MONREC_NUG
3.66K subscribers
2.14K photos
23 videos
151 files
187 links
This is the official channel of Ministry of Natural Resources and Environmental Conservation under the administration of National Unity Government of Myanmar
Download Telegram
အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်အဖွဲ့အစည်းများ စိုးမိုးနယ်မြေများအတွင်းရှိ ဆင်များထိန်းသိမ်း‌စောင့်ရှောက်ရေး ရန်ပုံငွေလိုအပ်ချက်နှင့်ရရှိမှု
=========

ဆင်တကောင်အတွက် ဖြည့်စွက်စာ ဆား၊ မန်ကျည်းသီးနှင့် ကာကွယ်ဆေး တနှစ်စာ ပျမ်းမျှလိုအပ်ချက် - 174,500 Kyats

ဆင်ကောင်ရေ စုစုပေါင်း ၃၁၃ ကောင်အတွက် (174,500 x 313) = 54,618,500 Kyats

“မိုမိုတို့ရဲ့အိမ်ပြန်လမ်း” ကမ်းပိန်းမှရရှိရန်ပုံငွေ 20,529,513 Kyats

ဆင်များစောင့်ရှောက်ရေးအတွက် အများပြည်သူဝိုင်းဝန်းပံ့ပိုးမှုဖြင့် ရန်ပုံငွေလိုအပ်ချက်၏ 37.6 % ခန့်ရရှိခဲ့ပါသည်။

※ ဆင်များအတွက် ရိက္ခာဆေးဝါးလိုအပ်ချက်အား တနှစ်လျှင် ၂ ကြိမ်ခွဲဝေပံ့ပိုးပေးလျက်ရှိပါသည်။

※ လိုအပ်ချက်နှင့် ရန်ပုံငွေရရှိမှု မမျှတနိုင်သေးသောကြောင့် CDM ဆင်ဝိုင်းများ၊ ကျန်းမာရေးနှင့် ထူးခြားဖြစ်စဉ်လိုအပ်ချက်ရှိနေသည့် ဆင်ဝိုင်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှ အထောက်အပံ့ မရရှိနိုင်သည့် ဆင်ဝိုင်းများကို ဦးစားပေးလျက် အလှည့်ကျစီစဉ်ထောက်ပံ့လျက်ရှိပါသည်။

※ ကမ်းပိန်းရန်ပုံငွေအပြင် ဝန်ကြီးဌာနသို့ ဆက်သွယ်လှူဒါန်းမှုများမှလည်း ပံ့ပိုးမှုအချို့ရှိပါသည်။

※ ရန်ပုံငွေရရှိမှုနှင့် လိုအပ်ချက်၊ ဆင်ဝိုင်းများ၏အခြေအနေနှင့် လုံခြုံရေးတို့ကို ထည့်သွင်းစဉ်းစားလျက် ထောက်ပံ့မှုများကို ဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီဆုံးဖြတ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။

“မိုမိုတို့ရဲ့အိမ်ပြန်လမ်း” ကမ်းပိန်းမှ ပထမဆုံး ထောက်ပံ့မှုအဖြစ် ဆင် ၃၇ ကောင်အတွက် ဖြည့်စွက်စာ ၆ လစာ 3,052,500 Kyats ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။

"တော်လှန်ရေးကာလမှာ လိုအပ်ချက်များ၊ ထူးခြားဖြစ်စဉ်များ များမြောင်လှတဲ့ကိစ္စများအတွက် အခုထောက်ပံ့ကြေးဟာ ဆင်ပါးစပ်အတွက် နှမ်းတစေ့ ဖြစ်ကောင်းဖြစ်မယ်၊ သို့သော် မွှေးကြိုင်နေမှာတော့အမှန်ပါ။"

ဒေါက်တာတူးခေါင်
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

#မိုမိုတို့ရဲ့အိမ်ပြန်လမ်း
#WayHome
#SpringCrowdFund
10
15
၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အဖြစ် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် စိုက်ပျိုးခဲ့သည့် အပင်များအား ဒုတိယအကြိမ် ပေါင်းရှင်းခြင်းနှင့် ခါးဆွခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#WorldEnvironmentDay
#BeatPlasticPollution
#MONREC
#NUG
#ပလတ်စတစ်ညစ်ညမ်းမှုကိုတွန်းလှန်
#အာဏာရှင်စနစ်ကိုမြေလှန်
10