုတာ "

- တစ်ယောက်တည်းသမားတွေက
  နေ နဲ့ တူတယ်... ၊


မိဘကို အပူပေးတဲ့ နေရာမှာ...။

- လောင်ချိတ်
🤣2
မျက်နှာအမူမခံရသော ဘဝ ( ၁ )

✍ - နောင်သိုးဆောင်း
🎙 - လိပ်ပြာ